13/05/2026
“မွေထိုင်းက လက်ဝှေ့ထက် ပိုစုံပြီး ပိုပြည့်စုံတယ်” လို့ ပြောလာတဲ့ စူပါရေချမ်းရဲ့ ပြိုင်ဘက် ကွန်နာ 👀
──────────────
မြန်မာဖိုက်တာတွေအပေါ် လျှော့မတွက်ထားဘူးလို့ ကွန်နာက ဝန်ခံခဲ့ပါတယ်။
“ထိုင်းမှာတောင် မြန်မာဖိုက်တာတွေ အရမ်းကောင်းကောင်း လုပ်ပြနေကြတယ်။ သူတို့က သန်မာပြီး စိတ်ဓာတ်မာတယ်” လို့ ပြောခဲ့ပါတယ်။
ဒါပေမယ့် စူပါရေချမ်းနဲ့ ပတ်သက်ပြီးတော့
“ကြောက်စရာ၊ စိုးရိမ်စရာ အထူးတလည် မမြင်မိဘူး” လို့ ခပ်တည်တည်ပဲ ဖြေသွားခဲ့ပါတယ်။
ပွဲအတွက် Strategy ကိုလည်း
“အထူးပြောင်းလဲဖို့ မလိုဘူး။ ကိုယ်ကစားနေကျ ပုံစံအတိုင်းပဲ ထိုးသွားရင် နိုင်မယ်လို့ ယုံကြည်တယ်” လို့ ဆိုပါတယ်။
ONE Championship မှာ ၄ ပွဲထိုးဖူးတဲ့ စူပါရေချမ်းရဲ့ Record နဲ့ပတ်သက်ပြီးလည်း
“၄ ပွဲမှာ ၁ ပွဲပဲနိုင်ပြီး ၃ ပွဲရှုံးထားတော့ သိပ်အထင်ကြီးစရာ မရှိဘူး” လို့ တိုက်ရိုက်ပြောခဲ့ပါတယ် 😬
အပြင်းထန်ဆုံး Statement ကတော့ —
“ဘယ် Rule ပဲဖြစ်ဖြစ် မွေထိုင်းက လက်ဝှေ့ထက် ပိုကောင်းတယ်လို့ ယုံကြည်တယ်” ဆိုတဲ့ စကားပါပဲ 🔥
အနိုင်ရခဲ့ရင်တော့ Knock Out ခါးပတ်ကို လိုချင်သလို Hisai နဲ့လည်း rematch ပြန်ထိုးချင်တယ်လို့ ပြောခဲ့ပြီး MMA ဘက်ပြောင်းဖို့လည်း စဉ်းစားနေတယ်လို့ သိရပါတယ်။
နောက်ဆုံးမှာတော့ စူပါရေချမ်းကို
“အကောင်းဆုံးပေးဆပ်ပြီး ပွဲကောင်းတစ်ပွဲ ဖန်တီးကြရအောင်” လို့ သတင်းစကားပါးသွားခဲ့ပါတယ်။