A lone Sone - အလုံးစုံ

A lone Sone - အလုံးစုံ ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก A lone Sone - အလုံးစုံ, ร้านขายของชำ, Latkrabang soi , 26, Bangkok.

ပိုင်ဆိုင်ခဲ့တယ်လို့ ထင်တဲ့အရာတွေကိုလည်းအချိန်မရွေး ဆုံးရှုံးသွားနိုင်တာကိုနားလည်သဘောပေါက်လာတဲ့အခါစွန့်လွှတ်ခြင်းဟာ အေးခ...
28/12/2024

ပိုင်ဆိုင်ခဲ့တယ်လို့
ထင်တဲ့အရာတွေကိုလည်း

အချိန်မရွေး ဆုံးရှုံးသွားနိုင်တာကို
နားလည်သဘောပေါက်လာတဲ့အခါ

စွန့်လွှတ်ခြင်းဟာ အေးချမ်းပါလားဆိုတဲ့
သဘောတရားကို မြင်လာလိမ့်မယ်။


# to owner with respect 🙏

တစ်ခုခုကို စိတ်ထဲခုသွားတဲ့အခါတိတ်ဆိတ်သွားတာကလွဲလို့ကိုယ်က အရင်အတိုင်းပါပဲဘယ်သူ့ကိုမှလည်း အပြစ်တင်လေ့မရှိသလိုဘယ်သူ့ကိုမှလ...
28/12/2024

တစ်ခုခုကို စိတ်ထဲခုသွားတဲ့အခါ
တိတ်ဆိတ်သွားတာကလွဲလို့
ကိုယ်က အရင်အတိုင်းပါပဲ

ဘယ်သူ့ကိုမှလည်း အပြစ်တင်လေ့မရှိသလို
ဘယ်သူ့ကိုမှလည်း မမုန်းခဲ့ဖူးဘူး

ကိုယ့်ခံစားချက်ကို တစ်ယောက်ယောက်က
နားလည်ဖို့အတွက် ဘယ်သူ့ကိုမှ ရင်ဖွင့်လေ့မရှိဘူး

ကိုယ့်ရင်ထဲပေါ့သွားရုံမျိုးနဲ့ တစ်ဖက်ကို
လေးလံသွားတာမျိုး မလိုချင်ခဲ့သူပါ

ကိုယ့်ကြောင့် တစ်ယောက်ယောက်
ထိခိုက်နစ်နာသွားတာမျိုးထက်
တစ်ယောက်ယောက်က ကိုယ့်ကြောင့်
အဆင်ပြေသွားတယ်ဆိုရင်

နာကျင်ရလည်း ကိုယ်က ကျေနပ်သူပါ "

#လွမ်းနောင်အိမ်

New year မှာ သူငယ်ချင်း၏ ရလိုမှု🥴🤌
28/12/2024

New year မှာ သူငယ်ချင်း၏ ရလိုမှု🥴🤌

လိုတာထက်မပိုနဲ!!ဘယ်သူ့ကိုမဆို ရောပြီးပေါင်းသင်းတတ်တာ ကောင်းပေမယ့် ဘယ်အရာမဆို လိုတာထက်မပိုတာ အကောင်းဆုံးပဲ။အချစ်ပဲ ဖြစ်ဖြ...
28/12/2024

လိုတာထက်မပိုနဲ!!

ဘယ်သူ့ကိုမဆို ရောပြီး
ပေါင်းသင်းတတ်တာ ကောင်းပေမယ့်
ဘယ်အရာမဆို လိုတာထက်မပိုတာ
အကောင်းဆုံးပဲ။

အချစ်ပဲ ဖြစ်ဖြစ် စေတနာပဲဖြစ်ဖြစ်
လိုတာထက် ပိုပေးမိရင် တန်ဖိုးမဲ့သွားတာပဲလေ
မတန်ဘူးထင်ရင် လိုတာထက် မပိုမိစေနဲ့။

တစ်စုံတစ်ယောက်ကို လိုတာထက်
ပို__ဂရုစိုက်ကြည့်
ချစ်ကြည့်
အချိန်တန်ရင် နောက်ဆုံးပစ်ချသွားတာချည်းပဲမဟုတ်လား။

အပေါင်းအသင်း တွေကြားမှာ
အားနာတတ်တဲ့ စိတ်နဲ့
အရာအားလုံးကို လိုတာထက် ပိုလုပ်ပေးကြည့်
သူ့အလိုလို ကိုယ်က လိုသုံးကြီးဖြစ်သွားတာပဲလေ။

တန်ရင်ဆေး မလိုရင်ဘေးပါပဲ။

တစ်ခါတစ်လေ ကိုယ့်စိတ်နဲ့မတန်ပေမယ့်
ကိုယ့်စိတ်က ပြုပြင်မရတဲ့ ဇွတ်ကောင်းစိတ်ကြောင့် မာနနဲ့ သိက္ခာတွေပါ
ထိခိုက်တတ်ကြတယ်။

မပြောပဲနေလိုက်ရတဲ့အခိုက်အတန့်တွေရှိပေမယ့် ကိုယ့်ဘဝနဲ့ကိုယ် ကိုယ့်စိတ်ကြောင့်
ဖြစ်လာတဲ့ အရာတွေမို့
ဆင်ချင်လိုက်ရတဲ့အခိုက်အတန့်တွေရှိတယ်။

ပိုနေသမျှ အရာအားလုံးက
ကိုယ့်ဘက်က စေတနာ မေတ္တာမှန်ပေမယ့်
တစ်ဖက်လူအတွက်တော့ အမှိုက်သာသာပါပဲ။

ဒါကြောင့်
ဘယ်သူအပေါ်ကိုမှ လိုတာထက်ပိုမဆက်ဆံပါနဲ့
ပုံမှန်လေးပဲ ကောင်းပါတယ်။

သိက္ခါနဲ့မာနကိုထိပါးပြီး
လိုတာထက် ပိုဆက်ဆံမိလိုက်တဲ့အခိုက်
တန်ပြန်ရတာက
ကိုယ်ပဲ ခံစားရတာမို့ တစ်ချို့တွေက
လိုတာထက် ပိုပြီးပေးလိုက်မိရင် တန်ဖိုးထားရကောင်းမှန်းမသိကြဘူးဆိုတာ ပိုသိလာတယ်။

ဒါကြောင့်

ကိုယ့်သိက္ခာ ကိုယ့်မာနကို ထိပါးပြီး
ကိုယ့်မေတ္တာ ကိုယ့်စေတနာတွေကို
စျေးပေါပေါနဲ့
တန်ဖိုးအဖြတ်မခံပါနဲ့။
ကိုယ့်သိက္ခာ ကိုယ်ထိန်းပြီး
ဘယ်သူ့ ကိုမှ လိုတာထက် ပို မဆက်ဆံတာအကောင်းဆုံးပါပဲ။

ကမ္ဘာကြီးထဲမှာ ဘယ်လိုရှင်သန်နေထိုင်လည်း ဆိုရင် အရာရာ အားလုံးဟာခနပဲ ဆိုတဲ့ စိတ်နဲ့နေထိုင်တယ်🍀🍂  ချစ် ခင် မုန်း ကြိုက် ပျေ...
27/12/2024

ကမ္ဘာကြီးထဲမှာ ဘယ်လိုရှင်သန်

နေထိုင်လည်း ဆိုရင်

အရာရာ အားလုံးဟာခနပဲ ဆိုတဲ့ စိတ်နဲ့

နေထိုင်တယ်🍀🍂

ချစ် ခင် မုန်း ကြိုက် ပျော် ငို ဒါတွေအားလုံး ခနပဲ ဒါကြောင့်မို့

လူ့ဘဝ ခနမှာ အားလုံးပဲ ပျော်ပျော်နေကြပါနော်🙆🍀

တန်ဖိုးရှိတဲ့သူတွေကို မဆုံးရှုံးချင်ရင်တန်ဖိုးမဲ့စွာ မဆက်ဆံ မိဖို့လဲ လိုတယ်အကောင်းတွေပဲ မျှော်လင့်ထားတယ်ဆိုရင်ကိုယ့်ဖက်က...
27/12/2024

တန်ဖိုးရှိတဲ့သူတွေကို မဆုံးရှုံးချင်ရင်
တန်ဖိုးမဲ့စွာ မဆက်ဆံ မိဖို့လဲ လိုတယ်

အကောင်းတွေပဲ မျှော်လင့်ထားတယ်ဆိုရင်
ကိုယ့်ဖက်က ပြန်ကောင်းပေးဖို့လဲ မမေ့ပါနဲ့။

💭 || 23.12.2024
#

ကြည့်ပါဦး ဒါတွေကို ထောပတ်ပေါင်မုန့်နဲ့တောင်မလဲနိုင်ပါ 🍀လတ်လတ်ဆတ်ဆတ်လေးတွေ တောရဲ့အနှစ်သာရတွေပေါ့ #  to owner with respect...
27/12/2024

ကြည့်ပါဦး ဒါတွေကို ထောပတ်ပေါင်မုန့်နဲ့တောင်မလဲနိုင်ပါ 🍀

လတ်လတ်ဆတ်ဆတ်လေးတွေ တောရဲ့အနှစ်သာရတွေပေါ့

# to owner with respect 🙏✌️

ကော်ဖီခါးခါးလေးတခွက်ကိုတစိမ်စိမ့်သောက်ရင်းနဲ့တိတ်ဆိတ်နေရတာကိုသဘောကျသလိုသီချင်းတွေနားထောင်ရင်းစာအုပ်တွေဖတ်ရင်းနဲ့တယောက်တည...
27/12/2024

ကော်ဖီခါးခါးလေးတခွက်ကို
တစိမ်စိမ့်သောက်ရင်းနဲ့
တိတ်ဆိတ်နေရတာကိုသဘောကျသလို
သီချင်းတွေနားထောင်ရင်း
စာအုပ်တွေဖတ်ရင်းနဲ့
တယောက်တည်းလွတ်လွတ်လပ်လပ်
နေထိုင်ရခြင်းကိုလည်းသဘောကျတယ်

ပုရစ်

I love the quiet moments
with a cup of strong coffee,
and I also cherish the solitude of immersing myself in music and books.

Translation: HZH

#ပုရစ်

27/12/2024

အလုံးစုံ page လေးကနေ အားလုံးကို ကြိုဆိုလိုက်ပါတယ် ခင်ဗျာ
အလုံးစုံ ဆိုတဲ့အတိုင်း သုတ ရသ မျိုးစုံကို
ကြိုးစားတင်ဆက်သွားပါ့မယ်ဗျ 🤍🙆

, sharing လေးတွေလည်း လုပ်ပါ့မယ်နော်✌️

အသက်တွေကြီးလာတဲ့အခါ အမေ့ခြံလေးထဲမှာပဲ 🏞️အိမ်ဖောက်ဖေးဈေးဆိုင်တည်ပြီး အေးအေးဆေးဆေးလေး🍂မိသားစုနဲ့နေသွားမယ် စိတ်ကူးတယ်🍀🍀
27/12/2024

အသက်တွေကြီးလာတဲ့အခါ အမေ့ခြံလေးထဲမှာပဲ 🏞️

အိမ်ဖောက်ဖေးဈေးဆိုင်တည်ပြီး အေးအေးဆေးဆေးလေး🍂

မိသားစုနဲ့နေသွားမယ် စိတ်ကူးတယ်🍀🍀

ที่อยู่

Latkrabang Soi , 26
Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ A lone Sone - အလုံးစုံผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์