ပဲခူးသားလေး Bago TharLay

ပဲခူးသားလေး Bago TharLay စိတ်ဝင်စားသူများ

🙏သိက္ခာရှိတဲ့ ရဟန်းတစ်ပါးဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး လွယ်လွယ်နဲ့လဲ ဝတ်ခွင့်မရပါဘူး နည်းလမ်းအမျိုးမျိုး၊ စစ်ဆေးခြင်းအမျိုးမျိ...
10/04/2024

🙏သိက္ခာရှိတဲ့ ရဟန်းတစ်ပါးဖြစ်ဖို့ဆိုတာ
မလွယ်ပါဘူး လွယ်လွယ်နဲ့လဲ ဝတ်ခွင့်မရပါဘူး
နည်းလမ်းအမျိုးမျိုး၊ စစ်ဆေးခြင်းအမျိုးမျိုး၊ သတ်မှတ်ချက် ကျင့်ဝတ်အမျိုးမျိုး၊ အသွယ်သွယ်နဲ့အတူ
ခံယူခြင်းအမျိုးမျိုး ပေးဆပ်ခြင်းအမျိုးမျိုး၊ ပြစ်ညှပ်ချက်မျိုးမျိုးနဲ့ သိက္ခာပုဒ်အမျိုးမျိုးကို ခံယူပီးမှ ဝတ်ခွင့်ရပါတယ် ချို့ယွင်းချက်ရှိသည်ဖြစ်စေ၊ အပြစ်တသ်ခုခုကျူးလွန်သည်ဖြစ်စေ ပုံမှန်လူးသားတွေထက် အပြစ်ပို၍ အဆပေါင်းများစွာ ကြီးမားပါတယ်...ထို့ပြင်
အကယ်၍ ...လူသားဘဝသို့ပြောင်းရင်တောင် ဆင်မြန်းထားတဲ့ ရှိသမျှသေး သိက္ခာအားလုံးကိုကုန်စင်အောင်ချပီးမှ ပြောင်းလဲခွင့်ရှိပါတယ်
ရှင်သာမဏေနဲ့တောင် များကြီးကွာခြားမူ့ကို တွေ့ရှိပါတယ်
ထို့ကြောင့်...
ဝတ်ပီးခါစမှစ၍ အသေပျော်ပီရယ်လို့ မှတ်ထင်ထားပါတယ် မင်္ဂလာရှိသောညချမ်းလေးပါ🙏🙏🙏

08/11/2023

Dj မြူမြူလေး အစဆုံး🥰 Show


🤝⭐🤝
31/08/2023

🤝⭐🤝

🤝⭐🤝
လခစား ဝန်ထမ်းလုပ်လေ သူဌေးကြိုက်လေပဲ သတိရှိပါ...

သူများရည်မှန်းချက်တွေကို အကောင်အထည်ဖော်ပေးနေတာတွေ ရပ်လိုက်ပါတော့....

အောင်မြင်ချင်ရင် ကိုယ့်ပိုင်အလုပ်လုပ်နိုင်အောင် ကြိုးစားပါ...

ကိုယ့်အိမ်မက်ကို ကိုယ်ကိုယ်တိုင်ဖန်တီးပါ

ချမ်းသာဖို့က သူဌေးမလုပ်ပေးဘူး

ကိုယ်တိုင်လုပ်ရမှာပါ...


🤝🙏🤝
31/08/2023

🤝🙏🤝

🤝🙏🤝အရမ်းကောင်းတယ်ဖတ်ကြည့်နော်🤝🙏🤝

ငယ်ငယ်တုန်းကဆို
ဟိုဟာ လိုချင်တယ်ဆို
ဝယ်ပေးလိုက်။
ဒီဟာ ပူဆာရင်
ဆင်ပေးလိုက်နဲ့
အမေတစ်ယောက် ရင်တွေ ပူခဲ့တယ်။

သား သမီးတွေက
အေမ့ကို ဘဏ္တိုက္တစ္ခုလို့
ထင်မှတ်နေခဲ့တယ်။

အမေကလည်း သား သမီးတွေ
အတွက်ဆို
ဘယ်ဟာမဆို ဝယ်ပေးနိုင်တယ်လို့
ထင်ခဲ့တယ်။

သား သမီးအလိုကျ ဝယ်ပေးနိုင်လို့
အမေ့ကို ချစ်ကြတယ်။

ငါ့အမေ မင်းအမေမဟုတ်ဘူး ဆိုပြီး
အလုအယက်ဖြစ်နေကြတယ်။

အမေတစ်ယောက် အပြုံးမပျက်
မျှော်လင့်ချက်ကလေး ထား
ငါ့ကို နောင်တစ်ချိန် ကျွေးမွေးပေးမဲ့
သားသမီးပါ ဆိုပြီး ပီတိဝေလို့။

သား သမီးတွေ အတွက် ရင်ကော့ပြီး
ဂုဏ်ယူနေတော့တာ
အားရကျေနပ်နေတော့တာ
ကျွေးမွေးသမျှ ပေးဆပ်ရမှုအတွက်
ပြုံးပျော် လို့
အမေတစ်ယောက် ဝမ်းသာနေရှာတယ်။

တောင်းသမျှ ပေး
လိုသလောက် လိုက်လျောပြီး
အမေဟာ ဖြည့်ဆည်းပေးလို့
သား သမီးတွေကို ပေးဆပ်နေတော့တာ။

သား သမီးတွေကလဲ တစ်ပြုံးပြုံးနဲ့
အမေကိုချစ်လိုက်ကြတာ အမေမှ အမေပဲ။

အမေ အရွယ်ကောင်းတုန်းပေါ့
အမေ လှုပ်ရှားနိုင်တုန်းပေါ့
အမေ ပြုံးပြနိုင်တုန်းပေါ့

ဒါပေမဲ့ မကြာလိုက်ပါဘူး။

သင်္ခါရ နိယာမတရားကို မလွန်ဆန်နိုင်တဲ့
အ မေဟာ
ဇရာထောင်းလို့ အိုလာတဲ့အချိန်မှာ
အ မေဟာ
တုတ်ကို အားပြုနေရတယ်။

အခုတော့
အမေဟာ ထမင်းကလေးတစ်လုတ်ကို
စားရဖို့တောင်
အပြောဆိုခံရလို့ပေါ့

ပြောလိုက်တဲ့ လေသံကလဲ
ဒီအဘွားကြီး နေရာတကာ ပါတယ်။
အေးဆေး မနေဘူး

အဘွား အဘွားကြီးပဲ ဖြစ်နေပါရော့လား

ဘုရားရှင်တောင် နို့ဖိုးကျေအောင်
တော်တော် အားထုတ်ရတာ။
ပုထုဇဉ်ဆို
ပိုဆိုးတယ်ဆိုတာ သူတို့မသိရှာဘူး။

ဒါပေမဲ့ခွင့်လွှတ်တယ်လေ။
မိဘမေတ္တာပေါ့

သား သမီးတွေ
ဘယ်လိုအပြစ်ပဲ လုပ်ပါစေ

ဘုရားတောင် ခွင့်မလွှတ်နိုင်တဲ့
အပြစ်ရှိမယ်ဆိုရင်
မိဘက ခွင့်လွှတ်တယ်လေ။

အဲဒါ ကရုဏာအပြုံးပိုင်ရှင် မေမေပါ။

မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်။
🤝🙏🤝


🤝⭐🤝
31/08/2023

🤝⭐🤝

⭐အရမ်းကောင်းတဲ့စားသား ဖတ်ကြည့်ပါ⭐

အတိတ်ကို ပြင်လို့မရပေမယ့် အနာဂတ်ကိုတော့ ပြင်လို့ ရပါတယ်
____________________________________________

တနေ့မှာ လူတစ်ယောက်ဟာ စာပေဟောပြောပွဲတစ်ခုကို သွားပြီး ဟောပြောတယ်။ တခြားဆရာတွေအသီးသီးပြောကြားပြီးလို့ သူပြောရမယ့် အလှည့်လည်းကျရော စင်ပေါ်တက်လိုက်တာ ခြေထောက်နဲ့ ပုဆိုးစနဲ့ညိပြီး ပုဆိုးကျွတ်ကျပါလေရော။

သူအဲ့လိုပုဆိုးကျွတ်ကျတာကို အပေါင်းအသင်းမိတ်ဆွေတွေရော ဟောပြောပွဲလာနားထောင်တဲ့လူတွေရော အကုန်လုံး မြင်လိုက်ကြတယ်။

သူ ချက်ချင်းပဲ အိမ်ပြန်ပြေးတယ်။

နောက်နေ့တွေလည်းကျရော သူဟာ ပုဆိုးစီးတဲ့အခါတိုင်း ခါးပတ်ပတ်ပြီးမှပဲ စီးလေ့ရှိတော့တယ်။ သူအဲ့လို စီးတာကို သူငယ်ချင်းတွေကမြင်တော့

"လုပ်မနေစမ်းပါနဲ့ကွာ မင်းပုဆိုးကျွတ်ကျတာကို လူတိုင်းသိတယ် လူတိုင်းလည်း မြင်တယ်၊ အတိတ်ဆိုတာ ပြင်လို့ မရပါဘူးကွာ" ဆိုပြီး တဟားဟားနဲ့ စကြတယ်။

အဲ့လိုအစခံရတော့ သူက တစ်ခွန်းပဲ ပြန်ပြောတယ်။

"မှန်တယ်၊ အတိတ်ကို ပြင်လို့မရဘူး။ ဒါပေမဲ့ အနာဂတ်ကိုတော့ ပြင်လို့ရတယ်။ ကျုပ်အတိတ်ကို ပြင်ဖို့ ကြိုးစားနေတာ မဟုတ်ဘူး အနာဂတ်ကို ပြင်ဖို့ ကြိုးစားနေတာ"ဆိုပြီး ပြောလိုက်တော့တယ်။

ရယ်စရာအဖြစ်အပျက်ကလေးဆိုပေမယ့် သင်ခန်းစာယူစရာတွေ ရှိပါတယ်။ အဲ့ဒီသင်ခန်းစာကတော့ ကျွန်တော်တို့ အနေနဲ့ အတိတ်ကို ပြင်လို့မရပေမယ့် အနာဂတ်ကိုတော့ ပြင်လို့ရတယ်ဆိုတာပါပဲ။


❤️

🤝⭐🤝
31/08/2023

🤝⭐🤝

⭐အရမ်းကောင်းတယ်ဖတ်ကြည့်ပါ⭐

အကြာကြီး တေးမထားနဲ့
*******************
ဖတ်ကြည့်နော်...

နေမကြာ
သေမကြာတဲ့ဘဝမှာ...
ဘာကိုမြ
အကြာကြီး တေးမထားပါနဲ့။

ဒီနေ့ကို
ကိုယ်ပိုင်ပေမယ့်
မနက်ဖြန်ကို
ကိုယ်မပိုင်နိုင်ပါဘူး။

ဒီနေ့မှာ ကျန်းမာနေပေမယ့်
မနက်ဖြန်မှာ မနာဘူးလို့
ဘယ်သူမွ အာမမခံနိုင်ပါဘူး။

ဒါကြောင့်.....
မုန်းစိတ်ကိုလည်း
တိုအောင် ကြိုးစား။

သံသယကိုလည်း
မဝင်မိအောင် ကြိုးစား။

မာနကိုလည်း
မဆုတ်ကိုင်မိအောင်
ကြိုးစားပါ။

အမှိုက်တွေ အရှုပ်တွေကို
သိမ်းဆည်းထားရအောင်
ကိုယ္က
အမှိုက္ပုံး မဟုတ္ပါဘူး။

ကောင်းတာတွေကို
သိမ်ဆည်းထားရမယ့်
မှန်ဗ္ဗီရိုတစ္လုံးလို ဖြစ်နေပါစေ...

စိတ်ထဲမှာ အမြဲတမ်း
ကောင်းတာတွေပဲ
သိမ်းဆည်နိုင်အောင် ကြိုစားမှ

ဘဝက အေးချမ်း ပေါ့ပါးပြီး
အဆင်ပြေနေပါလိမ့်မယ်။

မေတ္တာဖြင့်...


❤️

🤝⭐🤝
31/08/2023

🤝⭐🤝

⭐အရမ်းကောင်းတဲ့စာသားဖတ်ကြည့်ပါ⭐

အားမလျှော့နဲ့

ဘ ဝ မှာ
လွယ်လွယ်နဲ့ ရတဲ့အရာက တန်ဖိုးမရှိသလို
တန်ဖိုးရှိတဲ့အရာကလဲ လွယ်လွယ်နဲ့ မရဘူး

စစ်မှန်တဲ့ အောင်မြင်မှုတိုင်းမှာ
မှန်ကန်တဲ့ ကြိုးစားအားထုက်မှုဆိုတာ ရှိကို ရှိတယ်

ဒုက္ခနဲ့ ဝေဖန်ခံရမှုကလွဲရင်
ကျန် တာ အ လ ကား မ ရ ဘူး

ရောက်ချင်ရင် လျှောက်ရမယ်
ရ ချင် ရင်ကြိုး စား ရ မယ်
ပိုတော်ချင်ရင် ပိုလေ့ကျင့်ရမယ်
သူများထက်ပိုသိချင်ရင် သူများထက်ပိုလေ့လာရမယ်
ဘယ်အရာပဲဖြစ်ဖြစ် တန်ရာတန်ရာတော့ ပေးရတာပဲ

သူကြိုးစားနေတဲ့အချိန်မှာ ကိုယ်ကအိပ်နေပြီး
ကိုယ်ကျရှုံးချိန်မှာ သူအောင်မြင်သွားမှ
မင်းက ကံကောင်းတယ်လို့ သွား မ ပြော နဲ့
ကိုယ့်ရဲ့ ကြိုစားအားထုက်မှုဟာ ကိုယ့်ဘဝဖြစ်လာမှာပဲ

လိုချင်တာတစ်ခု ရဖို့
အခက်အခဲ များစွာကျော်ဖြတ်ရသလို

ပန်းတိုင်းကို ရောက်ဖို့ဆိုတာလဲ
အတားအဆီးတွေကို ရင်ဆိုင်ဖြေရှင်းပြီး
ကြိုးကြိုးစားစား ဇွဲလုံလနဲ့ သွားနိုင်မှ ရတာပါ

ကိုယ့်ကိုယ်ကို ပြန်မေးပါ
ဒီအရာကို ငါ တကယ်လိုချင်တာဟုတ်ရဲ့လားလို့

တ ကယ် လို ချင် တယ် ဆို ရင်
တကယ်ကြိုးစားပါ ဘယ်တော့မှ အားမလျှော့နဲ့
ဝိရီယထားပြီး လိုချင်စိတ်နဲ့ လုပ်တဲ့သူအတွက်
ထိုက် တန် တဲ့ နေ ရာ တစ် ခု တော့ . ရှိ စ မြဲ ပါ ပဲ

အ ရေး ကြီး တာ က
မင်း အား မ လျှော့ လိုက် ဖို့ ဘဲ လို တယ်...၊၊


ที่อยู่

Bangkok

เบอร์โทรศัพท์

+66615207877

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ပဲခူးသားလေး Bago TharLayผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์