Thaw Hein Htet ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Thaw Hein Htet, ร้านขายของชำ, Ban Ko.

ကိုယ့်ရဲ့အပြုမူအပြောအဆိုကြောင့်တစ်ပါးသူပျော်ရွှင်သွားတယ်စိတ်ချမ်းသာစေသွားတယ်ဆိုရင်အဲ့ဒီနေထိုင်မှုပုံစံဟာတန်ဖိုးရှိတယ်လို့...
09/06/2023

ကိုယ့်ရဲ့အပြုမူအပြောအဆိုကြောင့်
တစ်ပါးသူပျော်ရွှင်သွားတယ်
စိတ်ချမ်းသာစေသွားတယ်ဆိုရင်
အဲ့ဒီနေထိုင်မှုပုံစံဟာ
တန်ဖိုးရှိတယ်လို့ပြောလို့ရတယ်

တကယ္လို့
ကိုယ့်ရဲ့ဆက်ဆံရေး
ကိုယ်ပေးတဲ့ချစ်ခြင်းမေတ္တာ
ကိုယ့်ရဲ့ဂရုစိုက်သိတတ်မှု့
ကိုယ့်ရဲ့စေတနာစကား
ကိုယ့်ရဲ့ခင်တွယ်ခြင်းနဲ့
ကိုယ့်ရဲ့နေထိုင်မှု့ပုံစံဟာ
တစ်ပါးသူအတွက်
မလိုအပ်တော့ဘူးထင်ရင်
ကိုယ်ထင်သလောက်
အရေးမပါတော့ဘူးထင်ရင်
ပြောင်းလဲပစ်လိုက်ဖို့ လိုတယ်

လောကမှာ
ဘယ်နေရာမှာပဲဖြစ်ဖြစ်
ကိုယ်ဟာတန်ဖိုးမဲ့တဲ့သူမဖြစ်ချင်ဘူးဆိုရင်

ပေးသင့်တဲ့အရာနဲ့မပေးသင့်တဲ့အရာ
အလိုက်သိသင့်တဲ့နေရာနဲ့
အလိုက်မသိသင့်တဲ့နေရာ
အလျော့ပေးသင့်တဲ့အခါနဲ့
အလျော့မပေးသင့်တဲ့အခါ
ဆုပ်ကိုင်ထားရမယ့်အရာနဲ့
လက်လွှတ်ရမယ့်အရာ
ချစ်သင့်တဲ့လူနဲ့ မချစ်သင့်တဲ့လူ
တန်ဖိုးထားရမယ့်သူနဲ့
တန်ဖိုးမထားသင့်တဲ့သူ
သတိရနေရမယ့်သူနဲ့
မေ့ပစ်ရမယ့်သူ
မျော်လင့်သင့်တဲ့အရာနဲ့
မျော်လင့်ချက်မထားသင့်တဲ့အရာတွေကို
ခွဲခြားပြီးတော့ သိဖို့လိုသလို

ရပ်တန့်ဖို့လိုနေတဲ့နေရာမှာလဲ
ရပ်တန့်လိုက်ဖို့ လိုတယ် ။

#အရှင်ဇဝနသူ့စိတ်ကြိုက်စာပေများ
"လေးစားလျှက်ပါ "

"စာဖတ်ပါ"........လှတဲ့လူတိုင်းက စာမဖတ်ဖြစ်ကြပေမယ့်စာဖတ်တဲ့လူတိုင်းကတော့ အဆင်းရော အချင်းပါလှနေတတ်ကြတယ်။စာပေက စိတ်လှအောင် ...
09/06/2023

"စာဖတ်ပါ"........

လှတဲ့လူတိုင်းက စာမဖတ်ဖြစ်ကြပေမယ့်
စာဖတ်တဲ့လူတိုင်းကတော့ အဆင်းရော အချင်းပါလှနေတတ်ကြတယ်။

စာပေက စိတ်လှအောင် ပြင်ပေးတယ်။
စိတ်လှလာရင် ရုပ်ကပါပြောင်းလဲလာတယ်။

စာပေက ရင့်ကျက်အောင် သင်ပေးတော့
ရုပ်ရည်ကလည်း တည်ကြည်လာတယ်။

စာပေက နှလုံးသားကို နူးညံ့အောင် ဆုံးမပေးတော့
ရုပ်ရည်လည်း သိမ်မွေ့လာတယ်။

စာပေက ကိုယ်ချင်းစာတရားနဲ့ လူတိုင်းကို မေတ္တာထားတတ်အောင် သင်ပေးတော့၊
ရုပ်ရည်ကလည်း ချစ်စဖွယ်ဖြစ်လာတယ်။

တကယ်တော့ လူချစ်လူခင်ပေါချင်လား?
စာဖတ်ပါ ပေါင်းသင်းဆက်ဆံရေး အဆင်ပြေလာလိမ့်မယ်။

လူအထင်ကြီးဖို့လား ဝတ်ကောင်းစားလှတွေ ဝတ်ပြမနေနဲ့။
စာဖတ်ပြီးတော့ ကိုယ့်တန်ဖိုးကို မြင့်တင်ပါ။ အလိုလို အထင်ကြီးလေးစားလာလိမ့်မယ်။

အနာဂါတ်မှာ ဘာဖြစ်လာမလဲ ဗေဒင်မမေးနဲ့ လွဲနေအုံးမယ်။
စာပေကပေးတဲ့ ခွန်အားတွေနဲ့ ရင်ဆိုင်ကျော်လွှားဖို့သာ အသင့်ပြင်၊ နေ့ရက်တိုင်းက အဆင်ပြေနေလိမ့်မယ်။

မိဘကျေးဇူးဆပ်ချင်လား အလုပ်လုပ်ပြီး ငွေကြေးထောက်ပံ့ရုံနဲ့ မလုံလောက်ဘူး။
စာဖတ်ပြီး သားသမီး ဝတ္တရားနားလည်လာရင် မိဘေက်းဇူးဆပ္ဖို့ ဘာတွေလိုအပ်လည်း သိလာလိမ့်မယ်။

လူတော်လူကောင်း ဖြစ်ချင်လား ပညာတတ်ဘွဲ့ရ ဖြစ်ရုံနဲ့ မလုံလောက်ဘူး။ စာဖတ်ပါ။ လူတော်လူကောင်းဖြစ်လာလိမ့်မယ်.....

စာဖတ္လို့ ဆုတ်ယုတ်သွားတယ်ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဘူးလေ.....

Credit

ဘဝရဲ့_မြေဇာပင် ယောက်ျား စကားကြမ်းတော့မိန်းမက ကြိတ်ငို။ မိန်းမ စကားကြမ်းတော့ယောက်ျားက စိတ် တို။ မိဘစကား ကြမ်းတော့ ကေလးတို...
09/06/2023

ဘဝရဲ့_မြေဇာပင်

ယောက်ျား စကားကြမ်းတော့
မိန်းမက ကြိတ်ငို။

မိန်းမ စကားကြမ်းတော့
ယောက်ျားက စိတ် တို။

မိဘစကား ကြမ်းတော့
ကေလးတို့မှာ နှလုံးသွေးယို..တဲ့။

အဆင်မပြေတဲ့ မိဘေတြရဲ့ ကြားက
မွေးဖွားလာတဲ့ သားသမီးတစ်ယောက်ရဲ့
ခံစားချက် ....။

အလုပ်အကိုင်က အဆင်မပြေတော့
မိဘတွေကတစ်ယောက် နဲ့ တစ်ယောက်
အပြစ်လေးတွေ မြင်လာကြတယ် ။

ဖခင်တစ်ယောက်က
အလုပ်ဆင်မပြေ စိတ်ညစ်ပြီး
အလုပ်ကပြန်လာချိန်လေးမှာ
စိတ်ညစ်ပြေအောင်
အရက်ကလေးသောက်တတ်လာတယ် ။

မိခင်တစ်ယောက်က
အဆင်မပြေတဲ့ကြားက
အရက်သောက်လာရမလား ဆိုပြီး
စိတ်ဆိုးမာန်ဆိုးနဲ့ အော်ဟစ်ပြောဆိုတယ် ။

ဖခင်တစ်ယောက်ကလည်း
အရက်ရှိန်လေးကရှိလာတော့
မိန်းမပြောဆိုတဲ့ စကားကို
စိတ်ဆိုးဒေါသထွက်ပြီးရိုက်နက်ပါတော့တယ် ။

မိခင်ဖခင်ရဲ့ ရန်ပွဲလေးကိုကြည့်ပြီး
ကြောက်စိတ် အားငယ်စိတ်တွေက
သားသမီးတွေရဲ့
ရင်ထဲရောက်လာပါတော့တယ် ။

ကြာလာတော့
သားသမီးလေးတွေရဲ့ ရင်ထဲ
အနာတရတွေဖြစ်လာတယ်
ကြောက်စိတ် အားငယ်စိတ်တွေပဲအမြဲကြီးစိုးနေတယ် ။

မိသားစုတစ္ခုမွ
ဘယ်လောက်ပဲ အဆင်မပြေဖြစ်နေပါစေ
သားသမီးလေးတွေရဲ့ ရှေ့မှာ
ဘယ်တော့မှ ရန်မဖြစ်မိပါစေနဲ့ ။

သားသမီးလေးတွေရဲ့ ရင်ထဲဘယ်တော့မှ
အနာတရဖြစ်အောင် မလုပ်မိပါစေနဲ့ ။

ကိုယ်သိပ်ချစ်တဲ့ ကိုယ့်ရဲ့
သားသမီးလေးတွေရဲ့ ဘ၀ကို
အနင်းခံမြေဇာပင်လေးတစ်ပင်ဖြစ်အောင်
ဘယ်တော့မှ မလုပ်မိပါစေနဲ့ ....။
________________________________

Credit.

မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်။

ที่อยู่

Ban Ko

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Thaw Hein Htetผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์