စိုက်ပျိုးရေးဗဟုသုတစက်ပစ္စည်းမြေသြဇာ Organic ရွက်ဖြန်းဆေးများ

စိုက်ပျိုးရေးဗဟုသုတစက်ပစ္စည်းမြေသြဇာ Organic ရွက်ဖြန်းဆေးများ တောင်သူဦးများကျမ်းမာချမ်းသာပြီး စ

" နှလုံးသားထဲ တရားမရှိရင် ... "လူသားတွေရဲ့ စိတ္ဆိုတာ နှလုံးသားမှာ ဘုရားတည်မပေးရင် လမ်းဘေးမှာရှိတဲ့ အမှိုက်ပုံးကြီးလို ဖြ...
30/03/2026

" နှလုံးသားထဲ တရားမရှိရင် ... "

လူသားတွေရဲ့ စိတ္ဆိုတာ
နှလုံးသားမှာ ဘုရားတည်မပေးရင်
လမ်းဘေးမှာရှိတဲ့ အမှိုက်ပုံးကြီးလို ဖြစ်နေတတ်တယ်

လမ်းဘေးမှာ အမှိုက်ပုံတို့ အမှိုက်ပုံးတို့
ထားတဲ့ရည်ရွယ်ချက်ကလည်း
အမှိုက်ထည့်ဖို့ဆိုတော့
တွေ့တဲ့သူတွေက ကြုံရာအမှိုက်တွေ ထည့်သွားတယ်

အမှိုက်တွေထည့်သွား၊
တံတွေးအညစ်အကြေးတွေ စွန့်သွား၊
ကွမ်းသွေးတွေထွေးသွား၊ကောင်းတာတစ်ခုမှမထည့်ပါဘူး

ဒါမျိုးလိုပဲ ပုထုဇဉ်တွေရဲ့
စိတ်နှလုံးခန္ဓာအစဉ်ဟာလည်း
နှလုံးသားထဲ တရားမထည့်ပေးရင်
အမှိုက်ပုံးကြီးလို ဖြစ်နေတယ်

အမှိုက်က သူများတွေ လာထည့်တာမဟုတ်ဘူး
ကိုယ့်ဟာကို ထည့်နေတာ

လောဘ က အမှိုက်တွေလာထည့်
ဒေါသ က အမှိုက်တွေ လာထည့်
ဣဿာ မစၧရိယစတဲ့ကိလေသာတွေကအမှိုက်တွေလာထည့်။

နှလုံးသားထဲ တရားမရှိရင်
အမှိုက်တွေ ရှုပ်ထွေးပြည့်ကျပ်နေတယ်

{ ကျေးဇူးရှင် ယောဆရာတော်ဘုရားကြိီး }

မူရင်းတင်သူ

ပြန်လည်မ်ွဝေပါသည် ဦးသိန်း

🌱📈 တစ်လမှာ သိန်း ၁၀၀+ ဝင်ငွေရနိုင်တဲ့ "မုန်လာဥဖြူ" စိုက်ပျိုးရေး လျှို့ဝှက်ချက်!စပါး၊ ကြံနဲ့ အခြားသီးနှံတွေက တစ်နှစ်မှတစ...
13/02/2026

🌱📈 တစ်လမှာ သိန်း ၁၀၀+ ဝင်ငွေရနိုင်တဲ့ "မုန်လာဥဖြူ" စိုက်ပျိုးရေး လျှို့ဝှက်ချက်!
စပါး၊ ကြံနဲ့ အခြားသီးနှံတွေက တစ်နှစ်မှတစ်ခါရိတ်သိမ်းရလို့ ဝင်ငွေ မမှန်နေပါသလား? 🥲
အခုတော့ တောင်သူတော်တော်များများဟာ သက်တမ်းတိုပြီး စျေးကွက်ခိုင်မာတဲ့ "မုန်လာဥဖြူ" စိုက်ပျိုးရေးကို လှည့်လာကြပြီ။ 🌿
💡 စိုက်ပျိုးနည်းအချက်အလက်
စိုက်ပြီး ၄၀–၄၅ ရက်အတွင်း ရိတ်သိမ်းနိုင်တာကြောင့် ငွေတိုးမြန် 🌟
စိုက်စနစ်: မြေကို ဘောင်တင်ပြီး ၂၀x၂၀ စင်တီမီတာ အကွာအဝေးနဲ့ တစ်ကျင်းကို မျိုးစေ့တစ်စေ့ ချစိုက်ပါ 🌾
မြေသြဇာကျွေးခြင်း: စိုက်ပြီး ၉ ရက်မြောက်မှာ ပထမ၊ ၁၇ ရက်မြောက်မှာ ဒုတိယအကြိမ် 💧
ဂရုစိုက်မှု: တစ်ပတ်တစ်ကြိမ် မြေဆွပေးပြီး ပိုးမွှားကာကွယ်ရေး ဆေးဖျန်းရန် 🐛
သက်တမ်း ၄၅ ရက်ကျော်ရင် အသားဖတ်လာပြီး အရောင်မလှတော့သဖြင့် အချိန်မီနှုတ်ရန် ⏳
💰 ဝင်ငွေ & စျေးကွက်
အထွက်: တစ်ဧက ၅–၈ တန် 🌾
ရောင်းချပုံ: ရေဆေးသန့်ပြီး ၁၀ကီလိုအိတ်ထုပ် 🎁
စိုက်ခင်း အလှည့်ကျစနစ် (Rotation) နဲ့ တစ်လ ၃ ကြိမ်အထိ ရိတ်သိမ်းရောင်းနိုင် 💸
✅ မုန်လာဥဖြူ စိုက်ပျိုးခြင်းရဲ့ အားသာချက်
1️⃣ သက်တမ်းတို၊ ငွေပေါ်မြန်
2️⃣ ပြုစုရလွယ်၊ အပင်နာတာနည်း
3️⃣ စျေးကွက်ဝယ်လိုအား အမြဲရှိ
4️⃣ တစ်ပိုင်တစ်နိုင်၊ အကြီးစားပါ စိုက်နိုင်
💡 အကြံပြုချက်: စိုက်မည့်အရပ်ဒေသရဲ့ မြေ၊ ရေ၊ စျေးကွက် အခြေအနေကို စဉ်းစားပြီး စိုက်ပါ။ "လက်ငင်းဝင်ငွေ၊ လက်ငင်းအကျိုးအမြတ်" ရစေမယ့် မုန်လာဥဖြူ စိုက်ပျိုးရေးက တောင်သူများအတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်ပါသည် 🌟
#🌾စိုက်ပျိုးရေး #🌱မုန်လာဥဖြူ #💰ဝင်ငွေတိုးရေး #🪴သက်တမ်းတိုသီးနှံ #📈စီးပွားရေးဗဟုသုတ #🚜တောင်သူများအတွက်
C-r-d all

ဖရဲဈေးကွက် အရောင်းအဝယ်အေးလာ 🍉📉ဖရဲဈေးကွက်တွင် ဆက်တိုက်အရောင်းအဝယ်အေးလာပြီး တရုတ်နိုင်ငံသို့ တင်ပို့မည့် ဖရဲနှင့် သခွားကား...
13/02/2026

ဖရဲဈေးကွက် အရောင်းအဝယ်အေးလာ 🍉📉
ဖရဲဈေးကွက်တွင် ဆက်တိုက်အရောင်းအဝယ်အေးလာပြီး တရုတ်နိုင်ငံသို့ တင်ပို့မည့် ဖရဲနှင့် သခွားကားများ အစီးရာချီသည် မိုင်းလား – တာလော့ဂိတ်တွင် သောင်တင်နေကြောင်း သိရသည်။
လက်ရှိတွင် တရုတ်ဘက်သို့ ဝင်ရောက်ရန် အထူးစီစစ်မှုများ ပြုလုပ်နေသဖြင့် တစ်ရက်လျှင် ကားအနည်းငယ်သာ ဝင်ခွင့်ရရှိနေသည်ဟု သတင်းရရှိသည်။ ထိုကြောင့် ဝယ်လိုအားထက် ရောင်းလိုအားပိုနေပြီး နေ့စဉ် လက်ကျန်ကားများ ကျန်ရှိနေကြသည်။
🍉 လက်ရှိပေါက်ဈေး
အသီးကောင်းလျှင်သာ အရောင်းသွက်ပြီး အသီးညံ့လျှင် ဝယ်ယူသူမရှိသည့် အနေအထားဖြစ်နေသည်။ ဖရဲစီးပြတ်ဈေးမှာ ယွမ် 30,000 – 40,000 ပတ်ဝန်းကျင်သာ ရောင်းဝယ်နေကြသည်ဟု သိရသည်။
🚛 လမ်းကြောင်းအခက်အခဲ
နယ်စပ်ဂိတ်များ ပိတ်ထားမှုကြောင့် မိုင်းလားနယ်စပ်ဂိတ်တစ်ခုတည်းကိုသာ အားထားတင်ပို့နေရပြီး ခရီးရက် ၅ ရက်ခန့် ကြာမြင့်သည်။ ခရီးစရိတ်၊ ဂိတ်ခများ ပိုမိုကုန်ကျလာခြင်းကြောင့် ဖရဲတစ်စီးတင်ပို့မှုတွင် ကုန်ကျစရိတ်နှင့် ပြန်ရငွေ မကာမိသည့် အခြေအနေများ ဖြစ်ပေါ်နေသည်။
⏳ သောင်တင်မှုကြောင့် ဆုံးရှုံးမှုများ
တာလော့အတွင်း ဝင်ရောက်ရန် ရက်ရှည်စောင့်ဆိုင်းရသဖြင့် သစ်သီးများ ပုတ်နာခြင်းများ ဖြစ်ပေါ်ကာ တောင်သူနှင့် လုပ်ငန်းရှင်များ ဆုံးရှုံးမှုများ ကြုံတွေ့နေရသည်။
📌 အကြံပြုချက်
ဈေးကွက်သတင်းအချက်အလက်များကို စောင့်ကြည့်ကာ ဈေးမရရှိသည့်အချိန်တွင် ခူးစွတ်တင်ပို့မှုကို ဆိုင်းငံ့ပြီး ပြည်တွင်းဈေးကွက်ကို အားထားရောင်းချပါက အကျိုးအမြတ် ပိုမိုရရှိနိုင်ကြောင်း ဈေးကွက်နားလည်သူများက သုံးသပ်ထားသည်။
#ဖရဲဈေးကွက် #နယ်စပ်ကုန်သွယ်ရေး #တောင်သူများအခက်အခဲ #စီးပွားရေးသတင်း
ဖိုးချဲ credit

ဒီမနက်ခင်း တောင်ကြီးမြို့မှာငှက်များ အများအပြားစုဝေးပြီး ကောင်းကင်ပေါ်မှာ စုစည်းပျံသန်းနေတဲ့ မြင်ကွင်းကို တွေ့မြင်ခဲ့ရပါ...
12/02/2026

ဒီမနက်ခင်း တောင်ကြီးမြို့မှာ
ငှက်များ အများအပြားစုဝေးပြီး ကောင်းကင်ပေါ်မှာ စုစည်းပျံသန်းနေတဲ့ မြင်ကွင်းကို တွေ့မြင်ခဲ့ရပါတယ်။
မနက်အစောပိုင်း အေးမြတဲ့လေညင်းနဲ့အတူ
အစုလိုက်အပြုံလိုက် ပျံသန်းနေတဲ့ ငှက်အုပ်စုကြီးကို ကြည့်ရတာ
သဘာဝရဲ့ လှပမှုတစ်ခုလို ခံစားရစေပါတယ်။
တစ်ချိန်တည်းမှာပဲ
ဒီလို ငှက်တွေ အများအပြား စုဝေးပျံသန်းခြင်းဟာ
ရာသီပြောင်းလဲမှုကြောင့်လား၊
သဘာဝပတ်ဝန်းကျင်အခြေအနေတစ်ခုခုကြောင့်လားဆိုတာကိုလည်း
စိတ်ဝင်စားဖို့ကောင်းနေပါတယ်။
ဒီမြင်ကွင်းကို တွေ့မြင်ခဲ့သူများရှိရင်
ဓာတ်ပုံ၊ ဗီဒီယိုများကိုလည်း မျှဝေပေးနိုင်ပါတယ်။ credit pic

🚚 မှားယွင်းမှုများစွာနဲ့ လမ်းပေါ်လျှောက်သွားနေတဲ့တရုတ် မောင်းသူမဲ့ ပစ္စည်းပို့ ဗန်ကားများတရုတ်နိုင်ငံတွင် အသုံးပြုနေသည့်...
16/01/2026

🚚 မှားယွင်းမှုများစွာနဲ့ လမ်းပေါ်လျှောက်သွားနေတဲ့
တရုတ် မောင်းသူမဲ့ ပစ္စည်းပို့ ဗန်ကားများ
တရုတ်နိုင်ငံတွင် အသုံးပြုနေသည့် မောင်းသူမဲ့ ပစ္စည်းပို့ ဗန်ကားများ သည်
နည်းပညာပိုင်းဆိုင်ရာ အမှားအယွင်းများ များပြားနေကြောင်း
လူမှုကွန်ယက်များပေါ်တွင် အကျယ်တဝင့် ဆွေးနွေးပြောဆိုနေကြသည်။
လူမှုကွန်ယက်တွင် ပျံ့နှံ့လာသော ဗီဒီယိုများအရ
🚧 ပလက်ဖောင်းထဲသို့ ထိုးကျသွားသောကား
🛞 ကွန်ကရစ်လောင်းထားသည့် မြေကြီးပေါ်တွင် ဘီးနစ်အောင် မောင်းနှင်သည့်ကား
🏍️ ကားအောက်တွင် ဆိုင်ကယ်ဝင်နေလည်း ဆက်လက်မောင်းနေသည့်ကား
🚦 မီးပွိုင့်တွင် ရပ်နေပြီး မထွက်သဖြင့် နောက်ကားက ကန်လိုက်မှ မောင်းထွက်သည့်ကား
စသည့် အမှားအယွင်းအမျိုးမျိုး ကို မြင်တွေ့ရပြီး
လမ်းပေါ်ရှိ အရာအားလုံးကို မျက်နှာချင်းဆိုင် တိုက်မိနေသကဲ့သို့ ဖြစ်နေကြောင်း
အသုံးပြုသူများက ဝေဖန်ပြောဆိုလျက်ရှိသည်။
အဆိုပါ မောင်းသူမဲ့ ဗန်ကားများမှာ
နည်းပညာတိုးတက်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သော်လည်း
လက်ရှိအခြေအနေတွင် လုံခြုံရေးနှင့် ယုံကြည်မှုအပေါ် စိုးရိမ်မှုများ
ပေါ်ပေါက်လာစေခဲ့ကြောင်းလည်း သိရသည်။
📌 အွန်လိုင်းတွင် “အမှားအယွင်းများစွာနဲ့ မြင်သမျှ ဝင်တိုက်နေတဲ့ မောင်းသူမဲ့ ဗန်ကားများ” ဟု အမည်ကြီးလာနေပါသည်။
Credit
#မောင်းသူမဲ့ကား
#တရုတ်နည်းပညာ
ား

13/01/2026

၁၃-၁-၂၀၂၆

ဖရဲကားအဝင်း၂၁စီး
ကားအဝင်များတာနဲ့ ဝယ်လတ်က
အီလည်လည်လုပ်နေပါပြီဗျာ

ဈေးကတော့ ၃၀၀၀၀¥_၄၃၀၀၀¥
အရည်အသွေးကောင်းမွန်တဲ့အသီးသာတင်သင့်ပါတယ်ဗျာ
အသေးသီးလုံးဝမတင်သင့်ဖို့ ထပ်မံပြောပါရစေဗျာ

သခွားမွှေးရွှေသီးတော့
မနေ့နဲ့မထူးမခြားပါဗျာ
၃.၃¥၄¥
55000¥_68000အစီးပျက်လဲရောင်းကြပါတယ်
Credit org

🔥 “ကံဇာတာ စန်းတက်ချိန်” မှာ လင်းလက်နေတဲ့ ဇာတ်မင်းသား အောင်ဇဗ္မူ ❤️‍🔥❤️‍🔥❤️‍🔥အနုပညာလောကမှာ အောင်မြင်ဖို့ဆိုတာကံ၊ စန်း၊ ဉာ...
25/12/2025

🔥 “ကံဇာတာ စန်းတက်ချိန်” မှာ လင်းလက်နေတဲ့ ဇာတ်မင်းသား အောင်ဇဗ္မူ ❤️‍🔥❤️‍🔥❤️‍🔥
အနုပညာလောကမှာ အောင်မြင်ဖို့ဆိုတာ
ကံ၊ စန်း၊ ဉာဏ်၊ လုံ့လဝီရိယ လေးပါးလုံး ပြည့်စုံမှ ဖြစ်နိုင်တယ်ဆိုတာ အမှန်ပါပဲနော်။
အထူးသဖြင့် “စန်းတက်” နေတဲ့အချိန် ဆိုရင် ဘာလုပ်လုပ် လူချစ်လူခင်ပေါ၊ အောင်မြင်မှုတွေက ကိုယ့်ကိုယ်တိုင် လိုက်လာသလိုပါပဲ 🫶👏
လတ်တလော လူတိုင်းရဲ့ TikTok မှာလည်း သူပဲ၊ Facebook Newsfeed မှာလည်း သူပဲ ဖြစ်နေတဲ့
ဇာတ်မင်းသား အောင်ဇဗ္မူ ကတော့ အဲ့ဒီစန်းတက်နေတဲ့အချိန်ကို အပြည့်အဝ ပိုင်ဆိုင်ထားသူပါပဲ 💥
ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် လို့တောင် ပြောရမလားပဲနော် 🌹👏
ရုပ်ရည်ချောမွေ့၊ သဘောထားနူးညံ့၊
အဆိုအကပါ ကောင်းတော့ တောရော မြို့ပါမကျန် ပရိသတ်အားပေးမှုတွေ အလွန်အမင်းရရှိနေတာပါ 💖👏
ဖိုးချစ်တို့၊ စွမ်းဇာနည်တို့တောင် “အသက်ကြီးပြီနားတော့မယ်” လို့ ပြောရမလောက်အောင်
ခေတ်သစ်ဇာတ်သဘင်ရဲ့ ကြယ်တစ်ပွင့်အဖြစ် လင်းလက်နေပါပြီ ✨😁
အခုဆိုရင် နာမည်ကြီးဒါရိုက်တာတွေ ရိုက်ကူးမယ့် ရုပ်ရှင်ကားကြီးတွေမှာပါ
ခေါင်းဆောင်မင်းသားအနေနဲ့ ပါဝင်ရိုက်ကူးတော့မယ် လို့ သိရပါတယ် 👏👏
တစ်ညတည်းနဲ့ ဆုတော်ငွေ သိန်းရာဂဏန်းရတယ် လို့တောင် ပြောကြသလို
လက်ဆောင်ပစ္စည်းတွေကလည်း အလျှံပယ် 🎁✨
ပွဲဖျာတွေဆို ဝယ်မရ၊ booking မရ လို့ လိုင်းပေါ်မှာ တန်းစီပြောနေကြသူတွေ မနည်းပါဘူးနော် 😮
မိုးရွာတာတောင် မပြန်ဘဲ မိုးရေထဲထိုင်ပြီး ကြည့်ကြတဲ့ ပရိသတ်တွေ ရှိတယ်ဆိုတော့
ဒီအောင်မြင်မှုကတော့ တကယ့်ကို ဝက်ဝက်ကွဲ ပါပဲ 👏👏👏
ဇာတ်သဘင်လောကရဲ့ ကြယ်တစ်ပွင့်ဖြစ်နေတဲ့
အောင်ဇဗ္မူ ကို ချစ်တဲ့ ပရိသတ်တွေရှိရင်
အောက်မှာ အားပေးစကားလေးတွေ ရေးခဲ့ပါအုံးနော် 💬💖
___ Sally's Corner ✨✌️🫶
📸 Photo: Aung Za Bu

#အောင်ဇဗ္မူ
crd
#ဇာတ်သဘင်
#ဇာတ်မင်းသား

🌱🏭 ရုရှား-မြန်မာ သဘာဝရွက်ဖျန်းမြေဩဇာစက်ရုံ တည်ဆောက်ရန် ပန္နက်တော်တင် 🤝🇲🇲🇷🇺ရုရှားနိုင်ငံ RUMA Organic ကုမ္ပဏီနှင့် မြန်မာ...
19/12/2025

🌱🏭 ရုရှား-မြန်မာ သဘာဝရွက်ဖျန်းမြေဩဇာစက်ရုံ တည်ဆောက်ရန် ပန္နက်တော်တင် 🤝🇲🇲🇷🇺

ရုရှားနိုင်ငံ RUMA Organic ကုမ္ပဏီနှင့် မြန်မာနိုင်ငံ အောင်သန်းထိုက် Agriculture Development ကုမ္ပဏီတို့ ပူးပေါင်း၍
ရုရှား-မြန်မာ သဘာဝရွက်ဖျန်းမြေဩဇာစက်ရုံ ကို
နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်၊ အလျင်လိုကျေးရွာအုပ်စု၊ အကွက်အမှတ် (၁၆၆၂) တွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စက်ရုံတည်ဆောက်နိုင်ရန် ပန္နက်တော်တင်အခမ်းအနား ကို
ဒီဇင်ဘာ ၁၉ ရက် တွင် ကျင်းပခဲ့ပြီး
ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒု-ဝန်ကြီးများ၊
FUND RC-Investments မှ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် Mr. Artemi Alimov၊
မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးမှ Embassy Counsellor Mr. Andrei Lunak နှင့်
RUMA Organic၊ အောင်သန်းထိုက် ကုမ္ပဏီတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုး က
နိုင်ငံတော်အနေဖြင့် ပြည်တွင်းထုတ်လုပ်မှုကို အားပေးမြှင့်တင်ခြင်းနှင့်
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို စနစ်တကျ ဆွဲဆောင်လျက်ရှိကြောင်း၊
ယခုစီမံကိန်းသည် အဆိုပါမူဝါဒများနှင့် ကိုက်ညီသည့် စံပြစီမံကိန်း ဖြစ်ပြီး
မြန်မာ–ရုရှား နှစ်နိုင်ငံအကြား ခိုင်မာသည့် ချစ်ကြည်ရင်းနှီးမှုနှင့်
ပူးပေါင်းဆောင်ရွက်မှုကို ပြသနိုင်သည့် အခွင့်အရေးတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် စက်ရုံကို သတ်မှတ်ကာလအတွင်း အမြန်ဆုံး ဆောက်လုပ်ပြီးစီးနိုင်ရေး
အလေးထား ဆောင်ရွက်စေလိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် FUND RC-Investments၊ ရုရှားသံရုံးနှင့်
RUMA Organic၊ အောင်သန်းထိုက် ကုမ္ပဏီများမှ တာဝန်ရှိသူများက
မြန်မာ့စိုက်ပျိုးရေးကဏ္ဍအတွက် ရင်းနှီးမြှုပ်နှံမှုများ၊
နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုအခြေအနေများနှင့်
သဘာဝရွက်ဖျန်းမြေဩဇာ ထုတ်လုပ်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို
အသီးသီး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

---

🌿🚜 Credit org

#ရုရှားမြန်မာ 🇲🇲🇷🇺
#သဘာဝရွက်ဖျန်းမြေဩဇာ 🌱
#မြေဩဇာစက်ရုံ 🏭
#စိုက်ပျိုးရေးဖွံ့ဖြိုးမှု 🌾
#ရင်းနှီးမြှုပ်နှံမှု 💼
#ပြည်တွင်းထုတ်လုပ်မှု 🇲🇲
#နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု 🌍
#နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု 🤝




07/12/2025

7.12.2025
(ကွမ်းဖြတ်စျေးများ)
ရွှေဘို 16000
ကျောက်ဆည် 13500
ခင်သာ 20000
#ကောင်းဆုဝေကွမ်းပွဲရုံ
crd

6.11.2025 ပဲဆန်အဝင်များ စျေးကျ/ပဲဖတ်စျေးမာ                   S1 လုံးမြင်းမူ  8400/8500                   S1လုံး         ...
06/11/2025

6.11.2025 ပဲဆန်အဝင်များ စျေးကျ/ပဲဖတ်စျေးမာ
S1 လုံးမြင်းမူ 8400/8500
S1လုံး 8000/8200
နီလုံး 8000/8200
M12 လုံး 8000/8300
S1/M12တပေါက်ကျ 7800/7850
နထိုးဆီ/တံတားဦး 7500/7750
ပြန့်ဆီဆန် 7500/7750
တက/ရမသဆီဆန် 7300/7350
ပဲဖတ် 6100/ 6200/6300
C-r-d

🌧️ အောက်တိုဘာလ ၂၆၊ ၂၀၂၅ ရာသီဥတုသတင်းအချက်အလက် 🌧️📍   | Climatologist🕗 ည ၈:၄၀ နာရီတွင် ထုတ်ပြန်ပါသည်။မိုးကြိုတင်ခန့်မှန်းခ...
26/10/2025

🌧️ အောက်တိုဘာလ ၂၆၊ ၂၀၂၅ ရာသီဥတုသတင်းအချက်အလက် 🌧️
📍 | Climatologist
🕗 ည ၈:၄၀ နာရီတွင် ထုတ်ပြန်ပါသည်။

မိုးကြိုတင်ခန့်မှန်းချက်အရ —
ယနေ့ (အောက်တိုဘာလ ၂၆) မှစပြီး အောက်တိုဘာလ ၃၀ အထိ မိုးအနည်းငယ်ရွာနိုင်မည်။

အောက်တိုဘာလ ၂၈ ရက်နေ့တွင် ဖြစ်ပေါ်လာသော လေဖိအားနည်းရပ် သည် အိန္ဒိယနိုင်ငံသို့ ဝင်ရောက်ဖြတ်ကျော်သွားမည်ဖြစ်ပြီး၊

🔹 အောက်တိုဘာလ ၃၁ ရက်တွင် ဧရာဝတီမြစ်ဝကျွန်းပေါ် သို့ လေဖိအားနည်းရပ်ဝန်းငယ် တစ်ခု ထပ်မံဖြစ်ပေါ်လာမည်ဖြစ်သည်။
၎င်းသည် အက်ဒမန်ပင်လယ်ပြင်တွင်း တွင် ဖြစ်ပေါ်လာမည်ကြောင့် —

🌧️ မိုးသည်းမိုးကြီးသောဒေသများမှာ

ဧရာဝတီတိုင်း

ရန်ကုန်တိုင်း

မွန်ပြည်နယ်

တနင်္သာရီတိုင်း
တို့ ဖြစ်မည်ဖြစ်ပါသည်။

မိုးသတိထားဖို့ လိုအပ်ပါသည်။ ☔

c-r-d

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ စိုက်ပျိုးရေးဗဟုသုတစက်ပစ္စည်းမြေသြဇာ Organic ရွက်ဖြန်းဆေးများผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์