ZuZan online shop

ZuZan online shop I want to meet the needs of my friends

07/11/2024

အိမ်တအိမ်သန့်ရှင်း သန့်စင်နေရင်

အိမ်ရှင်မ တော်တာမဟုတ်ဘူး

တအိမ်သားလုံး တော်လို့ပါ

အဲဒီလိုပဲ အိမ်တအိမ် ညစ်ပတ်ပေစုတ်

နေရင် အိမ်ရှင်မ ညံ့လို့မဟုတ်ပါဘူး

တအိမ်သားလုံး အသုံးမကျလို့ပါ

ဒီအိမ်ဟာ ကိုယ်ခိုနေတဲ့

အရိပ်မို့ အားလုံးနဲ့သက်ဆိုင်ပါတယ်

အိမ်တအိမ်သာယာလှပဖို့ဆိုတာ

တမိသားစုလုံးစိတ်ပါစွာ
သန့်စင်ကြဖို့အရေးကြီးဆုံးပဲ

စည်းကမ်းက လူတစ်ယောက်ရဲ့တန်ဖိုးပါဘဲ😊

နေ့ရက်တိုင်းမှာ ကံ​ကောင်းခြင်းများစွာနဲ့ စတင်ဖြတ်သန်းနိုင်ကြပါ​စေရှင်Photo crd
07/11/2024

နေ့ရက်တိုင်းမှာ ကံ​ကောင်းခြင်းများစွာနဲ့ စတင်ဖြတ်သန်းနိုင်ကြပါ​စေရှင်
Photo crd

အတူရှိခဲ့ဖူးတဲ့ ဘဝအဆက်ဆက်က ​ရေစက်​တွေ​ကြောင့် ဒီဘဝမှာ လုံခြုံမှု   အ​ပေးနိုင်ဆုံး​သော လက်က​လေးကို ပိုင်ဆိုင်ခွင့်ရလို့ ​...
23/10/2024

အတူရှိခဲ့ဖူးတဲ့ ဘဝအဆက်ဆက်က ​ရေစက်​တွေ​ကြောင့် ဒီဘဝမှာ လုံခြုံမှု အ​ပေးနိုင်ဆုံး​သော လက်က​လေးကို ပိုင်ဆိုင်ခွင့်ရလို့ ​​များစွာကျေးဇူးတင်မိပါတယ်🥰

တကယ်​တော့ ​လောကမှာ စိတ်​ကောင်းရှိတဲ့သူ မရှိပါဘူး စိတ်​ကောင်းများများဖြစ်​အောင် ကြိုးစား​နေသူပဲရှိတာပါCrd ​မူရင်း​ရေးသားသ...
23/10/2024

တကယ်​တော့ ​လောကမှာ စိတ်​ကောင်းရှိတဲ့သူ မရှိပါဘူး စိတ်​ကောင်းများများဖြစ်​အောင် ကြိုးစား​နေသူပဲရှိတာပါ
Crd ​
မူရင်း​ရေးသားသူ

ပြီးခဲ့တဲ့အပတ်က ကျွန်တော့်အိမ်ကို ကျွန်တော့်သူငယ်ချင်းတစ်ယောက်လာလည်တယ်။ ကျွန်တော်တို့ကော်ဖီသောက်၊ စကားပြောနေကြရင်းနဲ့ ကျ...
17/10/2024

ပြီးခဲ့တဲ့အပတ်က ကျွန်တော့်အိမ်ကို ကျွန်တော့်သူငယ်ချင်းတစ်ယောက်လာလည်တယ်။ ကျွန်တော်တို့ကော်ဖီသောက်၊ စကားပြောနေကြရင်းနဲ့ ကျွန်တော်က "ငါပန်းကန်ခဏသွားဆေးလိုက်ဦးမယ်၊ ပြန်လာခဲ့မယ်" လို့ပြောလိုက်တော့ သူက ကျွန်တော့်ကိုအံ့သြပြီးကြည့်တယ်။ ပြီးတော့ သူက "မင်းမိန်းမကို မင်းကူညီပေးတာကောင်းပါတယ်။ ငါကတော့ ငါ့မိန်းမကို မကူဘူး။ ကူရင်လဲငါ့မိန်းမက ကျေးဇူးတင်ပုံမရပါဘူး။ ပြီးခဲ့တဲ့အပတ်က ငါကြမ်းတိုက်ပေးတာ သူကကျေးဇူးတင်ပါတယ်လို့ တခွန်းတောင်မပြောဘူး" လို့ပြောတယ်။ အဲဒါနဲ့ကျွန်တော်ပန်းကန်မဆေးသေးပဲ သူနဲ့ခဏပြန်ထိုင်ပြီး စကားပြောတယ်။

သူငယ်ချင်း ဟေ့ကောင် ... ငါက ငါ့မိန်းမကို "ကူညီတာ" မဟုတ်ဘူး။ တကယ်တော့သူကလဲ "အကူ" လိုတာမဟုတ်ဘူး။ သူကလက်တွဲဖော် (partner) လိုတာ။ ငါကဒီအိမ်မှာ၊ ဒီမိသားစုမှာ သူ့ partner ပဲ။ လူတွေကဘယ်လိုပဲသတ်မှတ်သတ်မှတ်၊ ယောက်ျားတစ်ယောက်အိမ်အလုပ်လုပ်တယ်ဆိုတာနဲ့ မိန်းမကိုကူတယ်လို့ငါတို့သတ်မှတ်လို့မရဘူး။ တစ်အိမ်လုံးအလုပ်တွေ သူတစ်ယောက်ထဲအကုန်လုပ်ရမယ်ဆို မျှတပါ့မလားကွာ။

ငါ့မိန်းမကို အိမ်ရှင်းကူတာမဟုတ်ဘူး။ ဒီအိမ်မှာငါလဲနေလို့ ငါလဲအိမ်ရှင်းသင့်လို့ရှင်းတာ။

ငါ့မိန်းမကို ထမင်းဟင်းချက်ကူတာမဟုတ်ဘူး။ ငါလဲစားချင်လို့ချက်တာ။

ငါ့မိန်းမကို ပန်းကန်ဆေးကူတာမဟုတ်ဘူး။ ငါလဲဒီပန်းကန်တွေသုံးထားလို့ဆေးတာ။

ငါ့မိန်းမကို ကလေးထိန်းကူတာမဟုတ်ဘူး။ ဒီကလေးတွေက ငါ့ကလေးတွေမို့ ငါထိန်းတာ။ ငါကသူတို့အဖေလေ။

ငါ့မိန်းမကို အဝတ်လျှော်မီးပူတိုက်ကူတာလဲမဟုတ်ဘူး။ ဒီအဝတ်တွေဟာ ငါနဲ့ငါ့ကလေးတွေရဲ့အဝတ်တွေလဲအများကြီးပါနေလို့့ငါလုပ်တာ။

ငါ အိမ်မှာ ကူပေးနေတာမဟုတ်ဘူး။ ဒါကငါ့အိမ်၊ ငါ့မိသားစုမို့ ငါလုပ်နေတာ။

မင်းမိန်းမက မင်းကိုကျေးဇူးမတင်ဘူးဆိုတဲ့ကိစ္စ။ မင်းမိန်းမအဝတ်လျှော်ပြီး၊ အိမ်ရှင်းပြီး၊ ကလေးရေချိုးပေးပြီး၊ ဟင်းချက်ပေးပြီးတိုင်းမှာ မင်းကော ကျေးဇူးတင်ပါတယ်ပြောမိသလား? ဘယ်တုန်းကနောက်ဆုံးပြောထားတာလဲ? ကျေးဇူးတင်ပါတယ်ဆိုတဲ့စကားမျိုးအတိအကျမဟုတ်ပေမယ့် "ဟား အရမ်းတော်တာပဲ" ဆိုတာမျိုးပေါ့။ သူ့ကိုဒါတွေအတွက်ကျေးဇူးတင်ရမယ်ဆိုတာ မင်းအတွက်ဆန်းပြားနေသလား? မင်းတောင် တခါတလေကြမ်းတိုက်ပေးတာကို ကျေးဇူးတင်ခံချင်နေသေးတာကွာ။

အဲဒါက ငါတို့ရဲ့ "ငါယောက်ျားကွ .. ဒါတွေကမိန်းမအလုပ်" လို့တွေးထားမိတဲ့စိတ်ကြောင့်ဖြစ်နေတာဖြစ်မယ်။ ဒီအလုပ်တွေကအိမ်ဦးနတ်တွေလုပ်စရာမလိုဘူးလို့ အမြဲထင်မြင်နေကြလို့ဖြစ်နေတာ။

မင်း ကြမ်းတိုက်တုန်းက ကျေးဇူးတင်၊ အချီးကျူးခံချင်သလိုမျိုး မင်းမိန်းမကိုချီးကျူးလိုက်ပါ။ တကယ့်ဘဝလက်တွဲဖော်အစစ်တွေလို အရာအားလုံးညီတူညီမျှခွဲဝေလုပ်ကိုင်ပေးလိုက်ပါ။ အိမ်မှာခဏလာတဲ့ဧည့်သည်လို အိပ်လိုက်၊ စားလိုက်၊ ရေချိုးလိုက်၊ သွားလိုက်လာလိုက်မလုပ်ပါနဲ့။ အဲဒါမင်းအိမ်ပါ။ ..... လို့ကျွန်တော်ပြောလိုက်တယ်။

ကျွန်တော်တို့လူ့အသိုင်းအဝိုင်းတစ်ခုလုံးပြောင်းလဲဖို့ဆိုတာ ကျွန်တော်တို့အိမ် ကျွန်တော်တို့မိသားစုကနေစရမှာပါ။ ကျွန်တော်တို့ သားသမီးတွေကိုလဲ ဒါတွေသင်ပေးကြရအောင်။

Crd....

14/10/2024
ကိုယ့်ကို မလိုလို့ မုန်းလို့ ပြောလာတဲ့ စကားသံတွေဆိုတာ ရှောင်လို့ မရဘူး။ တွေ့ရလိမ့်မယ်။ အဲဒီ မကောင်းတဲ့စကားသံတွေကို ပြန်ပ...
09/10/2024

ကိုယ့်ကို မလိုလို့ မုန်းလို့ ပြောလာတဲ့
စကားသံတွေဆိုတာ ရှောင်လို့ မရဘူး။
တွေ့ရလိမ့်မယ်။ အဲဒီ မကောင်းတဲ့
စကားသံတွေကို ပြန်ပြန်ပြီး စဉ်းစားမနေနဲ့။
ခဏခဏ အမှတ်ရ မနေနဲ့။
စိတ်ထဲမှာ သိမ်းထားမနေနဲ့။
အမှတ်ရတိုင်း ထုတ်ထုတ်ကြည့်နေတဲ့
ပစ္စည်းတစ်ခုလို လုပ်မနေနဲ့။
အဲဒါတွေဟာ ပြီးခဲ့ပြီ။
ဘာမှမရှိတော့ဘူး။
ဘာမှ မရှိတော့တာကြီးနဲ့ ပတ်သက်ပြီး
မကျေမနပ် ဒေါသတွေ ဖြစ်နေတာဟာ
ဘယ်လောက် ဉာဏ်နည်းရာ ရောက်သလဲ။
စိတ်ဆင်းရဲရတာပဲ ရှိတယ်။
အကုသိုလ်ဖြစ်ရတာပဲ အဖတ်တင်တယ်။

ဒါကြောင့် သူများက ကိုယ့်ကို
ဘာပဲပြောပြော အဲဒါတွေကို အမှတ်ရပြီး
ခံစားနေဖို့ ငါ့မှာ အချိန်မရှိဘူး။
တန်ဖိုးရှိတာတွေကို လုပ်ရဦးမယ်လို့
တွေးပြီး ဖြစ်ခဲ့တာတွေကို ထားခဲ့ပါတော့။
စဉ်းစားမနေပါနဲ့။

သစ္စာရွှေစည်ဆရာတော်

05/10/2024

ကိုယ့်ရဲ့ဖြစ်တည်မှုအတွက် ဘယ်သူကိုမှ မတောင်းပန်နဲ့။

အတူတူပဲ။

တခြားသူတစ်ယောက်ရဲ့ ဖြစ်တည်မှုကိုလည်း မဝေဖန်၊ မစွက်ဖက်နဲ့။

Dr. Pyae Sone Ko Ko
Your Mindset Advisor

တချို့​သောပစ္စည်း​တွေဟာ ​​ဟောင်းနွမ်းသွားလို့ ပိုက်ဆံ​ပေးပြီး အသစ်ဝယ်လိုက်လို့ရ​ပင်မယ့် ပြန်မရနိုင်​တော့တဲ့ အမှတ်တရ​တွေ ...
03/10/2024

တချို့​သောပစ္စည်း​တွေဟာ ​​ဟောင်းနွမ်းသွားလို့ ပိုက်ဆံ​ပေးပြီး အသစ်ဝယ်လိုက်လို့ရ​ပင်မယ့် ပြန်မရနိုင်​တော့တဲ့ အမှတ်တရ​တွေ များစွာရှိ​နေတတ်တယ်😔

အစဥ်အမြဲ အား​ပေးဖြစ်​သော စာ​ရေးဆရာ
19/09/2024

အစဥ်အမြဲ အား​ပေးဖြစ်​သော
စာ​ရေးဆရာ

Address

Yangon
11071

Website

Alerts

Be the first to know and let us send you an email when ZuZan online shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category