13/04/2026
နို့စိမ်း (သို့) အုန်းနို့ ကျောက်ကျောလုပ်နည်း
~~~~~~~~~~~~~~~~~~~~~~~~~~~~
ပါဝင်ပစ္စည်းများ
**************
(၁) Hello OK တံဆိပ်ကျောက်ကျောချောင်း (၁)ထုပ်
(၂)နို့စိမ်း(သို့) အုန်းသီးတစ်လုံး(သို့)
အုန်းနို့ရည် သံဗူးကြီး တစ်ဗူး(သို့) အုန်းနို့မှုန့်ထုပ် (၂)ထုပ်
(၃)သကြား(၂၀) ကျပ်သား
(၄)ဆားအနည်းငယ်
(၅)ရေ + နို့စိမ်း(သို့)အုန်းနို့ နို့ဆီဗူး(၄)လုံး
ပြုလုပ်နည်း
***********
(၁)ကျောက်ကျောချောင်းတစ်ထုပ်၊ ရေ နှင့် သကြား(၂၀)ကျပ်သား ကို ကျောက်ကျောပျော်သွားသည်ထိ ကျိုချက်ပါ။
(၂)နို့စိမ်း(သို့) အုန်းနို့ရည် ကို ပွတ်ပွတ်ဆူအောင်တည်ပါ။
(၃)ကျောက်ကျောရည်နှင့် ပွတ်ပွတ်ဆူပြီးသော နို့စိမ်း(သို့)အုန်းနို့ရည်ကို ရော၍ ထပ်မံကျိုချက်ပြီးလျှင် ပုံစံခွက်(သို့) ဗန်းထဲသို့လောင်းထည့်၍ အအေးခံပါ။
#အရသာရှိသောကျောက်ကျော ကိုလွယ်ကူနှစ်သက်စွာ စားသုံးနိုင်ပါသည်။
* သဘာဝ ရေညှို၊ရေမှော် များမှ အထူးသန့်စင်ထုပ်လုပ်ထားသော OK ကျောက်ကျောချောင်းကို စားသုံးခြင်း ဖြင့် အသားရည် လှပ စိုပြေတောက်ပခြင်း၊ ဝမ်းအေးစေခြင်း၊ အူလမ်းကြောင်းကောင်း၍ ကျမ်းမာပျှော်ရွှင်ခြင်း စသည့်အကျိုးကျေးဇူးများကို ရရှိစေပါသည်။