KO YE ဘဝစာပေ

KO YE ဘဝစာပေ ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก KO YE ဘဝစာပေ, ร้านขายของชำ, ထိုင်း, Bangkok.

12/04/2023

❣️

25/03/2023

Burmeton Poisoning (ဘာမီတွန်) အလွန်အကျွံသောက်ခြင်း

၁။ ဆရာ ဘာမီတွန်ကရော အများဆုံးဘယ်လောက်သောက်သင့်ပါသလဲခင်ဗျာ။ ဘယ်လောက် အတိုင်းအတာဆိုရင် အန္တရာယ်ရှိနိုင်ပါသလဲခင်ဗျာ။

၂။ မင်္ဂလာပါ Burmeton ဟာလူကိုသေစေနိုင်တယ်ဆိုတာအမှန်ဘဲလားဆရာ။ ဒီဆေးကို ဘယ်လောက်ပမာဏ သောက်ရင် သေစေနိုင်လဲဆိုတာကိုပါ ရှင်းလင်းပြောကြားပေးပါလားခင်ဗျဆရာ။

၃။ ကျွန်မသမီး အသက် ၂၄ ရှိပါပြီ။ ဘာမီတွန် အလုံး ၆ဝ လောက်သောက်ခဲ့ပါတယ်။ အခုဆိုလေးရက်ရှိပါပြီ။ ဆေးရုံက သွေးတစ်ခါ ဆလင်းနဲ့ထုတ်ယူပါတယ်။ ဆေးရုံက ဘာဆေးမှမပေးပါဘူး။ ဆေးလဲမထိုးပေးပါဘူး။ အကုန်ကောင်းနေပြီ ပြောလို့ ဆေးရုံကဆင်းခဲ့ပါပြီ။ အခု ရင်တွေအရမ်းတုန်ပြီး ရင်ထဲနဲနဲပူနေပါတယ်တဲ့။ အဲဒါ ဘယ်လိုဆိုးကျိုးတွေ ဆက်ဖြစ်နိုင်သေးလဲ သိလို့ပါတယ်ဆရာ။

၄။ ကျွန်မသူငယ်ချင်းရဲ့သားမှာ အသက် ၁၈ နှစ်ရှိပါပြီ။ လွန်န်ခဲ့တဲ့တလလောက်က ့့့့့ ကိစ္စကြောင့် စိတ်ကျပြီး ဘာမီတွန် အလုံး ၁ဝဝ သောက်လိုက်မိပါတယ်။ သွေးအပြီး ဆေးရုံတက်ရပါတယ်။ အသက်မသေပေမဲ့ ပုံစံက တမျိုးဖြစ်နေပါတယ်။ ညဘက်တွေလဲမအိပ်လို့ ဆရာဝန်က အိပ်ဆေးသောက်ခိုင်းပါတယ်။ omega 3 ဆေးရယ် စိတ်ဆေးတချို့ပေးပါတယ်။ သောက်လဲသောက်နေပါတယ်။ ဆိုးကျိုးအနေနဲ့ ဘာတွေဆက်ဖြစ်နိုင်ပါသလဲဆိုတာ မေးရတာပါ။ ပုံမှန် ဖြစ်လာအောင် အချိန်ဘယ်လောက်ပေးရမယ်ဆိုတာရယ်၊ ဘယ်လိုကုသမှု ခံယူသင့်တယ်ဆိုတာရယ် မေးရတာပါရှှုင်။

၅။ ဘာမီတွန် အလုံး ၂ဝ ကွက်တိ တခါတည်းသောက်လိုက်ရင် ခဏလေးအတွင်းမှာ အိပ်ပျော်သွားရင်းနဲ့ သေသွားတတ်တယ်ဆိုတာ ဟုတ်ပါသလားခင်ဗျ။ ပထမနှစ်တုန်းက ဓါတုဗေဒဆရာပြောဖူးတာ သတိရမိလို့ပါ။

ဘာမီတွန်ဆိုတာ (ဘီပီအိုင်) ကထုတ်တဲ့ Chlorpheniramine Maleate ဆေးဖြစ်တယ်။ အလာဂျီအတွက်ပေးတယ်။ (ဘာမီတွန်ဆေး) ထဲမှာပါတဲ့ Chlorpheniramine ဟာ အလွန်အသုံးများတဲ့ အင်တီဟစ်တမင်းဆေးဖြစ်တယ်။ (အလာဂျီ) ရတာ၊ အအေးမိတာ အတွက် သုံးတာများတယ်။ ယားတာအတွက်လဲ ပေးနိုင်တယ်။

ဘေးထွက်ဆိုးကျိုးတွေကတော့ မူးဝေမယ်။ အိပ်ချင်မယ်။ အာခေါင်-နှာခေါင်း-လည်ချောင်း ခြောက်မယ်။ ဝမ်းချုပ်မယ်။ မျက်စိဝေဝါးမယ်။ ဂဏာမငြိမ်ဖြစ်မယ်။

၂ဝဝ၂ တုံးက အမေရိကားမှာ ၁ရ နှစ်သမီးတယောက် Coricidin Cough and Cold ဆေးတွေ ဆရာဝန် ညွှန်ထားတာထက် အဆမတန် များသောက်ခဲ့တဲ့အဖြစ်တခု ရှိခဲ့တယ်။ ဒီဆေးထဲမှာလည်း Chlorpheniramine Maleate ဆေးပါတယ်။ သူ့ဆရာဝန်က ၃ လတိုင်တိုင် သတိပေးနေတဲ့ကြားက မရဘူး။ ဆေးပြား တနေ့မှာ ၃-၁၅ ပြားအထိ သောက်နေခဲ့တယ်။ ဆရာဝန်နဲ့တွေ့တော့ မိန်းကလေးဟာ ခေါင်းထဲမှာပေါ့နေတယ်၊ အကောင်းတွေလို့ ထင်မှတ်နေတယ်၊ ခေါင်မူးနောက်နေတယ်၊ အသိတရားတွေ ပူးတွဲလုပ်ဆောင်နိုင်စွမ်းတွေ နည်းနေတဲ့ လက္ခဏာတွေ ခံစားလာရတယ်။ ၂ လကြာတော့ ဆီးထဲမှာ သွေးတွေပါလာတယ်။ ဒါဟာ ကျောက်ကပ်ကို ထိခိုက်တာဖြစ်တယ်။

မနက်ခင်းမှာ ဒီဆေး အပြား ၂ဝ သောက်ထားတဲ့ မိန်းကလေးကို သူမရဲ့ဆရာဝန်က နေ့ခင်းမှာ တွေ့ပြန်တယ်။ လုံးဝသတိလက်လွှတ်လောက်နီးနီးဖြစ်နေတယ်၊ တကယ်မရှိတာတွေ မြင်-ကြားနေတယ်၊ တုံတုံရီရီဖြစ်ဖြစ်နေတာ တွေ့ရတယ်။ ဆရာဝန်နဲ့ လမ်းခွဲပြီးမကြာခင် မိန်းကလေးဟာ အရုပ်ကြိုးပြတ်ဖြစ်ပြီး ဆေးရုံကို ရောက်လာတယ်။ ကံကောင်းသွားတာက မိန်းကလေး မသေပါ။ ကိုယ်ကိုယ်ကို သတ်သေဘို့ ကြိုးစားတာလို့ သိလာရတယ်။

(၅) ဆရာ့ ပြန်စာအရဆိုရင် Burmeton 4 mg အလုံး ၂ဝ ကို တခါတည်း သောက်ရုံနဲ့တော့ မသေနိုင်ဘူးပေါ့နော်။ နေ့တိုင်းသောက်မှသာ သတိလက်လွတ်ဖြစ်ပြီး နောက်ဆုံးမှာ အသက်အန္တရာယ် ထိခိုက်နိုင်တယ်လို့ ကျနော် နားလည်လိုက်တယ်ခင်ဗျ။ အဲ့လို အလုံး ၂ဝ တခါတည်း သောက်လိုက်တဲ့နေ့မှာ အကြာကြီး အိပ်ပျော်နေမလား။ လွန်ခဲ့တဲ့ ၃ လလောက်က ကျနော့် ငယ်သူငယ်ချင်းတယောက် သူ့ချစ်သူ မိန်းကလေးကိစ္စနဲ့ သတ်သေဖူးပါတယ်။ ညအိပ်ခါနီးမှာ ဆေးဆိုင်ကနေ ဝယ်လာခဲ့တဲ့ အိပ်ဆေးတွေ အလုံး ၂ဝ လောက် တခါတည်း သောက်ပစ်လိုက်တာလို့ ပြောပါတယ်။ သူ ၃ ရက် ဆက်တိုက် အိပ်ပျော်သွားတယ်။ ဘာမှကို သတိမရဘူး။ နိုးလာတဲ့အချိန်မှာ လူက နုံးချိနေတယ် အာခေါင်တွေ နှုတ်ခမ်းတွေ ခြောက်ကပ်ပြီး ရေအရမ်းငတ်တယ် ဗိုက်ဆာတယ်လို့ ပြောပါတယ်။ မတိုင်ခင် ရက်တွေကလည်း အစားမစားချင်ပဲ အရက်တွေ ဘီယာတွေပဲ ဆက်တိုက် သောက်ဖြစ်ခဲ့တယ်လို့လဲ ပြောပါတယ်။ အဲ့ဒါကြောင့် သတ်သေတတ်ကြတဲ့ဆေးတွေနဲ့ ပတ်သက်ပြီး သိချင်မိလာလို့ပါခင်ဗျ။

ဆေးအဆများသွားလို့ ဖြစ်စေနိုင်တာတွေက အကြောင်းအချက် အများအပေါ်မှာ မူတည်တယ်။ ဘေးထွက်-ဆိုးကျိုးတွေနဲ့ ဆေးများသွားရင် ဖြစ်နိုင်တာတွေကတော့ အာခေါင်-မျက်စိ-နှာခေါင်း-လည်ချောင်းတွေ ခြောက်မယ်၊ နှလုံးခုန်မြန်မယ်၊ ပျို့-အန်ချင်မယ်၊ အစာခြေလမ်းအလုပ်နှေးစေမယ်၊ စားချင်စိတ်နည်းမယ်၊ ဝမ်းချုပ်မယ်၊ မျက်စိ-သူငယ်အိမ်ကျယ်မယ်၊ မျက်စိကြည့်မကောင်းဖြစ်မယ်၊ မျက်နှာနီရဲလာမယ်၊ ကိုယ်ပူမယ်၊ ခေါင်းကိုက်မယ်၊ ဆီးအသွားရခက်မယ်၊ အသက်ရှူမြန်မယ်၊ အိပ်ချင်မယ်၊ သွေးဖိအား ကျမယ်၊ နှလုံးခုန် မမှန်ဖြစ်မယ်၊ စိတ်မကြည်လင်ဖြစ်မယ်၊ သူများ မမြင်-မကြားတာတွေ မြင်-ကြားနေမယ်၊ စိတ်မငြိမ်ဖြစ်မယ်၊ စိတ်မူမမှန်ဖြစ်မယ်၊ ကယောင်ကတမ်းဖြစ်မယ်၊ တက်မယ်၊ သတိလစ်မယ်၊ သေဆုံးသွားမယ်။

Chlorpheniramine ဆေးကို ဆေးပြား၊ ဆေးရည်၊ ဆေးတောင့်၊ ထိုးဆေးတွေနဲ့လာတယ်။ ဝါးစားလို့ရတာရော တာရှည်ခံ ဆေးပြားရော လာသေးတယ်။ အကြမ်းအားဖြင့် ဆေးကို ၄-၆ နာရီတခါပေးတတ်တယ်။ ဒီဆေးတမျိုးတည်း သပ်သပ် လာသလို တခြားဆေးတွေနဲ့ ရောလာတာလဲ ရှိတယ်။ ဥပမာ အနာသက်သာဆေး၊ ချောင်းဆိုးပျောက်ဆေး၊ ချွဲထွက်ဆေး၊ နှာခေါင်းသွေးအလာနည်းဆေးတွေ။ (အလာဂျီ) ကို ပေးတဲ့ဆေးပေမဲ့ ဒီဆေးကို မတည့်ဘဲ (အလာဂျစ်) ဖြစ်သူတွေလဲ ရှိတယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေကို သတိနဲ့ပေးရတယ်။ ကားမောင်းရမဲ့သူတွေ မသောက်သင့်ဘူး။ အရက်နဲ့ တွဲမသောက်သင့်ဘူး။

အဲလို ဆေးများ-လွန်ကဲသူကို ဘယ်လိုကုသမလဲ -
အဆိပ်သင့်သူတွေကို အများဆုံးလုပ်ပေးရတဲ့ ချက်ချင်း အစာအိမ်ထဲ ပိုက်သွင်းပြီး ကျန်နေမဲ့ ဆေးတွေကို ဆေးထုတ်ပြစ်တာကို ဒီနေရာမှာ သိပ်မသုံးပါ။ အထောက်အကးပြုမှုကိုလုပ်ပေးရမယ်။
• (IV) သွေးပြန်ကြောထဲ ဆေးသွင်းတာ၊
• သွေးဖိအားတက်ဆေး၊ နှလုံးခုန်မှန်ဆေး၊ တက်ရင်အတက်ရပ်ဆေး၊
• နှလုံး + အဆုပ်ကို စောင့်ကြည့်မယ်။
• အသက်ရှူကောင်းစေအောင် ပိုက်သွင်းမယ်၊
• ဆေးရုံတင်ပြီး ကုသရမယ်။

မေးတဲ့သူရေးပြတာထဲမှာ အရက်-ဘီယာနဲ့ဆေးရောတဲ့ အချက်ပါတယ်။ သေ-မသေဆိုတာ ဆေးသောက်ပြီး ဆေးကုသမှု ခံရတဲ့အချိန် ကြာ-မကြာလဲရှိမယ်။ အဆိပ်သင့်ခြင်းအကြောင်း ရှေးဦးသူနာပြုလက်စွဲထဲမှာ ရေးထားပါတယ်။

Dr. တင့်ဆွေ

ที่อยู่

ထိုင်း
Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ KO YE ဘဝစာပေผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์