မြတ်ဗုဒ္ဓတရားတော်နှင့်စာပေများ

  • Home
  • Singapore
  • Singapore
  • မြတ်ဗုဒ္ဓတရားတော်နှင့်စာပေများ

မြတ်ဗုဒ္ဓတရားတော်နှင့်စာပေများ ဗုဒ္ဓတရားတော်နှင့်စာပေများ

ကဆုန်လပြည့်နေ့မှာ ၇ ရက်သား/သမီး ကုသိုလ်ကောင်းမှုများဖြင့် အေးငြိမ်းကြပါစေ။ မင်္ဂလာရှိကြပါစေ။🙏🙏🙏🙏🙏
30/04/2026

ကဆုန်လပြည့်နေ့မှာ
၇ ရက်သား/သမီး ကုသိုလ်ကောင်းမှုများဖြင့် အေးငြိမ်းကြပါစေ။
မင်္ဂလာရှိကြပါစေ။
🙏🙏🙏🙏🙏

နံနက်ခင်း အလင်းရောင် နဲ့ အတူ ခုနှစ်ရက် သားသမီးများ အားလုံး - သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒ ပြည့်ပါစေ...- ဘေးအန္...
20/04/2026

နံနက်ခင်း အလင်းရောင် နဲ့ အတူ
ခုနှစ်ရက် သားသမီးများ အားလုံး
- သက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒ ပြည့်ပါစေ...
- ဘေးအန္တရာယ် အပေါင်းမှလည်းကင်းဝေးကြပါစေ ...
- အလုပ်အကိုင်များလဲ အဆင်ပြေကြပါစေ....
- ကျန်းမာချမ်းသာပြီးသောကအပူကင်းပါစေ
- နိဗ္ဗာန်မြတ်ကို ရက်တိုတို လျင်မြန်စောစွာရောက်ကြပါစေ
🙏🙏🙏

မင်္ဂလာပါမြန်မာ့နှစ်သစ်ကူးအချိန်မှစ၍မြန်မာပြည်သူ/သား ၇ရက်သားသမီးများအားလုံး စိတ်​၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာ ခြင်း နဲ့ပြ...
17/04/2026

မင်္ဂလာပါ
မြန်မာ့နှစ်သစ်ကူးအချိန်မှစ၍

မြန်မာပြည်သူ/သား ၇ရက်သားသမီးများအားလုံး
စိတ်​၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာ ခြင်း နဲ့ပြည့်စုံကြပါစေ 🙏
အန္တရာယ်ခပ်သိမ်း, စိုးရိမ်ခပ်သိမ်း, ပူပင်ခပ်သိမ်း,
ကြောင်းကြခပ်သိမ်း, အနှောက်အယှက်ခပ်သိမ်းတို့မှ ကင်းဝေးကြပြီး ကပ်ကြီး၃ပါးမှ လွတ်ကင်းကြပါစေ 🙏
စီးပွားလာဘ်လာဘတိုးတက်အောင်မြင် ချမ်းသာကြပါစေ🙏

အားလုံး မင်္ဂလာရှိသော နှစ်သစ်လေး ဖြစ်ပါစေ🙏🙏🙏
14/04/2026

အားလုံး မင်္ဂလာရှိသော နှစ်သစ်လေး ဖြစ်ပါစေ
🙏🙏🙏

နံနက်ခင်း အလင်းရောင် နဲ့ အတူ ခုနှစ်ရက် သားသမီးများ အားလုံး လိုအင်ဆန္ဒ ပြည့်ဝကြပါစေ ...ဘေးအန္တရာယ် အပေါင်းမှလည်းကင်းဝေးကြ...
08/04/2026

နံနက်ခင်း အလင်းရောင် နဲ့ အတူ
ခုနှစ်ရက် သားသမီးများ အားလုံး
လိုအင်ဆန္ဒ ပြည့်ဝကြပါစေ ...
ဘေးအန္တရာယ် အပေါင်းမှလည်း
ကင်းဝေးကြပါစေ ...
ကျန်းမာကြပါစေချမ်းသာပြီးသောကအပူကင်းပါစေ🙏🙏🙏

ချစ်စရာရှိရင်လည်း မစွဲလမ်းနဲ့မုန်းစရာရှိရင်လည်း အရွဲ့မတိုက်နဲ့စိတ်ညစ်စရာရှိလည်း ဝမ်းမနည်းနဲ့ဒေါသဖြစ်ရင်လည်း မတုန့်ပြန်နဲ...
05/01/2026

ချစ်စရာရှိရင်လည်း မစွဲလမ်းနဲ့
မုန်းစရာရှိရင်လည်း အရွဲ့မတိုက်နဲ့

စိတ်ညစ်စရာရှိလည်း ဝမ်းမနည်းနဲ့
ဒေါသဖြစ်ရင်လည်း မတုန့်ပြန်နဲ့

ထစ်ခနဲဆို မျက်ရည်မကျနဲ့
လူ့ဘဝရတဲ့ အခိုက်အတန့်လေးမှာ
ယူတတ်ရင်သင်ခန်းစာတွေအများကြီးပါ။

ခန္ဓာကိုယ်ထဲမှာ ရှာကြည့်လိုက်ရင်
ဘယ်ဟာဖြင့် တန်ဖိုးရှိလို့

ဘယ်ဟာကိုတော့ သိမ်းထားရမယ်၊
ဘယ်ဟာက ကြာရှည်ခံတယ် ဆိုတာတွေ တစ်ခုမှ မရှိဘူး။

အဲဒီလိုမရှိတဲ့
ခန္ဓာကိုယ်ကြီး ရထားပြီးတော့

ကိုယ်ရထားတဲ့ ခန္ဓာကိုယ်ကြီးဟာ
ဘယ်ကို သွားနေတာလဲ
ဘယ်ကို ဦးတည်နေတာလဲဆိုတာကို
မြတ်စွာဘုရားက ရှင်းပြတယ်။

လူတွေဟာ နေ့စဉ် စားလိုက်၊ သောက်လိုက်၊
အိပ်လိုက်၊ ပျော်လိုက်နဲ့ အလုပ်လုပ်ကြတယ်။

ဘယ်ကိုသွားနေတုန်း ဆိုလို့ရှိရင် အနှစ်သာရအားဖြင့်
နိဂုံးကို ကြည့်လိုက်မယ်ဆိုရင် သေခြင်းတရား
ကို သွားနေကြတာ။

သေတဲ့ဆီကို သွားနေကြတာပဲ။

သို့သော် လူတွေဟာ မသိဘူးလားဆိုတော့
သိတယ်၊

သိလို့ စဉ်းစားပြီးတော့ တန်ဖိုးရှိတာ
လုပ်မလားဆိုတော့ မလုပ်ဘူး၊ မလုပ်နိုင်ဘူး။

ဘာကြောင့် မလုပ်နိုင်လည်းဆိုတော့
တွယ်တာမှုက အလွန်အားကြီးလွန်းလို့၊

အမှန်မသိမှုတွေက လွှမ်းမိုးထားလို့။

ဒါကြောင့် ဘဝတစ်ခု ရလာတဲ့အခါ
မအိုတော့မယ့်ပုံ၊ မနာတော့မယ့်ပုံ၊ မသေတော့မယ့်ပုံ
နဲ့ လူတွေဟာ နေထိုင်ကြတာဖြစ်တယ်။

အဲဒါ လောဘ၊ ဒေါသ၊ မောဟတွေ လွှမ်းမိုးထားသည့်အတွက်ကြောင့် လူတွေဟာ အမေ့ကြီး မေ့နေကြတာဖြစ်တယ်။

ဘာနဲ့ ဥပမာတူတုန်းဆို-

မကြာခင် ဟင်းအိုးထဲရောက်တော့မယ့်
ကြက်တွေ၊ ကြက်ကုလားက
ကြက်ခြင်းထဲမှာ ထည့်ပြီး ဝယ်သွားပြီ၊

သို့သော် ကြက်ခြင်းထဲက ကြက်တွေက
တွန်နေကြသေးတယ်၊ တစ်ကောင်နဲ့
တစ်ကောင် ဆိတ်နေကြသေးတယ်။

ထမင်းဆိုင်မှာ ရောင်းနေကြတဲ့ကြက်တွေ ခြေထောက်လည်း ကြိုးချည်ထားတယ်၊

ဘယ်မှလည်း မသွားနိုင်အောင် ကြိုးတုပ်တားတယ်။

အဲဒီ ကြက်တွေဟာ တစ်ကောင်ကို တစ်ကောင်က လှမ်းပြီးတော့ ဆိတ်နိုင်သေးတယ်၊ တွန်နိုင်သေးတယ်။

သူတို့မျက်နှာက ပြုံးမရလို့ ပြုံးတာလည်း ပါကောင်းပါလိမ့်မယ်။

မျက်စောင်းထိုးကြည့်တာလည်း ပါကောင်းပါမယ်။

သို့သော် သူတို့ဟာ မကြာခင် သေရတော့မှာပါလား
ဆိုတဲ့ အသိ မရှိကြဘူး။ တကယ်တော့ မကြာခင်မှာပဲ သေဆုံးခြင်း ရောက်သွားကြတယ်။

လူတွေမှာလည်း ထို့အတူပဲ။

အသိမရှိတဲ့ ပုဂ္ဂိုလ်တွေဟာ
ကြက်ခြင်းထဲက ကြက်တွေလိုပဲ၊

မကြာခင် ဒို့တတွေ သေခြင်းတရားသို့ ရောက်ရှိကြမယ်။

သေကြရမယ်ဆိုတာကို မစဉ်းစားကြဘူး။

သေခြင်းတရားဟာ သေချာပေါက်ပဲ၊
ကျန်တာတွေကတော့ မသေချာဘူး။

သေမှာကတော့ သေချာတယ်လို့ ဆိုလိုတယ်။

သေမင်းရဲ့လက်ထဲ ရောက်သွားပြီ ဆိုလိုက်တာနဲ့ ဘာဖြစ်လဲ?

သတ္တဝါဆိုတာ ဘယ်လောက်ပဲ
ပစ္စည်းဥစ္စာတွေ ရှာရှာ

နေ့နေ့ညည မအားရအောင်
ပစ္စည်းဥစ္စာတွေ ရှာရှာ
သေရင်အားလုံး ထားခဲ့ရတယ်။

တစ်ခုမှ ယူမသွားနိုင်ဘူး၊ ယူသွားလို့ရတဲ့အရာ
တစ်ခုမှမရှိဘူး၊ ဘာကိုမှ ယူသွားလို့ မရဘူး၊
အဲဒါကိုပြောတာ ။

ကိုယ့်ခန္ဓာကိုယ်ကြီးကလည်း
ဒီမှာထားပစ်ခဲ့ရမယ်၊

ကိုယ်ပိုင်သမျှတွေလည်း
အကုန်ထားပစ်ခဲ့ရမယ်၊

ထားခဲ့ရပြီးတော့ သတ္တဝါဆိုတာ ကံရှိရာ ကံပစ်ချရာ သွားရမှာဖြစ်တယ်။

ဘယ်လူမျိုးပဲ ဖြစ်ဖြစ်
ဒီအနေအထားမျိုး ရှိတယ်။

ဘယ်သူမှ နိစ္စထာဝရ မရှိဘူးနော်။

ငယ်သူရော ကြီးသူပါ၊
ပညာရှိရော လူမိုက်ပါ ဘယ်သူမှ မနေရဘူး

နောက်ဆုံး သေဆုံးခြင်းမှာ အဆုံးသတ်တယ်။

ဆိုလိုတာက စဉ်းစားကြည့်မယ်ဆိုရင်
လူခန္ဓာကိုယ် နုပျိုမှု အားလုံးဟာ
အိုမင်းခြင်းမှာ အဆုံးသတ်တယ်။

အသက်ရှင်ခြင်းဟာ သေဆုံးခြင်းမှာ အဆုံးသတ်တယ်။

ကျန်းမာခြင်းဟာ ရောဂါဖြစ်ခြင်းမှာ အဆုံးသတ်တယ်။

မွေးဖွားခြင်းဟာ သေဆုံးခြင်းမှာ အဆုံးသတ်တယ်။

ဒါက မလွဲနိုင်တဲ့ သဘာဝနိယာမ တရားပဲ ဖြစ်တယ်။

သို့သော် နိယာမတရားကြီးကို သိသိနဲ့ လူတွေဟာ ဘာကြောင့်ပျော်နိုင်တာလဲ??

ဘာကြောင့် ပျော်နေကြတာလည်းဆိုရင် ခုနက ကြက်ခြင်းထဲက ကြက်တွေ ပျော်နေသလိုပဲ၊

လူတွေဟာ အမှန်မသိလို့ ပျော်နေကြတာလို့ ဒီလို ဆိုလိုတယ် ။

အိုနာသေတို့ဆောင်ယူလို့ငါတို့မမြဲပါတကား

တိုတောင်းတဲ့ဘဝမှာ
ပိုကောင်းတဲ့ဓမ္မကိုအရယူသွားနိုင်အောင်ကြိုးစားရမယ်

ကျေးဇူးတော်ရှင်ပါမောက္ခချုပ်
ဆရာတော်ဘုရားကြီး
ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ

21/12/2025

လူသားနဲ့ အတွေးဆိုးပယ်ဖျောက်နည်း(၅)မျိုး

မင်္ဂလာနံနက်ခင်းလေးပါ။🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ 🌹🌹ဓမ်မံ သရဏံ ဂစ်ဆာမိ 🌹🌹သံဃံ သရဏံ ဂစ်ဆာမိ 🌹🌹ဒုတိယမ်ပိ ဗုဒ်ဓံ သရဏံ ဂစ...
12/12/2025

မင်္ဂလာနံနက်ခင်းလေးပါ။
🌹🌹🌹🌹🌹🌹🌹🌹🌹🌹

🌹ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ 🌹
🌹ဓမ်မံ သရဏံ ဂစ်ဆာမိ 🌹
🌹သံဃံ သရဏံ ဂစ်ဆာမိ 🌹

🌹ဒုတိယမ်ပိ ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ 🌹
🌹ဒုတိယမ်ပိ ဓမ်မံ သရဏံ ဂစ်ဆာမိ 🌹
🌹ဒုတိယမ်ပိ သံဃံ သရဏံ ဂစ်ဆာမိ 🌹

🌹တတိယမ်ပိ ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ 🌹
🌹တတိယမ်ပိ ဓမ်မံ သရဏံ ဂစ်ဆာမိ 🌹
🌹တတိယမ်ပိ သံဃံ သရဏံ ဂစ်ဆာမိ ပါဘုရား🌹

မြန်မာပြည်သူပြည်သားအားလုံး
ကျန်းမာကြပါစေ ချမ်းသာကြပါစေ
ဘေးရန်ကြောင့်ကြ ဆင်းရဲခြင်းမှကင်းဝေးနိုင်ကြပါစေ

ကမ္ဘာသူ ကမ္ဘာသားအားလုံး
ကျန်းမာကြပါစေ ချမ်းသာကြပါစေ
ဘေးရန်ကြောင့်ကြ ဆင်းရဲခြင်းမှကင်းဝေးနိုင်ကြပါစေ

၃၁ ဘုံအတွင်း၌ ရှိကြကုန်သော
ဝေနေယျသတ္တဝါအားလုံး ကျန်းမာကြပါစေ
ချမ်းသာကြပါစေ ဘေးရန်ကြောင့်ကြ ဆင်းရဲခြင်းမှ ကင်းဝေးနိုင်ကြပါစေ

စကြာဝဠာအနန္တ၌ရှိကြကုန်သော လူ နတ် ဗြဟ္မာ
သတ္တဝါအားလုံး ကျန်းမာကြပါစေချမ်းသာကြပါစေ
ဘေးရန်ကြောင့်ကြဆင်းရဲခြင်းမှ ကင်းဝေးနိုင်ကြပါစေ
🙏🙏🙏

23/09/2025
" လောက " မှာ..ကိုယ့်ကို စိတ်ညစ် အောင်လုပ်တာလည်း " ကိုယ်ပါပဲ "ကိုယ် ကို ပျော်ရွှင်အောင် လုပ်ပေး နိုင်တာလည်း " ကိုယ်ပါပဲ "...
23/04/2025

" လောက " မှာ..

ကိုယ့်ကို စိတ်ညစ် အောင်လုပ်တာလည်း " ကိုယ်ပါပဲ "

ကိုယ် ကို ပျော်ရွှင်အောင် လုပ်ပေး နိုင်တာလည်း " ကိုယ်ပါပဲ "

ကိုယ့် ကို အောင်မြင်အောင် လုပ်နေတာလည်း ကိုယ်ပါပဲ "

ကိုယ့် ကို ကျရှုံးအောင် ပြန်လုပ်တာလည်း " ကိုယ်ပါပဲ "

" အဓိက " က ကိုယ့်ရဲ့ " စိတ် " ပါပဲ စိတ် ဆိုတာ အရမ်းကြောက်ဖို့ကောင်းပါတယ်။

" စိတ် "ကောင်းထားတတ်ရင် တန်ဖိုးရှိတဲ့ " ဆေးတစ်ခွက် " ဖြစ်နိုင်ပြီး

မကောင်းတဲ့ " စိတ် "တွေ ထားမယ်ဆိုရင်တော့ ကြောက်စရာကောင်းတဲ့ " ဘေး " အန္တရာယ် တစ်ခု ဖြစ်သွားနိုင်ပါတယ်

ကဲ့ အဲတော့ အရေးအကြီး ဆုံးက မိမိကိုယ် မိမိ စိတ်ချမ်းသာအောင်ထားဖို့နဲ့ တန်ဖိုး ရှိအောင်နေထိုင်ဖို့ပဲ မဟုတ်လား

ဥပမာ - ရေနွေးပူ တစ်ခွက်ကို သင် ကြာကြာ

ကိုင်ထားကြည့်လိုက်ပါ သင်ကိုင်ထားသ၍ ကတော့ အဲ့ဒီ " အပူဒဏ် "ကို ကြိတ်မှိတ်ပြီး ခံစားနေရဦးမှာပဲ

သင် လွှတ်ချ နိုင်လိုက်မှသာ သင်အပူဒဏ်နဲ့ ဝေးသွားပြီး အဆင်ပြေသွားမှာဖြစ်တယ်

ဒီလိုပဲ သင့်မှာရှိတဲ့ စိတ်ညစ်စရာတွေကို သင်တွေး နေသ၍ စိတ်ညစ်စရာတွေဟာ ပိုကြီးထွားလာပြီး သင်ဆက်ပြီး
စိတ်ဆင်းရဲနေရဦးမှာပါ

ဒါတွေကို မတွေးတော့ပဲ ဖြေရှင်းဖို့နည်းလမ်းရှာမှ သာ အဆင်ပြေမှာပါ

တစ်ချို့က အိမ်အတွက် စိတ်ညစ်ကြတယ်
တစ်ချို့က ချစ်သူရည်းစားအတွက် / တစ်ချို့က အလုပ်အတွက် / ငွေကြေးပြသနာအတွက် အစရှိတယ် စိတ်ညစ်မှုမျိုးစုံပေါ့။

ဒါတွေကို ထိုင်ပြီးတော့ စိတ်ဆင်းရဲနေတာ

ကိုယ့် ကို ကိုယ်

" ပြစ်ဒ-ဏ် " ပေး အကျဉ်းချနေတာပါ " အဓိက " ဘာလုပ်ရမှာလည်း ဖြေရှင်းနိုင်မဲ့ နည်း လမ်းရှာဖို့ပါပဲ

* အကျိုးရှိရင် အကြောင်းရှိသလို "

အခက်အခဲ ရှိရင် ဖြေရှင်းလို့ရမဲ့ နည်းလမ်းဆိုတာ ရှိစမြဲပါ

သင်တို့လွန်ခဲ့တဲ့ ၂/၃ နှစ်တုန်းကလည်း စိတ်ညစ် ဖူးမှာပါ

ဒါတွေက ခုချိန်မှာ ရယ်စရာ တစ်ခုသာသာ
ဖြစ် သွားတာပဲလေ

အတွေ့အကြုံ နဲ့ သင်ခန်းစာ ဖြစ်သွားတာပဲလေ။

အပျော်တွေနဲ့ပဲ နေပါ / အပျော်တွေကို ဖန်တီးပါ / စိတ်ကို တတ်နိုင်သလောက် ပျော်အောင်ထားပါ။

" လောက " ကြီးက " စိန်ခေါ်မှု" တွေ
အရမ်းများတယ် ဆုံးရှုံးမှုဒ-ဏ်တွေ / ဝမ်းနည်းကြေကွဲမှုဒဏ် တွေ ကို သင်မခံနိုင် ရင် " စိန်ခေါ်မှု့" တွေ များတဲ့ * လောက" ကြီးကို ဘယ်လို ဆက်ပြီး ရင်ဆိုင်မ လဲ ??? စဉ်းစားပါ

" ကိုယ့် ကို ကိုယ် " T၊H၊A၊Yကြောင်းကြံတဲ့ နည်းနဲ့ ဖြေ ရှင်းမှာလား ??

ဒါဆို သင် " လုံလောက်တဲ့ " ရင့်ကျက်မှုမရှိသေး လို့ဆိုတာ
မမေ့ပါနဲ့

" လုံလောက်တဲ့ " ရင့်ကျက်မှုရှိသူတိုင်းဟာ " ကိစ္စ တိုင်း ကို ထည့်တွက်မနေကြပါဘူး

" ပူလောင်မှု" ကိုခံစားနေရတယ် ဆိုတာ "မေတ္တာ"
စိတ်မရှိလို့ပါ

ပြီးတော့ "အတ္တ" စိတ်ကြီးနေတာ မိမိ ကိုယ် မိမိ ချစ်တာ / မိမိ လောဘ ကို မိမိ မြှောက်ပေးနေတာ / မိမိ မာန ကို "ရှေ့တန်း တင်ပေးနေတာ ဒီတော့ ဒါတွေမဖြစ်အောင် / သင်စိတ်ညစ်စရာ တွေနဲ့ ဝေးသွားအောင် ဒီလိုစိတ်ထားကြည့်ပါ

{ ၁ )ခွင့်လွှတ်နားလည်ပေးကြည့်ပါ

( ၂ )ကိုယ်ချင်းစာစိတ်နဲ့ကြည့်ပါ

(၃ )အကောင်းမြင်စိတ်လေးနဲ့ ကြည့်ပါ

အရင်ဆုံး ငြိမ်းချမ်းသွားမှာက သင်ပါ
လူတစ်ယောက်ရဲ့ " အမှား "ကို မေ့ပစ်ခြင်းဟာလည်း အကောင်းဆုံး "ဂလဲ့စား ချေခြင်းတစ်မျိုးပါပဲ

" ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာ " တဲ့ မိုးလည်း ( ၁၂ ) ရာသီ လုံးလိုက်မရွာ နိုင်ပါဘူး ( သူလည်းအားချင်မှအားမှာလေ )

smile emoticon

* မုန်တိုင်း " ပြီးရင်တော့ " လေပြေ " ရောက်လာစမြဲပါ

* အကောင်းဆုံး "တွေ လာဖို့ အဆိုးတွေ
အရင် လာလည်တာပါ

" နေရိပ် " ကို လိုချင်လို့နေပူထဲ ရပ်စောင့်နေရပါ လားလို့အကောင်းမြင်စိတ်လေးနဲ့တွေးကြည့်ပါ

ငါ " ပေ " ဖြစ်နေလို့ခံနေရတာ " တူ "ဖြစ်အောင် ကြိုးစားမယ် ဆိုတဲ့ စိတ်ဓါတ် မွေးကြည့်ပါ..

လူ့ဘဝ ဆိုတာ တစ်ကယ်တော့ " ခဏတာ " လေး ပါ
အဲ့ထဲမှာ သင်က ထမင်းစားဖို့အသက်ရှင်နေတာလား ? အသက်ရှင်ဖို့ ထမင်းစားနေတာလား ?

ဆိုတာ အရင်တွေးပါ.

"ကာဗွန် " ခြင်း တူရင်တောင် မီးသွေး အဖြစ်မခံပါနဲ့

တန်ဖိုးရှိတဲ့ " စိန် " ပဲ ဖြစ်အောင်ပဲကြိုးစားပါ

သင်အလုပ်တွေ လုပ်နေရင်းနဲ့ ပညာတွေဆက်ရှာ ပါ / အမြဲမပြတ် လေ့လာပါ / သင်ယူပါ /

ပြီးတော့ လူသားတွေ ကို အကျိုးပြု နိုင်တဲ့ " ပရဟိတ " တွေများများလုပ်ပါ

များများလှူပါ / ကူညီပါ / ဖေးမပါ / စိတ်ကောင်း ထားပါ / "ရိုးသားစွာ" ကြိုးစားပါ

ကဲ့ ဒါဆို သင့် ဘဝတစ်ခုလုံးအတွက် "တန်ဖိုး" ရှိ စွာနေထိုင်နိုင်တဲ့ " လူ " တစ်ယောက်ဖြစ်သွားနိုင်ပါတယ်။

.

Address

Jurong West Street 65
Singapore

Telephone

+6591055285

Website

Alerts

Be the first to know and let us send you an email when မြတ်ဗုဒ္ဓတရားတော်နှင့်စာပေများ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share