28/08/2024
တချို့လူတွေရဲ့ လုပ်ရပ်တွေကို
သည်းခံခွင့်လွှတ်လိုက်တယ် ဆိုတာဟာ
ကိုယ်က တုံးအလို့ မဟုတ်သလို
သူတို့က ခွင့်လွှတ်ခြင်းနဲ့ ထိုက်တန်လို့လည်း မဟုတ်ဘူး ။
ကိုယ့်ကိုကိုယ် ပြန်ရှာတွေ့ဖို့
ကိုယ့်ဘဝလေး အေးချမ်းစေဖို့
ထပ်ပြီး ကိုယ့်အတွက် ရှေ့ဆက်စရာတွေ ရှိသေးလို့
သူတို့ကိုမှ ခွင့်လွှတ်မပေးနိုင်ရင် ကိုယ်တိုင်လည်း
စိတ်ချမ်းသာရမှာ မဟုတ်တာမို့
အဲ့ဒီလူတွေ ထပ်ပါမလာတော့မှ ဘဝက အဆင်ပြေမှာမို့
ခွင့်လွှတ်ပေးရတာဖြစ်တယ် ။
ဘယ်တော့မှ မေ့မှာ မဟုတ်သလို
ကိုယ့်ဆီလည်း ထပ်ဝင်လာခွင့် ပြုမှာမဟုတ်ဘူး ။
ကိုယ့်ဘဝထဲ ဘယ်တောမှ ခြေချခွင့် မရှိတော့ဘူး ။
တချို့ခွင့်လွှတ်မှုတွေက ကိုယ်တိုင် လွတ်မြောက်ဖို့အတွက်ပဲ
အဲ့ဒီလူကို အခွင့်ရေး ထပ်ပေးဖို့မဟုတ်ဘူး ။