25/09/2023
နာဆာ(NASA) ကတော့ ကမ္ဘာမြေကို ဝင်တိုက်နိုင်မယ့် ဂြိုလ်သိမ်ဂြိုလ်မွှားကြီးတစ်လုံးကို ဖျက်စီးပစ်ဖို့ စီစဥ်နေပါတယ်။ ဒီဂြိုလ်သိမ်ကြီးရဲ့ အရွယ်အစားဟာ အမေရိကန်နိုင်ငံက အင်ပါယာစတိတ်အဆောက်အဦးကြီးလောက် ရှိပါတယ်။
ဒီဂြိုလ်သိမ်ဂြိုလ်မွှားကြီးကို "Bennu" ဟု နာမည်ပေးထားပြီး ကမ္ဘာမြေကြီးကို 2182 ခုနှစ်၊ စက်တင်ဘာလလောက်မှာ ဝင်တိုက်နိုင်ခြေရှိတယ်လို့ ဆိုထားပါတယ်။ ဝင်တိုက်တဲ့အချိန်မှာလည်း ပြင်းအားက အဏုမြူဗုံး 22 လုံးစာလောက် ရှိမယ်လို့ ပြောထားပါတယ်။
နာဆာရဲ့ "OSIRIS-REx" အာကာယာဥ်ကတော့ 2020 ခုနှစ်၊ အောက်တိုဘာလမှာ ထိုဂြိုလ်သိမ်ကြီးအပေါ်သို့ ဆင်းသက်နိုင်ခဲ့ပြီး ဂြိုလ်ကြီးရဲ့မျက်နှာပြင်ပေါ်က ကျောက်တုံးကျောက်ခဲနမူနာတွေကို စုဆောင်းနိုင်ခဲ့ပါတယ်။ အခုချိန်မှာတော့ ထိုကျောက်တုံးကျောက်ခဲနမူနာတွေကို အာကာသယာဥ်ကနေ ကမ္ဘာမြေဆီသို့ ပေးပို့နေပြီ ဖြစ်ပါတယ်။ ထိုနမူနာတွေကိုလေ့လာပြီး ဂြိုလ်သိမ်ကြီးရဲ့ ဖွဲ့စည်းတည်ဆောက်မှုနဲ့ ဝင်တိုက်နိုင်ခြေတွေကို လေ့လာသွားမယ်လို့ ဆိုထားပါတယ်ဗျာ။
Edit - ဂြိုလ်သိမ်ဂြိုလ်မွှားကြီးဆီက နမူနာတွေ သယ်ဆောင်လာတဲ့ အလုံပိတ်ယာဥ် (Capsule) ဟာဒီနေ့မှာပဲ အမေရိကန်နိုင်ငံ၊ Utah ပြည်နယ်က သဲကန္တာရအတွင်းသို့ ဆင်းသက်မယ်လို့ သိရပါတယ်။
Ref: NASA