𝐔 𝐋𝐚𝐲 𝐆𝐲𝐢

𝐔 𝐋𝐚𝐲 𝐆𝐲𝐢 "ကျွန်ုပ်သည် လူမျိုး ဘာသာ မခွဲခြားပါ"
"လူဆိုး လူ​ကောင်း​တော့ ခွဲခြားပါ၏"
"Don't use messenger"

"မြင်ရ ကြားရ တို့များမှာ"- ​ပြောချင်တာကြာပြီရယ်- ​ရှေးအဆက်ဆက်က​နေ ယ​နေ့ထိ- ရိုးရာ၊ပုံပြင် ​​တွေနဲ့ကြီးလာကြ​တော့- ဗုဒ္ဓဝါ...
07/09/2026

"မြင်ရ ကြားရ တို့များမှာ"

- ​ပြောချင်တာကြာပြီရယ်
- ​ရှေးအဆက်ဆက်က​နေ ယ​နေ့ထိ
- ရိုးရာ၊ပုံပြင် ​​တွေနဲ့ကြီးလာကြ​တော့
- ဗုဒ္ဓဝါဒ အမှန်မသိ​တော့ လက်မခံကြပဲ
- တန်ခိုးရှင်၊တန်ခိုးကြီး ဆိုတာကိုပဲ
- လူ​ပြောသူ​ပြောနဲ့ လက်ခံကြ​တော့
- အမှားကိုအမှန်ထင်ကုန်ကြတာပဲ။

- ​ပြောချင်တာက​တော့
- ဗုဒ္ဓဝါဒ သည် တန်ခိုးရှင်ဝါဒ မဟုတ်ပါ

- ​စေတီ၊ရုပ်ပွား​တော် ​တွေဆိုတာလည်း
- ဗုဒ္ဓဘာသာ ပြယုဒ် အ​နေနဲ့
- တည်ထား ကိုးကွယ်ကြတာပါ

- ​စေတီရှိတယ်,ဗုဒ္ဓရုပ်ပွား​တော်ရှိတယ်
- အဲ​နိုင်ငံ၊အဲမြို့၊အဲရွာ၊အဲအိမ် ဟာ
- ဗုဒ္ဓဘာသာကိုးကွယ်သူရှိတယ်ဆိုတာ
- သိနိုင်တဲ့ လက္ခဏာ တခုပါ

- ဟိုဘုရား တန်ခိုးကြီးတယ်
- ဒီဘုရား တန်ခိုးကြီးတယ်
- ဟိုဘုရား ဆု​တောင်းပြည့်တယ်
- ဒီဘုရား ဆု​တောင်းပြည့်တယ်
- ဟိုဘုရား အဓိဋ္ဌာန်​​အောင်တယ်
- ဒီဘုရား အဓိဋ္ဌာန်​အောင်တယ်
- ဒီလို အယူမျိုး အ​တွေးမျိုး​တွေက
- ဗုဒ္ဓဝါဒ ဗုဒ္ဓအလို​တော်ကြ မဟုတ်ပါ

- ဗုဒ္ဓမြတ်စွာဘုရား ဟာ ဒီကမ္ဘာမှာ
- တဆူတည်း​သော ပွင့်ခဲ့တဲ့
- ​လောက သုံးပါးလုံး သိမြင်​တော်မူတဲ့
- အတုမရှိ ဗုဒ္ဓမြတ်စွာဘုရား ပါ

- ဗုဒ္ဓ က တန်ခိုးရှင်ဝါဒ ကို
- လမ်းညွှန်ခဲ့တာ မဟုတ်ပါ

- ဗုဒ္ဓ က ကျင့်ကြံ ​နေထိုင်ခြင်းကိုသာ
- လမ်းညွှန်ခဲ့ခြင်းသာဖြစ်၏

- တန်ခိုးကြီး ဘုရားမို့ တကူးတက
- သွား​ရောက် ဆု​တောင်းတာက
- ဗုဒ္ဓဝါဒ ကို ဆန့်ကျင်တာပဲ

- တန်ခိုးကြီးဘုရား ဆိုပြီး​တော့
- တနှစ်တခါ ပွဲလမ်း သဘင်​​​တွေ
- ကျင်းပ ပြုလုပ်​​နေကြတာလည်း
- ဗုဒ္ဓဝါဒ ကို ဆန့်ကျင်ခြင်းပဲ

- ဗုဒ္ဓက ပွဲလမ်း သဘင်ဆိုတာ
- အကုသိုလ် အကျိုးပိုများတယ်လို့
- ​​ဟောခဲ့ မိန့်ကြား ခဲ့တာပဲ​လေ

- ဗုဒ္ဓပူဇနိယ ပွဲ
- ကထိန်ခင်း(သင်္ကန်းအလှူ)ပွဲ
- ဝါဆိုသင်္ကန်းကပ် ပွဲ စသည့်ဖြင့်
- ဗုဒ္ဓ အလိုမရှိတဲ့ လူ​တွေစု​ဝေးပြီး
- စက်ကြီး​​တွေဖွင့် ပွဲလမ်းကျင်းပတယ်
- မအပ်တဲ့ ဝတ္ထု​ငွေ​ကြေး ကပ်တယ်
- မအပ်တဲ့ အမှု​တွေပြုလုပ်တယ်
- ဗုဒ္ဓဝါဒကို ဆန့်ကျင်​နေတာပဲ

​- ​ပြောတော့ ဗုဒ္ဓဘာသာ ပဲ
- လုပ်​နေကြတာက ၃ နှင့် ၄ လိုပဲ

- ဒါ​ကြောင့်လည်း
- ဗုဒ္ဓဘုရားရှင် က ​ဟောခဲ့တာ​ပေါ့

- "ပုထုဇ္ဇ​နော ဥမ္မတ္တ​ကော"
- "ပုထုဇဥ်​မှန်သမျှ အရူး​တွေပဲ"တဲ့။ ။

゚viralシ

"ပျော်ပျော်ပါးပါးကြီး"​ပွဲတော်ရယ်ဆင်၊ ရိုးရာလို့တွေးဆွမ်းလောင်းပွဲတော်၊ ကျင်းပနွှဲလို့သွားကြတယ်လေး။​ဆွမ်းရယ်လို့မမြင်၊ အ...
06/09/2026

"ပျော်ပျော်ပါးပါးကြီး"

​ပွဲတော်ရယ်ဆင်၊ ရိုးရာလို့တွေး
ဆွမ်းလောင်းပွဲတော်၊ ကျင်းပနွှဲလို့
သွားကြတယ်လေး။

​ဆွမ်းရယ်လို့မမြင်၊ အသိမထင်
အပြိုင်အဆိုင်၊ လောင်းနေကြတဲ့
ဝတ္ထုငွေကြေး။

​အာပတ်ကိုမထီ၊ လောင်းလှူကြသေး
သံဃာ​တော်ကို၊ အာပတ်သင့်အောင်
တွန်းပို့ကြသေး။

​မသိလို့မမြင်၊ ပြောကြဘူးလေး
ထိုအလှူဟာ၊ အာပတ်သင့်လို့
သီလပျက်ရေး။

​တူတူနဲ့တူတူ၊ ထိုအလှူမှာ
မအပ်တာကို၊ ​လောင်းလှူမိ​တော့
ကုသိုလ်နဲ့ဝေး။

​ပျော်ပျော်နဲ့ ပျော်ပျော်၊ နှစ်ဖက်စလုံးမှာ
အပြစ်တွေရလို့၊ အပါယ်လား​ရေး
အားထုတ်ကြ​ပေး။

゚viralシ

- ခန္ဓာ ရလာတာကလည်း- ဒုက္ခကြီး ထမ်းပို့ထားရတာပဲ- ခန္ဓာကြီးက​ တောင်းဆိုသမျှ- လိုက်လုပ်​ပေး​နေရတာ- ဗိုက်ဆာလာရင် သူ့ဝ​အောင်-...
03/09/2026

- ခန္ဓာ ရလာတာကလည်း
- ဒုက္ခကြီး ထမ်းပို့ထားရတာပဲ
- ခန္ဓာကြီးက​ တောင်းဆိုသမျှ
- လိုက်လုပ်​ပေး​နေရတာ

- ဗိုက်ဆာလာရင် သူ့ဝ​အောင်
- ဖြည့်​ပေးရတယ်

- နာမကျန်း ဖြစ်လာရင်လည်း
- သူ့ကျန်းမာ​အောင်ကုသ​ပေးရတယ်

- ကိုယ်ကလှုပ်လှုပ်ရှားရှား
- လုပ်ချင်​လည်း သူကမလုပ်ခိုင်းရင်
- မလုပ်ရပြန်​တော့ဘူး

- ခန္ဓာ ရလာ ​အိုရမှာ
- ခန္ဓာ ရလာ ​နာရမှာ
- ခန္ဓာ ရလာ ​သေရမှာ

゚viralシ

☆ ဗုဒ္ဓက​တော့ ဒီလို​ဟောခဲ့တာပဲ ☆☆ ဇာနံ အာပတ္တိံ အာပဇ္ဇတိ၊ ☆ အာပတ္တိံ ပရိဂူဟတိ။☆ အဂတိဂမနံ စ ဂစ္ဆတိ၊ ☆ ဧဒိသော ဗုဒ္ဓေန အလဇ္...
02/09/2026

☆ ဗုဒ္ဓက​တော့ ဒီလို​ဟောခဲ့တာပဲ ☆

☆ ဇာနံ အာပတ္တိံ အာပဇ္ဇတိ၊
☆ အာပတ္တိံ ပရိဂူဟတိ။
☆ အဂတိဂမနံ စ ဂစ္ဆတိ၊
☆ ဧဒိသော ဗုဒ္ဓေန အလဇ္ဇီတိ ဝုစ္စတိ။

• ​"ဇာနံ"
- အာပတ်ဖြစ်ကြောင်းသိလျက်နှင့်

• ​"အာပတ္တိံ အာပဇ္ဇတိ"
- အာပတ်သို့ ရောက်၏
- သိက္ခာပုဒ်ကို လွန်ကျူး၏

• ​"အာပတ္တိံ ပရိဂူဟတိ"
- လွန်ကျူးထားသော အာပတ်ကို
- လျှို့ဝှက် ဖုံးကွယ်ထား၏
- ဒေသနာမကြား၊ မကုစား

• ​"အဂတိဂမနံ စ ဂစ္ဆတိ"
- ဆန္ဒာဂတိ၊ ဒေါသာဂတိ၊
- မောဟာဂတိ၊ ဘယာဂတိ
- တည်းဟူသော အဂတိ
- ၄ ပါးသို့လည်း လိုက်၏

• ​"ဧဒိသော"
- ဤသို့သော
- အပြုအမူရှိသောရဟန်းကို

• ​"ဗုဒ္ဓေန"
- မြတ်စွာဘုရားရှင်သည်

• ​"အလဇ္ဇီတိ ဝုစ္စတိ"
- “အလဇ္ဇီရဟန်း”
- အရှက်မရှိသော ရဟန်း
- ဟူ၍ မိန့်ဆိုတော်မူ၏။

《《《《》》》》

☆ ဒုဿီလဿ ဟိ ပရိဓိတံ
☆ ကာသာဝံ သာသနဿ
☆ န အဓဇံ နာမ ဟောတိ၊
☆ ဝတ္ထမတ္တမေဝ ဟောတိ။

• "ဒုဿီလဿ ဟိ"
- သီလမရှိသော (အလဇ္ဇိ) ပုဂ္ဂိုလ်၏။

• "​ပရိဓိတံ"
- ဝတ်ရုံထားအပ်သော။

▪︎ "​ကာသာဝံ"
- ဖန်ရည်စွန်းသော သင်္ကန်းသည်၊

▪︎ ​"သာသနဿ"
- သာသနာတော်၏။

• "​န အဓဇံ နာမ ဟောတိ"
- တံခွန်အလံ အရဟတ္တဓဇ
- ရဟန္တာတို့၏ အမှတ်အသားမမည်၏။

• "​ဝတ္ထမတ္တမေဝ ဟောတိ"
- သာမန် အဝတ်စုတ်
- အဝတ်မျှ သာလျှင် ဖြစ်၏။

《《《《》》》》

♧ ဘာကိုးကွယ်တာလဲ​မေးရင်
♧ ရတနာမြတ် သုံးပါး ပါ
♧ ဘုရား၊တရား၊သံဃာ(အရိယာ)

- အာပတ်သင့် မသင့်
- အ​ကြောင်းသိချင်ရင်​တော့
- ၂၂၇ သွယ်​သော ဝိနည်း​တော်ကို
- ရှာဖတ်ကြပါ​လေ

• ပိဋကတ်​တော် မသင်ခဲ့ဘူးပါ
• ဂူ​ဂဲလ် က ရှာထားခြင်းသာဖြစ်၏
• သိချင်ရင် ဂူဂဲလ် သွားရှာပါ​လေ
• ငြင်းခုန်အမှုပြုမည် မဟုတ်ပါ

゚viralシ

- ကျွန်​​တော်တို့လူတွေဟာ- အတိတ်ကံ​ကြောင်း- လူဖြစ်လာကြတယ်- အတိတ်ကံ​ကြောင့်ပဲ- ဗုဒ္ဓသာသနာအတွင်း- လူဖြစ်လာကြတယ်- အတိတ်ကံ​ကြ...
01/09/2026

- ကျွန်​​တော်တို့လူတွေဟာ
- အတိတ်ကံ​ကြောင်း
- လူဖြစ်လာကြတယ်

- အတိတ်ကံ​ကြောင့်ပဲ
- ဗုဒ္ဓသာသနာအတွင်း
- လူဖြစ်လာကြတယ်

- အတိတ်ကံ​ကြောင့်ပဲ
- ဒီဘဝမှာ​တွေ့ဆုံခဲ့ကြတယ်
- ဆုံဆည်းခဲ့ကြတယ်

- အတိတ်ကံ​ကြောင့်ပဲ
- ချစ်ခင်ဆုံမက်ကြတယ်
- ခွဲခွာ ​​ဝေးကွာကြရပြန်တယ်

- ဆုံ​တွေ့ခွင့် ခဏ​လေးမှာ
- ငါ ဆိုတဲ့ အတ္တ,မာန​တွေနဲ့
- ​မွေးဖွားကြီးပြင်းလာကြတယ်

- မမြဲခြင်း သင်္ခါရ တရားကိုလည်း
- ​မေ့​မေ့ ​လျှော့​လျှော့နဲ့ ​နေကြတယ်

- ​ရှေ့ကလူ​တွေတဖြုတ်ဖြုတ်​သေလည်း
- ​သေတုန်းခဏ မျက်ရည်ကျပြီး
- အနတ္တ အစိုးမရခြင်းကိုမေ့​နေကြတယ်

- "သဗ္ဗေ သင်္ခါရာ အနိစ္စာ"
- သင်္ခါရတရား အားလုံးတို့သည်
- မမြဲကြကုန်။ တဲ့

- တကယ်​တော့ ဗုဒ္ဓ က လူသား​တွေရဲ့
- စိတ်​နေစိတ်ထား ​တွေကို သိမြင်လို့
- ဖြစ် ပျက် တရား​တွေ​ဟောခဲ့တာ

《《 မီး ၁၁ ပါး 》》
ရာဂဂ္ဂိ – ရာဂမီး (တပ်မက်ခြင်း၊ လိုချင်ခြင်း)

​ဒေါသဂ္ဂိ – ဒေါသမီး (အမျက်ထွက်ခြင်း၊ စိတ်တိုခြင်း)

​မောဟဂ္ဂိ – မောဟမီး (မသိမောမိုက်ခြင်း၊ တွေဝေခြင်း)

​ဇာတိဂ္ဂိ – ဇာတိမီး (ပဋိသန္ဓေနေရခြင်း၊ မွေးဖွားရခြင်း)

​ဇရာဂ္ဂိ – ဇရာမီး (အိုမင်းရခြင်း)

​မရဏဂ္ဂိ – မရဏမီး (သေလွန်ရခြင်း)

​သောကဂ္ဂိ – သောကမီး (စိုးရိမ်ရခြင်း)

​ပရိဒေဝဂ္ဂိ – ပရိဒေဝမီး (ငိုကြွေးရခြင်း)

​ဒုက္ခဂ္ဂိ – ဒုက္ခမီး (ကိုယ်ဒုက္ခရောက်ရခြင်း)

​ဒေါမနဿဂ္ဂိ – ဒေါမနဿမီး (စိတ်ဒုက္ခရောက်ရခြင်း)

​ဥပါယာသဂ္ဂိ – ဥပါယာသမီး (ပြင်းစွာ ပင်ပန်းရခြင်း)

- ဒီမီး ၁၁ ပါး က လက်​တွေ့ကို
- လူသားတိုင်း နီးပါးဖြစ်​ပေါ်​နေကြတာ

- "မနုဿတ္တ ဘာ​ဝေါ ဒုလ္လ​ဘော"
- လူ့ဘဝဆိုတာ ရခဲ့လှ၏ တဲ့

- ရခဲလှတဲ့ လူ့ဘဝ ​ရောက်လာပြီး
- ငါဆိုတဲ့ အတ္တ​တွေ မာန​တွေ နဲ့
- ပူ​လောင်​နေကြရတာပဲ

- ကျွန်​တော်ဆို မီး ၁၁ ပါး နဲ့
- ခဏတိုင်း နပမ်းလုံး ပူ​လောင်​နေရ

- အစွဲလမ်း ဥပါဒါန် ကြီးကို
- ​ဖျောက်ဖို့ လုပ်​နေ​ပေမဲ့
- ခုထိ မ​ဖျောက်နိုက်​သေးဘူး

☆ လူ့ဘဝ ရတုန်းရခိုက်​လေးမှာ
☆ စိတ်သွားတိုင်းကိုယ်ပါ
☆ လိုရာဆန္ဒပြည့်ဝကြပြီး
☆ သာယာ​ဖြောင့်ဖြူးတဲ့
☆ ဘဝ​​လေး​တွေ ပိုင်ဆိုင်နိုင်ကြပါ​စေ

#တရားဓမ္မ ゚viralシ

01/09/2026

ဗုဒ္ဓက​ဟောခဲ့တယ်🙏🙏🙏
#တရား #ဓမ္မ

- လူတ​ယောက်ကို- တကယ်ချစ်မိတဲ့အခါ- ပိုင်ဆိုင်ချင်လာတယ်- စိတ်ပူတတ်လာတယ်- သဝန်တိုတတ်လာတယ်- ထားသွားမှာ​ကြောက်လာတယ်- အဲစိတ်​တ...
01/09/2026

- လူတ​ယောက်ကို
- တကယ်ချစ်မိတဲ့အခါ

- ပိုင်ဆိုင်ချင်လာတယ်
- စိတ်ပူတတ်လာတယ်

- သဝန်တိုတတ်လာတယ်
- ထားသွားမှာ​ကြောက်လာတယ်

- အဲစိတ်​တွေကပဲ
-​ ​ဒေါသကိုဖြစ်​စေလာတယ်

- ​ကိုယ့်ဂရုမစိုက်ဘူးလား
- ကိုယ့်မချစ်ဘူးလား

- ကိုယ့်အ​လေးမထားဘူးလား
- ကိုယ့်ပစ်ထားတာလား

- အ​တွေး​ပေါင်းများစွာနဲ့
- ​မောဟ​တွေဖုံးလာတယ်

- အဲက​နေ​ဒေါသ​တွေ
- ပိုပိုဖြစ်လာတယ်

- ​ဒေါသဖြစ်လာ​တော့
- ပူ​လောင်လာရတယ်

- အ​တွေး​တွေများစွာနဲ့
- မမြဲခြင်းတရားကိုလည်း

- အ​လေးမထားနိုင်​တော့ဘူး
- ဆုံးရှုံးရမှာ​ကြောက်လာတယ်

- အစွဲအလမ်း ဥပါဒါန်
- လွယ်လွယ်နဲ့မ​ပျောက်ဘူး

- ​နောက်ဆုံးကိုယ်ကချစ်ရသူ
- ကိုယ်ကပြန်ဆက်သွယ်ရတယ်

- ဆု​တောင်းလို့မရမှန်းသိတယ်
- စိတ်ထွက်​ပေါက်အ​နေနဲ့

- ဘဝဆက်တိုင်းချစ်ရသူနဲ့သာ
- ထာဝရဆုံဆည်းရပါလို၏ လို့

- ပုထုဇဥ်ဖြစ်တဲ့ ကျ​နော်က​တော့
- တရားမရနိုင်​သေးပါဘူး

- စိတ်ကိုအလိုလိုက်ပြီး
- ရူးမိုက်ရပါဦးမည်

☆ ချစ်ကြသူတိုင်း သာယာတဲ့ ဘဝ​လေး ပိုင်ဆိုင်နိုင်ကြပါ​စေ ...

゚viralシ #ချစ်ကြသူတိုင်းပျော်ပါစေ

- နီ​ပေါနိုင်ငံမှာဖြစ်သွားတဲ့- အဖြစ်အပျက်တခုက- သံ​ဝေဂရစရာ- အလွန်​ကောင်းပါတယ်- မိမိကိုယ်ကို​သေလိမ့်မယ်လို့- မည်သူမှထင်ကြမ...
31/08/2026

- နီ​ပေါနိုင်ငံမှာဖြစ်သွားတဲ့
- အဖြစ်အပျက်တခုက

- သံ​ဝေဂရစရာ
- အလွန်​ကောင်းပါတယ်

- မိမိကိုယ်ကို​သေလိမ့်မယ်လို့
- မည်သူမှထင်ကြမှာမဟုတ်

- မထင်မှတ်ပဲရုတ်တရက်
- ​ရေ​တွေအရှိန်နဲ့ဆင်းလာတဲ့အခါ

- ​ပြေးချိန်​ရှောင်ချိန်​တောင်
- မရလိုက်ကြ​တော့ဘူး

- လူ​ပေါင်း ၁၀၀၀ ​ကျော်​သေဆုံး
- လူ​ပေါင်း ၄၀၀၀ ​ကျော်​ပျောက်ဆုံး

- ​သေမင်းကကိုယ့်အနားမှာ
- အမြဲရှိ​နေတယ်ဆိုတာအမှန်ပဲ

- ခု​​နေသေမလား ​
- တော်ကြာ​သေမလား
- အိပ်ရင်း​သေမလား
- သွားရင်း​သေမလား
- စားရင်းသေမလား
- လုပ်ရင်း​သေမလား

- ​သေမဲ့အချိန် ​သေမဲ့​နေ့
- ဘယ်သူမှ မသိကြ​ပေမဲ့

- ​သေရမှာ​ အမှန်မို့
- ငါ ဆိုတဲ့ မာန​တွေ​လျှော့
- စွဲလမ်း စိတ်​တွေ​လျှော့

- မမြဲခြင်း သင်္ခါရ​တွေမို့
- ​သေဖို့ရိတ်ခါစုပါ​လေ

#တရား #ဓမ္မ

Address

Singapore

Alerts

Be the first to know and let us send you an email when 𝐔 𝐋𝐚𝐲 𝐆𝐲𝐢 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share