T̸o̸x̸i̸c̸

T̸o̸x̸i̸c̸ P̸i̸t̸y̸ a̸ s̸i̸n̸g̸ o̸f̸ l̸o̸v̸e̸. https://www.facebook.com/profile.php?id=61552060795813&mibextid=Z

no cation 😔 ‎Vĕ Lĕ T̸o̸x̸i̸c̸
26/06/2025

no cation 😔 ‎
Vĕ Lĕ T̸o̸x̸i̸c̸

02/09/2024

ကိုယ့်ဘဝနဲ့ကိုယ် နေသားတကျရှိတဲ့ ဘဝတွေမှာ
အာ-ဏာရှင်တွေ လူပါး-ဝတာ နှစ်နဲ့ချီခံ-ခဲ့ရတယ်။

ကဗျာဆရာတွေ စကားဟာ တကယ်မှန်ပါတယ်။
ဒီခောတ်ကြီးထဲမှာ ငါတို့နာ-ခဲ့ကြတာ
တရားတွေမှ မဟုတ်တာ ဘဝတွေလေ,,//

01/09/2024

အချစ်ဟာ အချစ်နဲ့တူနေမှ ဖြစ်မယ်။

ဝမ်းနည်းစရာရှိရင် ဝေမျှရမယ်။

မကြိုက်တဲ့အချက်တွေရှိရင် ပြောပြပြီး ညိှ့နိှုင်းရမယ်။

ဖြစ်ချင်တာတွေကို တောင်းဆိုတက်ရမယ်။

ဆုံတွေ့ဖို့အချိန်ကို အတူတူ စိတ်ကူးယဥ္တက်ရမယ်။

အမြဲတမ်း ကြင်နာနေမှ ယုယနေမှ သည်းခံနေမှ
ခွင့်လွှတ်နေမှ နားလည်ပေးနေမှ အရာအားလုံးကို
လက်ခံပေးနေမှ အချစ်မဟုတ်ဘူး။

အချစ်စစ်မှာ ဒေါသတွေ ဆန္ဒတွေ ရင်ခုန်ခြင်းတွေ သဝန်တို
တာတွေ ဝမ်းနည်းတာတွေ မကျေနပ်ချက် တွေလဲရှိတယ်။

ဘယ်သူမဆိုကိုယ်နဲ့ ပက်သက်ပြီး ကောင်းသည်ဖြစ်စေ၊
ဆိုးသည်ဖြစ်စေ ကိုယ်ချစ်ရတဲ့သူဆီက
emotion တွေကို လိုချင်ကြတာချည်းပဲ

အချစ်ဟာ အချစ်နဲ့တူနေမှ ဖြစ်လိမ့်မယ်။//

31/08/2024

တကယ်မှန်တယ်လို့ ယူဆလို့ရတယ်။
အရွယ်ရောက်သူတွေရဲ့ဘဝကဒီလိုဘဲလေ,,

အချိန်တစ်ခုရဲ့ကြားမှာ အပျက်ဆောင်
ခံစားချက်တွေနဲ့ ပေါက်ကွဲလိုက်၊
ခံနိုင်ရည်မရှိရင် ခနလောက် လဲပြိုလိုက်နဲ့

ပြီးရင် မျက်ရည်တွေသုတ်ပြီး,,
ကိုကိုယ်တိုင် သင့်မြတ်လိုက်၊
အားပေးလိုက်၊နည်းလမ်းရှာလိုက်၊
ဘဝကိုရင်ဆိုင်ဖို့ ကြိုးစားနေရတယ်။
ကျနော့်မှာ နောက်ဆုတ်ဖို့လမ်းမရှိဘူး။

အချစ်ရေး,,ဒီလမ်းမှာ မင်းမပါတာဘဲ ကောင်းပါတယ်။
ကို့တွက်နဲ့ မင်းကိုတော့စိတ်မညစ်စေချင်ပါဘူး,,//

30/08/2024

လူတိုင်းက စည်းစိမ်ဥစ္စာကို
မတ်မောတာတော့ မှန်ပါတယ်။
ဒါပေမဲ့ စိန်စီထားတဲ့ သေနတ်ကြီနဲ့
ပစ်သတ်ခံရလို့ သေရတာတန်ပါတယ်ကွား ဆိုပြီး,,
ဘယ်သူမှတော့ သေချင်ကြမှာမဟုတ်ဘူး,,

တန်ဖိုးကြီးတယ်ဆိုတိုင်း,,
တန်ဖိုးရှိတာမှမဟုတ်တာ
ဒါကိုခဗျား နားမလည်ပါဘူး,,//

29/08/2024

ကိုယ်ပြည့်ဖို့ အတွက်
နပြည့်တဲ့လူတွေဆီက မခက်ယူချင်ဘူး,,

ကိုယ်မြင့်ဖို့ အတွက်
နိမ့်နေတဲ့ဘဝတွေကို မနင်းရက်ဘူး,,

လူတွေဆိုတာ တစ်ဦးရှင်သန်ဖို့ တစ်ဦးနဲ့တစ်ဦး
လုယက်ပေါက်ဖွားရတဲ့ အလေ့ကျ အပင်တွေမှမဟုတ်တာ,,

သူ့ ပကတိ တန်ဖိုးနဲ့သူ
သူ့အကြောင်းပြချက်နဲ့သူ

လောကဓံရဲ့ ကျရာဇာတ်ရုပ်မှာ
အသုံးခံ နေကြတာမဟုတ်လား,,

မာန်တက်နေစရာတွေ
ဂုဏ်မြင့်ချင်တာတွေမှ မလိုတာ
ကိုယ့်တန်ဖိုးနဲ့ကိုယ် ကိုယ့်နေရာနဲ့ကိုယ် ရှိနေကြပြီးသားပါ//

29/08/2024

ငတ်မသေဖို့ ပြေးနေရတဲ့
ကြည်တွေ အတွက်

အနာဂါတ် ဆိုတာ
ပြည်နှင်ဒဏ်ပါပဲ,,,

ကိုယ့်ပြည် ကို့ရွာကို
ခိုးချစ်ရ ခိုးလွမ်းရတဲ့ဘဝ

အော် အမေပြောတဲ့ စိတ်ဆင်းရဲခြင်းဆိုတာ
ဒါပါလား,,,//

27/08/2024

ကြားရင်လဲ မကြားသလို
သိရင်လဲ မသိသလို နေတက် မှ

ကိုယ့်အတင်းပြောသံကြားလဲ ပြုံးနေလိုက်
ကိုယ့်ကိုချီးကျူးကြလဲ ပြုံးပြလိုက်

နေတတ်မှ အနေမခက်တာ မနေတက်ရင်
စိတ်ကိုကျိုးကြေသွားစေမဲ့ အရာတွေ

အများကြီး ချစ်တဲ့သူကလဲ ချစ်တဲ့အလျောက်
မုန်းတဲ့သူကလဲ မုန်းတဲ့အလျောက်

ကိုယ့်စိတ်နဲ့ထက်တူကျပြီး ယုံကြည်ရမဲ့ သူတွေ
ရင်ဘက်ချင်း နီးတဲ့သူတွေလောက်ပဲ စိတ်ထဲထားတော့တယ်။

ဒီဘက်ခောတ်ကြီးမှာ ခံစားချက်ဆိုတာကလဲ
မြိုသိပ်ထားနိုင်မှ တော်ကာကြတာလေ,,,//

27/08/2024

-ကမ္ဘာကြီးလည်း သူ့နည်းသူ့ဟန်နဲ့ လည်နေသလို
လူငယ်တွေလဲ ကိုယ့်ဝါသနာနဲ့ကိုယ် ပျော်ချင်ကြတာပါပဲ

-ပျော်စရာတွေဟာ ရွှေလို ရှားပြီး
မျှော်စရာတွေသာ ပေါနေတဲ့ ခေတ်ထဲက လူငယ်တွေပါ

-မြန်မာနိုင်ငံ ငြိမ်းချမ်းတဲ့တနေ့တော့
အမေ့အိမ်ကိုပြန်ပြီး ကိုယ့်ဝါသနာပါတာလေးတွေ လုပ်ချင်ပါသေးတယ်,,,//

26/08/2024

-လူတွေ အဆင်မပြေတာက လွဲရင်
ကမ္ဘာကြီးက နေချင်စရာတော့ ကောင်းပါတယ်။

-ကမ္ဘာကြီးအပေါ် ကျွန်တော်မေတ္တာ မပျက်ခဲ့ပါဘူး,,,
မေတ္တာဟာ အသွားအပြန် မရှိဘူး ထင်ပါရဲ့ အမေ,,,

-ကျွန်တော့်နေရတဲ့ရက် များမှာ
ဒဏ်ရာ ပေါင်းစုံနဲ့ ရက်တွေချည်းပါပဲ,,,//

26/08/2024

တစ်ကောင်ကြွက်တွေ အတူတူလျှောက်နေရတဲ့ လမ်းမှာ
အထီးကျန်ခြင်းဟာ ငါတို့အတွက်အဖော်ပဲ,,,

တိုင်းပြည်အတွက် ဆိုတဲ့ စိတ်နဲ့
ကြိတ်ခံစားနေခဲ့တဲ့ လွတ်လပ်ခြင်းတွေပါ။

ဘာနဲ့ ဖျော်ဖျော် ဒီပုံစံက မပျော် ရတော့ဘဲ,,,
အိမ်နဲ့ဝေးရာမှာ သန်မာချင်တယ် အမေ,,
နောက်ပြီး ပျော်ပျော် ရွှင်ရွှင်နဲ့ ပြန်လာချင်ပါတယ်။//

Address

Ye
Bago City
22727

Alerts

Be the first to know and let us send you an email when T̸o̸x̸i̸c̸ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to T̸o̸x̸i̸c̸:

Share

Category