Healthy Lifestyle ကျန်မာသောလူနေမှုဘဝပုံစံသို့

13/07/2025

ဒီဟင်းသီးဟင်းရွက် (၃) မျိုးကို မကြာခဏစားပေးပါ...
အူလမ်းကြောင်းကို သက်သောင့်သက်သာဖြစ်စေမယ်...

ခါးသက်သက်အရသာရှိတဲ့ ကြက်ဟင်းခါးသီး၊ စိမ်းဖန့်ဖန့်အရသာရှိတဲ့ ခရမ်းသီးနဲ့ ချွဲကျိကျိအရသာရှိတဲ့ ရုံးပတီသီးတို့လိုမျိုး ရိုးရှင်းတဲ့ ဟင်းသီးဟင်းရွက်တွေကို နေ့တိုင်းလိုလို တွေ့နေရတက်ပေမဲ့ သတိမထားမိတက်ကြပါဘူး။ တကယ်တော့ ဒီဟင်းသီးဟင်းရွက်တွေကို မကြာခဏစားပေးမယ်ဆိုရင် ခန္ဓာကိုယ်ကျန်းမာရေးကို ကောင်းကောင်း ဂရုစိုက်ပေးနိုင်တဲ့ အကျိုးကျေးဇူးတွေ ရှိပါတယ်။

ကြက်ဟင်းခါးသီး......။
အစကတော့ တော်တော်များများက သူ့ရဲ့ ခါးသက်သက်အရသာကို မကြိုက်ကြပါဘူး။ ဒါပေမဲ့ စားရင်းနဲ့ အသားကျသွားရင် ဗိုက်ထဲ ပေါ့ပါးသွားပြီး လေးပင်မှု မရှိတော့ဘူးလို့ ခံစားရပါလိမ့်မယ်။ အရင်ခေတ်လူကြီးတွေကတော့ ဟင်းချိုတွေ ဒါမှမဟုတ် ငပိရည်နဲ့ တို့စားတဲ့ဟင်းတွေမှာ အများအားဖြစ် ထည့်ပြီး စားသုံးကြပါတယ်။

ခရမ်းသီး.....။
လတ်လတ်ဆတ်ဆတ် ကြွပ်ကြွပ်လေးနဲ့ အရသာရှိပါတယ်။ ငပိရည်နဲ့ တို့စားတာပဲဖြစ်ဖြစ်၊ ကြော်စားတာပဲဖြစ်ဖြစ် ကောင်းကောင်း လိုက်ဖက်ပါတယ်။ ဒါအပြင် အစာအိမ်နဲ့ အူလမ်းကြောင်းအစာခြေစနစ်ကိုလည်း ပိုမို ချောမွေ့စွာ အလုပ်လုပ်နိုင်အောင် ကူညီပေးပါတယ်။

ရုံးပတီသီး.......။
ရုံးပတီသီးအရှည်လေးတွေကို ရေနွေးဖျောလိုက်တဲ့အခါ ကြွပ်ကြွပ်လေးနဲ့ နူးညံ့သွားပါတယ်။ ငရုတ်သီးဆော့စ်၊ ငပိရည်နဲ့ တို့စားလို့ရသလို မနက်ပိုင်းမှာ ရေနွေးနဲ့ပြုတ်ပြီးလည်း သောက်သုံးနိုင်ပါတယ်။ ရုံးပတီသီးက အူလမ်းကြောင်းကို ကောင်းကောင်း အလုပ်လုပ်စေပြီး တစ်နေကုန် ဗိုက်ကို သက်သောင့်သက်သာဖြစ်စေပါတယ်။

ဒီဟင်းသီးဟင်းရွက် ၃ မျိုးကို ပုံမှန်စားသုံးခြင်းဖြင့် ခန္ဓာကိုယ်ကျန်းမာရေးကို အလွယ်တကူ ဂရုစိုက်နိုင်ပါတယ်။ ရှာရခက်တာမျိုးမရှိသလို ဈေးကြီးတာမျိုးလည်း မရှိပါဘူး။ ဘယ်လိုစားရမယ်ဆိုတာကို သိနားလည်ရုံနဲ့တင် အများကြီးအထောက်အကူဖြစ်စေပါတယ်။..


#ကျန်းမာရေး

ကျန်မာတဲ့ဘဝပိုင်ဆိုင်ဖို့ အာဟာရပြည့်ဝစွာ စားသုံးပါ
08/02/2023

ကျန်မာတဲ့ဘဝပိုင်ဆိုင်ဖို့ အာဟာရပြည့်ဝစွာ စားသုံးပါ

ที่อยู่

Bangkok
Bang Khan Taek

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Healthy Lifestyleผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์