Anyar Maung Heat of life

ဒိတစ်ခါ အမေ့အိမ်ကို ပြန်ရောက်ရင် လိမ်မာမဲ့ ကောင်တွေကြည့်ပဲ
29/06/2025

ဒိတစ်ခါ အမေ့အိမ်ကို ပြန်ရောက်ရင် လိမ်မာမဲ့ ကောင်တွေကြည့်ပဲ

ခေတ်အဆက်ဆက်
အိမ်ပြန်လာကြတဲ့သားတွေထဲ
ဒီတစ်ခါအိမ်ပြန်လာတဲ့သားတွေက

ဆံပင်တွေရှည်လာကြလိမ့်မယ်

နွေးထွေးတဲ့အိမ်တစ်လုံးရဲ့ တန်ဖိုးနဲ့
ချစ်ခြင်းမေတ္တာတွေအကြောင်း
ကောင်းကောင်းသိလာကြလိမ့်မယ်

အမေဘာချက်ချက် ဟက်ဟက်ပက်ပက်စားပြီး
နှစ်နှစ်ခြိုက်ခြိုက် စောစောအိပ်လိမ့်မယ်

တစ်ခါတစ်ခါ ဝရံတာမှာ
အကြောင်းမဲ့စွာ
ငူငူကြီး ထိုင်ချင် ထိုင်နေကြလိမ့်မယ်

ချစ်ရ မြတ်နိုးရတဲ့အရာတွေ
ဘယ်လောက်တောင် ဆုံးရှုံးခဲ့ရကြောင်း
တစ်ဖွဖွ ပြောကြလိမ့်မယ်

ခေတ်အဆက်ဆက်
အိမ်ပြန်လာကြတဲ့သားတွေထဲ
ဒီတစ်ခါ အိမ်ပြန်လာမဲ့သားတွေက
ကိုယ်တိုင်ဝင် က ခဲ့ရတဲ့
ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းလွန်းတဲ့
သမိုင်းသစ်တစ်ပုဒ်
ကိုယ်စီထုပ်ခဲ့ကြလိမ့်မယ်..။

#လူခေး

လိုအပ်တာက ပိုအရေးကြိးပါတယ်
17/05/2025

လိုအပ်တာက ပိုအရေးကြိးပါတယ်

မင်းလိုချင်တဲ့ အရာထက်
လိုအပ်တဲ့အရာကိုပဲအရင် လုပ်သင့်တယ်

ခဏတာကို မကြည့်နဲ့
တစ်ဘ၀စာကို ကြည့်တတ်ပါစေ

တစ်ချို့ အရာတွေက
လိုချင်,တပ်မက်ဖို့ကောင်းတယ်
ဒါပေမယ့်...

မင်းအတွက် အားမခံချက်မရှိဘူး
အဓိကနဲ့သာမည ခွဲခြားတတ်ပါစေ

ဘ၀ကိုစကားလုံးတွေနဲ့ ရေးသားလို့မရဘူး
လုပ်ဆောင်ချက်တွေနဲ့ပဲ ပုံဖော်တတ်သူဖြစ်ပါစေ

မျှော်လင့်ချက်အိမ်မက်တွေ ပျောက်ဆုံးသွားတဲ့အခါ
ပြည်လည်တည်ဆောက်ဖို့ ကြိုးစားပါ

ဘ၀ဆိုတာပြိုလဲဖို့ လွယ်ကူသလောက်
ပြန်တည်ဆောက်ဖို့ဆိုတာ အရမ်းကိုခက်ခဲပါတယ်

အိမ်မက်ဆိုတာဟာ အခမဲ့မက်လို့ရပေမယ့်
အကောင်ထည် ဖော်ဖို့အတွက်တော့
အစွမ်းကုန် ပေးဆပ်ရလိမ့်မယ်

ကိုယ်သာလျှင် ကိုယ့်ရဲ့အားကိုးရာပါ
ကိုယ့်ကိုကိုယ် ယုံကြည်ချက်ရှိနေသရွေ့
ရှင်သန်ချိန်တိုင်းက အဓိပ္ပါယ်ရှိနေမှာပါ

ကိုယ်လျှောက်လှမ်းနေတဲ့ လမ်းတစ်လျှောက်မှာ
အခက်,အခဲတွေကြုံလို့. လက်လျှော့ချင်လာတဲ့အခါ
သင်ဘာကြောင့် စတင်ခဲ့သလဲဆိုတာ ပြန်သတိရပါ

သူများနဲ့မတူတဲ့အခက်,အခဲတွေကို
ရင်ဆိုင်ကျော်ဖြတ်ပီးတဲ့အခါ
သူများနဲ့မတူတဲ့ ခံစားခွင့်တွေ ရရှိလာမယ်ဆိုတာ
ဧကန်မုချ ယုံကြည်လိုက်ပါ မိတ်ဆွေ

ထီးမပါတဲ့ ကလေးဟာ
မိုးထဲမှာ ပိုအပြေးမြန်တတ်ပါတယ်

ဦးတည်ချက်မရှိတဲ့လူဟာ
ဦးတည်ချက်ရှိတဲ့ လူအတွက် အလုပ်လုပ်ပေးရတယ်

ဘွဲ့ဒီဂရီဆိုတာ ကြေးတံဆိပ်
အရည်အချင်းဆိုတာ ငွေတံဆိပ်
လူမူဆက်ဆံရေး အတတ်ဟာ ရွှေတံဆိပ်ပါ

အချစ်ဆိုတာ ရိုးရိုးရှင်းရှင်းဖြစ်လို့ရတယ်
လွယ်လွယ်ကူကူတော့ မဖြစ်သင့်ဘူး

ယောက်ျား ကောင်းဟာ
မြူစွယ်မူဒဏ်ကို ကောင်းကောင်းခံနိုင်စွမ်းရှိဖို့လိုသလို
မိန်းမကောင်းဟာ အထီးကျန်တဲ့ ဒဏ်ကို ခံနိုင်စွမ်းရှိရပါမယ်

လှပတဲ့ နတ်သမီးဆိုတာ လူ့လောကမှာ တကယ်မရှိပါဘူး
စိတ်ရင်းကောင်းတဲ့ မိန်းခလေးဆိုတာပဲ ရှိပါတယ်

အမုန်းခံရတဲ့လူဟာ ဘာမှထိခိုက်မူ မရှိပါဘူး
မုန်းတဲ့လူရဲ့ နှလုံးသားထဲမှာသာ
ဒဏ်ရာဒဏ်ချက် အပြည့်ဖြစ်နေတတ်ပါတယ်

သင်ကိုယ်တိုင် ဘ၀အခက်အခဲကို
ရင်ဆိုင်ရဲတဲ့သတ္တိ မရှိဘူးဆိုရင် သင့်အတွက် ရဲရင့်ပေးမဲ့လူ မရှိပါဘူး

ပြဿနာတွေ့ရင် မိမိကိုယ်ကို အရင်စမ်းစစ်ပါ
၀မ်းချုပ်တိုင်းသာ ကမ္ဘာမြေဆွဲအားကို အပြစ်ဖို့နေမယ်ဆိုရင်
ပြဿနာကဘယ်တော့မှ ပြီးတော့မှာ မဟုတ်ပါဘူး

Credit မူရင်း

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Anyar Maungผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Anyar Maung:

แชร์