05/03/2025
လူလိမ္မာများ
ပိုက်ဆံမပါတဲ့ သူငယ်ချင်း
မေတ္တာမပါတဲ့ မိန်းမ
ရေမပါပဲရောက်လာတဲ့ မီးသတ်ကား။
ပျင်းလို့
အပျော်တန်း အမဲပစ်ထွက်သူ
ညအခါပုံပြောသူ
ရှေးဟောင်းတံဆိပ်ခေါင်းတွေ သိမ်းဆည်းထားလိုက်
အဖော်ဆိုတာ သုံးပီးလွှင့်ပစ်လိုက်
လူလိမ္မာများ ။ ။
ရနံ့သစ်၊အောက်တိုဘာ၊ 2005