07/09/2026
#ရင်နာရပေမယ့်ဇွဲမလျော့ဖို့အားပေးချင်
မင်မင်တို့ တလရဘက်တော်သားတွေဟာ တလရကို ပုံစံမျိုးစုံနဲ့ ပါဝင်နေကြပါတယ်။
တချို့က မြေပြင်မှာ တိုက်ခိုက်ကြတယ်။ တချို့က ကမ်ပိန်းရန်ပုံငွေ စုဆောင်းပေးကြတယ်။ တချို့က ကမ်ပိန်းတွေအတွက် ကူညီလှူဒါန်းပေးကြတယ်။ တချို့ကျ ကလစ်ကြတယ်။ ပန်းခူးကြတယ်။ တချို့က Creator အဖြစ် ပါဝင်ကူညီပေးကြတယ်။ တချို့က ဖရဲသီးအဖြစ် တာဝန်ယူကြတယ်။ တချို့ကတော့ Financial sector (ဘဏ္ဍာရေးကဏ္ဍ) အားကောင်းအောင် ဦးဆောင်တည်ဆောက်ပေးကြတယ်...စသဖြင့် ကဏ္ဍမျိုးစုံပေါ့လေ။
အမှန်အတိုင်းပြောရရင် တစ်ယောက်ကျရင် ဆယ်ယောက်ဆက်တက်မယ်ဆိုပြီး အားမတင်းချင်တာ အမှန်ပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ အိပ်မက်တွေကို စွန့်လွှတ်ခဲ့ရတဲ့၊ မရည်ရွယ်ဘဲ တလရလမ်းကြောင်းပေါ် ရောက်လာခဲ့ကြတဲ့ အဖိုးတန်လူတွေ၊ အဖိုးတန် အသက်ပိုင်ရှင်တွေ ဖြစ်နေလို့ပါ။
ဒါပေမဲ့...ဘယ်လိုပဲ ပြောပြောပါ။ ကျွန် တော်တို့ဟာ ကိုယ်လျောက်တဲ့လမ်းကို ပြီးစီးအောင် လျောက်လှမ်းကြရမှာလဲ
ဖြစ်ပါတယ်။
အခုဆိုရင် တလရကမ်ပိန်းတွေကို ကူကြ၊ လှူကြသူတွေ အားလုံး အနည်းနဲ့အများဆိုသလို ကိုယ်စီအခက်အခဲတွေ ရှိတဲ့ကြားက ဝိုင်းဝန်း ထောက်ပံ့ပေးနေကြတာပါ။ အခက်အခဲတွေကို နားလည်တာကြောင့် အားမလျော့ကြဖို့ တိုက်တွန်းချင်ပါတယ်။ တစ်ဆက်တည်းမှာလဲ Collective Power (စုပေါင်းစွမ်းအား) အကြောင်း ပြောပြချင်ပါတယ်။
မင်မင်တို့ မြန်မာစကားမှာ "ပြိုင်တူတွန်းလျင် ရွေ့နိုင်ပါသည်" ဆိုတဲ့ စကားပုံ ရှိပါတယ်။ လူတစ်ဦးခြင်းစီရဲ့ စွမ်းဆောင်ရည်က မသိသာပေမယ့် လူအများပေါင်းစုပြီး ဝိုင်းတွန်းကြတဲ့အခါ နွံထဲနစ်နေတဲ့ လှည်းကိုတောင် လမ်းကြောင်းမှန်ပေါ် ပြန်ရောက်စေတယ် လို့ အနက်ရတဲ့ ရှေးဆိုရိုး ဖြစ်ပါတယ်။
ဒီသဘောအတိုင်းပါပဲ။ အစာစုဆောင်းနေတဲ့ ပုရွတ်ဆိတ်လေးတစ်ကောင်၊ ဝတ်မှုန်စုဆောင်းနေတဲ့ ပျားလေးတစ်ကောင်ဟာ ဘာမှ မပြောပလောက်ပါဘူး။ ဒါပေမယ့် စဉ်းစားကြည့်ပါ။ ဒီသတ္တဝါလေးတွေရဲ့ သက်ဆိုင်ရာ အသိုက်အမြုံတစ်ခုလုံး ရိက္ခာ အတူတူ စုဆောင်းကြတဲ့ အခါမှာတော့ ရေရှည်အတွက် လုံလောက်တဲ့ အစာစုဆောင်းမှုကို ရရှိစေပါတယ်။
ဒါကြောင့် ကျွန်တော်တို့လဲ ကိုယ်နဲ့သက် ဆိုင်တဲ့ Community (အသိုင်းအဝိုင်း) က လူတွေ အားလုံးစုပေါင်းလိုက်တဲ့အခါ ရ လဒ်က မထင်မှတ်လောက်အောင် ကြီး
မားသွားတာကို ပြောပြပေးချင်တာပါ။
အနှစ်ချုပ်ရရင် ခက်ခဲတာ မှန်ပေမယ့်၊ ကျွန်တော်တို့တွေ စုပေါင်းအားနဲ့ ဆက် လက်ချီတက်ကြရအောင်ပါနော်။ အား
လုံးပဲ အားတင်းထားပေးကြပါဦး။ ဘေး
ကင်းရန်ကွာ၊ ကျန်းမာချမ်းသာကြပါစေ။ 🍀🍀
#စုပေါင်းညီညာ
#အောင်ကြောင်းဖြာ
#ကမ်ပိန်းပါဝင်လှူဒါန်းပါ