Burma Sein - ဗမာစိန်

Burma Sein - ဗမာစိန် ထူးရှယ်မြိတ်ငပိထောင်း နှင့် မြန်မာ့စားသောက်ကုန်အမျိုးမျိုး🦐🍚

20/09/2024

‘မျှင်ငါးပိ’

တော်သလင်းလဆန်းသည်နှင့် မျှင်(ခေါ်)ဂွေးကောင်ငယ်ကလေးများ ငပလီကမ်းခြေတလျှောက်သို့ ဝင်‌ ရောက် ကျက်စားလေ့ရှိသည်။ ထိုမျှင်ကောင်ငယ်ကလေးများမှာ အုပ်စုဖွဲ့နေထိုင်တတ်ပြီး ‌ပင်လယ်ရေ ပြင်အထက်၌ ပေါလောမြောပါနေတတ်သလို ရေအောက်ငုပ်လျှိုးလျှက် သွားလာကြလေ့ ရှိသည်။

ကမ်းခြေကမ်းစပ်သို့ ဝင်ရောက်လာသည့် မျှင်များအား ယခင်အချိန်က ကမ်းဆွဲပိုက်များ အသုံးပြု၍ ဖမ်း ဆီးကြသည်။ ထို့နောက် ပိုက်ကွန်များ အသုံးပြုလျှက် ရေနက်ပိုင်းထိ သွားရောက်ကာ မျှင်ခဲများကို ရှာဖွေ ဖမ်းဆီးကြပြန်သည်။ ထိုမှတဖန် ရေအောက်၌ နစ်မြုပ်သွားလာနေသည်များကို ရေငုပ်မျက်မှန်များ အသုံး ပြု ရှာဖွေလာကြသည်။

ကမ်းဆွဲပိုက်ဖြင့် ရှာဖွေဖမ်းဆီးရာတွင် လူဦးရေ ဆယ့်တစ်ယောက် ဆယ့်နှစ်ယောက် အသုံးပြုရသည်။ ပိုက်ကွန်အသုံးပြုသူများအဖို့ နှစ်ယောက်သုံးယောက်ဆိုလျှင် အလုပ်ဖြစ်ကြ၏။ ခေတ်ကာလ ပြောင်းလာ သည်နှင့်အမျှ ရှာဖွေဖမ်းဆီးသည့် နည်းစနစ်များ ပြောင်းလဲလာခဲ့သည်။

ကမ်းဆွဲပိုက်နေရာတွင် မျှင်ကျော့ပိုက်များ အစားထိုးဝင်ရောက်လာသည်။ ဇာခြင်ထောင်ပိုက်(သို့) တမတ် ကွင်းဖေါ့ပိုက်များကို ကျော့ပိုက်လိုဆင်ပြီး ညဘက် မီးထွန်းလျှက် မျှင်ကောင်ငယ်လေးများကို ကျော့ပြီး ယူကြ၏။ လူဦးရေ ဆယ့်ငါးယောက်၊ ဆယ့်ရှစ်ယောက်မှသည် လူနှစ်ဆယ်အထိ လိုက်ပါပြီး တစ်မီးထွန်း၊ နှစ်မီးထွန်း အလျင်းသင့်သလို ပြုလုပ်ဖမ်းဆီးကြသည်။

ရရှိလာသည့် မျှင်ကောင်ငယ်ကလေးများအား နှစ်နာရီခန့် နေလှမ်းရသည်။ ငါးနှင့်အမှိုက်များ ရောနှော ပါဝင်ပါက သန့်စင်ဖယ်ထုတ်ရန် လိုအပ်သည်။ ငါးပိထောင်းရာတွင် ငါးအငယ်လေးများ ပါဝင်သွားပါက ခါးသက်သက် ဖြစ်တတ်၏။ သန့်စင်ပြီး မျှင်များအား ကြိတ်စက် အသုံးပြု၍ သော်လည်းကောင်း၊ ‌ခြေနင်း မောင်း(သို့) လက်ထောင်းဆုံ အသုံးပြု၍သော်လည်းကောင်း ငါးပိအဖြစ် အသွင်ပြောင်းယူရသည်။

ကြိတ်စက်နှင့်ကြိတ်ပါက ကြေညက်မှုမရှိ၊ အဖတ်ပါသဖြင့် ခြေနင်းမောင်းကိုသာ အသုံးပြုသူ များ၏။ ခြေနင်းမောင်း အရွယ်အစားကို မူတည်ပြီး တစ်ဆုံတွင် ငါးပိဿာမှ ခုနစ်ပိဿာအထိ ဝင်ဆန့် အောင်ထည့် ၍ ထောင်းကြရသည်။ ထိုသို့ ထောင်းရာတွင် မောင်းနင်းသူ နှစ်ယောက်(သို့)သုံးယောက် ရှိတတ်ပြီး မျှင်ကောင်ငယ်ကလေးများ ကြေညက်အောင် ဟိုဘက်၊ သည်ဘက် လှည့်ပြန်ပေးရသော လူတစ်ယောက် ထားရှိရန် လိုအပ်သည်။ သူက ကြေညက်မှုရှိမရှိ အဆုံးအဖြတ် ပေးရသည်။ နာရီဝက် လေးဆယ့်ငါးမိ နစ်ခန့် ထောင်းပြီးပါက တစ်ထပ်(တစ်ကြိမ်) ထောင်းငါးပိ ရရှိလာသည်။ ကြော် လှော် ချက်ပြုတ်ရာတွင် အသုံးပြုနိုင်ပေပြီ။

ရောင်းတန်းဝင် ငါးပိဖြစ်ရန်အတွက်မူ တစ်ထပ်ထောင်းများအား နေပြန်လှန်းပြီး နောက်တစ်ကြိမ် ထောင်း ရသည်။ နှစ်ကြိမ်‌ ထောင်းပြီးသည်နှင့် မျှင်ဖတ်များ ကင်းစင်ကာ ရေတွင် လွယ်လင့်တကူ ပျော်ဝင် နိုင်သည့် အခြေအနေသို့ ရောက်ရှိလာသည်။ မျှင်ငါးပိ စစ်စစ်ကိုမှ စားသုံးချင်သူများအနေဖြင့်မူ နောက် တစ်ကြိမ် နေလှမ်းပြီး ထောင်းရန်လိုအပ်သည်။ ထိုသို့ ပြုလုပ်နိုင်ပါက တစ်နှစ်၊ နှစ်နှစ်သိုလှောင်သိမ်း ဆည်းထား သည့်တိုင် အရောင်အနည်းငယ် ညိုသွားသည်မှအပ မူလအရသာမပျက် စားသုံးနိုင်ပါသည်။

ဂျိတ္တောရွာမှ ထွက်ရှိသော မျှင်ငါးပိများတွင် ဆိုးဆေးလို ဓာတုဆေးဝါးကင်းစင်ခြင်း၊ နဂို မျှင်ကောင်ငယ် ကလေးများ၏ ပန်းသွေးရောင်ဖျော့ဖျော့ ရှိတတ်ခြင်း၊ ကျောက် သဲ အမှိုက် ငါး ကင်းစင်ပြီး မျှင်၏ ထူးကဲ သော အရသာကို အပြည့်အဝ ခံစားနိုင်ခြင်း၊ ခါးသက်မှု မရှိခြင်း၊ ရနံ့မွှေးခြင်း၊ ငါးပိကြော်လို သီးခြားဟင်း လျာတစ်ခွက် ဖန်တီးစားသောက်နိုင်ခြင်း အစရှိသည့် အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။

************************************

SS & P

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Burma Sein - ဗမာစိန် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share