28/08/2026
လူတစ်ယာက်ကပြောဖူးတယ်။
သူကျူးလွန်တဲ့ကံက သူ့နောက်ကို တစ်ကောက်ကောက်
လိုက်နေတယ်တဲ့။
လူတစ်ယောက် ပြောခဲ့တဲ့ စကားတိုင်း၊ကျူးလွန်ခဲ့တဲ့၊လုပ်ရပ်တိုင်းမှာ ခြေရာတွေ ကျန်ခဲ့တယ်တဲ့။
လူတစ်ယောက်က မကောင်းတာ
လုပ် နေပေမဲ့ အဆင်ပြေနေဆဲ၊ ပျော်ရွှင်နေဆဲဆို
အဲ့ကံဟာ မပေါ်သေးလို့တဲ့။
မီးစလောင်တဲ့အချိန်မှာ
မီးခိုးမထွက်သေးသလိုပဲ၊
အပြစ်ရဲ့အကျိုးကလည်းတိတ်တိတ်လေး
စုဆောင်းနေသေးတာမို့
မမြင်ရသေးတာမျိုးပေါ့။
ဒါပေမဲ့
တစ်နေ့တစ်ချိန်မှာတော့
အဲဒီပူလောင်မှုက
တိတ်တိတ်မနေတော့ဘူး။
မီးခိုးလည်း မြင်လာရမယ်။
မီးလည်း ကြီးလာမယ်။
အဲ့ဒီအချိန်ကျမှ
ဘာမှ မဖြစ်ဘူး လို့ထင်ခဲ့တာတွေက
အစထဲက ထပ်ကြပ်မကွာလိုက်နေမှန်း၊ဖြစ်ပျက်နေခဲ့မှန်းဆိုတာ
သိလာကြတယ်။
အဲ့အချိန်ကျမှ ကံရဲ့ဒဏ်ခတ်မှုကို နာကျင်စွာခံစားကြရတယ်တဲ့။
ဒါကြောင့် တစ်စုံတစ်ယောက်
က ကိုယ့်ပေါ်မကောင်းကံ ကျူးလွန်လာတဲ့အခါ
လက်စားချေဖို့လည်း မတွေးနဲ့
၊ အမုန်းမီးနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ပူလောင်ခံမနေနဲ့တဲ့။
ကံဆိုတာ ကိုယ်စိုက်တဲ့အပင် ကိုယ်ပဲ ရိတ်သိမ်းခိုင်းတာမလို့ ...သူ့အလှည့် ရောက်လာတဲ့အခါ ကံတရားက အကြွေးမချန်ပဲ ဆပ်ခိုင်းလိမ့်မယ်တဲ့...
# # #