Nue Nue ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Nue Nue, ร้านขายของชำ, Mae sot, Bangkok.

09/09/2023

အိမ်ထောင်ပြုတော့မယ်ဆိုရင်
- - - - - - - - - - - - - - - - - - - - -
အိမ်ထောင်ပြုတယ်ဆိုတာ
ကလေး ကစားစရာအလုပ်မျိုး မဟုတ်ပါဘူး
လေးနက်သော ပေါင်းဆက်ခြင်းဖြစ်သည်။

ဒါကြောင့်.....
ကာမစိတ်တစ်ခုပဲသိရင် မက်မောရင်
အိမ်ထောင်မပြုပါနဲ့..... ချစ်တာတစ်ခုပဲ
သိနေရင်လဲ
အိမ်ထောင်မပြုသေးပါနှင့်....

ရင့်ကျက်ပြီး အသိပညာပြည့်စုံမှသာ
အိမ်ထောင်ပြုသင့်ပါသည်။

ယခုခေတ်က အသက် ၁၅ ၁၆ အရွယ်ဆို
တစ်လင်ကွာ နှစ်လင်ကွာ သုံးလင်ကွာ
ဖြစ်နေကြပြီး

ယောကျာ်းလေးဆိုလဲ မိန်းမ
တစ်ယောက်ပြီးတစ်ယောက်
ပေါင်းဖက်နေကြတဲ့ ခေတ်ပျက်ကြီးပါ။

အကြောင်းက ဘုမသိ ဘမသိပဲ
ချစ်ကြ ကြိုက်ကြ ညာကြတယ်.....
ရင့်ကျက်မှုမရှိ အတွေးအခေါ်နည်းပြီး
အလုပ်အကိုင်မနိုင်ရင် ရန်ဖြစ်စကားများပြီး
ကွဲကြပါတယ်။

"အိမ်ထောင်မပြုမှီ ကိုယ့်ကိုကို
အရင်သုံးသပ်ကြည့်ပါ။"

#ယောကျာ်းလေးဆို

အိမ်ထောင်ဦးစီးနေရာ ကျေပွန်စွာ
ထမ်းဆောင်နိုင်ပါ သလား ....?

မိသားစုကိုရော ရှာဖွေကျွေးမွေးနိင်ပါသလား .....?

အလုပ်အကိုင်ကိုရော ပိုင်ပိုင်နိုင်နိုင်
လုပ်နိုင်ပါသလား.... ?

ကိုယ့်မိန်းမနဲ့ ပတ်သက်တဲ့ ကိစွအဝဝကို
တာဝန်ယူနိုင်ပါသလား.... ?

လေ့လာသင်ယူမှုရော ပြည့်စုံပြီးလာ..... ?

#မိန်းကလေးဆိုရင်

အိမ်ရှင်မကောင်းတစ်ယောက် ဖြစ်အောင်
လုပ်တတ်ကိုင်တတ်ပါသလား....?

လင်ဝတရားကိုရော ကျေပွန်စွာ ထမ်းဆောင်နိုင်ပါသလား...?

ရှာဖွေသမျှကိုရော ဘယ်လိုစုဆောင်းပြီး
ဘယ်လိုတိုးတက်အောင် ကြံဆောင်နိုင်ပါသလဲ...?

မိခင်နေရာ ရောက်လာရင်လဲ
ကိုယ့်သားသမီးကို
သေချာ သွန်းသင်ဆုံးမတတ်ပါသလား....?

အပျိုဘဝလို ပေါ့ပျက်ပျက်
နေထိုင်လို့မရတော့သဖြင့်
ရင့်ကျက်တည်ငြိမ်စွာ နေနိုင်ပါသလား....?

တစ်ကယ်တော့ အိမ်ထောင်ပြုတယ်ဆိုတာ
တွေးတတ် စဉ်စားတတ်ရင် အရမ်းခက်ခဲပါတယ်။

ဖြစ်သလိုပဲ ဖြစ်ပါစေ ညာပြီးရင်
သူ့အလိုလို အနေသာကျသွားမယ်လို့
စောက်ပိန်ဦးနှောက်မျိုး မတွေးပါနဲ့...

အနာဂတ်မှာ ဇနီးကောင်း
လင်ကောင်းဖြစ်အောင်ပဲ
ကြိုးစားပြီး နေထိုင်နိုင်မှသာ
အိမ်ထောင်ပြုစေချင်တယ်။

လင်ရယ် မယားရယ် ဖြစ်လာပြီးဆိုရင်
တစ်ယောက်အပေါ် တစ်ယောက်
လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်ရမယ်။

အကောင်းအဆိုးကိုလဲ
တူတူမျှဝေခံစားနိုင်ရမယ်။

အခက်အခဲဆိုတာ ရှိစမြဲပါ။
တစ်ယောက်ကိုတစ်ယောက်လဲ
အပြစ်မတင်ကြပါနဲ့ ရန်မဖြစ်ကြပါနဲ့
အကျင့်ပါသွားနိုင်တယ်။

ဒေါသနဲ့ ပြောလဲ ဒီစကားပါပဲ
ပြေပြေလည်လည်ပြောလဲ ဒီစကားပါပဲ

သို့သော်....
ကောင်းကောင်းမွန်မွန် ပြောဆိုညှိုနှိုင်းခြင်းက
အရမ်းကို တန်ဖိုးရှိစေပြီး ပြေလည်စေပါတယ်။

အိမ်ထောင်ဦးစီးဖြစ်တဲ့အတွက်
အရက်သေစာ နဲ့ လောင်းကစားလုပ်ခြင်း
ရှောင်ကြည်ပါ။

အစကောင်းမှ အနှောင်းသေချာသလို
မွေးလာတဲ့ သားသမီးကို လမ်းစ မခင်းပြပါနဲ့

တန်ဖိုးရှိစွာ နေထိုင်ရင် အဖိုးတန်တဲ့
ကလေးများသာ ရပါလိမ့်မည်။

အိမ်ရှင်မဆိုလဲ သားသမီးများကို
လိမ်မာရေးခြားရှိအောင်
သွန်သင်ဆုံးမနိုင်ပါစေ အဆဲတော့ မပါစေနဲ့

ကြားပါများရင် ကလေးတွေက
ပါးစပ်ထဲ စွဲနေတတ်သည်။

သင်လွယ် တတ်လွယ်တဲ့အရွယ်မှာ
အကောင်းဆုံးဖြစ်အောင် လမ်းပြပါ။

သံဆိုတာ ပူတုန်ပဲ လိုချင်တဲ့ပုံစံ ထုဆစ်လို့ရမယ်။
အေးခဲလာလေ မာကျောလာလေပဲ....

သားသမီးမကောင်းရင် မိဘခေါင်းတဲ့

သာယာသော် မိသားစုဘဝ ပိုင်ဆိုင်နိုင်ကြပါစေ။

ဒီစာကို အဆုံးထိဖတ္တဲ့လူဟာ
အသိပညာတိုးပွားပြီး အများကြီး
မဟုတ်ရင်တောင် အသိတရားတစ်ခု
ရလာလိမ့်မယ်လို့ ကျနော်ယုံကြည်တယ်။

Credit to
🄽🄰🅈 🄲🄷🄰🄽
📵✍🙏🙏🙏
to the original creater of photo...

❤
06/07/2023

01/06/2023

ที่อยู่

Mae Sot
Bangkok
KKKK

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Nue Nueผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์