Swe’s sketch and story

Swe’s sketch and story 🍃🌺 Vlogs,mood moments & daily stories by a girl who’s still learning and dreaming.🦋🌿🪸

ခေတ်မှီတန်ဖိုးရှိအမျိုးသမီးတယောက်ဖြစ်ဖို့ (အမျိုးသမီးတိုင်း ဖတ်ရန် 🛑)ဒီနေ့ခေတ်မှာ Social Media platform တခုခုကိုဝင်လိုက်...
11/06/2026

ခေတ်မှီတန်ဖိုးရှိအမျိုးသမီးတယောက်ဖြစ်ဖို့
(အမျိုးသမီးတိုင်း ဖတ်ရန် 🛑)

ဒီနေ့ခေတ်မှာ Social Media platform တခုခုကိုဝင်လိုက်တာနဲ့ သူတစ်ပါးရဲ့ အောင်မြင်မှု "Highlight Reel" တွေကို ကြည့်ပြီး ကိုယ့်ရဲ့ "Behind the Scenes" နဲ့ သွားနှိုင်းယှဉ်မိတဲ့အခါ...
"ငါက ဘာမှဖြစ်မလာပါလား" ဆိုပြီး စိတ်ဓာတ်ကျဖူးကြတယ်မလား? 🥺

စိတ်ပညာအရ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် Imposter Syndrome (ကိုယ်ဘယ်လောက်တော်တော် ကိုယ့်ကိုယ်ကိုယ် မတော်ဘူးလို့ ထင်တဲ့စိတ်) ကို ပိုခံစားရလေ့ရှိပါတယ်။

ဒါဟာ သဘာဝကြောင့်မဟုတ်ဘဲ... ကျွန်မတို့ ကြီးပြင်းလာရတဲ့ ပတ်ဝန်းကျင်ကြောင့်ပါ။

"အသားဖြူရမယ်၊ ပိန်ရမယ်၊ အိမ်ထောင်ရှင်မကောင်းလည်း ဖြစ်ရမယ်၊ အလုပ်လည်း ထိပ်ဆုံးက တော်ရမယ်" ဆိုတဲ့ လူမှုပတ်ဝန်းကျင်ရဲ့ စံနှုန်းတွေက အမျိုးသမီးတွေကို အမြဲတမ်း လိုအပ်ချက်ရှိနေသလို၊ တစ်နေရာရာမှာ လိုနေသလို ခံစားရစေပါတယ်။

ဒါပေမဲ့ သတိပြုဖို့က "ခံစားချက်ဆိုတာ အမှန်တရားမဟုတ်ပါဘူး။" 💡
သင် ညံ့ဖျင်းတယ်လို့ ခံစားရတိုင်း တကယ်ညံ့ဖျင်းနေတာ မဟုတ်ပါဘူး။ အဲဒါဟာ သင့်ရဲ့ ဦးနှောက်က သင့်ကို ကြောက်စိတ်နဲ့ လှည့်စားနေတဲ့ လှည့်စားမှုသက်သက်သာ ဖြစ်ပါတယ်။

အမျိုးသမီးတော်တော်များများဟာ “ငါ မအောင်မြင်ဘူး” ဆိုတဲ့ အဖြစ်အပျက် (Event) ကို “ငါက မတန်ဖိုးရှိဘူး” ဆိုတဲ့ ဖြစ်တည်မှု (Identity) အဖြစ် မှားယွင်းပြီး လွဲမှားစွာ ပြောင်းလဲယူလိုက်ကြပါတယ်။

ဒီနှစ်ခုကို လုံးဝ (လုံးဝ) သွားမရောပါနဲ့။
မင်း ကျရှုံးခဲ့တာနဲ့... မင်းက ကျရှုံးသူ ဖြစ်မသွားဘူး။
ငြင်းပယ်ခံရတာနဲ့... အချစ်မခံရတဲ့သူ ဖြစ်မသွားဘူး။
အမှားလုပ်မိတာနဲ့... တန်ဖိုးမဲ့သွားတာ မဟုတ်ဘူး။
ပြီးပြည့်စုံနေမှ တန်ဖိုးရှိတာမဟုတ်ပါဘူး။

လူသားဆိုတာ လူသားတစ်ယောက် ဖြစ်နေရုံနဲ့တင် မွေးရာပါ တန်ဖိုးရှိပြီးသားပါ။ ပြီးတော့ ပြီးပြည့်စုံမှုမရှိနေခြင်းကလဲ... လူသားဆန်နေခြင်းပါပဲ။ ❤️

-Wins အသေးအမွှားလေးတွေကို ချရေးပါ ✍️

"ငါ ဘာမှမလုပ်နိုင်ဘူး" လို့ ထင်လာရင် အတိတ်က ကိုယ်တိုင် အားခဲပြီး ကျော်ဖြတ်ခဲ့တဲ့ အခက်အခဲတွေ၊ အောင်မြင်မှုအသေးအမွှားလေးတွေကို စာအုပ်ထဲ ချရေးပြီး သက်သေပြန်ရှာကြည့်ပါ ။မလုပ်နိုင်တာတကယ်ဟုတ်ရဲ့လားဆိုတာ ။

-သူငယ်ချင်းတစ်ယောက်လို ဆက်ဆံပါ 🫂

ကိုယ့်ကိုယ်ကိုယ် မညှာမတာ ဝေဖန်မယ့်အစား... ကိုယ်ချစ်ရတဲ့ သူငယ်ချင်းတစ်ယောက်ကို အားပေးသလိုမျိုး နူးညံ့တဲ့ စကားလုံးတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်လည် ထွေးပွေ့ပေးပါ။

-အားနာလို့ "Yes" မပြောပါနဲ့ 🙅‍♀️

ကိုယ် မလုပ်နိုင်တဲ့အရာ၊ စိတ်မပါတဲ့အရာတွေကို "အားနာလို့" ဆိုပြီး ခေါင်းမငြိမ့်ပါနဲ့။ "မလုပ်ပေးနိုင်တာ စိတ်မကောင်းပါဘူး" လို့ ယဉ်ကျေးစွာ ငြင်းတတ်တဲ့ Boundaries (စည်း) ထားပါ။

ကျမတို့ဟာ သူတစ်ပါးရဲ့ စိတ်ကြိုက် လှုပ်ရှားပေးရမဲ့ ရုပ်သေးရုပ် မဟုတ်ပါဘူး။ သီးသန့် အလှတရား၊ သီးသန့် တန်ဖိုးတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည့်စုံတဲ့ တည်ရှိမှုတခုပါပဲ။

ကိုယ့်ကိုယ်ကို ချစ်တယ်ဆိုတာ... ကိုယ်ကိုယ်ကို Perfect ဖြစ်တယ်လို့ အတင်းတွေးနေတာ မဟုတ်ပါဘူး။

▪️မပြည့်စုံသေးတဲ့ အရာတွေ ရှိနေသေးပေမဲ့... ကိုယ့်ကိုယ်ကို လေးစားနိုင်တာ၊
▪️တိုးတက်ဖို့ ကြိုးစားနေပေမဲ့... ကိုယ့်တန်ဖိုးကို ဘယ်တော့မှ မေးခွန်းမထုတ်တော့တာ... ဒါဟာ Self-Worth ရဲ့ အစစ်အမှန်ပုံစံပါပဲ။

အမျိုးသမီးတစ်ယောက်ရဲ့ အလှပဆုံးနဲ့ အစွမ်းထက်ဆုံး အချိန်ဟာ "သူ့ကိုယ်သူ ယုံကြည်ပြီး တန်ဖိုးထားတဲ့အချိန်" ပါပဲတဲ့။ ✨

ဒီတော့... တခြားသူတွေကို၊ Crush တွေကို အသည်းအသန် အချိန်ပေး ဂရုစိုက်ခဲ့သလိုမျိုး... အခုအချိန်ကစပြီး မိမိကိုယ်ကိုလည်း အရင်ဆုံး ပြန်ချစ်ကြည့်ပါဦး လို့။ 🥰

"Going into study mode for the next 8 hours."📚✨
03/06/2026

"Going into study mode for the next 8 hours."📚✨

02/06/2026

ဉာဏ်ရှိရှိ ပျင်းကြမယ်
🤷‍♂️ "စာကြည့်စားပွဲ ရောက်တာနဲ့ ပျင်းတာ" လူတိုင်း ဖြစ်တယ်။
စာလုပ်ဖို့ စာကြည့်စားပွဲမှာ ထိုင်လိုက်ပြီ... စာအုပ်လှန်လိုက်ပြီ... ၅ ကြောင်းလောက် ဖတ်ပြီးတာနဲ့ ဘာဖြစ်လဲ? 👇
"အာ... လိုင်းပေါ်ခဏတက်ဦးမယ်" ဆိုပြီး ဖုန်းကောက်ကိုင်လိုက်တာ ၅ မိနစ်ကနေ ၂ နာရီ ချက်ချင်း ဖြစ်သွားတာမျိုး။ (ကျမလည်း ခဏခဏ ဖြစ်ဖူးတယ် 😂)

ငါတို့လို "အပျင်းဓာတ်" ခံနေရတဲ့သူတွေအတွက် ကိုယ့်ရဲ့ အပျင်းစိတ်ကို ပြန်ပြီး ဉာဏ်ဆင်လို့ရတဲ့လှည့်ကွက် ၅ ခု ရှိပါတယ်။
အလုပ်ကြိုးစားပါဆိုတဲ့ ရိုးအီနေတဲ့ စကားတွေ ခဏဖယ်ပြီး ဒီ Hacker နည်းလမ်းတွေကိုပဲ ကြည့်လိုက်ပါတော့။

🚀The "Promo Code" Effect 🕒🔥
အွန်လိုင်းကနေ Shopping လုပ်ဖို့ကြည့်ရင် "ဒီ Discount ကုဒ်က နောက်ထပ် ၁၅ မိနစ်ပဲ သက်တမ်းရှိမယ်" ဆိုရင် ကျမတို့တွေ မလိုချင်ရင်တောင် လုဝယ်ကြတယ်မလား? အဲဒီ Urgent ဖြစ်သွားတဲ့ လှည့်ကွက်ကို စာကျက်တဲ့နေရာမှာ သုံးလို့ရပါတယ်။
စားပွဲမှာ ထိုင်လိုက်တာနဲ့ ကိုယ့်ဦးနှောက်ကို Countdown အတုတစ်ခု ပေးလိုက်တာမျိုးပါ။ "ငါ့ရဲ့ အာရုံစိုက်မှုက နောက်ထပ် မိနစ် ၂၀ ပဲ သက်တမ်းရှိတယ်။ အဲဒီအချိန်ကျော်ရင် ဒီစာကို လုံးဝဖတ်လို့မရတော့ဘူး" ဆိုပြီး Deadline သတ်မှတ်ပစ်လိုက်တာ။ အချိန်အကန့်အသတ် ရှိသွားတော့ ပျင်းဖို့အချိန်မရှိတော့ဘဲ စာထဲကို အလိုလို ကုန်းရုန်းပြီး အာရုံစိုက်မိသွားပါတယ်။

The 2-Minute Rule 📖✨

စာအုပ်ကြီးတစ်အုပ်လုံး ပြီးအောင်ဖတ်ရမယ်လို့ တွေးလိုက်တာနဲ့ ဦးနှောက်က လန့်ပြီး ပျင်းသွားတတ်တာ သဘာဝပဲ။
စိတ်ကို ဒီလိုပဲ ညာလိုက်ပါ။ "ငါ စာအုပ်ကို ဖွင့်ပြီး ၂ မိနစ်ပဲ ဖတ်မယ်၊ ပြီးရင် ပိတ်ပြီး ဖုန်းပြန်ပွတ်မယ်" ဆိုပြီး စားပွဲမှာ ဝင်ထိုင်လိုက်တယ်။ အဓိကက စတင်ဖို့ပ်ပဲ။
တကယ်တမ်းကျတော့ ၂ မိနစ်ပြည့်သွားလည်း အရှိန်ရသွားလို့ စာအုပ် ပြန်မပိတ်ဖြစ်တော့ဘဲ နာရီဝက်လောက် ဆက်ဖတ်ဖြစ်သွားတယ် (ကိုယ့်ကိုကိုယ်တောင် အံ့ဩမိတယ်)

Environment Priming 🎯

ကျမတို့လို ပျင်းတဲ့လူတွေရဲ့ သဘာဝက စာကျက်ဖို့အတွက် စာအုပ်လိုက်ရှာရတာ၊ ဘောပင်လိုက်ရှာရတာတင် ပျင်းပြီး အိပ်ရာထဲ ပြန်လှဲချင်သွားတာ။
စာကြည့်စားပွဲကို အမြဲ "အသင့်" ပြင်ထားပါ မနက်ဖြန် ဖတ်မယ့်စာမျက်နှာကို ဒီနေ့ညကတည်းက စာအုပ်ပေါ်မှာ စာညှပ်လေးညှပ်ပြီး လှန်ထားခဲ့ပါ။ စာလုပ်မယ်ဆိုရင် စာအုပ်ကောက်ကိုင်ရုံပဲ ဖြစ်နေအောင် လုပ်ထားတာ။ လုပ်ရမယ့် အဆင့်တွေကို လျှော့ချပစ်တော့ ပျင်းစရာ အကြောင်းပြချက် မရှိတော့ဘူးလေ။

Productive Procrastination 🤦‍♂️

စာကို လုံးဝ... လုံးဝ မဖတ်ချင်လောက်အောင် ပျင်းနေတဲ့နေ့တွေ ရှိတယ်မလား?
အဲလိုနေ့မျိုးဆို စာကို အတင်းမဖတ်နဲ့ဦး။ ဒါပေမဲ့ ဖုန်းတော့ မပွတ်နဲ့။ အဲဒီအစား စာကြည့်စားပွဲကို ရှင်းတာ၊ ခဲတံချွန်တာ၊ ဒါမှမဟုတ် နောက်နေ့အတွက် To-do list ဆွဲတာမျိုး အလုပ်သေးသေးလေးတွေ အရင်လုပ်လိုက်ပါ။ စာမလုပ်ဖြစ်သေးပေမယ့် စားပွဲပေါ်မှာ အလုပ်တစ်ခုခု လုပ်နေရတဲ့အတွက် "အလုပ်လုပ်ချင်တဲ့ အရှိန် (Momentum)" ကတော့ ပျက်မသွားတော့ဘူး။

Reward Bundling ☕️🥰

စာဖတ်ရတာ ပျင်းစရာကောင်းနေရင် ဦးနှောက်က မလုပ်ချင်ဘူး ငြင်းဆန်တတ်တယ်
မင်းအကြိုက်ဆုံးအရာတစ်ခု (ဥပမာ- ကော်ဖီသောက်တာ ဒါမှမဟုတ် မုန့်စားတာ) ကို စာကျက်တာနဲ့ တွဲလိုက်တာ။ "ငါ ဒီစာမျက်နှာကို ဖတ်နေတဲ့အချိန်ကျမှ ဒီကော်ဖီကို သောက်မယ်" ဆိုတာမျိုးပေါ့။ အဲဒီအခါကျတော့ ဦးနှောက်က စာဖတ်ရတာကို ဒုက္ခတစ်ခုလို့မမြင်တော့ဘဲ ကော်ဖီသောက်ရမယ့် ပျော်စရာအချိန်လို့ ပြောင်းလဲ သတ်မှတ်သွားတာ။

စာလုပ်ဖို့ဆိုတာ အမြဲတမ်း အားတင်းပြီး ရုန်းကန်နေရမှာ မဟုတ်ဘူးဆိုတာ နားလည်လာတယ်။

တစ်ခါတလေ ကိုယ့်ရဲ့ ပျင်းရိတတ်တဲ့ သဘာဝကို သိပြီး ဉာဏ်ဆင်လိုက်ရုံပါပဲ။ 😉

🖤 "မျှော်လင့်ထားသလို ဖြစ်မလာရင် အဆိုးဆုံးထိ တွေးပစ်တတ်တဲ့ မိန်းကလေးများသို့"ကိုယ် အရမ်းမျှော်လင့်ထားတဲ့ ကိစ္စလေးတစ်ခု (အ...
28/05/2026

🖤 "မျှော်လင့်ထားသလို ဖြစ်မလာရင် အဆိုးဆုံးထိ တွေးပစ်တတ်တဲ့ မိန်းကလေးများသို့"

ကိုယ် အရမ်းမျှော်လင့်ထားတဲ့ ကိစ္စလေးတစ်ခု (အလုပ်ပဲဖြစ်ဖြစ်၊ Relationship ပဲဖြစ်ဖြစ်၊ ကိုယ်ဖြစ်ချင်တဲ့ Plan လေးတစ်ခုပဲဖြစ်ဖြစ်) အဆင်မပြေဖြစ်သွားတဲ့အခါ
"ငါတော့ ဘာလုပ်လုပ် ဖြစ်မှာမဟုတ်တော့ပါဘူး"
"ငါ့ဘဝကတော့ ဒီမှာတင် လမ်းဆုံးပြီထင်တယ်"

ဆိုပြီး စိတ်ထဲမှာ ဇာတ်လမ်းတွေ ကြိုရေးပြီး အဆိုးဆုံးအခြေအနေထိ တွေးပစ်လိုက်တာမျိုး ဖြစ်ဖူးကြလား?
စိတ်ပညာမှာ ဒါကို Catastrophizing (အဆိုးဆုံးထိ ပုံကြီးချဲ့တွေးခြင်း) လို့ ခေါ်တဲ့ အတွေးထောင်ချောက်တစ်ခုလို့ သတ်မှတ်ထားတယ်။

အထူးသဖြင့် စိတ်ခံစားမှု နုနယ်ပြီး အရာရာကို သေသေချာချာ Perfect ဖြစ်ချင်တဲ့ မိန်းကလေးတွေမှာ ဒီအတွေးက ခဏခဏ ဝင်လာတတ်ပါတယ်။
🕸️တကယ်တော့ ဒါက ကိုယ့်စိတ်က ကိုယ့်ကို အန္တရာယ်ကနေ ကာကွယ်ဖို့ ကြိုးစားတဲ့ Self-Defense Mechanism တစ်ခုပါ။ "အဆိုးဆုံးကို ကြိုတွေးထားမှ တကယ်ဖြစ်လာရင် သိပ်မနာကျင်မှာ" ဆိုတဲ့ အသိစိတ်ကြောင့် ကြိုပြီး တွေးမိနေတာပါ။
ဒါပေမဲ့ အမှန်တရားကတော့... မဖြစ်သေးတဲ့ ကိစ္စတစ်ခုအတွက် ကိုယ့်ရဲ့ အဖိုးတန်တဲ့ စိတ်စွမ်းအင်တွေ၊ အသားအရေနဲ့ ကျန်းမာရေးတွေကို ကြိုပြီး ဒုက္ခပေးနေသလို ဖြစ်နေတတ်ပါတယ်။ အဆိုးဆုံးကို တွေးလိုက်တာနဲ့ ချက်ချင်း စိတ်ဓာတ်ကျပြီး ရှေ့ဆက်ဖို့ အားအင်တွေ ကုန်ခမ်းသွားရတာပဲ အဖတ်တင်ကျန်ခဲ့တာပေါ့။

🛠️ ဒီအတွေးထောင်ချောက်ကနေ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုပြန်ကယ်မလဲ?
နောက်တစ်ခါ မျှော်လင့်သလို ဖြစ်မလာလို့ စိတ်က အဆိုးဆုံးဇာတ်လမ်းတွေ ဆင်တော့မယ်ဆိုရင် ဒီအချက် ၃ ချက်ကို မြန်မြန်သတိရလိုက်ပါ!
-စိတ်က ဖန်တီးတဲ့ "ဇာတ်လမ်း" နဲ့ "အမှန်တရား" ကို ခွဲခြားပါ။
စိတ်ထဲမှာ ဖြစ်ပျက်နေတဲ့ ကပ်ဘေးကြီးတွေက တွေးရုံပဲ ရှိသေးတာ၊ တကယ်ဖြစ်မလာသေးဘူး။ အခု လောလောဆယ် လက်တွေ့မှာ ဖြစ်နေတဲ့ Facts (အမှန်တရား) ကိုပဲ ကြည့်ပြီး အသက်ကို ပြင်းပြင်းရှူလိုက်ပါ။
-"အလယ်အလတ်လမ်း" ရှိသေးတာကို သတိပြုပါ။
ဘဝက "အဖြူ" နဲ့ "အမည်း" နှစ်ခုတည်း ရှိတာ မဟုတ်ဘူး။ Plan A အဆင်မပြေတာနဲ့ ဘဝကြီး ပျက်စီးသွားတာမဟုတ်ဘဲ ကြားထဲမှာ Plan B, Plan C နဲ့ တခြား အဆင်ပြေနိုင်မယ့် လမ်းစတွေ အများကြီး ကျန်ပါသေးတယ်။

-“တကယ်လို့... ဘဝကြီး ပျက်သွားရင် ဒုက္ခပဲ" ဆိုတဲ့ "What if" အတွေးတွေနေရာမှာ "အခုလောလောဆယ် ငါ့လက်ထဲမှာ ရှိနေတဲ့၊ ငါအကောင်းဆုံး ထိန်းချုပ်ပြီး လုပ်ယူနိုင်တဲ့အရာက ဘာလဲ" ဆိုတဲ့ "What is" ကိုပဲ အာရုံစိုက်လိုက်ပါ။

ကိုယ်တွေးသမျှ အတွေးတိုင်းဟာ အမှန်တရားတွေ မဟုတ်ကြပါဘူး။" စိတ်က ကိုယ့်ကို လှည့်စားပြီး ထောင်ချောက်ဆင်နေတာကို မိအောင်ဖမ်းနိုင်ဖို့ပဲ လိုတာပါ။

ကိုယ့်ကိုယ်ကိုယ် အဆိုးမြင်အတွေးတွေနဲ့ တွေးနေမယ့်အစား "ဒါလည်း ဖြတ်ကျော်နိုင်မှာပါ" ဆိုပြီး ခါတိုင်းထက် ကိုယ့်ကိုပိုဂရုစိုက်ပေးလိုက်ပါဦးနော်။ ✨

27/05/2026

တိုးတက်မှုမရှိဘဲ ကုန်ဆုံးသွားတဲ့နေ့တနေ့မဖြစ်ဖို့

ဒီနေ့အတွက် အချိန်ဘယ်လောက်ကျန်သေးလဲ?

24/05/2026

🐸 "မနက်ခင်းမှာ ဖားတစ်ကောင်ကို အရင်ဆုံး ဝါးမြိုလိုက်ပါ"
ဒီစကားစုလေးကို ကြားလိုက်ရရင် အံ့ဩသွားကြမလားပဲနော်။ တကယ်တော့ ဖားအစစ်ကို စားခိုင်းတာ မဟုတ်ပါဘူး (စိတ်အေးအေးထားပါရှင်၊ ညီမလည်း မစားရဲဘူး 🤣)။
ဒါဟာ ကမ္ဘာကျော် လူစွမ်းရည်မြှင့်တင်ရေးပညာရှင် Brian Tracy ရဲ့ "Eat That Frog" ဆိုတဲ့ အောင်မြင်ကျော်ကြားလှတဲ့ အချိန်စီမံခန့်ခွဲမှု သီအိုရီတစ်ခုပါ။ ဒီနေရာမှာ "ဖား" ဆိုတာ ညီမတို့ လုပ်ဖို့ အပျင်းဆုံး၊ တွန်းဆုတ်ပြီးမလုပ်ချင်ဆုံး ဖြစ်နေပေမယ့် ကိုယ့်ဘဝနဲ့ ကိုယ့်အလုပ်အတွက် ရလဒ်အထွက်ဆုံးဖြစ်မယ့် "ထိပ်ဆုံးက အရေးကြီးဆုံးအလုပ်ကြီး" ကို ပြောတာပါ။
လူအများစုက ဒီလိုအလုပ်ကြီးတွေကို တွန်းဆုတ်တွန်းဆုတ်လုပ်ရင်းနဲ့ပဲ အချိန်တွေ ကုန်သွားတတ်ကြတယ်ဟုတ်?
အလုပ်တွေအများကြီးကြားထဲ ခေါင်းရှုပ်ပြီး ဘာမှခရီးမရောက်သလို ခံစားနေရရင် အလုပ်လည်းတွင်ကျယ်၊ ဘဝလည်း တစ်ဆင့်တက်စေမယ့် ရွှေစည်းကမ်း ၁၀ ချက် ကို အတူတူ ကြည့်လိုက်ရအောင်နော်။
🔑 ကိုယ့်ကိုယ်ကိုယ် Level Up စေမည့် ရွှေစည်းကမ်း ၁၀ ချက်

၁။ ပန်းတိုင်ကို ပြတ်ပြတ်သားသား သတ်မှတ်ပါ
ကိုယ့်ဘဝမှာ ဘာဖြစ်ချင်တာလဲ၊ ဘာကို လိုချင်တာလဲဆိုတာ ရှင်းရှင်းလင်းလင်း သိဖို့လိုပါတယ်။ ရှင်းလင်းပြတ်သားမှု ရှိမှသာ အောင်မြင်မှုက အစပြုတာမို့ ရည်မှန်းချက် ၃ ခုလောက်ကို စာအုပ်ထဲ တိတိကျကျ ချရေးထားပြီး မနက်တိုင်း ပြန်ဖတ်ပေးပါ။ (စိတ်ကူးထဲတင် တွေးထားရင် မေ့သွားတတ်လို့ပါ 📝)

၂။ တစ်နေ့တာကို ကြိုတင်စီစဉ်ပါ
မနက်ဖြန် ဘာလုပ်မယ်ဆိုတာကို ဒီနေ့ညကတည်းက ကြိုတွေးထားတာမျိုးပါ။ ကြိုတင်ပြင်ဆင်မှုရှိရင် မနက်လင်းတာနဲ့ ယောင်ချာချာမဖြစ်ဘဲ စိတ်အာရုံပျံ့လွင့်မှု ကင်းကင်းနဲ့ အလုပ်ထဲ တန်းဝင်နိုင်တာမို့ To-do list လေးတွေ သုံးပြီး စီစဉ်ကြည့်ရအောင်။

၃။ ၈၀/၂၀ ရဲ့ လျှို့ဝှက်ချက်
ညီမတို့ ရရှိတဲ့ အောင်မြင်မှုရလဒ်တွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ ညီမတို့ တကယ်အာရုံစိုက်ပြီး လုပ်လိုက်တဲ့ အလုပ် ၂၀ ရာခိုင်နှုန်းကနေပဲ လာတာပါ။ ဒါကြောင့် အလုပ်တွေအများကြီး လျှောက်လုပ်ပြီး အချိန်ကုန်နေမယ့်အစား ရလဒ်အများဆုံးထွက်မယ့် အရေးကြီးဆုံးအလုပ်ကိုပဲ ရွေးပြီး အဓိကဇောက်ချလုပ်လိုက်ပါ။😉
၄။ ရေရှည်အကျိုးဆက်ကို တွေးပါ
အလုပ်တစ်ခုကို ရွေးချယ်တဲ့အခါ ရေတိုလေးတင် အဆင်ပြေတာထက် ရေရှည်အတွက် ဘယ်လောက်ထိ အကျိုးသက်ရောက်မှုရှိမလဲဆိုတာ ချိန်ဆတတ်ရပါမယ်။ ဒါဟာ အခုချက်ချင်းလုပ်ရမယ့် အရေးတကြီး (Urgent) ကိစ္စလား၊ ဒါမှမဟုတ် ရေရှည်ဘဝအတွက် တကယ်ပဲ အရေးကြီး (Important) တာလားဆိုတာ ခွဲခြားတတ်ဖို့ လိုပါတယ်ရှင်။

၅။ ABCDE စနစ်နဲ့ Priority ပေးပါ
ကိုယ့်ရဲ့ လုပ်စရာစာရင်းတွေကို
A (မလုပ်မဖြစ် အရေးကြီးဆုံး/ကိုယ့်ရဲ့ဖားကြီး)
B (လုပ်သင့်တာ)
C (လုပ်ရင်ကောင်းမယ်၊ မလုပ်လည်း ရတာ)
D (သူများကို လွှဲလို့ရတာ) နဲ့
E (ဖျက်သိမ်းလိုက်ရမည့် အချိန်ဖြုန်းအလုပ်) ဆိုပြီး ခွဲခြားလိုက်ပါ။
ခေါင်းရှုပ်မခံဘဲ 'A' အဆင့်အလုပ်တွေ မပြီးမချင်း တခြားအလုပ်တွေကို လှည့်မကြည့်ကြေးနော်။

၆။ အဓိကရလဒ်ထွက်မည့်အရာကိုပဲ အာရုံစိုက်ပါ
ကိုယ့်ရဲ့ လက်ရှိနေရာ၊ အခန်းကဏ္ဍမှာ ရလဒ်အထွက်ဆုံးဖြစ်စေမယ့် အဓိကတာဝန် (Core Responsibility) က ဘာလဲဆိုတာကို သိအောင်လုပ်ပြီး ကိုယ့်အချိန်အများစုကို အဲဒီ ရလဒ်တိုက်ရိုက်ထွက်စေမယ့် အလုပ်တွေမှာပဲ အင်နဲ့အားနဲ့ မြှုပ်နှံလိုက်ပါ။

၇။ "ဖားကို အရင်စားပါ"
ဒါကတော့ အနှစ်ချုပ်ပါပဲ! မနက်ခင်း အလုပ်စတော့မယ်ဆိုရင် အခက်ခဲဆုံးနဲ့ အရေးကြီးဆုံးအလုပ်ကို အရင်ဆုံး ပြီးအောင် လုပ်လိုက်ပါ။ မနက်ခင်း ဆိုရှယ်မီဒီယာတွေပွတ်မနေခင်၊ ကော်ဖီသောက်ပြီး အချိန်ဆွဲမနေခင်မှာ ဖားကို အရင်စားလိုက်ပါ။
(Win the morning = Win the day ပါပဲ၊ အခက်ဆုံအလုပ်ကိုပြီးသွားတာမို့ တစ်နေကုန် ပေါ့ပေါ့ပါးပါးလုပ်ဖို့ကျန်တာလေးတွေလုပ်ပြီးနေလ်ု့ရပါပြီ☀️)

၈။ ကိုယ်ပိုင်စည်းကမ်းကို မွေးမြူပါ
"စိတ်ပါလက်ပါရှိမှု (Motivation)" ဆိုတာ ခဏတာပဲမို့ အမြဲတမ်းတစ်သမတ်တည်းရှိတဲ့ "ကိုယ်ပိုင်စည်းကမ်း (Discipline)" က ပိုပြီး အလုပ်ဖြစ်ပါတယ်။ စိတ်မပါတဲ့နေ့တွေမှာတောင် ကိုယ့်ကို ရှေ့ဆက်သွားနိုင်အောင် နေ့စဉ်လုပ်ရိုးလုပ်စဉ် (Routine) အလေ့အကျင့်ကောင်းလေးတွေကို ထိန်းထားကြရအောင်။ 💪

၉။ Use Technology Wisely
ဖုန်းတွေ၊ နည်းပညာပစ္စည်းတွေဟာ ကိုယ့်ကို ကူညီဖို့ပဲ ဖြစ်ရပါမယ်။ ကိုယ့်အချိန်တွေကို ခိုးယူမယ့် အရာမဖြစ်ပါစေနဲ့။ Focus လုပ်ရမယ့်အချိန်မှာ ဖုန်း Notification လေးတွေ ခဏပိတ်ထားပြီး ဆိုရှယ်မီဒီယာ သုံးချိန်ကို အတတ်နိုင်ဆုံး ကန့်သတ်ထားတာက အကောင်းဆုံးပါပဲနော်။ 📱✨

၁၀။ အမြဲမပြတ် လေ့လာသင်ယူပါ
ဗခုသုတ၊ ကျွမ်းကျင်မှုနဲ့ အလေ့အကျင့်ကောင်းတွေဟာ ရေရှည်မှာ Compound Effect အနေနဲ့ ကိုယ့်ကို ပိုပြီး တောက်ပ၊ ပိုပြီး အရည်အချင်းရှိလာစေပါတယ်။ စာဖတ်တာပဲဖြစ်ဖြစ်၊ သင်တန်းတက်တာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် အမြဲ Upgrade လုပ်နေဖို့ မမေ့ပါနဲ့နော်။ ❤️

19/05/2026

တစ်ခါတလေ ကျမတို့တွေဟာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ရှာဖွေဖို့ဆိုပြီး ခရီးတွေထွက်ကြတယ်၊ အသစ်အဆန်းတွေကို စမ်းသပ်ကြတယ်။

ဒါပေမယ့် အစစ်အမှန် တိုးတက်မှုက

"ကိုယ့်ကိုယ်ကိုယ် ရှာဖွေခြင်း" ထက်
"အောင်မြင်နေသူတွေကို အတုယူခြင်း" မှာ ရှိနေတတ်ပါတယ်။

ဒီနေ့ကျမဖတ်ခဲ့တဲ့ စာအုပ်ထဲက အခန်းတခုမှာ

“ဘာလို့ တခြားသူတွေက ငါ့ထက် ပိုသာနေတာလဲ?" ဆိုတဲ့ မေးခွန်းနဲ့ ရုန်းကန်နေရတဲ့ ဝန်ထမ်းတစ်ယောက်ဟာ
• နိုင်ငံပေါင်း ၈၀ ကျော်ကို ခရီးသွားခဲ့ပေမယ့် အဖြေက ကမ္ဘာအနှံ့မှာ ရှိမနေခဲ့ဘူးတဲ့

• အဖြေကတော့... "မေးမြန်းဖို့နဲ့ အကြံဉာဏ်တောင်းဖို့ ရဲရင့်ခြင်း" မှာ ရှိနေခဲ့ပါတယ်

ကိုယ်အောင်မြင်ချင်တဲ့ပုံစံနဲ့ အောင်မြင်နေသူတွေဆီက သင်ယူပါ၊
သူတို့လုပ်ဆောင်တာတွေကို အတုယူပါ။

ဒါဟာ အရိုးရှင်းဆုံးဖြစ်ပေမယ့် အထိရောက်ဆုံး လမ်းစဉ်ပါပဲတဲ့ ။
အဲ့ဒီနောက်သူဟာ အမြင်ဆုံးရာထူးအထိ တက်လှမ်းနိုင်ခဲ့ပါတယ်။

“ဇန်နဝါရီ(၁)ရက်နေ့ကို သတိရရင်ဒါလေးဖတ်ကြည့်ပါ" ဒီနှစ်အစ ဇန်နဝါရီ ၁ ရက်နေ့တုန်းက ကိုယ့်ကိုယ်ကိုယ် အပြည့်အဝ ယုံကြည်မှုတွေနဲ...
18/05/2026

“ဇန်နဝါရီ(၁)ရက်နေ့ကို သတိရရင်ဒါလေးဖတ်ကြည့်ပါ"

ဒီနှစ်အစ ဇန်နဝါရီ ၁ ရက်နေ့တုန်းက ကိုယ့်ကိုယ်ကိုယ် အပြည့်အဝ ယုံကြည်မှုတွေနဲ့ ချရေးခဲ့တဲ့ Goal တွေ၊ Planner စာအုပ်အသစ်စက်စက်လေးကို မှတ်မိသေးလား?

စိတ်ပညာအရ ကျွန်မတို့ရဲ့ ဦးနှောက်ဟာ 'အပြောင်းအလဲအသစ်' တွေကို ကြုံရတဲ့အခါ Dopamine လို့ခေါ်တဲ့ ပျော်ရွှင်မှုဟော်မုန်း တွေ အလွန်အမင်း ထွက်လာတတ်ပါတယ်။ ဒါကြောင့် အစပိုင်းမှာ စိတ်ကူးယဉ်ရတာ၊ စိတ်လှုပ်ရှားရတာ အရမ်းလွယ်ကူနေတာပါ။

ဒါပေမဲ့ ဖေဖော်ဝါရီ၊ မတ်လလောက်ရောက်တဲ့အခါ goals တွေချရေးထားတဲ့ အဲဒီစာအုပ်လေး ဘယ်နားရောက်သွားမှန်း မသိတော့ဘဲ 'ငါကတော့ ဒီလိုပါပဲ... ဘာမှလည်း ဖြစ်မြောက်အောင် မလုပ်နိုင်ပါဘူး' ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပြစ်တင်ရှုတ်ချတဲ့ သံသရာထဲ ပြန်နစ်ဝင်သွားတတ်ကြတယ်။

တကယ်တော့ သင် ပျင်းလို့၊ စိတ်မပါလို့ မဟုတ်ပါဘူး။ စိတ်လှုပ်ရှားမှု (Excitement) တစ်ခုတည်းအပေါ်မှာပဲ မှီခိုပြီး ပန်းတိုင်တွေကို ချမှတ်ခဲ့လို့ ဖြစ်ပါတယ်။

ဒါဆို အချိန်မှီတုန်း ဒီအချက်လေးတွေသုံးပြီး ကျမနဲ့အတူတူ goals တွေပြည့်ဖို့ ပြန်ကြိုးစားကြရအောင်လား။

🔶အောင်မြင်မှုထက် "မည်သူဖြစ်လာမလဲ" ကို အရင်သတ်မှတ်ပါ (Identity-based Goals)

Outcome ရလာဒ် တစ်ခုတည်းကိုပဲ ကြည့်ပြီး "ငါ ဝိတ်ကျရမယ်" သို့မဟုတ် "ငါ စာအုပ်အများကြီး ဖတ်ရမယ်" လို့ သတ်မှတ်မယ့်အစား ကိုယ့်ရဲ့ Identity ကို အရင်ပြောင်းလဲပါ။
• ဥပမာ - "ငါ စာဖတ်ချင်တယ်" မဟုတ်ဘဲ "ငါဟာ နေ့တိုင်း အသိပညာအသစ် ရှာဖွေနေတဲ့ စာဖတ်သူတစ်ယောက်" လို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ပါ။
• ဒါဟာ ဦးနှောက်ကို 'မဖြစ်မနေ လုပ်နေရတယ်' ဆိုတဲ့ ဖိအားကနေ ကာကွယ်ပေးပြီး ဆုံးဖြတ်ချက်ချရတဲ့ ပင်ပန်းမှုကို လျှော့ချပေးပါတယ်။

🔶ပန်းတိုင်တွေကို နိုင်သလောက်ပဲ အပိုင်းပိုင်း ဖြတ်ပစ်ပါ
တစ်နှစ်စာ ပန်းတိုင်အကြီးကြီးတွေကို မြင်နေရရင် စိတ်က အလိုလို လန့်သွားပြီး Procrastination (အလုပ်အချိန်ဆွဲခြင်း) ဖြစ်တတ်ပါတယ်။ ဒါကြောင့် -
• Yearly Goal တွေကို ၃ လတစ်ကြိမ် (Quarterly Focus) ခွဲထုတ်ပါ။
• ပြီးရင် ဒီလထဲမှာ လုပ်ရမယ့် (Monthly Actions) သေးသေးလေးတွေအဖြစ် ထပ်ခွဲပါ။
• သင့်အလုပ်က ဒီနေ့၊ ဒီလထဲမှာ လုပ်ရမယ့် အပိုင်းအစလေးကိုပဲ ပြီးအောင် ဖြတ်ဖို့ပါ။ Perfect Plan ကြီး တစ်နှစ်လုံးစာ ရှိနေဖို့ မလိုပါဘူး။

🔶Motivation မရှိမယ့်နေ့အတွက် ကြိုတင်ပြင်ဆင်ပါ

ကျွန်တော်တို့ စိတ်အားထက်သန်မှုဟာ ရာသီဥတုလိုပဲ အမြဲတမ်း အတက်အကျ ရှိပါတယ်။ အားလုံးအဆင်ပြေနေတဲ့ နေ့တွေမှာ Routine အတိုင်း သွားဖို့ လွယ်ပေမဲ့ စိတ်ဓာတ်ကျတဲ့နေ့၊ ပင်ပန်းတဲ့နေ့တွေမှာ ဘာလုပ်မလဲ?
• ကိုယ့်ရဲ့ "Minimum Effort" (အနည်းဆုံး လုပ်ရမည့်ပမာဏ) ကို ကြိုသတ်မှတ်ထားပါ။
• စာတစ်အုပ်လုံး မဖတ်နိုင်ရင်တောင် "တစ်မျက်နှာပဲ ဖတ်မယ်"၊ တစ်နာရီ လေ့ကျင့်ခန်း မလုပ်နိုင်ရင်တောင် "၅ မိနစ်ပဲ လမ်းလျှောက်မယ်" ဆိုပြီး Momentum (အရှိန်) ကို မပျက်အောင် ထိန်းရပါမယ်။ အပြည့်အဝ မလုပ်နိုင်ရင်တောင် ပုံစံပျက်ပျက်နဲ့ ဝင်ပါတာက လုံးဝ ရပ်တန့်လိုက်တာထက် အဆပေါင်းများစွာ သာလွန်ပါတယ်။

"လာမယ့်နှစ်တွေမှာ ပန်းတိုင်တွေ တစ်ခါပျက်တိုင်း အစကနေ ပြန်ပြန်စရတဲ့ 'Restarting Cycle' ကြီးကို အဆုံးသတ်လိုက်ပါ။ စိတ်ပညာအရ အောင်မြင်ခြင်းဆိုတာ အမှားကင်းစင်တာကို မဆိုလိုပါဘူး။ လဲကျသွားပြီးတဲ့နောက် ဘယ်လောက်မြန်မြန် ပြန်ထလာနိုင်သလဲ (Resilience) ဆိုတဲ့အပေါ်မှာပဲ မူတည်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ Level Up ဖြစ်ဖို့ ကျွန်မရွေးချယ်ထားတဲ့ စာအုပ် (၉) အုပ်” 📚❤️တခါတလေ ဘဝမှာ -ဘာလုပ်လုပ် အဆင်မပြေဘူးလို့ ခံ...
17/05/2026

စိတ်ပိုင်းဆိုင်ရာ Level Up ဖြစ်ဖို့ ကျွန်မရွေးချယ်ထားတဲ့ စာအုပ် (၉) အုပ်” 📚❤️

တခါတလေ ဘဝမှာ
-ဘာလုပ်လုပ် အဆင်မပြေဘူးလို့ ခံစားရတာ
-အလုပ်တွေ ပုံနေပေမဲ့ စတင်ဖို့ ပျင်းနေတာ
-ဒါမှမဟုတ် အတွေးတွေ ရှုပ်ထွေးပြီး စိတ်မွန်းကြပ်နေတာမျိုး ကြုံဖူးကြလား?

ဒါဟာ သင့်ခန္ဓာကိုယ်တင်မကဘဲ သင့်ရဲ့ “စိတ်ဝိညာဉ်” ကပါ အနားယူဖို့နဲ့ အာဟာရသစ်တွေ လိုအပ်နေပြီဆိုတဲ့ အချက်ပြချက်ပါပဲ။

ဒီကာလမှာ ကျွန်မရဲ့ စိတ်အာဟာရအတွက် စာဖတ်ဖို့
စားပွဲပေါ် အရောက်တင်ထားတဲ့
ဖတ်ဖို့ ရွေးချယ်ထားတဲ့ စာအုပ် (၉) အုပ်အကြောင်း မျှဝေပေးချင်ပါတယ်။

ဒီစာအုပ်တွေကို Theme (၃) ခုခွဲပြီး ဖတ်ဖို့ ပြင်ဆင်ထားခဲ့တာပါ 👇

1. စိတ်ကို ရှင်းလင်းစေမယ့် Healing & Psychology 🌿

2. အလုပ်တွေ မရွှေ့ဆိုင်းဘဲ Target မိမိ လျှောက်လှမ်းဖို့ Focus & Productivity ⏳

3. အတွေးအခေါ် မြှင့်တင်ဖို့ Mindset & Empowerment 👑

ဒီပုံထဲက စာအုပ်တွေထဲမှာ သူငယ်ချင်းတို့ ဖတ်ဖူးတာ၊ ဒါမှမဟုတ် ဖတ်ချင်တာ ဘယ်စာအုပ်တွေ ရှိလဲနော် ?
ကျမဖတ်ပြီးရင် book review လေးပြန်တင်ပေးဖို့ရှိပါတယ်🫶🏻🤍


#အတူတူတိုးတက်ကြပါစို့

Address

Singapore

Telephone

+6581750924

Website

Alerts

Be the first to know and let us send you an email when Swe’s sketch and story posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Swe’s sketch and story:

Share