Penang Myanmar

Penang Myanmar new, general knowledge sharing

မလေးရှားနိုင်ငံမှလုပ်သား ၄ သိန်းခေါ်ယူမည်၊CNI News၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၂မလေးရှားတွင် နိုင်ငံခြားသားအလုပ်သမား ၄ သိန်းနီး...
13/12/2022

မလေးရှားနိုင်ငံမှလုပ်သား ၄ သိန်းခေါ်ယူမည်၊

CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၂

မလေးရှားတွင် နိုင်ငံခြားသားအလုပ်သမား ၄ သိန်းနီးပါး ခေါ်ယူရန်ရှိသော်လည်း ခေါ်ယူမည့် နိုင်ငံများကို အတိ အကျ မဖော်ပြထားသဖြင့် မြန်မာနိုင်ငံမှ လာရောက် လုပ်ကိုင်ချင်သူများအနေဖြင့် လူလိမ်၊ ပွဲစားများကို သတိထား ကြရန် မလေးရှားရှိ မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။

မလေးရှားတွင် နိုင်ငံခြာသား အလုပ်သမားများအား ခေါ်ယူရန်အတွက် မလေးရှားလူဝင်မှုကြီးကြပ်ရေးသို့ လျှောက်လွှာ ၄ သိန်းကျော် တင်ထားသည့်အထဲမှ လျှောက်လွှာ ၃ သိန်း ၇ သောင်းကျော်အား အလုပ်သမား ခေါ်ယူရန် အတည်ပြုခဲ့ကြောင်း မလေးရှားပြည်ထဲရေးဝန်ကြီးချုပ်အသစ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

မလေးရှားတွင် မြန်မာများအား ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက “တချို့ အေဂျင့် ပွဲစားတွေက ဒီသတင်းတွေကို အခွင့်အရေးယူပြီး သူတို့က လူခေါ်နေပြီ ဘာညာဆိုပြီးတော့ ပို့စ်တွေတင် ဘာတွေတင်။ သူတို့ လိုချင်တဲ့အချက်တွေပဲ ဆွဲယူပြီးတော့ လူခေါ်တာတွေ ဘာတွေရှိတာပေါ့။ လူတွေကို မြူဆွယ်တာတွေ ရှိတာပေါ့။ အသေးစိတ်ကိုတော့ ချပြတာ ရှိတာမဟုတ်ဘူး။ အဲဒါကြောင့် တကယ်ပဲ လာချင်တဲ့လူတွေ ငွေကြေးမှာ လက်မလွန်ဖို့ အထူးသတိပြုရမှာပေါ့။ ခံရမယ်ဆို ကိုယ်တွေက အရင်ခံရမှာ။ အဲဒီ ၄ သိန်းနီးပါးကလည်း သူ အသေးစိတ်တော့ ရေးချပြထားတာမရှိဘူး။ အဲဒီ ၄ သိန်းနီးပါးက ဟိုအရင် အစိုးရက အစိုးရ အချင်းချင်း သဘော တူ လက်မှတ်ထိုးတားတဲ့ အလုပ်သမားတွေလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ အစိုးရ တုန်း က ဘင်္ဂလားဒေ့ရ်ှကနေ အယောက် ၅ သိန်းအထိယူဖို့ကို သူတို့ အစိုးရအချင်းချင်း သဘောတူ လက်မှတ် ရေးထိုးထားတာရှိတယ်လေ။ အဓိကကတော့ ဘင်္ဂလားဒေ့ရ်ှရယ် အင်ဒိုနီးရှားနိုင်ငံရယ်ကို သူတို့ အစိုးရ အချင်း ချင်း သဘောတူ လက်မှတ်ရေးထိုးထားတာ ရှိတယ်။ အဲဒီလူတွေကို သူတို့ approve လုပ်တာပဲလား။ လူသစ်ခေါ်ဖို့ ပဲလားဆိုတာတော့ အသေးစိတ်ရေးထားတာမရှိဘူး။ ဒါပေမယ့် ကျနော်ထင်တာကတော့ အများဆုံးဖြစ်နိုင်ဖို့က တော့ သူတို့ သဘောတူထားတဲ့ အလုပ်သမားတွေကို လာဖို့အတွက် ခွင့်ပြုလိုက်တာပဲလို့ ထင်ပါတယ်။ နောက် ထပ် အသစ်ထပ်ခေါ်ဖို့ ဆိုတာကတော့ ရေးထားပြောထားတာ မရှိသေးသလို ကျနော်တို့ မြန်မာနိုင်ငံက အလုပ် သမားတွေ ခေါ်ယူဖို့ဆိုတာလည်း ပြောထားတာလည်း မရှိသေးဘူးပေါ့နော်” ဟု ပြောသည်။

မလေးရှားနိုင်ငံတွင် ဇန်နဝါရီ ၁ ရက်နေ့မှ ဒီဇင်ဘာ ၄ ရက်နေ့အထိ နိုင်ငံခြားသား အလုပ်သမားခေါ်ယူရန် အလုပ် ရှင်များက တင်ထားသည့် လျှောက်လွှာ ၄ သိန်းကျော်ထဲမှ ကျန်ရှိသည့် လျှောက်လွှာ ၃ သောင်းကျော်ကိုလည်း ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မလေးရှား၏ အစိုးရအသစ်တွင် ၎င်းတို့လက်ထက်၌ ခေါ်ယူမည့် နိုင်ငံခြားသား အလုပ်သမား ၄ သိန်းနီးပါးမှာ မည်သည့်နိုင်ငံမှ အလုပ်သမားဦးရေ မည်မျှ ခေါ်ယူမည်ဆိုသည့် မူဝါဒ သတ်မှတ်ချက်မျိုး ရှိနိုင်သည်ဟု မလေးရှား ရှိ မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူများက သုံးသပ်ကြသည်။

ထိုသို့ အများအပြား ခေါ်ယူသည့် အထဲတွင် မြန်မာ အလုပ်သမားများကိုလည်း ခေါ်ယူစေချင်ကြောင်း မလေးရှားမှ မြန်မာရွှေ့ပြောင်း အလုပ်သမား ကူညီမှု အဖွဲ့အစည်းမှ အထွေထွေအတွင်းရေးမှူး ဦးချစ်ကောင်းက CNI သတင်း ဌာနသို့ ပြောသည်။

“ဟိုဘက်က သူ့ရဲ့ မူဝါဒကို ခိုင်ခိုင်မာမာ တိတိကျကျ သူတို့ထွက်ပေးရမှာလေ။ ထွက်ပေးတဲ့အချိန်ကျ သိရပြီ ဆိုရင်တော့ ဘယ်သူကတော့ မှန်တယ်ဆိုတာ အလုပ်သမားတွေကို ခွဲခြားပေးလို့ရပြီ။ ခေါ်စေချင်တာပေါ့နော်။ ဒါပေမယ့် သူတို့ရဲ့ အစိုးရနှစ်ခုရဲ့ကြားမှာ ဆက်သွယ်တဲ့ ပေါင်းကူး အခြေအနေက ဘယ်လိုရှိလဲဆိုတာကို ကျနော် တို့ကလည်း ဂဃနဏ မသိရသေးဘူးလေ။ အဲဒီအပေါ်မှာလည်း သက်ရောက်မှု ရှိမယ်လို့တော့ ကျနော် ထင်တယ်။ အဲဒီလို အဆင်ပြေမှလည်း ကိုယ့်အလုပ်သမား အဆင်ပြေမှာလေ။ ခေါ်တဲ့နေရာမှာလည်း ကိုယ့်လူမျိုးကို နည်း နည်းလေး ဦးစားပေးတဲ့ ပုံစံမျိုး ခေါ်မလား။ အဲဒီလို ခေါ်မယ်ဆို ပိုဝမ်းသာတာပေါ့။ အဲဒီလို အကောင်းဆုံးတော့ မျှော်လင့်ထားတယ်။ ဒါပေမယ့် သူတို့ရဲ့ နိုင်ငံရေး ပေါ်လစီကြတော့ ထဲထဲဝင်ဝင် မသိရသေးဘူးလေ။ အခုမှ အသစ်က တက်ကာစဆိုတော့”ဟု ၎င်းက ပြောသည်။

မလေးရှားနိုင်ငံတွင် ပြီးခဲ့သည့် အစိုးရလက်ထက်၌ နိုင်ငံခြားသား အလုပ်သမားများအား နှစ်နိုင်ငံ အစိုးရချင်း သဘောတူညီမှုဖြင့် ခေါ်ယူခဲ့ရာ၌ မြန်မာနိုင်ငံမှ အလုပ်သမားများကိုတော့ အစိုးရချင်း သဘောတူညီမှုဖြင့် ခေါ်ယူမှုမရှိဘဲ ကိုဗစ်မတိုင်ခင်က ခေါ်ယူရန်ကျထားသည့် အလုပ်သမားများကိုသာ ခေါ်ယူနေခြင်း ဖြစ်သည်။

သို့သော် စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမား လိုအပ်ချက်ကြောင့် မြန်မာအလုပ်သမားများကို ခေါ်ချင်ပါက ဝန်ကြီး ဌာနသို့ တင်ပြရပြီး ခွင့်ပြုမှသာ ခေါ်ယူခွင့် ရှိကြောင်း၊ ထိုသို့ ခေါ်ယူရာတွင်လည်း လူဦးရေ အင်မတန်နည်းသည့် ပမာဏသာ ခေါ်ယူခြင်းဖြစ်ကြောင်း သိရသည်။

ဦးဘာဘူကြီးက “တကယ်ပဲ ဒီအေးဂျင့်တို့ ဘာတို့က မလိမ်ညာဘူး သေချာတယ်ဆိုရင် သူတို့ဆီကနေ မလေးရှား အစိုးရက ခွင့်ပြုထားတဲ့ ခေါ်စာကို မိတ္တူတောင်းလိုက်ပါ။ ပြီးတော့ ကျနော့်ဆီ ပို့ပြပါ။ အဲဒီကျရင် ကျနော် ဟုတ်၊ မဟုတ်ဆိုတာ စုံစမ်းစစ်ဆေးပေးလို့ ရပါတယ်။ ဘယ်လုပ်ငန်းကနေ ဘယ်စက်ရုံကနေ ခေါ်လဲဆိုတာ ကျနော် ဆက်သွယ်မေးမြန်းပြီးတော့ အတည်ပြုပေးလို့ ရပါတယ်။ အမှန်တိုင်း ပြောရရင်တော့ လက်ရှိအချိန်မှာ လိမ်လည် တဲ့ လူတွေကတော့ အများကြီးပါ။ ဖြစ်နိုင်လို့ရှိရင် သေသေချာချာ လေ့လာစုံစမ်းကြပါလို့ ပြောချင်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် မလေးရှားနိုင်ငံ၌ ယာယီ အလုပ်လည်ပတ်ခွင့် လက်မှတ် ကိုင်ဆောင်ထားသည့် နိုင်ငံခြားသား အလုပ် သမား ဦးရေသည် ၁ ဒဿမ ၄ သန်းခန့်ရှိပြီး ထိုထဲတွင် ကုန်ထုတ်လုပ်မှုကဏ္ဍ၌ ၅ သိန်းကျော်၊ ဆောက်လုပ်ရေး လုပ်ငန်းတွင် ၃ သိန်းကျော်၊ ဝန်ဆောင်မှုလုပ်ငန်းတွင် ၁ သိန်းကျော်နှင့် စိုက်ပျိုးရေးလုပ်ငန်းတွင် ၁ သိန်းကျော် တို့ ဖြစ်ကြောင်း မလေးရှားပြည်ထဲရေးဝန်ကြီး၏ ပြောကြားချက်အရ သိရသည်။

#မလေးရှား #အလုပ်သမား #လူလိမ်လည် #မြန်မာနိုင်ငံ #စီးပွားရေး

ပုံ - မလေးရှားအစိုးရ၊ ရွှေ့ပြောင်းအလုပ်သမားများကိုတွေ့ရစဉ်

မလေးရှား မြန်မာတွေတွက် လမ်းညွန်တစ်ချို့ Taxi သမားတွေ လုယှက်မှုတွေ ကြုံရတဲ့လူတွေကလဲ ကြားနေရသေးတယ်။ ဒါကြောင့် သွားရေးလာရေး...
11/12/2022

မလေးရှား မြန်မာတွေတွက် လမ်းညွန်

တစ်ချို့ Taxi သမားတွေ လုယှက်မှုတွေ ကြုံရတဲ့လူတွေကလဲ ကြားနေရသေးတယ်။ ဒါကြောင့် သွားရေးလာရေးမှာ အဆင်ပြေချောမွေ့စေဖို့ရန် မသိသေးသူတွေ အတွက် မျှဝေ တင်ပေးလိုက်ပါတယ်။
ပထမဦးဆုံး အနေဖြင့် ဖုန်း App ကနေ သုံးတဲ့ဟာ ကိုဘဲ သုံးပါလို့ အကြံပေးလိုပါတယ်။ မလေးရှားမှာ လူတိုင်း ဖုန်းကိုင်နိုင်တာဘဲ ဆိုတော့ PlayStore App ကနေ download ပြီး သုံးဖြစ်အောင်သုံးပါ လို့ ထပ်လောင်းပြီး လမ်းညွန်ချင်တယ်။
ဖုန်း App ကမဟုတ်တဲ့ Taxi ကို လုံးဝမသုံးပါနဲ့ စျေးလဲ အဆမတန်ကြီးသလို လုံခြုံမှုကို မရှိပါဘူး။ မဖြစ်မနေ သုံးမယ်ဆိုရင်လဲ တရုတ် Taxi သမားတွေကိုဘဲ သုံးပါ တမီလ်း ကုလားတွေကို လုံးဝလုံးဝ မသုံးပါနဲ့။
ဖုန်း App ကနေတွက်ဆို Grab Taxi နဲ့ In Driver နှစ်ခုကို လမ်းညွန်လိုပါတယ်။

Grab ( Grab Holding Inc)

Grab ကတော့ ဝန်ဆောင်မှု အမျိုးမျိုး ပေးလျက်ရှိပြီး Taxi ပိုင်းမှာ inDriver နဲ့ ကွာခြားချက်ကတော့ Grab Taxi ဟာ စျေးအနည်းငယ် ပိုကြီးတယ်။ ဒါပေမယ့် ကားကို ခေါ်တဲ့ခါမှာ inDriver ထက် ကားငှားရတာ ပိုမြန်ဆန်ပါတယ်။ အရေးပေါ်တွေမှာ သုံးဖို့တွက်ဆို ပိုပြီးသင့်တော် တယ်ဆိုရမည်။

ပြေးဆွဲတဲ့ နိုင်ငံ၊
စင်္ကပူ၊ မလေးရှား၊ ထိုင်း၊ မြန်မာ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဖိလိပိုင်။

ဌာနချုပ်၊
One North, Singapore

တည်ထောင်သည့် ခုနှစ်
ဇွန် ၂၀၁၂ (Myteksi ဖြင့် အစပြုခဲ့)

တည်ထောင်သူ၊
Anthony Tan, Tan Hooi Ling

အလုပ်သမား ဦးရေ
၆၀၀၀

ဝန်ဆောင်မှုများ

၁/ ဝန်ဆောင်မှု နည်းပညာ
၂/ လမ်းပန်းဆက်သွယ်ရေး
၃/ အစားအသောက်ပေးပို့ခြင်း။
၄/ ကုန်ခြောက်ပို့ဆောင်ခြင်း။
၅/ ပါဆယ်ထုပ်ပေးပို့ခြင်း။
၆/ ကူးသန်းရောင်းဝယ်ရေး။
၇/ အွန်လိုင်းငွေပေးချေမှု
၈/ ငွေကြေးဝန်ဆောင်မှုများ
၉/ ယာဉ်အငှား

inDriver ကမ္ဘာ့ ဒုတိယအကြီးဆုံး ပို့ဆောင်ရေး အငှားယာဉ်။

inDriver ဟာ Grab ထက် စျေးချိုပါတယ်။ ဒါပေမယ့် ကားကိုငှားဖို့ရှာတဲ့ခါမှာ မြန်မြန်ဆန်ဆန် မရနိုင်ဘဲ နှောင့်နှေးမှုတွေ ရှိတယ်။

Grab ထက် သူ့ရဲ့ အားသာချက်ကတော့

၁/ ကားခတွေကို အနည်းအများ ထိန်းချုပ်လို့ရပါတယ်။ သတ်မှတ်နှုန်းထက်ပိုပေးချင်ရင် ပိုပေးလို့ရပါတယ်။
၂/ ကားဆရာတွေကို ကိုယ့်ဘက်က ရွေးချယ်လို့ရပါတယ်။
၃/ ကားဆရာတွေကလဲဘ သူတို့ လိုချင်တဲ့ စျေးနှုန်းနဲ့ ညှိလို့ရပါတယ်။

အသုံးပြုတဲ့နိုင်ငံပေါင်း၊ ၄၇ နိုင်ငံ
ဌာနချုပ်၊ Mountain Views, California USA
တည်ထောင်တဲ့ ခုနှစ်၊ ဇွန် ၂၄ ၂၀၁၃
တည်ထောင်သည့်နေရာ၊ Yakutsk, Russia
တည်ထောင်သူ၊ Arsen Tomsky
ဝန်ထမ်းဦးရေ၊ ၂၀၀၀

Credit Bo aung din
Credit မလေးရှားအလုပ်အကိုင်နဲ့ငွေဈေး
#မလေးရှား
#အလုပ်အကိုင်

Address

691, Lorong Perindustrian Bukit Minyak 11, Kawasan Perindustrian Bukit Minyak, Pulau Pinang
Bukit Mertajam
14100

Telephone

+601111884262

Website

Alerts

Be the first to know and let us send you an email when Penang Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Penang Myanmar:

Share

Category