KO LYNN

KO LYNN News

14/06/2025

World War III ဖြစ်မလားဆိုတဲ့ မေးခွန်းတွေ ဒီနေ့မှာ ကမ္ဘာအနှံ့မေးခွန်းထုတ်လာကြပါတယ်။ အဖြေကတော့ No ပါ။ မဖြစ်ပါဘူး။

အစ္စရေးနဲ့ အီရန်နဲ့ နှစ်နိုင်ငံလုံးတယောက်မကျန် ကုန်သွားလဲ ဘယ်နိုင်ငံကမှ ဝင်လုပ်ပေးမှာ မဟုတ်ပါဘူး။ အမေရိကန်အထောက်အပံ့ကလဲ နိုင်ငံချင်းဖြစ်တဲ့ All out War အထိ ထောက်ပံ့ဖို့ မရှိပါဘူး။ တပြားကို ၂ ပြားခွာနေတဲ့ Trump ပါ။ ရုရှားက ယူကရိန်းနဲ့တင် ဖြူကာပြာကာ ကျနေသလို တရုတ်ကလဲ စစ်ပွဲဆို ထိုင်ဝမ်ကို ဝင်တိုက်ဖို့တောင် အတော်စဉ်းစားယူနေရတာပါ။ တရုတ်ရဲ့ အားနည်းချက်က သန်း ၂၀၀၀ နီးပါးရှိတဲ့ လူဦးရေပါပဲ။ စစ်ဖြစ်ရင် လူတွေ ထမင်းငတ်မှာ ထည့်တွက်နေရလို့ပါ။

အခုလဲ ကမ္ဘာက အစ္စရေးက အီရန်ကို တိုက်တာကို ရပ်ကြည့်နေကြသလို အီရန်က အစ္စရေးကို ပြန်တိုက်ရင်လဲ ရပ်ကြည့်နေမှာပါ။ အိမ်နီးချင်းတွေဖြစ်တဲ့ ဂျော်ဒန်၊ အီရတ်၊ ဆီးရီးယားနဲ့ ဆော်ဒီတို့တောင် မသိယောင်ဆောင်တဲ့သူရယ် စာထုတ်ရှုံ့ချရုံလောက်ပဲ လုပ်ပါတယ်။

အာရပ်စော်ဘွားတွေကလဲ ငွေကြေးနဲ့ စည်းစိမ်တွေမှာပဲ ယစ်မူးသာယာနေပြီး ဘယ်သူမှ ဒုက္ခခံ ငွေကုန်ခံပြီး စစ်မတိုက်တော့ပါဘူး။ ကျန်တဲ့နိုင်ငံအားလုံးကလဲ ထို့အတူပါပဲ။ ကမ္ဘာစစ်လို အားလုံးဝင်တိုက်ကြတာမျိုး မရှိနိုင်တော့ပါဘူး။ ကမ္ဘာစစ်နောက်ပိုင်းမှာ စစ်ပွဲအများဆုံးနွှဲခဲ့တဲ့ အမေရိကန်တောင် စစ်ပွဲအသစ် မစတင်တာ ၁၇ နှစ် ရှိပါပြီ။

အခုခေတ်က ကိုယ်ဖြစ်ကိုယ်ရှင်းတဲ့ခေတ်ပါပဲ။ နောက်ကနေပဲ ကူညီကြမယ်။ ကိုယ်တိုင်အနာမခံပါဘူး။ မြန်မာ့အရေးမှာလဲ စာပဲထုတ်ကြသလို ထိုင်ဝမ်မှာလဲ စာထုတ်ပါတယ်။ အီရန်မှာလဲ စာထုတ်ပါတယ်။ ယူကရိန်းစစ်မှာပဲ နောက်ကနေ ဝင်ကူကြပါတယ်။ ဒါကလဲ ဥရောပကို စစ်မီးကူးလာမှာစိုးလို့ပါ။

ဟစ်တလာ ဂျူး ၆ သန်းကို သတ်တုန်းက ကမ္ဘာကြီးက ဘာမှမလုပ်ပေးခဲ့သလို အခုလဲ ဘာမှလုပ်ပေးကြမှာ မဟုတ်ပါဘူး။ အလွန်ဆုံး အစ္စရေးနဲ့ အီရန်ပဲ ၂ နိုင်ငံလုံး ပျက်စီးကြပြီးရင် အချိန်တန် ရပ်တန့်သွားမှာပဲဖြစ်ပါတယ်။ စီးပွားရေးထိခိုက်မှုတွေ ရှိနိုင်ပေမယ့် ကမ္ဘာစစ်ဖြစ်ဖို့ကတော့ လုံးဝမဖြစ်နိုင်ပါဘူး။ အမေရိကန်ကတောင် DAFCON အဆင့် ၄ မှာပဲ ဆက်ထားထားလို့ အေးဆေးသာယာနေထိုင်ကြပါတယ်လို့ ပြောကြားလိုက်ပါရစေ။

Post

Breaking----------Isreal က Iran ကို ဗုံးကြဲတိုက်ခိုက်ပြီ။ အီရန် နူကလီးယားထုတ်လုပ်ရာနေရာများကို ဗုံးကြဲ့ခင်းဟု ပြောကြားပါ...
13/06/2025

Breaking
----------

Isreal က Iran ကို ဗုံးကြဲတိုက်ခိုက်ပြီ။ အီရန် နူကလီးယားထုတ်လုပ်ရာနေရာများကို ဗုံးကြဲ့ခင်းဟု ပြောကြားပါတယ်။ အမေရိကန်က ထိုစစ်ပွဲတွင် မိမိတို့ မပါဝင်ကြောင်း စာထုတ်ပြန်ထားသည်။ အီရန်က ပြင်းထန်စွာ လက်တုံ့ပြန်သွားမည်ဟု ကြေညာချက်ထုတ်။ အရင်တခါကလို အပြန်အလှန်ပစ်ခတ်ပြီး ပြီးသွားမလား။ စစ်ပွဲဆီ ဦးတည်သွားမလားဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Address

51,jalan Setia Perdana U13/27C
Shah Alam
40170

Website

Alerts

Be the first to know and let us send you an email when KO LYNN posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category