27/02/2024
မင်မင်ဆီမှာ ရပါပြီနော်
ဘန်ကောက်ရောက် အမျိုးများ
တစ်ငုံစာ ... ဒါပေမဲ့ တစ်နေ့တာကို အလန်းဆန်းဆုံး ရှေ့ဆက်နိုင်စေမယ့် ကော်ဖီတစ်ငုံစာပေါ့။ ဘာလို့ဆို ကော်ဖီတစ်ငုံစာမှာ ပါတဲ့ ကဖင်းဓာတ်က -
1️⃣ စိတ်ကို လန်းဆန်းတက်ကြွစေတယ်။ ဦးနှောက်တွင်းက Dopamine နဲ့ Norepinephrine ဓာတ်တွေကို ကဖင်းဓာတ်က လှုံ့ဆော်ပေးနိုင်တာကြောင့် မနက်ပိုင်း ကော်ဖီတစ်ခွက်သောက်ပြီး ဦးနှောက်ရဲ့အလုပ်လည်ပတ်မှုကို မြှင့်တင်လို့ရနိုင်တယ်။
2️⃣ ကိုယ်လက်လှုပ်ရှားနိုင်မှု စွမ်းဆောင်ရည်တွေကို မြှင့်တင်ပေးနိုင်တယ်။ စိတ်ပိုင်းဆိုင်ရာတင်မကဘူး၊ သက်လုံကောင်းပြီး အမောခံနိုင်အောင် ပံ့ပိုးပေးနိုင်တယ်။
3️⃣ မှတ်ဉာဏ်ကို ကောင်းမွန်စေတယ်။ လေ့လာချက်တွေအရ ရေရှည် ကော်ဖီသောက်သုံးသူတွေဟာ သတိမေ့ရောဂါဖြစ်နိုင်ခြေ နည်းကြတာကို တွေ့ရတယ်။
ဒါကြောင့် ကော်ဖီကို နေ့တိုင်းပုံမှန်သောက်သုံးသူတွေဟာ အမြဲလိုလို တက်ကြွလန်းဆန်းပြီး ဆွဲဆောင်မှုအပြည့် ဖြစ်နေကြတာ မဆန်းတော့ပါဘူး။
#တကယ်လန်းတဲ့ဟော်နန်း
https://www.medicalnewstoday.com/articles/285194