Mahar United FC

Mahar United FC The Official page of Mahar United FC. A professional football club competing in the Myanmar National League.

🌿 မြန်မာ့နှစ်သစ်ကူး နှုတ်ခွန်းဆက်လွှာ____________________________________မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း (၂) ရက်န...
17/04/2026

🌿 မြန်မာ့နှစ်သစ်ကူး နှုတ်ခွန်းဆက်လွှာ
____________________________________

မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း (၂) ရက်နေ့၊ မြန်မာ့နှစ်သစ် နှစ်ဆန်း (၁) ရက်နေ့ အခါသမယတွင်...

💦 အတာတန်ခူး ရွှင်မြူးကြိုဆို နှစ်သစ်ကိုရောက်ခဲ့ပြီမို့ တန်ခူးရေကုန် ကဆုန်ရေခမ်းသည့်အခါ၊ အတာရေပက်ဖျန်းလို့ အေးမြကြည်လင်ကြသလို "နှစ်ဟောင်းမှ အညစ်အကြေးများ အတာရေနှင့်အတူ စင်ကြယ်ပါစေ" ဟု ဆုတောင်းအပ်ပါသည်။

မြန်မာ့နှစ်သစ်မှစ၍ နောင်နှစ်ပေါင်းများစွာတိုင်အောင် ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေကြောင်းနှင့် အောင်မြင်ခြင်း အသစ်အသစ်များကို အစဉ်အမြဲ ပိုင်ဆိုင်နိုင်ကြပါစေကြောင်း မဟာယူနိုက်တက်ဘောလုံးအသင်း မိသားစုမှ အောင်သပြေခက် များဖြင့် အေးချမ်းစွာ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ကျန်းမာခြင်း၊ ပျော်ရွှင်ခြင်းအပေါင်း ခညောင်းပြီး လိုအင်ဆန္ဒများ အားလုံး ပြည့်ဝကြပါစေခင်ဗျာ။ ⚽️🌿

#နှစ်ဆန်း၁ရက်

ကြည်ညိုသပ္ပါယ်ဖွယ် ဒုလ္လဘရဟန်းဘဝ______________________________________မြန်မာတို့ရဲ့ အတာသင်္ကြန်အတက်နေ့ မင်္ဂလာရှိတဲ့ နံန...
16/04/2026

ကြည်ညိုသပ္ပါယ်ဖွယ် ဒုလ္လဘရဟန်းဘဝ
______________________________________

မြန်မာတို့ရဲ့ အတာသင်္ကြန်အတက်နေ့ မင်္ဂလာရှိတဲ့ နံနက်ခင်းမှာ မဟာယူနိုက်တက်အသင်းရဲ့ နည်းပြချုပ် ဦးဇော်လင်းထွန်း တစ်ယောက် လောကီကိစ္စအဝဝကို ခေတ္တခဏဘေးဖယ်ထားပြီး သာသနာ့ဘောင်သို့ တက်လှမ်း ကုသိုလ်ယူခဲ့ပါတယ်။

ကံကော်တစ်ထောင် (၁၁) မိုင်မှာ သာသနာ့အရိပ်ကို ခိုလှုံရင်း "ဘွဲ့အမည် ဦးပညာနန္ဒ" ဖြင့် ဒုလ္လဘရဟန်းအဖြစ် သိက္ခာပုဒ်များကို ဆောက်တည်ကျင့်ကြံနေတာ ဖြစ်ပါတယ်။
နည်းပြချုပ်တစ်ယောက်ရဲ့ တည်ငြိမ်အေးချမ်းလှတဲ့ ရဟန်းအသွင်ကို မြင်တွေ့ရတာဟာ တကယ်ကို ကြည်ညိုပီတိဖြစ်ရုံသာမက သာဓုခေါ်ဆိုထိုက်လှတဲ့ မြင်ကွင်းလေးပဲ ဖြစ်ပါတယ်။
ဦးဇင်း ဦးပညာနန္ဒ မိမိရည်သန်ထားတဲ့ ကုသိုလ်တရားတွေနဲ့အတူ အေးချမ်းသာယာစွာ ကျင့်ကြံအားထုတ်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။

#မဟာယူနိုက်တက်

နှစ်သစ်မှာ ရည်မှန်းချက်အသစ်တွေနဲ့အတူ အိပ်မက်တွေကို အကောင်အထည်ဖော်မယ့် လူငယ်များအတွက်..._________________________________...
13/04/2026

နှစ်သစ်မှာ ရည်မှန်းချက်အသစ်တွေနဲ့အတူ အိပ်မက်တွေကို အကောင်အထည်ဖော်မယ့် လူငယ်များအတွက်...
_______________________________________________

မြန်မာနှစ်သစ်ကူးရဲ့ မင်္ဂလာရှိတဲ့ အချိန်အခါသမယမှာ မိမိတို့ရဲ့ ဘောလုံးအိပ်မက်တွေကို အဆင့်အတန်းရှိရှိ လျှောက်လှမ်းချင်တဲ့ လူငယ်တွေအတွက် လမ်းကြောင်းတစ်ခု လာပါပြီ။
မြန်မာနေရှင်နယ်လိဂ် (U-20) ၂၀၂၆ ပြိုင်ပွဲမှာ မဟာယူနိုက်တက်ရဲ့ ရင်ဘတ်ချင်းတူတဲ့ မိသားစုဝင်အဖြစ် အောင်မြင်မှုတွေ အတူတူရှာဖွေဖို့ ခြေစွမ်းထက်မြက်တဲ့ လူငယ်ကစားသမားတွေကို ဖိတ်ခေါ်လိုက်ပါတယ်။

သင့်မှာ အရည်အချင်းရှိတယ်၊ ကြိုးစားချင်စိတ်ရှိတယ်ဆိုရင် ဒါဟာ သင့်အတွက် "အိပ်မက်တွေဆီ လှမ်းတက်ဖို့ လှေကားတစ်ထစ်" ပါပဲ။

🏆 ရွေးချယ်ပွဲ အသေးစိတ် အချက်အလက်များ 🏆

📅 ရွေးချယ်မည့်ရက်: ဧပြီလ (၂၂) ရက်မှ (၂၄) ရက်အထိ

📍 နေရာ: ကျိုက္ကဆံအားကစားကွင်း (ကွင်းအမှတ် - ၆)၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။

⏳ နောက်ဆုံးစာရင်းပေးသွင်းရမည့်ရက်: ဧပြီလ (၂၁) ရက်၊ ညနေ (၅:၀၀) နာရီ နောက်ဆုံး။

⚠️ အရွေးချယ်ခံမည့်သူများအတွက် အရေးကြီးလိုအပ်ချက် ⚠️

✅ အသက်ကန့်သတ်ချက်: (၁. ၅. ၂၀၀၆) ခုနှစ် နောက်ပိုင်းတွင် မွေးဖွားသူများသာ ဖြစ်ရပါမည်။
(မှတ်ချက် - အသက်လိမ်လည်မှုအား လုံးဝ(လုံးဝ) ခွင့်မပြုပါ။ စနစ်တကျ စိစစ်သွားမည် ဖြစ်သည်။)
✅ ယူဆောင်လာရမည့် စာရွက်စာတမ်းများ:
၁။ နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်)
၂။ Smart Card
၃။ အိမ်ထောင်စုစာရင်း (မူရင်း)
(မှတ်ပုံတင်၊ Smart Card နှင့် အိမ်ထောင်စုစာရင်း တို့ကို မဖြစ်မနေ ယူဆောင်လာရပါမည်။)

📞 အသေးစိတ် စုံစမ်းမေးမြန်းရန်:
ဖုန်း - ၀၉ ၉၅၇၆၁၇၃၇၆

နှစ်သစ်မှာ ခြေလှမ်းသစ်တွေနဲ့အတူ မိမိရဲ့ ဘောလုံးအိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်ဖို့အတွက် မဟာယူနိုက်တက် မိသားစုက စောင့်ကြိုနေပါတယ်။

#မဟာယူနိုက်တက်

💦 မြန်မာအတာရေစင်နဲ့အတူ နှစ်သစ်မင်္ဂလာဆုမွန်လွှာ 💦သင်္ကြန်ဆိုတာ ရေပက်ကစားကြရုံတင်မဟုတ်ဘဲ ဟောင်းနွမ်းခဲ့တဲ့ အညစ်အကြေးတွေကိ...
12/04/2026

💦 မြန်မာအတာရေစင်နဲ့အတူ နှစ်သစ်မင်္ဂလာဆုမွန်လွှာ 💦

သင်္ကြန်ဆိုတာ ရေပက်ကစားကြရုံတင်မဟုတ်ဘဲ ဟောင်းနွမ်းခဲ့တဲ့ အညစ်အကြေးတွေကို ဆေးကြောပြီး စိတ်သစ်၊ လူသစ်နဲ့ ဘဝကို ပြန်စကြတဲ့ အချိန်လေးပါ။ 🌿
ဒီနှစ်သစ်မှာတော့ ကျွန်တော်တို့ Mahar United FC မိသားစုကနေ ချစ်ခင်ရတဲ့ ပရိသတ် တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို စိတ်ရင်းအမှန်နဲ့ အခုလို ဆုတောင်းပေးချင်ပါတယ်။

✨ အေးချမ်းပါစေ
လောင်မြိုက်နေတဲ့ ဒေါသတွေ၊ သောကတွေ အားလုံး အတာရေအေးအေးလေးနဲ့အတူ ပျော်ဝင်ပျောက်ကွယ်သွားပါစေ။

✨ လမ်းပွင့်လမ်းသာ ရှိပါစေ
စီးပွားရေး၊ ကျန်းမာရေးနဲ့ လူမှုရေး အခက်အခဲတွေကြားမှာ ပင်ပန်းခဲ့သမျှ ဒီနှစ်သစ်မှာတော့ ဘေးဘယတွေ ကင်းဝေးပြီး အရာရာ အဆင်ပြေ ချောမွေ့ပါစေ။

✨ နှလုံးသားတွေ ဖြူစင်ပါစေ
ရန်ငြိုးတွေ၊ မနာလိုမှုတွေနဲ့ စိတ်အညစ်အကြေးတွေ အားလုံးကို အတာရေနဲ့ ဆေးကြောပြီး ဖြူစင်အေးချမ်းတဲ့ နှလုံးသားကိုယ်စီ ပိုင်ဆိုင်နိုင်ကြပါစေ။

မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး ကပ်ကြီးသုံးပါးနဲ့ ရန်သူမျိုးငါးပါး ဘေးမှ ကင်းဝေးပြီး၊ ချစ်ခြင်းမေတ္တာတွေ ပြည့်နှက်နေတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ကျွန်တော်တို့ Mahar United မိသားစုကနေ လှိုက်လှိုက်လှဲလှဲ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

အားလုံးပဲ ပျော်ရွှင်စရာ အတာသင်္ကြန်နေ့ရက်လေး ဖြစ်ပါစေဗျာ။ 💦✨

01/04/2026

The Clutch Player! Nay Lin Soe ⚽
__________________________________

အသင်းအတွက် အရေးကြီးတဲ့အချိန်မှာ အဖိုးတန်သရေတစ်မှတ် ဖော်ဆောင်ပေးနိုင်ခဲ့တဲ့ နေလင်းစိုးရဲ့ အကောင်းဆုံး သွင်းဂိုး။

ကျွန်တော်တို့ရဲ့ YouTube Channel မှာ အခုလို ပွဲစဉ် Highlight တွေတင်မကဘဲ တခြား စိတ်ဝင်စားစရာ Video တွေ အများကြီး ရှိသေးတာ...
31/03/2026

ကျွန်တော်တို့ရဲ့ YouTube Channel မှာ အခုလို ပွဲစဉ် Highlight တွေတင်မကဘဲ တခြား စိတ်ဝင်စားစရာ Video တွေ အများကြီး ရှိသေးတာမို့ အောက်က Link လေးကနေတစ်ဆင့် ဝင်ရောက်ကြည့်ရှုပြီး YouTube Channel ကို Join (Subscribe) ပေးထားကြပါဦးခင်ဗျာ။

#မဟာယူနိုက်တက်

၈၄ မိနစ်မှာ ပရိသတ်တွေကို အံ့အားသင့်စေခဲ့တဲ့ နေလင်းစိုးရဲ့ အဖိုးတန်ချေပဂိုး! ⚽________________________________________________နောက်ဆုံးမိ.....

29/03/2026

မျှော်လင့်ချက်ကို ပြန်လည်ရှင်သန်စေခဲ့တဲ့ အသင်းခေါင်းဆောင်ရဲ့ သွင်းဂိုး
________________________

(၁-၃) ဆိုတဲ့ ရလဒ်နဲ့အတူ ခက်ခဲတဲ့ အခြေအနေကို ရင်ဆိုင်နေရချိန်မှာ မဟာယူနိုက်တက်အတွက် မျှော်လင့်ချက် မီးရှူးတန်ဆောင် ဖြစ်လာခဲ့သူကတော့ အသင်းခေါင်းဆောင် တိုးဆက်နိုင် ပါပဲ။

သူ့ရဲ့ ပြတ်သားတဲ့ ခေါင်းတိုက်သွင်းဂိုးက (၂-၃) ဆိုတဲ့ ရလဒ်ကို ဖော်ဆောင်ပေးခဲ့ရုံသာမက၊ အသင်းသားတွေရဲ့ စိတ်ဓာတ်ကိုပါ ပြန်လည်နိုးကြား တက်ကြွစေခဲ့ပါတယ်။

အဲဒီသွင်းဂိုးရဲ့ အရှိန်အဟုန်ကြောင့်ပဲ အသင်းသားအားလုံး နောက်ဆုံးမိနစ်အထိ အားသွန်ခွန်စိုက် ကြိုးစားခဲ့ကြပြီး (၃-၃) ဆိုတဲ့ အဖိုးတန် သရေရလဒ်ကို ဖော်ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အရှုံးမပေးတဲ့ စိတ်ဓာတ်နဲ့ အသင်းကို ဦးဆောင်ပြခဲ့တဲ့ အသင်းခေါင်းဆောင်အတွက် ဂုဏ်ယူစရာ ပွဲစဉ်တစ်ပွဲပါပဲ။

အသင်းခေါင်းဆောင်ဆိုတာ ခက်ခဲတဲ့အချိန်တိုင်းမှာ အဖြေရှာပေးနိုင်သူပါ။
29/03/2026

အသင်းခေါင်းဆောင်ဆိုတာ ခက်ခဲတဲ့အချိန်တိုင်းမှာ အဖြေရှာပေးနိုင်သူပါ။

အသင်းခေါင်းဆောင်ဆိုတာ ခက်ခဲတဲ့အချိန်တိုင်းမှာ အဖြေရှာပေးနိုင်သူပါ။ သစ္စာအားမာန်အသင်းရဲ့ ဂိုးပေါက်ကို အခ....

25/03/2026

ဂိုးသမား လက်လှမ်းမမီနိုင်တဲ့ နေရာကို တိတိကျကျ ကန်သွင်းယူခဲ့တဲ့ ISAAC QUANSAH။ 🎯 ဧရိယာထိပ်ကနေ ဘယ်ခြေနဲ့ အားပါပါ ကန်သွင်းလိုက်တဲ့ ဒီကန်ချက်က အသင်းအတွက် အဆင့်အတန်းရှိလှတဲ့ ဂိုးတစ်ဂိုး ဖြစ်စေခဲ့ပါတယ်။
ဒီဂိုးဟာ မဟာယူနိုက်တက် ပရိသတ်တွေအတွက်တော့ မမေ့နိုင်စရာ အခိုက်အတန့်တစ်ခု ဖြစ်ခဲ့မှာ အသေအချာပါပဲ။ ⚽🔥

ဒီဂိုးဟာ မဟာယူနိုက်တက် ပရိသတ်တွေအတွက်တော့ မမေ့နိုင်စရာ အခိုက်အတန့်တစ်ခု ဖြစ်ခဲ့မှာ အသေအချာပါပဲ။ ⚽🔥
25/03/2026

ဒီဂိုးဟာ မဟာယူနိုက်တက် ပရိသတ်တွေအတွက်တော့ မမေ့နိုင်စရာ အခိုက်အတန့်တစ်ခု ဖြစ်ခဲ့မှာ အသေအချာပါပဲ။ ⚽🔥

ဂိုးသမား လက်လှမ်းမမီနိုင်တဲ့ နေရာကို တိတိကျကျ ကန်သွင်းယူခဲ့တဲ့ ISAAC QUANSAH။ 🎯 ဧရိယာထိပ်ကနေ ဘယ်ခြေနဲ့ အားပါပါ ကန်သ...

စာချုပ်သက်တမ်းကုန်ဆုံးခဲ့သည့် မိသားစုဝင်များအား နှုတ်ဆက်ခြင်း_______________________________________________မဟာယူနိုက်တက...
24/03/2026

စာချုပ်သက်တမ်းကုန်ဆုံးခဲ့သည့် မိသားစုဝင်များအား နှုတ်ဆက်ခြင်း
_______________________________________________

မဟာယူနိုက်တက်ဘောလုံးအသင်းသည် လာမည့်ဘောလုံးရာသီသစ်အတွက် ပြင်ဆင်မှုများ စတင်လျက်ရှိရာ ယခုလက်ရှိတွင် အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးခဲ့သည့် နည်းပြအဖွဲ့ဝင်များနှင့် ကစားသမားအချို့အား ဂုဏ်သိက္ခာရှိစွာဖြင့် အသိအမှတ်ပြု နှုတ်ဆက်အပ်ပါသည်။

အသင်း၏ တိုးတက်မှုနှင့် အောင်မြင်မှုများအတွက် ကိုယ်ဖိရင်ဖိ ကြိုးစားအားထုတ်ပေးခဲ့ကြသော အောက်ဖော်ပြပါ ပုဂ္ဂိုလ်များအားလုံးကို အသင်းမိသားစုမှ အထူးပင် ကျေးဇူးတင်ရှိပါသည် -

နည်းပြအဖွဲ့ဝင်များ (Coaching Staff) -

၁။ ဦးညီညီထွန်း - Technical Director
၂။ ဦးသန်းဇော်ထွန်း - Fitness Coach
၃။ ဦးဝင်းထွဋ်ဝင်း - GK Coach

ကစားသမားများ (Players) -

၁။ နိုင်လင်းထွန်း (ကျောနံပါတ် ၂)
၂။ သန့်ဇင်ဝင်း (ကျောနံပါတ် ၁၅)
၃။ ဇင်မင်းထွန်း (ကျောနံပါတ် ၁၇)
၄။ အောင်လှိုင်ဝင်း (ကျောနံပါတ် ၂၂)
၅။ ကောင်းခန့်ဇော် (ကျောနံပါတ် ၃၀)
၆။ Bawi Nuam Thaung (ကျောနံပါတ် ၃၂)
၇။ စိုင်းတေဇာမင်း (ကျောနံပါတ် ၄၃)
၈။ ခန့်ဇင်ဟိန်း (ကျောနံပါတ် ၄၅)
၉။ သက်နိုင် (ကျောနံပါတ် ၉၀)

၎င်းတို့သည် အသင်းတွင် တာဝန်ထမ်းဆောင်စဉ်အတွင်း Professional ပီသစွာဖြင့် အစွမ်းကုန် ပါဝင်ကူညီခဲ့ကြသူများဖြစ်ပြီး၊ ရှေ့ဆက်မည့် ၎င်းတို့၏ ဘောလုံးသမားဘဝနှင့် နည်းပြဘဝ ခရီးလမ်းတစ်လျှောက်လုံးတွင် အောင်မြင်မှုအပေါင်းနှင့် ပြည့်စုံပါစေကြောင်း မဟာယူနိုက်တက်အသင်းမှ လှိုက်လှိုက်လှဲလှဲ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

21/03/2026

ဒါမျိုးမှ တကယ့် Class ရှိတဲ့ ဂိုးတွေလို့ ခေါ်တာဗျ! ⚽💥
__________________________________________
ဘောလုံးကန်ဖူးတဲ့သူတိုင်း သိပါတယ်။ ထောင့်ကန်ဘောနေရာနဲ့ မလှမ်းမကမ်း၊ ဂိုးပေါက်နဲ့ အလွန်ကျဉ်းမြောင်းတဲ့ အစွန်အဖျား Angle တွေကနေ ဂိုးရရှိဖို့ဆိုတာ တော်ရုံ ကျွမ်းကျင်မှု Skill နဲ့ မလွယ်ကူပါဘူး။
ဒါပေမဲ့ ကျွန်တော်တို့ မဟာယူနိုက်တက်အသင်း ရဲ့ Edubat Patrick နဲ့ Isaac Quansah တို့ကတော့ အဲဒီလို ခက်ခဲတဲ့ နေရာတွေကနေတောင် အံ့မခန်း ကန်သွင်းပြသွားခဲ့တာပါ။
ပြိုင်ဘက်အသင်းကြီးတွေဖြစ်တဲ့ ရှမ်းယူနိုက်တက်နဲ့ ISPE အသင်းတို့လို အသင်းကောင်းတွေနဲ့ ရင်ဆိုင်ရချိန်မှာ သွင်းယူခဲ့တဲ့ ဒီဂိုးတွေဟာ မဟာယူနိုက်တက်အသင်း ရဲ့ ဒီရာသီ အမှတ်တရ Moment တွေပဲ ဖြစ်ပါတယ်။
အဆင့်အတန်းရှိတဲ့ ပြိုင်ဘက်တွေရဲ့ ခံစစ်ကြားကနေ အကောင်းဆုံး ကြိုးစားအားထုတ်ခဲ့တဲ့ ဒီကန်ချက်တွေကို အားလုံးအတွက် စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

ဘယ်ဂိုးကို အကြိုက်ဆုံးလဲ Comment မှာ ပြောခဲ့ဦးနော်! ⚽🔥

Address

Thuzitar 4 Street
Yangon
11041

Alerts

Be the first to know and let us send you an email when Mahar United FC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share