24/01/2025
ဆေးအိုးပုတ်ပင်
အပင်ပုံသဏ္ဍန် အရွက်ရှည်ရှည် ငရုပ်ကောင်းရွက် ပုံသဏ္ဍန်နဲ့ ခပ်ဆင်ဆင်တူသည် ။
အပွင့်မှာ ခရမ်းရောင်ဖြစ်ပြီး သစ်ခွပန်းအပွင့်နဲ့ဆင်၏ ။
အသီးမှာ သောက်ရေအိုး ပုံသဏ္ဍန် အိုးပုတ်ငယ် ပုံသဏ္ဍန်အဆင်းရှိ၏
အပွင့်အောက်ခံက အိုးပုတ်ပုံစံလေးပါ။
ဆေးအိုးပုတ်ပင်၏ ဆေးအစွမ်းအာနိသင်
လျှာကင်ဆာ
လည်ပင်းကင်ဆာ
ပါးစပ်အတွင်းအပူနာ
ပါးစပ်အတွင်းရေယုံ
သွားပိုးစား
သွားကိုက်
သွားနာ
မဲ့ခရု ..စတဲ့ ခံတွင်းနဲ့ဆိုင်သောရောဂါများ ပျောက်ကင်းသက်သာစေသည်။
နွယ်မြက် သစ်ပင်ဆးဖက်ဝင်ဆိုသော ရှေးလူကြီးများ၏ဆိုရိုးအတိုင်း ယခုပုံပါ ခရမ်း
ရောင်ရင့်ဆေးအိုးပုတ်ပင်သည် အစွမ်းထက်လှသောဆေးပင်တစ်မျိုးဖြစ်သည်။
ပျောက်ကင်းသောရောဂါဝေဒနာများမှာ အထက်ကတင်ပြထားသော ရောဂါဝေဒနာများ
အား ဆေးဖိုးအကုန်အကျခံခွဲစိတ်စရာမလိုပဲ ၃ ၄ ကြိမ်ခန့်အသုံးပြုယုံနဲ့ ယူပစ်သလို
ပျောက်ကင်းနိုင်သော အံ့မခန်း ဆေးပင်တစ်မျိုး ဖြစ်ပါသည်။
အသုံးပြုပုံ
၁ - ဆေးအိုးပုတ်ပင်၏အရွက် လက်တစ်ဆုပ်ခန့်အား ရေဆေးပြီးလျှင် ဝါး၍ ပါးစပ်အ
တွင်း ၅ မိနစ်ခန့် ငုံထားခြင်းကို တစ်နေ့ ၃ ကြိမ်ခန့်ပြုလုပ်ပေးပါ ။
၂ - ဆေအိုးပုတ်ရွက်အားအနည်းငယ် ခူးပြီးနောက် အရွက်များနှင့် ကဉ္စငါးပါးကိုရေဖြင့်
၃ ခွက် ၁ ခွက်တင်ကျိုပါ ။ ကျိုပြီးလျှင် သောက်ပါ ။ ငုံခြင်း ပလုပ်ကျင်းခြင်းကိုလည်း
အချိန်ရသလို ပြုလုပ်ပါ။
ထူးခြားစွာ သက်သာပျောက်ကင်းသွားမည်ကို အံ့ဩစွာ တွေ့ရှိရမည် ဖြစ်ပါသည်။
ရရှိနိုင်မည့်နေရာ
သံလျှင် ကျောက်တန်းတစ်ဝိုက်
လှည်းကူးမြိုနယ် ကျွန်းကုန်း
တွံတေး ဘောင်းတော်ချုပ် လေးမျက်နှာဘုရားအနီးတွေမှာ အလေ့ကျပေါက်တယ်လို့
ကြားပါတယ် ။
အလေ့ကျပေါက်တဲ့ အပင်ဖြစ်လို့ ချုံနွယ်ပိတ်ပေါင်း များတဲ့နေရာတွေ ရထားလမ်းဘေး
တွေမှာလည်း ရှာတွေ့နိုင်ပါသည်။
#နွယ်မြက်သစ်ပင်ဆေးဘက်ဝင်၏။
#မေတ္တာဖြင့် ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။
#ကျန်းမာပျော်ရွှင်ကြပါစေ