20/03/2026
Nagoya မြို့တွင် ကျင်းပပြုလုပ်မဲ့ရန်ပုံငွေပိုက်ကျော်ခြင်း ပြိုင်ပွဲဝင်ထားသည့် အသင်းများ မိမိတို့ကစားရမဲ့အချိန် / အချိန်မီအရောက်လာပေးကြဘို့ လေးစားစွာဖိတ်ကြားအပ်ပါတယ်ခင်ဗျာ။
ပြိုင်ပွဲပုံစံနဲ့ စည်းမျဉ်းစည်းကမ်းများကိုလဲ သီးသန့်ထပ်မံဖော်ပြပေးထားပါတယ်ခင်ဗျာ။
✅ပြိုင်ပွဲကျင်းပမည့်ပုံစံ
"""အသင်းတစ်သင်းလျှင်
အသင်းအုပ်ချုပ်သူ (၁)ဦး
ကစားသမား (၅) ဦး
စုစုပေါင်း (၆) ဦးသားလက်ခံမည်"""
နောက်စည်းထိုး စာပင်အမှတ် (15) မှတ်ဂိမ်း
အုပ်စုပွဲများအားလုံး (၁) ပွဲသာ ကစားမည်
ဆီမီးပွဲစဉ် / ကွာတားပွဲစဉ်များကိုလဲ (၁) ပွဲသာကစားမည်
အနိုင် (3) မှတ်
အရှုံး (0) မှတ်
အုပ်စုတွင်းအမှတ်တူအသင်းများအနေဖြင့် ထိပ်တိုက်တွေ့စုံမှု ကြည့်ပီး အနိုင်ရထားသောအသင်းမှနောက်တဆင့်တက်မည်
တွေ့စုံမှု ပတ်လည်တူညီနေပါက ရမှတ် ပေးမှတ် ကွာဟချက်များ ကြည့်ပီး ပေးမှတ်အနည်းဆုံးအသင်းမှနောက်တဆင့်တက်မည်။
♦️(ပ | ဒု | တ) လုပွဲတွင် ဘတ်ရှော့ (၃) ပွဲကစားပါမည်။♦️
🏆ပြိုင်ပွဲစည်းကမ်းချက်များ---
1. နောက်စည်းထိုး။
2. အားကစားဝတ်စုံအပြည့်ဖြစ်ရမည်။
3. ချုပ်စားဗစ် ပိတ်။
4. နေရှင်နယ် Block သာခွင့်ပြုမည်။
5. ဖိနပ်ချွတ် ကစားချင်သူများအတွက် ခွင့်ပြုပါသည်။
6. ဒိုင်၏ဆုံးဖြတ်ချက်ကိုလိုက်နာရမည်။
7. မိမိအသင်းသားကိုလည်းကောင်း
ပြိုင်ဘက်အသင်းသားကိုလည်းကောင်း ဆဲဆို လှောင်ပြောင်ခြင်း လုံးဝ (လုံးဝ) ခွင့်ပြုမည်မဟုတ်ပါ။
8. ပြိုင်ပွဲဝင်းအသင်းများအားလုံး မိမိတို့၏ လူစရင်း နာမည် / ဓာတ်ပုံ (ခြင်းပွဲဖြစ်မြောက်ရေး ကော်မတီထံသို့) ပို့ဆောင်ပေးရပါမည်။
ပေးပို့ထားသော အသင်းဝင်စရင်းမှာပါရှိတဲ့ (ကစားသမား) မှလွှဲ၍ အခြားမည်သည့် ကစားသမားများကိုမှ လူစားထိုး ကစားစေမှု လုံးဝ (လုံးဝ)ခွင့်ပြုမည်မဟုတ်ပါ။
9 . အသင်းစရင်း ပေးသွင်းထားပြီး (ပြိုင်ပွဲ) နေ့တွင် အကြောင်းအမျိုးမျိုးကြောင့် (ပျက်ကွက်) မလာရောက်နိုင်ခဲ့ပါကလဲ အသင်းဝင်ကြေးတော့ ပေးဆောင်ရပါမည်ခင်ဗျာ။
ပြိုင်ပွဲကျင်းပမည့်-----
နေ့ရက်။ ။22 - 03 - 2026 (Sunday)
အချိန်။ ။9:00AM-5:00PM
နေရာ။ ။ Arakogawa park . Nagoya , Aichi.
(မြန်မာရိုးရာအတာသင်္ကြန်ပွဲ) နှစ်စဉ်ကျင်းပနေကြပန်းခြံ
https://maps.app.goo.gl/bXt3KFQh67FvaB8w6?g_st=com.google.maps.preview.copy