Ethnic Traditions - ရိုးရာဓလေ့များ

Ethnic Traditions - ရိုးရာဓလေ့များ ကျနော်ရဲ့ Pageလေးကို Like & Share လုပ်ပေးခြင်းဖြင့်ကူညီပေးခဲ့ကြပါခင်ဗျာ...

 #ရခိုင်လူမျိုးတို့၏ ပုံဝတ္ထုပြောခြင်းဓလေ့အကြောင်း____________________________________🔎 #ရခိုင်လူမျိုးတို့၏ ရိုးရာဓလေ့တစ...
22/07/2024

#ရခိုင်လူမျိုးတို့၏ ပုံဝတ္ထုပြောခြင်းဓလေ့အကြောင်း
____________________________________
🔎 #ရခိုင်လူမျိုးတို့၏ ရိုးရာဓလေ့တစ်ခုမှာ ပုံပြောခြင်း ဖြစ်ပေသည်။ လူငယ်တို့ ယဉ်ကျေးလိမ္မာရန်အတွက် အကောင်းဆုံးနှင့် အထိရောက်ဆုံးနည်းမှာ ပုံပြင် ဝတ္ထုပြောပြခြင်းနည်းပင်ဖြစ်သည်။ထိုနည်းသည်လူတိုင်းလုပ်ပေးနိုင်သော အလွယ် ကူဆုံးနည်းလည်းဖြစ်၏။

ပုံပြင်ဝတ္ထုများအား ဒဏ္ဍာရီဟုလည်းခေါ်ကြသည်။ ဒဏ္ဍာရီသည် ရခိုင်လူမျိုး တို့ဆီမှ ဆင်းသက်လာခြင်းလည်းဖြစ်သည်။ ရခိုင်ဝေသာလီပြည်ကြီးသည် အလွန်အေးချမ်းသာယာလေသည်။ ထိုအချိန်တွင်တိုင်းပြည်၌ အမှုအခင်းဟူ၍ လည်း မရှိပေ။ အမှုအခင်းများလည်း မရှိသောအခါ နန်းတွင်းထဲ၌လည်း တိတ် ဆိတ် ငြိမ်သက်နေ၏။ ထိုကာလ၌ ဘုရင်၏မိဖုရားဒဏ္ဍာဒေဝီသည် တို့အား ဝတ္ထုပုံပြင်များပြောပြခဲ့သည်။ ဒဏ္ဍာဒေဝီမိဖုရားပြောပြသည်ကို အစွဲပြု၍ ဒင်သည် ရံရွှေတော် နောင်တွင်ဝတ္ထုပုံပြင်များကို အပေါင်း ဒဏ္ဍာရီပုံပြင်များဟု ခေါ်တွင်လာခြင်းဖြစ်သည်။

ထို့ကြောင့် ဤပုံပြောခြင်းဓလေ့သည် ရခိုင်ပြည်ကြီး၌ရှေးနှစ်ပေါင်းများစွာ ကပင် ထွန်းကားခဲ့ခြင်းဖြစ်သည်။ ရုပ်မြင်သံကြား၊ ရေဒီယို၊ ဗီဒီယိုများ မပေါ်သေးမီကာလအထိ ရခိုင်ပြည်၌ ဝတ္ထုပုံပြင်ပြောခြင်းဓလေ့ထွန်းကားခဲ့သေးသည်။ သက် ကြီးရွယ်အို ဘိုးဘွားမိဘများမှ ညအိပ်ရာဝင်ချိန်တွင်လည်းကောင်း၊ လသာသောည များတွင် ဝိုင်းဖွဲ့၍လည်းကောင်း၊ အရိပ်ကောင်းသော အပင်အိုကြီးများအောက်
တွင် ရေရေနွေးကြမ်းသော၍လည်းကောင်း ကလေးသူငယ်များကို ပြောပြခဲ့ကြပါသည်။


#ရခိုင်လူမျိုး
#ပုံဝတ္ထုပြောခြင်း
#ဓလေ့များမကြောင်း

 #ရခိုင်လူမျိုးတို့၏အိမ်ထောင်ပြုခြင်းနှင့် သမက်တက်ပွဲအကြောင်း______________________________________ရခိုင်လူမျိုးတို့သည် ...
15/07/2024

#ရခိုင်လူမျိုးတို့၏အိမ်ထောင်ပြုခြင်းနှင့် သမက်တက်ပွဲအကြောင်း
______________________________________

ရခိုင်လူမျိုးတို့သည် မိမိတို့အမျိုးအနွယ်ကို စောင့်ထိန်း၍ မျိုးကွဲများနှင့် အိမ်ထောင်ပြုသောအလေ့အထ အလွန်နည်းသည့်အတွက် ရခိုင်လူမျိုးအချင်းချင်းသည်သွေးသားတော်စပ်သူများသာဖြစ်သည်။ ရခိုင်တို့၏ ထုံးတမ်းစဉ်လာအရ သမီးမြောက်သား တော်စပ်သူများကို အိမ်ထောင်ပြုနိုင်ခွင့်ရှိသည်။

♥သမီးမြောက်သားဆိုသည်မှာ♥
အစ်ကို၊ သို့မဟုတ် မောင်၏သားရင်းဖြစ်စေ၊ရင်းဖြစ်စေ၊ အမ သို့မဟုတ် နှမမှမွေးသော သမီးရင်းဖြစ်စေ၊ သားရင်းဖြစ်သမီး သူတို့အချင်းချင်း သမီးမြောက်သားတော်စပ်ကြသည်။ မောင်နှမအရင်းကစေ မွေးသော သားသမီးများသည် မောင်နှမတစ်ဝမ်းကွဲ(Cross Cousin)ပင် တော်စပ် ကြ သော်လည်း ရခိုင်ဓလေ့ထုံးစံအရ သမီးမြောက်သားတော်စပ်ကြသဖြင့် ယင်းတို့နှစ်ဦး အိမ်ထောင်ပြုနိုင်ကြသည်။

သို့သော် ညီအစ်ကိုချင်း၊ ညီအမချင်းကမွေးသော သားသမီးတို့သည် မောင် နှမတစ်ဝမ်းကွဲ(Parallel Cousin)ပင် တော်စပ်ကြသော်လည်း သမီးမြောက်သား မတော်စပ်ကြသဖြင့် လက်မထပ်နိုင်ကြပေ။ အကြောင်းမူကား ညီအစ်ကိုအချင်း
ချင်း၊ ညီမအချင်းချင်းတို့သည် သွေးပို၍ နီးစပ်ကြသောကြောင့်ဖြစ်သည်။

🤵သမက်တက်ပွဲ👰
_________♥______
မင်္ဂလာအခမ်းအနားပြီးသောအခါ သတို့သားသည် မင်္ဂလာအခမ်းအနားမှ ထွက်ခွာသွားခွင့်ရရန်အတွက် သတို့သမီးဘက်မှ သတို့သား၏လူပျိုရံများအား ငွေပေးရသည်။ ထို့နောက် မိတ်ဆွေသူငယ်ချင်းများအား ကျွေးမွေး ဧည့်ခံရန် သတို့သားသည် မိမိအိမ်သို့ပြန်ရသည်။ သို့ရာတွင် အိမ်ပေါ်မတက်ရဘဲ မဏ္ဍပ်ထဲ ၌သာ နေရသည်။ မိဘအိမ်သို့ မဝင်ရဟူသော စည်းကမ်းချက်မှာ မလိုက်နာ၍ မရသော စည်းကမ်းတစ်ခုဖြစ်သည်။ ဧည့်ခံပွဲပြီး၍ ညပိုင်းတွင် သတို့သားအား မိတ်ဆွေသူငယ်ချင်းများက သတို့သမီးအိမ်သို့ လိုက်ပို့ကြသည်။ သတို့သား မိတ်ဆွေသူငယ်ချင်းများက သတို့သမီးမိဘများထံ သတို့သားကိုအပ်၍ ပြန်သွား ကြသည်။ မင်္ဂလာဆောင်ပြီး သုံးရက်၊ သို့မဟုတ် ငါးရက်၊ သို့မဟုတ် ခုနစ်ရက် အကြာတွင် အိမ်ပြန်လည်သွားလေ့ရှိပေသည်။ လူကြီးမိဘ၊ ဆွေမျိုးသားချင်းများ အား ကန်တော့သည့်နေ့ဟု သတ်မှတ်ကြသည်။

ရခိုင်ရိုးရာမင်္ဂလာဆောင်အပြီးတွင် သမက်က ယောက္ခမအိမ်သို့ လိုက်ပါ နေထိုင်သောကြောင့် ရခိုင်တို့က'‘သမက်တက်ပွဲ”ဟုခေါ်ကြပါသည်။


#ရခိုင်သမက်တက်ပွဲ
#ရခိုင်ရိုးရာမင်္ဂလာဆောင်ခြင်း

 #ချင်းလူမျိုးတိုင်းသိထားသင့်တဲ့@ချင်းမျိုးနွယ်စုများ~~~~~~~~~~~♥~~~~~~~~~~🔰တီးတိန်(တဲဒင်မ်)ချင်း(၁၀)မျိုး🔰(၁) တီးတိန်(တ...
10/07/2024

#ချင်းလူမျိုးတိုင်းသိထားသင့်တဲ့
@ချင်းမျိုးနွယ်စုများ
~~~~~~~~~~~♥~~~~~~~~~~
🔰တီးတိန်(တဲဒင်မ်)ချင်း(၁၀)မျိုး🔰

(၁) တီးတိန်(တဲဒင်မ်)
(၂) ဆိဇန်
(၃) ထာ့ဒို
(၄) တေဇန်
(၅) ဆိုင်းဇန်
(၆) ခေါနိုး
(၇) ဒင်မ်
(၈) ဂွေးတဲ
(၉) ဟွာလ်ငို
(၁၀)ချင်း

#ဖလမ်းချင်း(၁၀)မျိုး

(၁) တိုင်ချွန်း
(၂) လိုင်ဇို
(၃) ဇန်ညပ်(ဇန်နိယပ်)
(၄) ဇာဟောင်
(၅) ခွန်လီ ခေါ် ဆင်းမ်
(၆) ခွာလ်ဆင်းမ်
(၇) တပေါင်
(၈) လင်တဲ
(၉) ငွန်း
(၁၀)ဟွာလ်ငို

#ဟားခါးချင်း(၇)မျိုး

(၁) လိုင်
(၂) ဆင်ထန်
(၃) မီရမ်
(၄) ထောရ်
(၅) လောက်တူ
(၆) ဇိုဖေ
(၇) မိအဲ

#ကဘော-တမူး ချင်း(၃)မျိုး

(၁) အနန်
(၂) မြန်မာလူရှိုင်း(လူရှေ)
(၃) ဂန်တဲ

#မင်းတပ်ချင်း(၃)မျိုး

(၁) မွင်း
(၂) မကန်း
(၃) ရောင်တူ

#ကန်ပက်လက်ချင်း(၃)မျိုး

(၁) မွင်း

(၂) ယင်ဒူး(ဒိုင်)

(၃)အူးပူ

#မတူပီချင်း(၄)မျိုး

(၁) ဇိုတုံး

(၂) လောက်တူ

(၃) မတူ

(၄) ဒိုင်(ရင်ဒူး)

#ပလက်ဝချင်း(၅)မျိုး

(၁) ခမီ
(၂) အနူး

(၃) ခေါင်စို

(၄) ပနမ်း

(၅) လေးမြို့

#ရှင်းလက်ဝချင်း(၅)မျိုး

(၁) မရာ

(၂) ကလင်ကော့(လူရှေ)

(၃) အရှိုချင်း (Asho Chin)

(၄) ဆလိုင်းချင်း

(၅) နာဂလူမျိုးစုတို့များဖြစ်ကြပါသည်။


#ချင်း
#ချင်းမျိုးနွယ်စုများ


 #ဗမာမျိုးနွယ်စုများဖြစ်ပေါ်လာရခြင်းအကြောင်း------------------------------------------------------🔎ဘာသာဗေဒအနွယ်စုများ ခွ...
10/07/2024

#ဗမာမျိုးနွယ်စုများဖြစ်ပေါ်လာရခြင်းအကြောင်း
------------------------------------------------------
🔎ဘာသာဗေဒအနွယ်စုများ ခွဲခြားပုံအရ ဗမာ လူမျိုးတို့သည် တိဗက်-တရုတ်ဘာသာစကားအနွယ်ကြီး၏ အနွယ်တစ်ခုဖြစ် သော တိဗက်တို-ဘာမင်အနွယ်ဝင်ထဲမှ လူမျိုးနွယ်စုတစ်ခုဖြစ်သည်။ သွင်ပြင် လက္ခဏာအားဖြင့် အသားအရောင်ဝါရွှေ၊ သို့မဟုတ် ညိုမောင်းကြပြီး ဆံပင်မှာ နက်မှောင်ဖြောင့်တန်းသည်။ ပင်မအခြေခံအားဖြင့် မွန်ဂိုလွိုက်လူမျိုးအနွယ်ဖြစ် သည်။ သက်၊ ကရင်၊ နာဂ၊ ချင်း၊ ကချင်နှင့် လော်လော်တိုင်းရင်းသားလူမျိုးစု များသည် မြန်မာ့အနွယ်စုဖြစ်သော တိဗက်တို-ဘာမင်အနွယ်ဝင်များပင်ဖြစ်ကြ သည်ဟု အစဉ်အဆက် မှတ်သားခဲ့ကြသည်။ ယခုအခါ မြန်မာ့မြေပေါ်တွင် ကျောက်ခေတ်ကတည်းက အခြေချနေထိုင်လာခဲ့ကြသော ဒေသခံမျိုးနွယ်ရင်း ကမ္ဘာဦးရှေးလူများသည်လည်း ဗမာတို့၏ ဘိုးဘေးများဖြစ်ကြသည်ဟု လက်ခံ လာကြသည်။

ရှေးမြန်မာအစဉ်အလာစကားအရ သက်နှင့်ရခိုင်၊ နှိုင်းပြိုင်တောင်သူ၊ ပျူ ကမ်းယံ ယော၊ ထားဝယ်နှောကမျိုးသတ္တဟု မြန်မာခုနစ်မျိုးရှိကြောင်း ပြဆိုသည်။ ဘာသန္တရ သုတေသနနည်းအရ ခေတ်မြန်မာစကားပြောဆိုနေသည့် ဗမာ လူမျိုးများအပြင် အသံကွဲမြန်မာစကားပြောဆိုသည့် လူမျိုးများနှင့် ရွှေ့ပြောင်း နေထိုင်ရာတွင် ဝေးလံကျန်ရစ်ခဲ့ကြသော်လည်း ရှေးဦးမြန်မာစကားများကို ပြောဆို နေကြဆဲ လူမျိုးများအားလုံး ပါဝင်ကြသည်။ ရခိုင်၊ ထားဝယ်၊ ဓနု၊ တောင်ရိုး၊ အင်သားလူမျိုးများအပြင် လော်ဝေါ်၊ လာချိဒ်၊ ငေါ်ချမ်း ခေါ် မိုင်းသာ၊ ဖွန်းနှင့်အဇီးခေါ် ဇိုင်ဝါးအစရှိသည့် တိုင်းရင်းသားများလည်း ဗမာလူမျိုးနွယ်စုများကို ဖြစ်သည်ဟု ဆိုကြသည်။

***မြန်မာကြီး***

စစ်တကောင်းတောင်တန်းဒေသ မောင်းတိုက်နယ်၊ ဗိုမောင်း တိုက်နယ်၊ ထိုမှတစ်ဆင့် ရာမူး၊ ကော့ဘဇား၊ ဗာရာဆဲဒေသ အဝကျွန်းတို့တွင် မြန်မာအနွယ်တို့ မြို့ပြကျေးရွာတည်ထောင်နေထိုင်ကြသည်။ အဆိုပါမြန်မာ အနွယ်တို့ကို မာ့ယ်ဟုခေါ်ကြသည်။ ထိုဒေသတွင် မာရမာဂရီး(မြန်မာကြီး)ဟု ခေါ်တွင်သော သူများလည်း ရှိကြသေးသည်။ မရမာဂရီးတို့သည် ရှေးအစဉ်အဆက် ကပင် ဗုဒ္ဓ ဘာသာဝင်များ ဖြစ်ကြလေသည်။

ဗမာလူမျိုးတို့သည် မြန်မာနိုင်ငံအထက်ပိုင်းနှင့် အလယ်ပိုင်းလွင်ပြင်ဒေသ များတွင် အစဉ်အဆက် နေလာခဲ့ကြသည်။ အေဒီ(၁ဝ)ရာစုခန့်မှစ၍ ဧရာဝတီမြစ် ရိုးတစ်လျှောက် မြို့ပြကျေးရွာတည်ထောင်နေထိုင်ခဲ့ကြသည်။ မြို့ပြများမှာ ပုဂံ၊ ပင်းယ၊ အင်းဝ၊ စစ်ကိုင်း၊ အမရပူရ၊ မန္တလေး တို့သည် ထင်ရှားလှ၏။ ရှေးဗမာ လူမျိုးတို့သည် ပူအိုက်စွတ်စိုသော၊ ငှက်ဖျားပေါသောဒေသများကို ရှောင်ကြဉ်၍ ခြောက်သွေ့သော ၊ ရာသီဥတုမျှတသော၊ ရောဂါဘယကင်းရှင်းသော မြန်မာနိုင်ငံ အလယ်ဗဟိုဒေသများကို ရွေးချယ် အခြေချခဲ့ကြသည်။ စိုက်ပျိုးမြေ ကောင်းမွန် သော ကျောက်ဆည်၊ မင်းဘူးဒေသတို့ကို အခြေချခဲ့ကြသည်။

~~~နေထိုင်ရာဒေသ~~~

ဗမာလူမျိုးတို့သည် ဧရိယာစတုရန်းမိုင်ပေါင်း (၂၆၁၂၂၈) ကျယ်ဝန်းသည့် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေရာအနှံ့အပြား၌ နေထိုင်လျက်ရှိကြသည်ဟု ဆိုရမည်ဖြစ်ပါသည်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း ဟူသော ပြည်နယ်(၇)ခုတွင် သက်ဆိုင်ရာ လူမျိုးများက အများစုနေထိုင်လျက်ရှိပြီး ထို ပြည်နယ်များတွင်လည်း ဗမာလူမျိုးတို့က ရောနှောနေထိုင်လျက် ရှိကြသည်။ တစ်ဖန် တနင်္သာရီတိုင်းဒေသကြီးတွင်လည်း ဗမာလူမျိုးအုပ်စုဝင် မြိတ်သားများနှင့် ထားဝယ်လူမျိုးတို့က အများစုနေထိုင်လျက်ရှိပြီး ဗမာလူမျိုးတို့ကလည်းရောက်ရှိ ရောနှောနေထိုင်လျက် ရှိကြလေသည်။ ကျန် တိုင်းဒေသကြီး(၇)ခုနှင့် နေပြည်တော် ကောင်စီနယ်မြေတို့တွင် ဗမာလူမျိုးတို့မှာ အများစုဖြစ်ပြီး တိုင်းရင်းသားများ နှင့်အတူ စုပေါင်း နေထိုင်လျက်ရှိကြသည်ဟု ဆိုနိုင်ပါသည်။

----လူဦးရေ----

၂ဝ၁၉ ခုနှစ် အေပြီလ (၁) ရက်နေ့ ပြည်ထောင်စုမြန်မာနိုင်ငံလူဦးရေမှာ (ကျား) ၂၅၉၄၈၈၈၉ ဦး၊ (မ) ၂၈၁၅၂၃၆၄ ဦး ရှိပြီး စုစုပေါင်းလူဦးရေ ၅၄၁ဝ၁၂၅၃ ဦးတွင် ဗမာလူမျိုးတို့မှာ အများစုဟု ဆိုနိုင်ပါသည်။ အချို့က ဗမာလူမျိုးတို့မှာ စုစုပေါင်းလူဦးရေ၏(၆ဝ)ရာခိုင်နှုန်းရှိသည်ဟုဆိုကြပါသည်။





#ဗမာ

Address

Kuala Lumpur
58100

Website

Alerts

Be the first to know and let us send you an email when Ethnic Traditions - ရိုးရာဓလေ့များ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share