Wine Diary

Wine Diary Sharing is caring ❤️

31/05/2026

စင်ကာပူနဲ့ ထိုင်းက ကုမ္ပဏီကြီးတွေမှာ အလုပ်လျှောက်တဲ့အခါ CV တွေ ဘာလို့ အကြောင်းမပြန်ကြတာလဲ? 🧐

အလုပ်တွေ ဘယ်လောက်ပဲ လျှောက်လျှောက် HR ဆီက Reply မလာရတဲ့ အဓိကအကြောင်းအရင်းက သင့်အရည်အချင်းကြောင့် မဟုတ်ဘဲ သင့် CV ကြောင့်ပါ။

ဒါကြောင့် CV ကို ဘယ်လိုအခြေခံ အချက်တွေပါအောင် ပြင်ရမလဲဆိုတာ သိရှိဖို့ရည်ရွယ်ပြီး... "How to Prepare the ATS Resume" Interactive Workshop ကို ပြုလုပ်သွားတော့မှာ ဖြစ်ပါတယ်။ 🚀

✨ ဒီ Workshop မှာ ဘာတွေ လေ့လာရမလဲ?
ATS စနစ်ရဲ့ အလုပ်လုပ်ပုံကို သေသေချာချာ နားလည်စေခြင်း
AI ဖတ်ရလွယ်ကူပြီး standard ဖြစ်တဲ့ Format ချနည်း
CV ထဲမှာ Keyword တွေ ထိရောက်အောင် ထည့်သွင်းနည်း
ကိုယ်တိုင် ပြင်ဆင်နိုင်မယ့် ATS-Friendly Templates များ ဝေမျှပေးခြင်း

📅 Workshop အသေးစိတ် အချက်အလက်များ
နေ့ရက်: June 20 (စနေနေ့)
အချိန်: ညနေ ၇:၀၀ နာရီ မှ ည ၁၀:၀၀ နာရီအထိ (မြန်မာစံတော်ချိန်) — ၃ နာရီကြာ တောက်လျှောက်
နေရာ: Zoom Meeting (Live Workshop)

👇 Join ရန် Link:
https://t.me/+BxiZDeDloJ1iMGE1


ACCA Part 2/3 ရှိပြီး  full set မဆွဲတတ်သော Accountant များအတွက် "သင်တန်း တက်ရမှာလား? Self-study လုပ်ရမှာလား? ဘယ်လိုစလုပ်...
27/01/2026

ACCA Part 2/3 ရှိပြီး full set မဆွဲတတ်သော
Accountant များအတွက်

"သင်တန်း တက်ရမှာလား? Self-study လုပ်ရမှာလား? ဘယ်လိုစလုပ်ရမှန်းမသိ..."

ဒီစိုးရိမ်မှုတွေ သင့်မှာရှိနေပြီဆိုရင် ဒီ Post က သင့်အတွက်ပါ။

ဝိုင်း ကို မေးလာတဲ့ အမေးအများဆုံး မေးခွန်း:

"ACCA Part2 ထိ ပြီးထားတယ်၊ Banking /NGO မှာ နှစ်အတော်ကြာ လုပ်နေတယ်။ AP/AR ပဲကိုင်ခဲ့ဖူးတယ်။ Full Set of Accounts ကို တစ်ခုလုံး ကိုယ်တိုင် မပြင်တတ်ဘူး။ သင်တန်းဖွင့်ပေးပါလား?"

အဖြေက - သင်တန်း မလိုအပ်သေးပါဘူး။
သင်တန်းထက် ပိုထိရောက်တဲ့ နည်းလမ်း ရှိပါတယ်။

ဘာကြောင့် သင်တန်း မလိုသေးတာလဲ?

၁။ လာမေးတဲ့သူတွေ မှာ
အကောင်းဆုံး အခြေခံရှိပြီးသားပါ
ACCA ရဲ့ theoretical foundation မှာ သေချာသင်ခဲ့ရပြီးသားပါ။

၂။ NGO Experience ကမှာလဲ Asset
Donor reporting, fund management, compliance - ဒါတွေက commercial accounting ထက် ပိုရှုပ်ထွေးပါတယ်။ Banking မှာ လဲ ဒီလိုပါပဲ။

၃. Gap က သေးငယ်ပါတယ်
လိုနေတာလေးက Practical Application တစ်ခုတည်းပါ။ ဒါကို ဖြည့်ဖို့ လွယ်ကူပါတယ်။

သင်တန်းမတက်ပဲ ဘယ်လိုလေ့လာမလဲ?

အဆင့် ၁: လက်တွေ့ဆွဲကြည့်ပါ

· ကိုယ်တိုင်လုပ်နိုင်တဲ့ Company ရဲ့ Sample Data တစ်ခုယူပါ
· Excel မှာ Trial Balance ကနေ Financial Statements အထိ ကိုယ်တိုင်ဆွဲကြည့်ပါ
· မှားရင် ပိုကောင်းပါတယ် - မှားတဲ့နေရာကနေ သင်ယူပါ

အဆင့် ၂: YouTube ကို စနစ်တကျသုံးပါ

Search these keywords:
· "Full set of accounts practical demonstration"
· "From trial balance to financial statements"
· "Month-end closing process step by step"
· အကြံပေးချက်: India/ Pakistan channels တွေက Practical ပိုကောင်းပါတယ်

အဆင့် ၃: အခမဲ့ Resources တွေသုံးပါ

1. Accounting Coach (website) - ရိုးရှင်းပြီး လက်တွေ့ကျတဲ့ ရှင်းလင်းချက်များ
2. Corporate Finance Institute (free courses available)
3. သင့်ရဲ့ ACCA Study Text ကို ပြန်ဖွင့်ပါ - P2 မှာ Financial Reporting ကို အပြည့်အစုံပါပြီးသား

အဆင့် ၄: လုပ်ငန်းခွင်မှာ အတွေ့အကြုံယူပါ

· လက်ရှိအလုပ်မှာ Full Set ပြင်တဲ့သူကို ကူညီခွင့်တောင်းပါ
· "ဒီလိုဆိုရင် ဘယ်လိုလုပ်မလဲ" ဆိုတဲ့ မေးခွန်းတွေ မေးပါ
· Month-end process ကို observation လုပ်ပါ

သင်တန်းတက်မှ ဖြစ်မယ့် အခြေအနေများ:

✅ ကိုယ်တိုင် Self-study လုပ်ဖို့ စည်းကမ်းမရှိဘူး
✅ လုပ်ငန်းခွင်မှာ လေ့လာဖို့ အခွင့်အရေးမရဘူး
✅ အချိန်တိုအတွင်း လိုအပ်နေတယ် (အလုပ်လျှောက်ဖို့အချိန်နီးနေတယ်)
✅ အခြေခံကျကျ လက်တွေ့ပြချင်တယ်

ဒီ ၄ ချက်ထဲ ၃ ချက်ပါနေရင်တော့ သင်တန်းစဉ်းစားသင့်ပါတယ်။

အရေးအကြီးဆုံး အကြံပြုချက်:

"လုပ်ကြည့်၊ မှား၊ ပြန်၊ မေး"
ဒီ Cycle ကို ၃ ကြိမ်လောက် လုပ်ကြည့်ပါ။ ၉၀% သက်သာသွားပါလိမ့်မယ်။

ဘယ်အချိန်မှာ ဆက်သွယ်ရမလဲ?

တစ်ပတ်လုံး ကိုယ်တိုင်ကြိုးစားကြည့်ပြီး...

· "TB ကနေ FS ထုတ်တာ" လုပ်တတ်သွားပြီ
· ဒါပေမယ့် "ဘာကြောင့် ဒီလိုလုပ်ရတာလဲ" ဆိုတာ နားမလည်ဘူး
· Adjusting Entries တွေရဲ့ Logic ကို ချိတ်ဆက်မရဘူး

ဒီအဆင့်ရောက်ရင် သင်တန်းတက်ဖို့ အချိန်တန်ပါပြီ။

Motivation
ACCA Part2 ရှိသူတစ်ယောက်အနေနဲ့ Full Set of Accounts ကို မတတ်ဘူးဆိုတာ မဖြစ်နိုင်ပါဘူး။
သင်မသိသေးတာက လက်တွေ့ဘယ်လိုချိတ်ဆက်ရမလဲ ဆိုတာပါ။
ဒါကို သင်ယူဖို့ သင်တန်းထက် လက်တွေ့လုပ်ကြည့်တာ ပိုမြန်ပါတယ်။"

To Do
၁။ ဒီ Post ကို Save ထားပါ
၂. ဒီနေ့ညပိုင်း Excel ဖွင့်ပြီး Trial Balance တစ်ခုကနေ Financial Statement ဆွဲကြည့်ပါ
၃. မရဘူးဆိုရင် ဝိုင်း cb ကနေ အချိန်မရွေး လာမေးပါ။

မှတ်ချက်: ကိုယ့်အားကိုယ်ကိုးတတ်တဲ့ Accountant တစ်ယောက်ဖြစ်ဖို့ ပထမဆုံးခြေလှမ်းက ကိုယ်တိုင်စလုပ်ကြည့်တာပါ။

Remote Job ဘယ်လိုရှာရမလဲ? ဘယ်လိုလျောက်ရမလဲ?ဒီမေးခွန်းကို ဝိုင်းရဲ့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ အတွေ့အကြုံအပြည့်အစုံ နဲ့ sharin...
14/01/2026

Remote Job ဘယ်လိုရှာရမလဲ? ဘယ်လိုလျောက်ရမလဲ?

ဒီမေးခွန်းကို ဝိုင်းရဲ့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ အတွေ့အကြုံအပြည့်အစုံ နဲ့ sharing လုပ်ပေးချင်ပါတယ်။

Remote job အတွက်
သီးသန့် resume တစောင် ထပ်ရေးစရာ မလိုပါဘူး
Full-time job လျောက်နေတဲ့ resume တစောင်နဲ့ပဲ လျောက်လို့ရပါတယ်

ဒါပေမယ့်
❌ Position တခုကို resume တစောင်ထဲမှာ experience အမျိုးမျိုး ထည့်ရေးတာမျိုးက
အလုပ်ရှင်တွေ၊ recruiter တွေရဲ့ reliability ကို လျော့နည်းစေတတ်ပါတယ်
ဒါကိုတော့ သတိထားဖို့ အရမ်းအရေးကြီးပါတယ်။

LinkedIn profile ကိုလည်း
✔️ Skill
✔️ Experience
✔️ Role & responsibility
တွေကို သေချာကျကျ ပြင်ဆင်ထားဖို့ လိုပါတယ်။

ဝိုင်းရဲ့ Remote job ကတော့ LinkedIn ကနေ ရခဲ့တာပါ။

📌 Project ၂ ခု
• Thailand based luxury spa
• UAE body spa products

Duration – 4 months
Meeting – ၄လအတွင်း ၅ကြိမ်သာ
Salary – Estimate THB 100,000 (Bonus မပါ)

Remote job အတွက် ဘာတွေ ပြင်ဆင်ထားရမလဲ?

🔹 English Language – 4 skills ကောင်းရပါမယ်
Client တွေက native speakers တွေများပါတယ်။
(ဝိုင်းကတော့ India CFO ကပဲ clients တွေ ဦးဆောင်ပြောပေးလို့ CFOနဲ့ပဲ အများဆုံးcommunication လုပ်ခဲ့ရပါတယ်။)

🔹 Financial Analyst အခြေခံ နားလည်ရပါမယ်
🔹 Financial statements ရဲ့ ratio တွေကို ကောင်းကောင်းတွက်နိုင်ရပါမယ်
🔹 Advanced Excel သုံးတတ်ရပါမယ်

Comment / report တွေရေးရတာဖြစ်လို့
👉 English 4 skills ကတော့ ကောင်းကိုကောင်းရပါမယ်

Interview process
1️⃣ Phone interview
2️⃣ Virtual interview
3️⃣ Writing test
4️⃣ နောက်ဆုံး လူတွေ့ interview
ပြီးမှ စာချုပ်ချုပ်ခဲ့တာပါ။

👉 Remote job ဆိုလို့
တကူးတကကြီး remote website သီးသန့်ရှာ
remote resume သက်သက်လုပ်ပြီး
လျောက်ဖို့ မလိုပါဘူးဆိုတာကို sharing လုပ်ချင်ပါတယ်။

Overseas job hunting နဲ့ပတ်သက်ပြီး
• ACCA တက်ထားတယ်
• On-job training တွေရှိတယ်
ဒါပေမယ့်
❌ လျောက်သလောက် response မရ
❌ Interview တောင် မခေါ်ဘူးဆိုရင်

📣 23.01.2026 (Friday)
🕗 မြန်မာစံတော်ချိန် 8:00 pm – 11:00 pm
📍 Overseas Career & Job Hunting Tips Sharing Workshop
ကို FREE join ဖို့ ဖိတ်ခေါ်ပါတယ်။

🔗 Zoom link ကို share ပေးမယ့် Telegram channel ကို
👉 CB မှာ လာယူပါနော်

ဝိုင်း



ကဲ စိတ်ဆင်းရဲစရာ သတင်း တွေသောကတွေထဲမှာ နေရင်းနဲ့ ပဲဝင်ငွေရလမ်း အခွင့်အရေးလေးဖြစ်တဲ့ထိုင်းမှာ accountant အလုပ်ရှာဖို့စိတ်...
13/01/2026

ကဲ စိတ်ဆင်းရဲစရာ သတင်း တွေ
သောကတွေထဲမှာ နေရင်းနဲ့ ပဲ

ဝင်ငွေရလမ်း အခွင့်အရေးလေးဖြစ်တဲ့

ထိုင်းမှာ accountant အလုပ်ရှာဖို့
စိတ်ပူနေသူတွေအတွက်

အကြံပြုစာလေးရေးပေးလိုက်ပါတယ်

ထိုင်းမှာ မြန်မာ Accountant

တစ်ဦးအနေနဲ့
အလုပ်ရရှိဖို့
ဘာတွေလိုအပ်လဲ
ဘယ်လောက်ကြာနိုင်လဲလို့
ခဏခဏ လာမေးကြလို့

ဖြေပေးပါ့မယ်

လိုအပ်သော အရည်အချင်း

-အနည်းဆုံး ဘွဲ့ရရှိထားရန်
(ဥပမာ - B.Com, B.Acc, သို့မဟုတ် Bachelor တခုခု)

ဘွဲ့မရထားလဲ

CPA/ACCA/CMA ကဲ့သို့
Professional Certificate ရှိရင် ရပါတယ်။

အတွေ့အကြုံ

မြန်မာပြည်မှာ 2-3 နှစ် Accounting/Auditing အတွေ့အကြုံရှိရင် ပိုကောင်းပါတယ်

အတွေ့အကြုံမရှိဘူးဆိုပြီး
resume ထဲမှာရေးမယ်ဆို
Interview ရနိုင်ဖို့ မလွယ်ပါ

ERP Software (SAP, Oracle, QuickBooks)
အသုံးပြုနိုင်ရပါ့မယ်

ဘာသာစကား

အင်္ဂလိပ် (Intermediate Level အနည်းဆုံး) ရှိရပါ့မယ်
ထိုင်းကုမ္ပဏီအများစုက အင်္ဂလိပ်သုံးကြပါတယ်။

ထိုင်းဘာသာ (Basic Level)
တတ်ထားရင် ပိုကောင်းပါတယ်

Work Permit နဲ့ Visa

ထိုင်းမှာ အလုပ်လုပ်ဖို့ ဆို
Work Permit က အတော်လေး
တိုင်ပတ် တဲ့ ကိစ္စပါ။

အလုပ်မခန့်သေးဘူး
work permit ရှိလား
အရင် အမေးခံရတာမျိုးပါ။

Work permit နှစ်မျိုး နှစ်စား
အကြောင်းကို visa
အကြောင်းတင်ထားတဲ့ post မှာ
သွားဖတ်လို့ရပါတယ်

https://www.facebook.com/share/16Cpm8xPVe/?mibextid=wwXIfr

Work permit မရှိရင်တော့
ကုမ္ပဏီက သင့်ကို Sponsor
လုပ်ပေးမှ ရနိုင်တာမို့
အလုပ်ရှင်ရှာရမှာ ဖြစ်ပါတယ်

လွယ်မယောင်နဲ့ ခက်ပြီး
ခက်မယောင်နဲ့လွယ် လို့
မမဆောင်းနဲ့ တူပါတယ်

---

အလုပ်ရဖို့ ဘယ်လို
job platformတွေက လျောက်ရမလဲ ????

Job Portals မှတဆင့်

LinkedIn, JobsDB, JobThai, Glassdoor တို့မှာ Accounting Jobs ရှာပြီး နေ့မအား
ညမအား လျောက်ကြပါ။

တခါတလေ ထိုင်းမှာရှိတဲ့
မြန်မာ community
(Facebook Groups, Events) မှာ လဲ
မြန်မာ companies တွေ က ခေါ်တတ်ပါတယ်။

နည်းနည်းတော့ ဂျင်း မိတတ်လို့ ဉာဏ်လွှာ သုံးကြပါ။

---

အလုပ်ရဖို့ ဘယ်လောက်ကြာနိုင်လဲ????

အလုပ်ရှာချိန်က 3 လမှ 6 လ
(သို့) 1 နှစ်အထိ ကြာနိုင်ပါတယ်။

အောက်ပါအချက်တွေပေါ် လဲ မူတည်ပါတယ်

သင့်ရဲ့ resume ကောင်းမွန်မှု

သင့်ရဲ့ Qualifications & Experience

ထိုင်းစီးပွားရေး အခြေအနေ
(အချို့ကာလတွေမှာ
အလုပ်ခေါ်စာများနိုင်ပေမယ့်
တချို့ ကာလတွေမှာ
foreigner တွေကို လုံးဝ မခေါ်ပါဘူး
ဥပမာ new year အပြီး ပါ)

ကုမ္ပဏီရဲ့ Visa/Work Permit
ထုတ်ပေးနိုင်မှု ပေါ်လဲ မူတည်ပါတယ်။

---

လစာ ဘယ်လောက်တောင်းရမလဲ ဆိုသူများအတွက်

- Entry-Level Accountant→ THB 25,000 - 35,000/monthly

-Experienced (3-5 Years)→ THB 40,000 - 60,000/monthly

- အချို့ကုမ္ပဏီများက Accommodation , Visa, Insurance စတဲ့ allowance တွေပေးပါတယ်။

---

နောက်ဆုံး ပြောချင်တာက

English ကို fluently ပြောနိုင်အောင် လုပ်ထားပါ။
Thai ကို အနည်းဆုံး Basic Level လေ့လာထားပါ။
Mandarin, Cantonese , Japanese တွေ တတ်ရင်လဲ အလုပ်ရ မြန်ပါတယ်။

Resume ကောင်းကောင်းလေးပြင်ပါ။

LinkedIn Profile ကို Professional ဖြစ်အောင်ပြင်ပါ။

မြန်မာမှာ အတွေ့အကြုံ 2-3 နှစ်ရှိမှ ထိုင်းကို လျှောက်ပါ (Fresh Graduate ဆို ခက်ခဲနိုင်ပါတယ်)

ထိုင်းမှာ Accounting အလုပ်ရဖို့
အကောင်းဆုံးနည်းလမ်းက
ကုမ္ပဏီတစ်ခုက Work Permit နဲ့ Visa အတွက်
Sponsor လုပ်ပေးဖို့ပါ။

စိတ်ဓာတ်မကျပါနဲ့

အခွင့်အလမ်း ရှိပါတယ်၊

Consistency ရှိရှိနဲ့ လျောက်ရင်ပါတယ်။

ဘုရားတရားလဲ မမေ့ပါနဲ့လို့ မှာရင်း

ဝိုင်း (ခေတ္တ Accountant at Thailand )


မဝိုင်းရေ ဘယ်နိုင်ငံကို လျောက်ချင်လို့ ပါဘာတွေ ပြင်ဆင်ရမလဲ ဘာတွေ လုပ်ရမလဲ နဲ့မေးကြတော့လေJob hunting & on job trainingသင်...
13/01/2026

မဝိုင်းရေ ဘယ်နိုင်ငံကို လျောက်ချင်လို့ ပါ

ဘာတွေ ပြင်ဆင်ရမလဲ ဘာတွေ လုပ်ရမလဲ နဲ့

မေးကြတော့လေ

Job hunting & on job training

သင်တန်းဖွင့်ဖို့ရည်ရွယ်ထားပေမယ့်

တချို့တွေရဲ့ မေးခွန်းတွေကြောင့်

စိတ်ပင်ပန်းရမယ့် ဒဏ်ကို မလိုချင်လို့

ဖွင့်ဖို့ မဖွင့်ဖို့ကို စဉ်းစားနေပါတယ်

ပထမဦးဆုံး အနေနဲ့ ပြောချင်တာ

ကိုယ်လျောက်မယ့် နိုင်ငံရဲ့

အလုပ်ခေါ်စာတွေကို ဖတ်ကြည့်ပြီးပြီလားလို့
မေးချင်ပါတယ်

အလုပ်ခေါ်စာတွေမှာ Job description ပြီးရင်

requirements ဆိုတာ ပါပါတယ်

Hard skill တွေဖြစ်တဲ့

Experience ဘယ်လောက်ရှိရမယ်
Bachelor ရထားရမယ်
သက်ဆိုင်ရာ diploma ရှိရမယ်
Full set of accounting လုပ်နိုင်ရမယ်
Language skill
Technical skill ရှိရမယ်ဆိုတဲ့ အချက်တွေကို ဖတ်ပြီး

ငါ့မှာ အဲ့လို အရည်အချင်း တွေရှိနေပြီလားလို့ သုံးသပ်ပါ

လုံလောက်တဲ့ experience
International diploma, certificate
Language, technical skills တွေ ရှိရဲ့လား

မရှိရင် ရှိအောင် ဖြည့်ရပါမယ်

အဲ့ဒါတွေ မရှိဘဲ အလုပ်လျောက်နေလို့က

Resume ဘယ်လောက်ကောင်းကောင်း reject ပါ။

Must be လို့ရေးထားတဲ့
ရှိကိုရှိရမယ့် skill တွေ ကိုယ့်မှာ လိုနေရင်
တခုချင်းစီဖြည့်ပါ ။

ဥပမာ မြန်မာနိုင်ငံ အတွေ့အကြုံတော့ရှိတယ်၊ international diploma , certificate မရှိဘူးဆို မရပါဘူး

International diploma certificate တော့ရှိတယ် အတွေ့အကြုံ လုံးဝ မရှိဘူးဆိုလဲ မရပါဘူး

အဲ့တော့ လိုအပ်နေတာကို တဆင့်ဆီဖြည့်ပါ။

အရေးကြီးဆုံး တချက် နိုင်ငံခြားအလုပ်လျောက်ပါမယ် ဆိုတာကို English လို မတတ်ရင် အဆင်မပြေပါဘူး ။

ကိုယ်ဘာလိုနေလဲဆိုတာ ကိုယ်လျောက်ချင်တဲ့ နိုင်ငံရဲ့ အလုပ်ခေါ်စာတွေမှာ ကြည့်ပါ။

Singapore-> jobstreet / LinkedIn / my career future
Thailand -> LinkedIn / Jobdb
Dubai-> Indeed / LinkedIn
Remote jobs -> LinkedIn

AI ခေတ်မှာ အခြေခံအဆင့်တောင် မလုပ်နိုင်ရင်
အခွင့်ရေးကောင်းတွေကို လက်လွတ်ရမှာပါ ။

ACCA သင်တန်းကို ဘယ်လိုတက်ရမှာလဲ ဆိုတဲ့ မေးခွန်းမျိုးဟာ နိုင်ငံခြားမှာ accountant လုပ်ချင်သူတယောက်အတွက် သူများကို သွားမေးနေစရာ မလိုဘူးလို့

ဝိုင်းတော့ ယူဆပါတယ်။ မေးနေရင်ပြီဆို လိုနေပါသေးတယ် ။ ကြိုးစားရပါအုံးမယ် ။ Hard skills တွေ ပြည့်ပြီဆို

Soft skills တွေဖြစ်တဲ့ under pressure , accountability, responsibility, teamwork, discipline, integrity , communication အများကြီး ဖြည့်ရအုံးမှာပါ။

အဲ့လို soft skills မရှိလို့ အလုပ်ဖြုတ်ခံရသူတွေ တပုံကြီးပါ။

အဲ့တော့ hard skills ရော soft skills ရော ဖြည့်ပါ။

ဦးနှောက်ကို အစားကျွေးပါ။

Brain storming တွေလုပ်ပါ။

သူများချည်းအားမကိုးပါနဲ့

နောက်နေ့ ATS resume နဲ့ပတ်သက်ပြီး

အသေးစိပ်ရေးပေးပါအုံးမယ်

See you

ဝိုင်း




Singapore မှာ Home Maid , Healthcare assistant, Cleaner Waiter/Waitress စသည့်ဖြင့်အကြောင်းအမျိုးမျိုးကြောင့် လုပ်နေရပြီး...
13/01/2026

Singapore မှာ Home Maid , Healthcare assistant, Cleaner Waiter/Waitress စသည့်ဖြင့်

အကြောင်းအမျိုးမျိုးကြောင့် လုပ်နေရပြီး Accountant အဖြစ် ကူးပြောင်းဖို့ ကြိုးစားနေတဲ့
သူလေးတွေ အတွက် အမှာ စကားပါ။

ကိုယ်က ဘွဲ့ရထားတယ်။ Accountant အနေနဲ့လဲ မြန်မာနိုင်ငံမှာ လုပ်သက် အနည်းငယ် လုပ်ခဲ့ဖူးတယ်။

LCCI diploma လဲရှိထားပေမယ့် ခုလက်ရှိမှာ အခက်အခဲ မျိုးစုံကြောင့် career မမှန်သေးရင် စိတ်ဓာတ်မကျပါနဲ့

ကြိုးစားလို့ရပါသေးတယ်

ဒီလို ကူးပြောင်းဖို့ဆိုတာ မလွယ်ကူပေမယ့်
လုံးဝမဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။

ဒီနေရာမှာ အဓိက အရေးကြီးဆုံး အချက်နှစ်ချက်က အရည်အချင်းနဲ့ အတွေ့အကြုံ (Qualifications & Experience) ပဲ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ လက်ရှိအနေအထားက qualification ရော experience ရော ဖြည့်ဖို့ မလွယ်ဘူး
နေရင် ဘာလုပ်သင့်လဲ?

အဖြေက ရှင်းပါတယ်။
Mandarin (Chinese) Languageကို
အရင်ဆုံး ကြိုးစားသင်ယူပါ။

"On-Job Training" သင်ယူထားရုံနဲ့ မလုံလောက်ပါဘူး။

Singapore Accountant On-Job Training ဆိုတာ
ကောင်းတဲ့အချက်ဆိုပေမယ့် ဒီတစ်ခုတည်းနဲ့တော့ စာရင်းကိုင်လို Professional အလုပ်ကို ရဖို့ ခက်ခဲပါတယ်။

အလုပ်ရှင်တွေက English, Mandarin ဘာသာစကား နှစ်မျိုးလုံးကို ကျွမ်းကျင်စွာ ပြောဆိုဆက်ဆံနိုင်မယ့် သူကို ပိုမိုလိုလားပါတယ်။

ဒါဆို ဘယ်လိုစလုပ်မလဲ?

၁။ ဘာသာစကားကို အရင်ဦးစားပေးပါ။
ကိုယ့်မှာ Professional Qualification အားနည်း နေရင်တောင် English +Mandarin ဘာသာစကား ကျွမ်းကျင်မှုက သင့်ရဲ့ Resume ကို ချက်ချင်း
သတိထားမိမှာပါ။

အလုပ်ရှင်တွေက ဘာသာစကားကျွမ်းကျင်သူကို နှစ်သက်ကြပါတယ်။

၂. အခြေခံအရည်အချင်း (Basic Accounting Qualifications) ရယူပါ။
အွန်လိုင်းကနေ free သင်ယူလို့ရတဲ့ သင်တန်းတွေ များကြီးပါ။ YouTube မှာ ရှာကြည့်ပါ။ မြန်မာလိုတွေ ရှင်းပြထားကြပါတယ်။ full set of account ဆွဲနည်းတွေ

၃. ဘာသာစကားနဲ့ အရည်အချင်း ပေါင်းစပ်ပါ။ Mandarin ကို အခြေခံကစပြီး စာရင်းကိုင်ပညာရပ်ဆိုင်ရာ စကားလုံးတွေ (Accounting Terms) တွေကိုပါ တွဲဖက်သင်ယူပါ။

သေချာတာကတော့...

ဘာသာစကား နှစ်မျိုးလုံး ကောင်းကောင်းပြောတတ်မယ်ဆိုရင် စင်္ကာပူလုပ်ငန်းခွင်မှာ အလုပ်ရဖို့ အခွင့်အလမ်းက များစွာ ပိုမိုလွယ်ကူလာပါလိမ့်မယ်။

ကိုယ့်ရဲ့ လက်ရှိအားနည်းချက်ကို ဘာသာစကားစွမ်းရည်နဲ့ ဖြည့်စွက်ပြီး အနာဂတ်အတွက် ခိုင်မာတဲ့ အခြေခံကို တည်ဆောက်လိုက်ပါ။

ခက်ခဲတဲ့ခရီးကို စတင်ဖို့ မကြောက်ပါနဲ့

Accountant အလုပ် ချက်ချင်းမရရင်တောင်
ဘာသာ စကားကျွမ်းကျင်ရင်
တခြားရုံးအလုပ်တွေ ရနိုင်ပါတယ်

Career ကူးပြောင်းချင်သူတွေအတွက်
အကူအညီ တခု ဖြစ်ပါစေ

ဝိုင်း



ဘယ်လို LinkedIn Profile တည်ဆောက်မှ အလုပ်ခေါ်တဲ့ သူတွေ တွေ့နိုင်မလဲ???LinkedIn က cv တစ်စောင်လိုမျိုးပါပဲကောင်းမွန်ပြီး Pr...
13/01/2026

ဘယ်လို LinkedIn Profile တည်ဆောက်မှ အလုပ်ခေါ်တဲ့ သူတွေ တွေ့နိုင်မလဲ???

LinkedIn က cv တစ်စောင်လိုမျိုးပါပဲ
ကောင်းမွန်ပြီး Professional ဖြစ်ရင် အလုပ်ရှင်တွေ စိတ်ဝင်စားပြီး ခေါ်သွားနိုင်တယ်။

အများစုက auto generate လိပ်စာ
(linkedin.com/in/thazinwine-123456789abacde/) ကိုပဲ ပေးနေကြတယ်။

ဒါထက် ကိုယ့်နာမည်နဲ့ တိကျပြီး အလွယ်မှတ်မိနိုင်တဲ့ Link တည်ဆောက်ပေးသင့်တယ်။

1. Profile URL ကို Customize လုပ်ပါ
• LinkedIn settings ထဲက “Edit public profile & URL” ကို သွားပြီး
• Auto ဖြစ်နေတဲ့ အရှည်ကြီး link ကို မသုံးဘဲ
• linkedin.com/in/yourname ဆိုပြီး ကိုယ့်နာမည်လေးနဲ့ပဲ ပြောင်းပေးပါ။
အလုပ်ရှင်/Recruiter တွေ အလွယ်တကူ click လို့ရပြီး သေချာမှတ်မိတယ်။

2. Professional Profile Photo
• သပ်ရပ်ပြီး အလုပ်အတွက်သင့်တင့်တဲ့ ပုံတစ်ပုံ ရွေးပါ
• Background ကို အဖြူ (သို့) အရောင်နုပဲသုံးပြီး ဆွဲဆောင်မှုရှိအောင် ရိုက်ထားပါ
Profile ပုံအပြင် Cover photo လေး ပါ တင်ပါ။

Profile photo သည် recruiter တွေ ရဲ့ ပထမဆုံး သတိထားမိစရာ အချက်ပါ။

3. Headline ကို အကျိုးရှိအောင် ရေးပါ
• “Accountant at ABC Co., Ltd.” လိုမျိုး ရေးမထားဘဲ
• Job role + Skills/Expertise ပေါင်းပြီး ရေးပါ
ဥပမာ – “Accountant | Financial Reporting | SAP & Excel Specialist”

4. About Section (Summary)
• ကိုယ့်အတွေ့အကြုံ + အားသာချက်တွေကို short paragraph အနည်းဆုံး 3–4 စာကြောင်းရေးပါ
• နည်းပညာကျွမ်းကျင်မှု, အောင်မြင်စွာ ပြီးစီးထားတဲ့ project, career goal တို့ကို ထည့်ပါ

5. Experience + Achievement
• အလုပ်အတွေ့အကြုံတွေကို ထည့်တဲ့အခါ Duties များကို အတိအကျ bullet points နဲ့ရေးပါ
• Achievements ထည့်ပေးပါ – ဥပမာ: “Reduced monthly closing time by 20% using Excel automation”

6. Skills & Endorsements
• ကိုယ့်လုပ်ငန်းနဲ့ဆိုင်တဲ့ skills (Accounting, Auditing, Financial Reporting, Excel, SAP) စသဖြင့် ထည့်ပါ
• Colleagues, classmates တွေကို Endorse လို့လည်း တောင်းနိုင်တယ်။

7. Connection & Networking
• Colleagues, Recruiters, HR, အလုပ်ရှင်တွေကို connect လုပ်ပါ
• Relevant group တွေ join ပြီး post တင်မယ်, comment လုပ်မယ်ဆိုရင် Visibility တက်တယ်

8. Regular Update & Sharing
• Accounting / Finance / Career တို့နဲ့ ဆိုင်တဲ့ knowledge-sharing post တင်ပါ
Recruiters တွေ ကိုယ့်အရည်အချင်းတွေကို ဖတ်ရင်း သဘောကျလာနိုင်တယ်

အကျဉ်းချုပ် – LinkedIn Profile ကို အလုပ်ရှင်တွေ စိတ်ဝင်စားအောင် တည်ဆောက်ဖို့ 3 အချက် အဓိက:
1. Customized URL (ကိုယ့်နာမည်လေးနဲ့ပဲ အလွယ်မှတ်မိနိုင်အောင်)
2. Professional headline & summary
3. Experience + Skills ကို ပေါ်လွင် အောင် ပြသခြင်း

ရှောင်ရန်

Social media သုံးသလိုမျိုး တချိန်လုံး active ဖြစ်စွာ
အလှပုံတွေတင် ၊ comment. တွေရေး၊ report တွေ လုပ်နေတာမျိုး ရှောင်ပါ။

Job ကနေမဟုတ်ဘဲ reach တမင်တက် အောင် အလွတ်ခေါ်ထားတဲ့ fake job post တွေအောက် comment တွေ ရေးခြင်းရှောင်ပါ။

Scammer တွေ ကျားဖြန့်တွေ ရှိလို့ bank card နဲ့ချိတ်တာမျိုး link တွေ ပေးတိုင်း နှိပ်ပစ်တာမျိုး ရှောင်ပါ။

ကဲအဲ့လောက်ဆို LinkedIn profile setup လုပ်နိုင်မယ် ထင်ပါတယ် ။

ဝိုင်း



Address

Pathein

Telephone

+95943000609

Website

Alerts

Be the first to know and let us send you an email when Wine Diary posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share