Happy life ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Happy life, ร้านขายของชำ, Bangkok.

06/10/2023
16/09/2023
ပျော်ရွှင်ရတဲ့အရာတိုင်းကအတိုင်းမသိဝမ်းသာရပါတယ်
20/05/2023

ပျော်ရွှင်ရတဲ့အရာတိုင်းကအတိုင်းမသိဝမ်းသာရပါတယ်

မောင်နှမဆိုတာ...ကမ္ဘာပေါ်မှာ ဘုရားပေးတဲ့ အကောင်းဆုံးသောဆုလာဒ်တစ်မျိုးပါ။မောင်နှမချင်း အဆင်ပြေချစ်ခင်နေရင်မိဘတွေလည်း ပျော...
19/05/2023

မောင်နှမဆိုတာ...
ကမ္ဘာပေါ်မှာ ဘုရားပေးတဲ့ အကောင်းဆုံးသော
ဆုလာဒ်တစ်မျိုးပါ။

မောင်နှမချင်း အဆင်ပြေချစ်ခင်နေရင်
မိဘတွေလည်း ပျော်ရွှင်ကြည်နူးရပါတယ်။

အချိန်တန် အရွယ်ရောက်လို့
အိမ်ထောင်တွေ ကျသွားတဲ့အခါ
မောင်နှမချင်း မခေါ်နိုင် မပြောနိုင်ဖြစ်သွားတာမျိုး
မလုပ်မိစေနဲ့။

ကိုယ့်ရဲ့အနားမှာ ကောင်းခြင်း ဆိုးခြင်းတွေကို
မောင်နှမကလွဲရင် တစိမ်းတွေက
ကြာကြာမျှဝေခံစားမပေးနိုင်ပါဘူး။

တချို့တစိမ်းတွေက ကိုယ်နဲ့အတူ
ကောင်းခြင်းဆိုးခြင်းတွေကို မျှဝေယူပြီး
ထွက်သက်အချိန်ထိ အနားမှာ
အဖော်ပြုပေးသွားပေမယ့်။

တချို့တစိမ်းတွေကျတော့
ကိုယ်သာတဲ့အချိန် သဲ့ယူသွားပြီး
နာလာတဲ့အခါ ရှောင်ထွက်သွားတတ်ကြတယ်။

ဒါကြောင့်မို့
ဘေးတစိမ်း တစ်ယောက်အတွက်နဲ့
မောင်နှမချင်း မခေါ်နိုင် မပြောနိုင်
စိမ်းသွားကြတာမျိုး မလုပ်မိပါစေနဲ့။

လောကကြီးမှာ
ကိုယ်အဆင်ပြေနေတာကို ဝမ်းသာမပေးတဲ့
မောင်နှမရယ်လို့ မရှိသလို

ကိုယ်ဒုက္ခရောက်နေတာကို
ပျော်ရွှင်နေတဲ့ မောင်နှမလည်း မရှိပါဘူး။

အနားမှာ ရှိနေမပေးပေမယ့်လည်း
အဝေးကနေ စိုးရိမ်စိတ်ပူပေးနေတာလည်း
မောင်နှမပါပဲ။

အခက်အခဲ ဒုက္ခတွေနဲ့ကြုံလည်း
ရင်ဆိုင်ဖြေရှင်း အားပေးကူညီမှာလည်း
မောင်နှမပါပဲ။

ဒါကြောင့်
ကိုယ်အိမ်ထောင်ကျသွားပေမယ့်
မောင်နှမချင်း သူစိမ်းလိုမနေပါနဲ့။

သူစိမ်းတွေကြောင့်လည်း မောင်နှမချင်း
သွေးမကွဲပါနဲ့။

သွေးကွဲရင် ဘေးဆွဲလိမ့်မယ်
ဘေးဆွဲရင် တစ်သက်လုံး နောင်တရနေပါလိမ့်မယ်။

မှတ်ချက် ။ ။ မောင်နှမတိုင်း သွေးစည်းနိုင်စေရန်ရည်ရွယ်မိပါသည်။

အချို့သော မောင်နှမများသည် လူစိတ်မရှိတတ်ကြပေ။
အားငယ်သူကို နှစ်သိမ့်ပေးဖို့နေနေသာသာ လျစ်လျူရှုတတ်ကြသူတွေ
ပတ်ဝန်းကျင်မှာ ရှိနေတတ်ပါတယ်။



#လူငယ်များအတွက့်စာကြည့်တိုက့်

 #ရွှေတွင်းကြီးတူးလှည့်ပါလူတယောက်ဟာတောထဲတောင်ထဲမှာ ရွှေလိုက်ရှာတယ်။ တနေ့မှာ အလွန်ကြီးမားတဲ့ ရွှေတွင်းကြီးကိုတွေ့လိုက်တယ်...
11/05/2023

#ရွှေတွင်းကြီးတူးလှည့်ပါ

လူတယောက်ဟာ
တောထဲတောင်ထဲမှာ ရွှေလိုက်
ရှာတယ်။

တနေ့မှာ အလွန်ကြီးမားတဲ့
ရွှေတွင်းကြီးကိုတွေ့လိုက်တယ်။

သူလဲ ရသလောက် ရွှေတွေကို
တူးတယ်။

ဒါပေမဲ့ သူ ဘယ်လောက်တူးတူး
ရွှေတွင်းကြီးက ရွှေဟာ
မကုန်နိုင်ဘူး။

ဒါကြောင့် သူဟာ သူ့ရွာကို
ပြန်ပြီး ရွာသားတွေကို
ရွှေတွင်းကြီးဆီကို ခေါ်သွားပြီး
ကြိုက်သလောက်
တူးယူကြလို့ ပြောလိုက်တယ်။

ရွာသားတွေလဲ
ပျော်ပျော်ပါးပါးကြီးနဲ့
ကြိုက်သလောက်
တူးယူနေကြတယ်။

ဒါပေမဲ့ လူတယောက်ဟာ
သူများတွေ ရွှေတွေကို
တူးယူနေကြတာကို ဘေးကပဲ
ရပ်ကြည့်နေတယ်။

ဘာမှ မလုပ်ဘူး။

ဒါနဲ့ ရွှေတွင်းတွေ့သူက
"ဟေ့လူ
ရွှေတွေ ဘာလို့မတူးတာလဲ"။

ရွာသား "ကျနော့်မှာ တူးစရာ
ပေါက်ချွန်းမရှိလို့ပါ"။

ရွှေတွင်းတွေ့သူ
ဒါဆိုလဲ ပေါက်ချွန်းတလက်
သွားရှာလေကွာ"။

ရွာသား "လိုက်ရှာရမှာ
ပျင်းလို့ပါ"တဲ့။

ပုံပြင်လေးဟာ ရီစရာလို့
ထင်ရပေမဲ့

လက်တွေ့လောကကြီးမှာလဲ
နေ့စဉ်ဒီတိုင်း ဖြစ်နေတယ်လို့
ပြောလိုက်ရင်
အံ့သြသွားကြပါလိမ့်မယ်။

တချို့က
စာအုပ်တွေ ဖတ်ကြတယ်။

စာအုပ်တွေက ရတဲ့ အသိဉာဏ်
တွေကြောင့်
အောင်မြင်သွားကြတယ်။

ကြီးပွားချမ်းသာသွားကြတယ်။

လူ့လောကကြီးကို
ကောင်းကောင်းကြီး
အကျိုးပြုသွားကြတယ်။

ဒီတော့ သူတို့ဟာ သူတို့ကို
အကျိုးရှိစေတာ
စာဖတ်ခြင်းကြောင့်ဆိုတာကို
သိလို့

လူငယ်တွေကိုလဲ သူတို့လို
ကြီးပွားအောင်မြင်စေချင်လို့
စာဖတ်ကြပါလို့ တိုက်တွန်းတယ်။

လူငယ်တွေက မအားလို့၊
ပျင်းလို့ စာမဖတ်ချင်ဘူးတဲ့။

သူ့ဘဝတလျှောက်မှာ
စိတ်အေးချမ်းသာစွာနေစေနိုင်မဲ့
ရွှေတွင်းကြီးကို မျက်စိရှေ့မှာ
တွေ့နေပါလျက်နဲ့

ဖေ့ဘုတ်ပွတ်နေရလို့၊ ဂိမ်းကစား
နေရလို့၊

လက်ဖက်ရည်ဆိုင်ထိုင်နေရလို့
မအားပါဘူးဆိုတဲ့
သူတွေ စဉ်းစားဖို့ပါ။

ကမ္ဘာ့အချမ်းသာဆုံး
ဘီလျံနာသူဋ္ဌေးကြီး ဘီလ်ဂိတ်
ဟာ

တပါတ်ကို အနဲဆုံး စာအုပ်
တအုပ်ကို ပြီးအောင်
ဖတ်လေ့ရှိတယ်လို့ ဖတ်ဖူးပါတယ်။

: ဗန်းမော်သိန်းဖေ
ဗဟုသုတကျေးရွာ
Photo Golden Dream

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Happy lifeผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์