10/02/2024
ငါတို့ဆယ်ကျော်သက်အရွယ်ရောက်တော့ ငါတို့နိုင်ငံကအဆိပ်သင့်နေပြီတဲ့
ငါတို့အနာဂတ်အတွက် မင်းတို့မကြည့်ပေးခဲ့လို့
ငါတို့ကိုယ်တိုင်ပြုပြင်ယူနေရပြီ
ငါတို့အေး"ချမ်း" နေထိုင်ရဖို့အတွက်
ငါတို့အသက်တွေကို ပြန်စတေးပေးနေရပြီ
တရားကိုဘယ်နတ်စောင့်ပါသလဲ
ငါတို့တိုင်းပြည်ကို ဘယ်ဘုရားဒဏ်ခတ်ထားပါသလဲ
ငါတို့နိုင်ငံကို ဘယ်ဥပဒေစိုးမိုးနေပါသလဲ
အနာဂတ်ကြယ်ပွင့်တွေဆိုတာ ငါတို့မဟုတ်ပြန်ဘူးလား
လူငယ်တွေလမ်းပျောက်နေရတာ လူကြီးတွေကြောင့်ဆို
ငါ့တို့ကို ဘယ်လိုကွပ်မျက်မလဲ။
🏴