Ziwaka Pharmacy - ဇီဝကဆေးဆိုင်

Ziwaka Pharmacy - ဇီဝကဆေးဆိုင် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ziwaka Pharmacy - ဇီဝကဆေးဆိုင်, Grocers, No. 85, Kyauk Myaung Street, Yangon.

1️⃣စျေးနှုန်းချိုသာပြီး အရည်အသွေးပြည့်ဝသော ဆေးဝါးများ
2️⃣ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ
3️⃣လူသုံးကုန်ပစ္စည်းများ ကို စုံလင်စွာ ရွေးချယ်ဝယ်ယူနိုင်မည့် သင်နှင့် အနီးဆုံးမှာ ရှိနေမယ့် #ဇီဝကဆေးဆိုင်

ဆီးယိုစိမ့်မှုကြောင့် နေ့ရက်တိုင်းမှာ စိတ်အနှောင့်အယှက်ဖြစ်နေရလား? 🥹🥹တစ်နေ့တာရဲ့ ပုံမှန်လုပ်ဆောင်ချက်တွေကိုတောင် ဆီးယိုစ...
06/03/2026

ဆီးယိုစိမ့်မှုကြောင့် နေ့ရက်တိုင်းမှာ စိတ်အနှောင့်အယှက်ဖြစ်နေရလား? 🥹🥹

တစ်နေ့တာရဲ့ ပုံမှန်လုပ်ဆောင်ချက်တွေကိုတောင် ဆီးယိုစိမ့်မှုကြောင့် ကောင်းကောင်းမလုပ်ဆောင်နိုင်တော့မျိုး ကြုံရတတ်ပါတယ်။ ဆီးယိုစိမ့်မှုက ကုသလိုရတဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်ရှင်..

လူကြီးဒိုင်ဘာကို အသုံးပြုမယ်ဆိုရင် ဆီးယိိုစမ့်မှုကို ပူပန်နေစရာမလိုဘဲ တစ်နေ့တာလုံး လွတ်လပ်စွာ ဖြတ်သန်းနိုင်စေပါတယ်

📱 Online ကမှာယူချင်တယ်ဆိုရင်တော့ Page messagerကနေ ဆက်သွယ်မှာယူနိုင်ပြီး delivery ရောက်ရှိတဲ့‌ မြို့အနှံ့အပြားကို ပို့ဆောင်ပေးပါတယ်ရှင့်။

ဆက်သွယ်မှာယူလိုပါက မင်မင်တို့ရဲ့ page message မှအချိန်မရွေး ဆက်သွယ်ဝယ်ယူလို့ရပါတယ်။
Viber No - 09885158815 မှလည်း မှာယူလို့ရပါတယ် ။

#ဇီဝက
#ဇီဝကဆေးနှင့်လူသုံးကုန်ပစ္စည်း အရောင်းဆိုင်

🐋 ငါးကြီးဆီ  ဆိုတာ ​ခန္ဓာကိုယ်ဖွံ့ဖြိုးကျန်းမာမှုအပြင် ဦးနှောက်နဲ့ နှလုံးကျန်းမာရေးကောင်းမွန်စေလို့ မိသားစုဝင်တိုင်း မှ...
06/03/2026

🐋 ငါးကြီးဆီ ဆိုတာ ​ခန္ဓာကိုယ်ဖွံ့ဖြိုးကျန်းမာမှုအပြင်
ဦးနှောက်နဲ့ နှလုံးကျန်းမာရေးကောင်းမွန်စေလို့ မိသားစုဝင်တိုင်း မှီဝဲသင့်ပါတယ် 👨‍👩‍👦‍👦

အထူးသဖြင့် မိသားစုဝင် တစ်ယောက်ချင်းစီမှာ ကျန်းမာရေး လိုအပ်ချက်တွေက မတူကြပါဘူး..
​👦👧 သားသားမီးမီးတွေက စာကြည့်ရလို့ မှတ်ဉာဏ်ကောင်းချင်တယ်... 🧠
​👨ဖေဖေက အလုပ်ဒဏ်ကြောင့် မျက်စိညောင်းတယ်၊ သွေးတိုးမှာလဲ စိုးရိမ်နေတယ်... 👀
​🧓 မေမေက သွေးတွင်းအဆီဓာတ်ကို ထိန်းညှိချင်တယ်... ❤️

သာမန် ငါးကြီးဆီတွေထက် အာနိသင် (၂) ဆ ပိုမိုပြည့်ဝပြီး တစ်နေ့ကို တစ်လုံးသောက်သုံးရုံနဲ့ ကျန်းမာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်ပါတယ်ရှင့်။

✨​ဒီ ငါးကြီးဆီတွေ ကို နေ့စဥ်သောက်သုံးခြင်းအားဖြင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့-

✅ (နှလုံးကျန်းမာရေး)-
သွေးတွင်းမကောင်သော အဆီဓာတ် ကိုလက်စထရော မြင့်မားလာမှုကြောင့် ဖြစ်ပေါ်လာမည့် နှလုံးသွေးကြောကျဉ်း၊ နှလုံးသွေးကြောပိတ်ရောဂါများကို ကာကွယ်ပေးနိုင်ပါတယ်။

✅ (ဦးနှောက်နှင့် အာရုံကြောကျန်းမာရေး)-
ဦးနှောက်မှတ်ဉာဏ် စွမ်းဆောင်ရည်ကို အထူးကောင်းမွန်စေပြီး အာရုံကြောစနစ်ကောင်းမွန်စေပါတယ်၊

✅(သွေးတိုးရောဂါ ကာကွယ်ပေးခြင်း)-
သွေးပေါင်ချိန်ပုံမှန်ဖြစ်အောင် ထိန်းညှိပေးလို့ သွေးတိုးရောဂါမဖြစ်အောင် ကာကွယ်ပေးပါတယ်၊

✅ (အရိုးအဆစ်ကျန်းမာရေး)-
နာကျင်ရောင်ရမ်းမှုများကို သက်သာစေပြီး အရိုးအဆစ်များကြံ့ခိုင်မှုအတွက် အားပေးပါတယ်၊

✅(စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး)-
စိတ်အာရုံထွေပြားခြင်း၊ အာရုံစူးစိုက်မှု အားနည်းခြင်း၊ စိတ်ကျခြင်းများကို ကာကွယ်ပေးပါတယ်၊

✅(ဆီးချိုရောဂါ ကာကွယ်ပေးခြင်း)
သွေးတွင်း သကြားဓာတ်ကို အကောင်းဆုံးထိန်းသိမ်းပေးခြင်းကြောင့် ဆီးချိုရောဂါအား ကာကွယ်ပေးပါတယ်။

👨‍👩‍👧‍👦​ ဒါကြောင့် မိသားစုရဲ့ အပြုံးတွေကို ကျန်းမာခြင်းနဲ့အတူ ထိန်းသိမ်းထားဖို့ အခုပဲ မှာယူလိုက်ပါနော်..😘

📱 Online ကမှာယူချင်တယ်ဆိုရင်တော့ Page messagerကနေ ဆက်သွယ်မှာယူနိုင်ပြီး delivery ရောက်ရှိတဲ့‌ မြို့အနှံ့အပြားကို ပို့ဆောင်ပေးပါတယ်ရှင့်။

ဆက်သွယ်မှာယူလိုပါက မင်မင်တို့ရဲ့ page message မှအချိန်မရွေး ဆက်သွယ်ဝယ်ယူလို့ရပါတယ်။
Viber No - 09885158815 မှလည်း မှာယူလို့ရပါတယ် ။

#ဇီဝက
#ဇီဝကဆေးနှင့်လူသုံးကုန်ပစ္စည်း အရောင်းဆိုင်

#နှလုံးကျန်းမာရေး
#ငါးကြီးဆီ
#ကိုလက်စထရော

အလုပ်သင် အကူအရောင်းဝန်ထမ်း (Junior Sale) မိန်းကလေး ဝန်ထမ်း (၁) ဦးလိုအပ်ချက်များ▶️အသက်.... ၁၈ နှစ်မှ ၃၀ နှစ်ကြား▶️ပညာအရည်...
06/03/2026

အလုပ်သင် အကူအရောင်းဝန်ထမ်း (Junior Sale) မိန်းကလေး ဝန်ထမ်း (၁) ဦး

လိုအပ်ချက်များ

▶️အသက်.... ၁၈ နှစ်မှ ၃၀ နှစ်ကြား
▶️ပညာအရည်အချင်း.... အခြေခံပညာအဆင့်
▶️၁/ တာမွေ မြို့နယ်အနီးတဝိုက်နေထိုင်သူဖြစ်ရပါမည်။
▶️ ၂/ အလှကုန် နှင့်လူသုံးကုန်အရောင်းပိုင်းကို စိတ်ဝင်စားမှုရှိပြီး ဆေးဝါးများကို
လေ့လာသင်ယူလိုစိတ်ရှိသူဖြစ်ရပါမည်။
(ဆေးဝါးပိုင်းများအား လုပ်ငန်းအနေနဲ့ သင်ကြားပေးသွားမည်ဖြစ်သဖြင့်
✅ဆေးဝါးစိတ်ဝင်စားပြီး ဆေးဆိုင်အလုပ်အကိုင်အတွေ့အကြုံမရှိသေးသူများ၊ ✅ဆေးဝါးအကူသင်တန်းမတက်ဖူးသေးသူများ၊ ✅သင်တန်းဆင်းပြီး အလုပ်အတွေ့အကြုံလိုချင်သူအတွက် အထူးသင့်တော်ပါသည်။)

အလုပ်ချိန်... မနက် ၈- ည ၈ နာရီ
နားရက် ...... တပတ် တရက်

အခြေခံလစာ ခံစားခွင့် အပြင် ခရီးစရိတ် နှင့် လစဉ်အရောင်း ပြည့်မှီပါက sale commission ခံစားခွင့်ရှိပါမည်

လျှောက်ထားလိုသူများသည်
FB page messenger သိူ့ Viber No 09885158815 သို့
အလုပ်လျှောက်လွှာ CV ပေးပို့နိုင်ပါသည်။

တောင်သူလယ်သမားနေ့  🌾💚၂၀၂၆ ခုနှစ်၊ မတ်လ၂ရက်နေ့တွင် ကျရောက်သော တောင်သူလယ်သမားနေ့  အား  ဂုဏ်ပြုအပ်ပါသည်။ကျေးဇူးရှင် တောင်သူ...
02/03/2026

တောင်သူလယ်သမားနေ့ 🌾💚

၂၀၂၆ ခုနှစ်၊ မတ်လ၂ရက်နေ့တွင် ကျရောက်သော တောင်သူလယ်သမားနေ့ အား ဂုဏ်ပြုအပ်ပါသည်။

ကျေးဇူးရှင် တောင်သူဦးကြီးများ အလုပ်အကိုင် စီးပွားရေးတွေ ပိုမိုအဆင်ပြေပြီး ငွေကြေးလာဘ်လာဘ‌တွေ တိုးပွားပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်

#တောင်သူလယ်သမားနေ့

#ဇီဝက
#ဇီဝကဆေးနှင့်လူသုံးကုန်ပစ္စည်း အရောင်းဆိုင်

လတ်တလော ပစ္စည်းပြတ်နေတဲ့ Fame Neurogin Card တွေ ရှာမရလို့ ခေါင်းခြောက်နေကြပြီလားဒါဆိုရင်တော့ ဇီဝကဆေးနှင့်လူသုံးကုန်စတိုး...
28/02/2026

လတ်တလော ပစ္စည်းပြတ်နေတဲ့ Fame Neurogin Card တွေ ရှာမရလို့
ခေါင်းခြောက်နေကြပြီလား

ဒါဆိုရင်တော့ ဇီဝကဆေးနှင့်လူသုံးကုန်စတိုးရဲ့ page messenger ကို အခုပဲ ဆက်သွယ်လိုက်ပါတော့နော်

အများစုက Neurogin® (အာရုံကြောဆေး) ကို “မြင်းခွာရွက်ဆေး” လို့ ထင်နေကျပါတယ်။

အမှန်က Neurogin® (အာရုံကြောဆေး) မှာပါဝင်တာက ကမ္ဘာဦးပင်ရဲ့ အရွက် အဆီအနှစ်ဖြစ်ပါတယ်။ ကမ္ဘာဦးပင်ရဲ့ ရုက္ခဗေဒအမည်က 𝑮𝒊𝒏𝒈𝒌𝒐 𝒃𝒊𝒍𝒐𝒃𝒂 ဖြစ်ပြီး မြင်းခွာရွက်ရဲ့ ရုက္ခဗေဒအမည်က 𝑪𝒆𝒏𝒕𝒆𝒍𝒍𝒂 𝒂𝒔𝒊𝒂𝒕𝒊𝒄𝒂 ဖြစ်ပါတယ်။ အပင်အနေဖြင့် ပြောရင်လည်း ကမ္ဘာဦးပင်က အပင်ကြီး (Tree) ဖြစ်ပြီး၊ မြင်းခွာရွက်မှာ အပင်ပျော့ (Herb) ဖြစ်ပါတယ်။

ကမ္ဘာဦးပင် (𝑮𝒊𝒏𝒈𝒌𝒐 𝒃𝒊𝒍𝒐𝒃𝒂) ရဲ့ အရွက်မှာ ဆေးဖက်ဝင်အာနိသင်များစွာပါဝင်ပါတယ်။

☑️ခန္ဓာကိုယ်တစ်ခုလုံးရှိ အာရုံကြောများဆီသို့ လိုအပ်သော အောက်ဆီဂျင်ကို ပံ့ပိုးပေးကာ ဆံချည်မျှင်သွေးကြောများအထိ သွေးလှည့်ပတ်မှုကောင်းစေပါတယ်။
☑️မှတ်ဉာဏ်စွမ်းအားကို ပိုမိုကောင်းမွန်စေပါတယ်။
☑️အော်ဇိုင်းမားရောဂါ (သတိမေ့တတ်ခြင်း)ကို သက်သာစေပါတယ်။
☑️အကြားနှင့် အမြင်အာရုံတို့ကို ပိုမိုကောင်းမွန်စေပါတယ်။
☑️ခြေဖျားလက်ဖျားသို့ သွေးမလျှောက်ခြင်း၊ ခြေလက်ထုံကျင်ခြင်း တို့တွင် အသုံးပြုနိုင်သော ဆေးဖက်ဝင်အပင်ဖြစ်ပါတယ်။

ထိုသို့ အာနိသင်များတာကြောင့် FAME Pharmaceuticals မှ Neurogin® (အာရုံကြောဆေး) အနေနဲ့ထုတ်လုပ်ထားပါတယ်။

ဆက်သွယ်မှာယူလိုပါက မင်မင်တို့ရဲ့ page message မှအချိန်မရွေး ဆက်သွယ်ဝယ်ယူလို့ရပါတယ်။
Viber No - 09885158815 မှလည်း မှာယူလို့ရပါတယ် ။

#ဇီဝက
#ဇီဝကဆေးနှင့်လူသုံးကုန်ပစ္စည်း အရောင်းဆိုင်

နေမကောင်းဖြစ်လို့ ဆေးသောက်တော့မယ်ဆိုရင် "သက်သာရင် တော်ပြီ" ဆိုတဲ့ အတွေးမျိုး ရှိနေပါသလား? 🤔 ဆေးဝါးတွေဟာ ရောဂါကို ပျောက်က...
25/02/2026

နေမကောင်းဖြစ်လို့ ဆေးသောက်တော့မယ်ဆိုရင် "သက်သာရင် တော်ပြီ" ဆိုတဲ့ အတွေးမျိုး ရှိနေပါသလား? 🤔

ဆေးဝါးတွေဟာ ရောဂါကို ပျောက်ကင်းစေနိုင်သလို စနစ်တကျ မသုံးစွဲတတ်ရင်လည်း ဘေးထွက်ဆိုးကျိုးတွေ အများကြီး ရှိနိုင်ပါတယ်။

ဇီဝက ကနေပြီး မိမိတို့ရဲ့ ကျန်းမာရေးအတွက် ဆေးသောက်တဲ့အခါ အများစု မှားယွင်းတတ်တဲ့ အယူအဆလေးတွေကို ဝေမျှပေးချင်ပါတယ်။ 👇

🛑 သတ်မှတ်ထားတဲ့ ပမာဏအတိုင်း သောက်ပါ
"ဆေးများများသောက်ရင် မြန်မြန်ပျောက်မယ်" ဆိုတာ လုံးဝ အမှားပါပဲ။ ❌ ဆေးပမာဏ များလွန်းရင် အသည်းနဲ့ ကျောက်ကပ်ကို ထိခိုက်စေနိုင်သလို၊ နည်းလွန်းရင်လည်း ရောဂါမပျောက်ဘဲ ဆေးယဉ်ပါးမှု ဖြစ်စေနိုင်ပါတယ်။ ဆရာဝန် ညွှန်ကြားတဲ့အတိုင်း အတိအကျ သောက်ဖို့ လိုပါတယ်။

💧 ရိုးရိုးရေနဲ့ပဲ သောက်ပါ
ဆေးသောက်တဲ့အခါ ကော်ဖီ၊ လက်ဖက်ရည်၊ နွားနို့ ဒါမှမဟုတ် အချိုရည်တွေနဲ့ တွဲသောက်တာမျိုး ရှောင်ကြဉ်ပါ။ ☕
🚫 အချို့သော ဖျော်ရည်တွေက ဆေးရဲ့ အာနိသင်ကို လျော့ကျစေနိုင်သလို ဆိုးကျိုးတောင် ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အကောင်းဆုံးကတော့ ရိုးရိုးသောက်ရေ နဲ့ပဲ သောက်သုံးပေးပါ။

⚠️ ပိုးသတ်ဆေး (Antibiotics) အန္တရာယ် အထူးသတိပြုရန်
ဒါက အရေးအကြီးဆုံးပါပဲ…ချောင်းနည်းနည်းဆိုးတာ၊ လည်ချောင်းနာတာနဲ့တင် ပိုးသတ်ဆေးတွေကို အလွယ်တကူ ဝယ်မသောက်ပါနဲ့။
ဆေးပတ်လည်အောင်သောက်ပါ။ ရောဂါသက်သာသွားလို့ဆိုပြီး ဆေးဖြတ်လိုက်တာမျိုး မလုပ်ပါနဲ့။ ဆေးပတ်မလည်ရင် ခန္ဓာကိုယ်ထဲက ပိုးမွှားတွေက ဆေးကို ခံနိုင်ရည်ရှိသွားပြီး ဆေးယဉ်ပါးမှု (Drug Resistance) ဖြစ်သွားနိုင်ပါတယ်။
နောက်တစ်ခါ အဲဒီပိုးဝင်တဲ့အခါ ဘယ်ဆေးသောက်သောက် မပျောက်တော့တဲ့ အခြေအနေမျိုးဟာ အသက်အန္တရာယ်အထိ စိုးရိမ်ရပါတယ်။ 😱

ဒါကြောင့် ကျန်းမာရေးဆိုတာ ပေါ့ဆလို့မရတာမို့ မှန်ကန်သော ဆေးသောက်နည်းဖြင့်သာ ကျန်းမာသော ဘဝကို ပိုင်ဆိုင်လိုက်ရအောင်နော် ❤️

#ဇီဝက
#ဇီဝကဆေးနှင့်လူသုံးကုန်ပစ္စည်း အရောင်းဆိုင်

လေထုညစ်ညမ်းခြင်းက ဘယ်လောက်ထိ အန္တရာယ်ရှိလဲ (Air pollution)ယခုနောက်ပိုင်းမှာ အိမ်တွင်း၊ အိမ်ပြင် လေထုညစ်ညမ်းမှု တစ်နေ့ထပ်...
25/02/2026

လေထုညစ်ညမ်းခြင်းက ဘယ်လောက်ထိ အန္တရာယ်ရှိလဲ (Air pollution)

ယခုနောက်ပိုင်းမှာ အိမ်တွင်း၊ အိမ်ပြင် လေထုညစ်ညမ်းမှု တစ်နေ့ထပ်တစ်နေ့ ပိုဆိုးလာပါတယ်။ နေ့စဉ် ရှုနေတဲ့ လေရဲ့ ၉၉ရာခိုင်နှုန်းဟာ ကာဗွန်မိုနောက်ဆိုဒ်၊ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ်၊ ဆာဖာဒိုင်အောက်ဆိုဒ် စတာတွေ ပါနေတဲ့ ညစ်ညမ်းလေထုတွေဖြစ်နေပါတယ်။ ငွေကြေးဆင်းရဲတဲ့ နိုင်ငံတွေသာမက ချမ်းသာတဲ့နိုင်ငံတွေမှာပါ air pollutionဒဏ်ကို ခံစားနေရပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံဟာ ၂၀၂၆ ဒေတာအရ လေထုညစ်ညမ်းမှု အများဆုံးနိုင်ငံတွေထဲ နံပါတ် ၄ နေရာမှာပါနေပါတယ်။AQI(Air Quality Index) အဆင့်များတွင် 150 အထက်ဖြစ်ပါက လူထုကျန်းမာရေးအတွက် အန္တရာယ်ရှိသော အခြေအနေဟု သတ်မှတ်ပါတယ်။ မြန်မာနိုင်ငံ၏ မြို့တချို့တွင် AQI 200 ကျော်၊ 300 နီးပါးအထိ ရောက်ရှိသည့် အချိန်များရှိခဲ့ပြီး ထိုအခြေအနေများကြောင့် ကမ္ဘာ့အဆင့်တွင် No.4 အထိ ရောက်ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ဤအဆင့်သည် လူထုအား “Unhealthy” သို့မဟုတ် “Very Unhealthy” အဆင့်အဖြစ် သတ်မှတ်နိုင်သော အခြေအနေဖြစ်ပါတယ်။

ရန်ကုန်နှင့် မန္တလေးကဲ့သို့ မြို့ကြီးများတွင် ယာဉ်အရေအတွက် တိုးမြင့်လာခြင်းကြောင့် ကာဗွန်မိုနိုအောက်ဆိုဒ် (CO)၊ နိုက်ထရိုဂျင်အောက်ဆိုဒ် (NOx) နှင့် PM2.5 အမှုန်များ လေထုထဲတွင် လိုအပ်သည်ထက် ပိုမို ရှိနေပါတယ်။

Air pollution ရဲ့ အဓိကဖြစ်စေရတဲ့အကြောင်းက စက်ရုံအလုပ်ရုံတွေများလာတာ၊ စက်တပ်ယာဉ် စီးနှင်းသုံးစွဲသူများလာတာ၊ ထင်း၊ မီးသွေး၊ ရေနံဆီနဲ့ အခြားလောင်စာတွေ မီးရှို့အသုံးပြုမှုများတာ၊ တောမီးလောင်တာတွေကြောင့် ဖြစ်ရပါတယ်။ လေထုညစ်ညမ်းမှုများလေ ကမ္ဘာ့ရာသီဥတုပြောင်းလဲ ဖောက်ပြန်နိုင်ချေများလေဖြစ်သလို ဂေဟစနစ်ကို ပြောင်းလဲစေပြီး ကျန်းမာရေးအတွက်လည်း ဆိုးကျိုးများစွာရှိပါတယ်။

Air pollution ရဲ့နောက်ဆက်တွဲက အသက်ရှုလမ်းကြောင်းရောဂါတွေကို နာတာရှည်ရောဂါအထိဖြစ်စေတတ်ပြီး အဆုတ်ကင်ဆာ၊ လေဖြတ်လေဖြန်းရောဂါနဲ့ နှလုံးရောဂါတွေပါ ခံစားရစေနိုင်ပါတယ်။PM2.5 သည် အလွန်သေးငယ်သော အမှုန်ဖြစ်ပြီး အဆုတ်အတွင်း နက်ရှိုင်းစွာ ဝင်ရောက်နိုင်သည့်အတွက် အထူးစိုးရိမ်ရပါတယ်။ ဆေးလိပ်မသောက်ပေမဲ့ ထင်း၊ မီးသွေးနဲ့ လောင်စာဆီတစ်မျိုးမျိုးသုံးပြီး ချက်ပြုတ်သူ၊ အနွေးဓါတ်ရယူသူတွေဟာ air pollution ကြောင့် နာတာရှည်လေပြွန်ရောင်ရောဂါရရှိခံစားရပြီး နှစ်စဉ် ၁.၅သန်းခန့် သေဆုံးနေကြရပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၇သန်းဟာလည်း နှစ်စဉ်နှစ်တိုင်း အရွယ်မတိုင်မီပင် လေထုညစ်ညမ်းမှုကြောင့် သေဆုံးနေရပါတယ်။

လေထုညစ်ညမ်းမှုကို ကာကွယ်ရန်အတွက် ကိုယ်ပိုင်ကားအသုံးပြုမှုကို လျှော့ချပြီး အများပြည်သူသုံးယာဉ်များ အသုံးပြုခြင်း၊ အမှိုက်နှင့် သစ်ရွက်များ မီးမရှို့ဘဲ မြေမြှုပ်တဲ့ နည်းနဲ့ စွန့်ပစ်ခြင်း၊ မီးလာချိန်မှာ လျှပ်စစ်ကိုသာ အသုံးပြုပြီး ချက်ပြုတ်ခြင်း တို့ လုပ်ဆောင်သင့်ပါတယ်။ ထို့ပြင် သစ်ပင်စိုက်ပျိုးခြင်းနှင့် သစ်တောထိန်းသိမ်းခြင်းတို့ကို အားပေးဆောင်ရွက်ရန် လိုအပ်ပါသည်။ AQI မြင့်သောနေ့များတွင် N95 Mask တပ်ဆင်ပြီး ပြင်ပလှုပ်ရှားမှုများ လျှော့ချခြင်းသည် ကိုယ်တိုင်ကို ကာကွယ်ရာတွင် အထောက်အကူဖြစ်စေပါတယ်။

#ဇီဝက
#ဇီဝကဆေးနှင့်လူသုံးကုန်ပစ္စည်း အရောင်းဆိုင် #

25/02/2026


🚨  ပစ္စည်းမှန်ပြီး ဈေးနှုန်းမှန်တဲ့ ဆေးဆိုင်ရှာနေပြီလား 🚨 ဆရာဝန်ညွှန်ကြားတဲ့ဆေးဝါးတွေကို ဘယ်မှာဝယ်ရမှန်းမသိဖြစ်နေလား ❓ဒါ...
21/02/2026

🚨 ပစ္စည်းမှန်ပြီး ဈေးနှုန်းမှန်တဲ့ ဆေးဆိုင်ရှာနေပြီလား 🚨

ဆရာဝန်ညွှန်ကြားတဲ့ဆေးဝါးတွေကို ဘယ်မှာဝယ်ရမှန်းမသိဖြစ်နေလား ❓

ဒါမှမဟုတ် စိတ်ပူစရာမလိုဘဲ ယုံကြည်စိတ်ချရတဲ့ ဆေးဝါးတွေကို တစ်နေရာတည်းမှာ စုံစုံလင်လင်ဝယ်ယူချင်ပါသလား ❓

ဒါဆိုရင်တော့ ဇီဝကဆေးဆိုင် ကို သတိရလိုက်ပါ❗

ဇီဝကဆေးဆိုင်မှာ

✅ ဆရာဝန်ညွှန်ကြားတဲ့ ဆေးဝါးမျိုးစုံအပြင် ကျန်းမာရေးနဲ့ပတ်သက်တဲ့ လိုအပ်တဲ့ပစ္စည်းတွေကိုလည်း တစ်နေရာတည်းမှာ ပြည့်ပြည့်စုံစုံ ဝယ်ယူနိုင်ပါတယ်

✅ ပစ္စည်းမှန်ကန်ရုံသာမက ဈေးနှုန်းတွေကလည်း သင့်တင့်မျှတပြီး မှန်ကန်ပါတယ်

✅ ဝယ်ယူသူတိုင်းကို စိတ်ရှည်လက်ရှည်နဲ့ အကောင်းဆုံးဝန်ဆောင်မှု‌တွေပေးဖို့ အမြဲအသင့်ရှိနေတာမို့

တာမွေမြို့အနီးတဝိုက်မှာ
ကျန်းမာရေးအတွက် အရေးကြီးတဲ့ ဆေးဝါးတွေကို ယုံကြည်စိတ်ချစွာ ဝယ်ယူမယ်ဆိုရင်တော့ ဇီဝကဆေးဆိုင် ကို လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ် 🤗

"ဇီဝက” ရဲ့ Promotion တွေနဲ့ တခြား Update အကြောင်းအရာတွေကို
အချိန်နဲ့တပြေးညီသိရှိနိုင်ဖို့ “ဇီဝက” ရဲ့ page & TikTok လေးကိုလည်း
like and follow လုပ်ထားလိုက်ကြပါဦးနော် 🙌

“ဇီဝက” ရဲ့ ဆိုင်ခွဲလိပ်စာနဲ့ ဖုန်းနံပါတ်လေးတွေကတော့…

🚏အမှတ်(၈၅)၊မြေညီထပ်၊ကျောက်မြောင်းလမ်း၊တာမွေမြို့နယ်။
☎️ 09-762577625, 09-885158815

🚏အမှတ်(၂၄)၊မြေညီထပ်၊ဓမ္မဝိဟာရလမ်း၊တာမွေမြို့နယ်။
☎️ 09-449554085, 09-885158815

#ဇီဝက
#ဇီဝကဆေးနှင့်လူသုံးကုန်ပစ္စည်း အရောင်းဆိုင်

Happy Chinese New Year  🐉16.2.2026 ရက်နေ့မှာကျရောက်တဲ့ တရုတ်နှစ်သစ်ကူးနေ့ (မြင်းနှစ်) မှာ 🥮တစ်နှစ်ပတ်လုံး ပျော်ရွှင်မှုန...
16/02/2026

Happy Chinese New Year 🐉

16.2.2026 ရက်နေ့မှာကျရောက်တဲ့ တရုတ်နှစ်သစ်ကူးနေ့ (မြင်းနှစ်) မှာ 🥮

တစ်နှစ်ပတ်လုံး ပျော်ရွှင်မှုနဲ့ ကြွယ်ဝချမ်းသာမှုများ ပိုင်ဆိုင်နိုင်ကြပါစေ… 🎊

ဇီဝက မှဆုမွန်ကောင်းတောင်းလိုက်ပါတယ် 🙏🏻

🧧 အန်ပေါင်း (Ang Pao) တွေလည်းအများကြီးရကြပါစေနော်။

#ဇီဝက
#ဇီဝကဆေးနှင့်လူသုံးကုန်ပစ္စည်း အရောင်းဆိုင်

ကံထူးရှင်များနာမည်လေးတွေမှားမှကြောင့်လို့ပြန်တင်ပေးတာပါရှင့်Aye Aye Thwe Kaung Htike SanLucky May Nway Oo MaungHay Manဇီ...
14/02/2026

ကံထူးရှင်များနာမည်လေးတွေမှားမှကြောင့်လို့ပြန်တင်ပေးတာပါရှင့်
Aye Aye Thwe
Kaung Htike San
Lucky May
Nway Oo Maung
Hay Man

ဇီဝကရဲ့ ၁နှစ်ပြည့် နှစ်ပတ်လည်ကို ခုလိုမျိုး ပျော်ရွှင်စွာ ဝိုင်းဝန်းကံစမ်းပေးကြလို့ အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။ နောက်ထပ် giveawayတွေလဲ လာဖိုရှိသေးလို့ ထပ်မံပါ၀င်ဆင်နွှဲပေးကြပါဦးနော်💚💚💚


#ဇီဝက
#ဇီဝကဆေးနှင့်လူသုံးကုန်ပစ္စည်း အရောင်းဆိုင်

Address

No. 85, Kyauk Myaung Street
Yangon

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00

Website

Alerts

Be the first to know and let us send you an email when Ziwaka Pharmacy - ဇီဝကဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category