22/06/2025
နှလုံးရည်လှရင်
ပုဆစ်တုပ်ဖို့ ဝန်မလေးတတ်သလို
သန္ဓေမကောင်းရင်
လက်ခမောင်းလည်း ခက်ဝံ့တယ်
အုတ်ရောရောကျောက်ရောရော
လောကွတ်ချော်ဖို့ မတွေးတောဖူးဘူး
ငုံ့ခံတော့ ကြောချင်ကျပြီး
တုံ့ပြန်တော့ ပြောချင်ကျတဲ့
လူ့ဘောင် အဖွဲ့အစည်းမှာ
ဂါရဝတရား
လူရွေး ထားပါတယ် ။ ။