Kaung Myat Si Thu

Kaung Myat Si Thu ကမ္ဘာကျောရိုး မမဲ့သေးသ၍ အချစ်ဆိုတဲ့ ခေါင်းစဥ်အောက်မှာ ဘယ်သူဟာ ဘယ်သူ့အတွက်ရယ်ဆိုပီး
လူတွေရှင်သန်နေကြလိမ့်အုံးမယ်🖤

05/05/2024

အဖြစ်နဲ့ အပျက်ကို
မထိန်းချုပ်နိုင်သ၍
မင်းဟာ ပိုင်ဆိုင်မှုမရှိတဲ့
လူတန်းစား....

မင်းရဲ့ပိုင်ဆိုင်မှုမှာ
မင်းနှလုံးသားတောင်
မတည်မြဲဘူး.....

မပူနဲ့
ဒီဘဝမှာ မင်း
စိတ်ကိုပဲ ခပ်နဲ့နဲ့လေး
ပိုင်ဆိုင်ရမှာ
မင်း မပူနဲ့

05/05/2024

နှင်းမြို ခံထားရတဲ့
လမ်းကလေးထက် မှာ
ငါ့ သမုဒယနှလုံးသားလေးဟာ
ထည်ထည်ဝါဝါ လွမ်းဆွေးနေတယ်

ငါ့စိတ်နဲ့ ငါ့ကိုယ်
ခေတ္တ ကွေးကွင်းနေတယ်

အရှေ့ အစ
အနောက် အဆုံး
တောင် အစ
မြောက် အဆုံး
မြေမှုန်လေးတွေက အစ
တိမ်ဆိုင်လေးတွေ အဆုံး
မင်းအပြုံး မွှေးမွှေးဟာ
ကျော့ကျော့ရှင်းရှင်း သင်းပျံ့နေတယ်

လွမ်းရတဲ့ အကြိမ်ပေါင်းဟာ
ရေတွက်မရတဲ့ ပမာဏအထိ
ကျော်လွန် ခရီပေါက်နေပီ
ငါ့အချစ်တွေ မင်းအပေါ်
လိုသည်ထက်ပိုနေခဲ့ပီ...

05/05/2024

သတိ
ရှိတစ်ချက်၊ မရှိတစ်ချက်

အသက်ရှူနေသေး၍
နှလုံးခုန်နေသေး၍
ဒီလူဟာ ရှင်သန်နေတယ်လို့ဆို

လောင်စာပေါတဲ့
လောကမှာ
မီးစရှိတဲ့
ဘဝနဲ့

ဒီလူ
ပီးတော့ ဒီလူ
ပျက်စီးလောင်ကျွမ်းမှုများနဲ့ ဒီလူ

03/03/2024

နွမ်းခြောက်နေသော
ပန်းကလေးတွေ
အတိတ်မှာ ပွင့်လန်းခဲ့ပုံကို
လွမ်းခွင့်သိပ်ရှိသည်...

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Kaung Myat Si Thuผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์