02/02/2026
Late introduction of myself / the admin of Layouts and Lip balms
Hii!
အရင်ဆုံး ဒီ Page ရဲ့ပိုင်ရှင်ဖြစ်တဲ့ ကျွန်မကိုယ်ကျွန်မ မိတ်ဆက်ရမယ်ဆိုရင် ကျွန်မနာမည်က " နိုး / Noee " ပါ
အခုလက်ရှိကတော့ Assumption University ရဲ့ Faculty of Communication Art မှာ Graphic Design တက်နေတဲ့ ကျောင်းသူတစ်ယောက်ပါ
MBTI က I ဖြစ်တာနဲ့အညီ ကျွန်မက သိပ်ပြီး outgoing မဖြစ်ဘူး
အရမ်း စိတ်ကူးယဉ်တယ်
သိတဲ့သူ / ခင်တဲ့သူတွေနဲ့ပဲ စကားပြောတယ်
အပြင်သွားရတာထက် အိပ်ရာပေါ်မှာ လှဲနေရတာကြိုက်တယ်
သူငယ်ချင်းအများကြီးမရှိဘူး
သူငယ်ချင်းအသစ် မရှာတတ်ဘူး...
နည်းနည်းတော့ negative တွေများသားနော် :DD
– What is the reason for creating this page?
It’s very simple , I just want to live my life doing the things I like, nothing more.
ကျွန်မက အရင်ကတည်း (အခုထိနီးပါး) ပတ်ဝန်းကျင်တို့ သူများအမြင်တွေကို ခေါင်းထဲ အရမ်းထည့်တတ်တဲ့သူမို့ Page ဖွင့်ပြီး စာတွေလျှောက်ရေးတင်နေတယ် ၊ Vlog တွေတင်နေတာ သူ့ကိုယ်သူဘာထင်နေလဲမသိဘူးဆိုတာမျိုးတွေ အပြောခံရမှာ ၊ ဝေဖန်ခံရမှာစိုးလို့ မလုပ်ခဲ့ဘူးပေါ့
မနှစ်က 2025 မှာမှ ဒီလိုအတွေးတွေကို ခဏသိမ်းထားကြည့်ပြီး လုပ်ကြည့်မယ်ဆိုတဲ့စိတ်နဲ့ စခဲ့ပေမယ့် ထင်ထားတဲ့အတိုင်း အပြောလေးတွေ နည်းနည်းခံခဲ့ရတာပေါ့နော် :DD
• ကိုယ်လုပ်ကြည့်ချင်တာလေးတွေ
• လုပ်နေတဲ့အရာလေးတွေအကြောင်း တင်မယ်
• Design လေးတွေ တင်မယ်
• Vlogs လေးတွေ တင်မယ်
• Major မှာ Ups and Downs
• Real Life ရဲ့ Ups and Downs
• Graphic Design နဲ့ ပတ်သက်တဲ့ knowledge sharing ၊ International Student တစ်ယောက်ရဲ့ အကြောင်းလေးတွေလည်း တင်ကောင်းတင်နိုင်ပါတယ်
(ဒီလို knowledge ပိုင်းကိုတော့ ကျွန်မရဲ့ Skills ကောင်းလာတဲ့အချိန်မှာ သေချာ sharing လုပ်ပါမယ်)
Don't Worry!!!
ပြန်တွေးကြည့်ရင် သူများရဲ့အမြင်ဆိုတာ ဘာမှမဟုတ်တဲ့ စက္ကန့်ပိုင်းစာ transition ပိစိလေးပဲ
ဆိုတော့ လုပ်ချင်တာရှိတာတွေကို လုပ်ကြည့်ချင်တယ်
မနက်ဖြန်ဆိုတာ ဘာလိုလဲမသိနိုင်တဲ့အချိန်မှာ
တစ်ခါပဲရတဲ့ဒီဘဝကို ကျွန်မစိတ်ကူးလေးနဲ့ လုပ်
ချင်တာလေးတွေလုပ်ကြည့်ပြီး နေသွားကြည့်ချင်တယ်
ရည်ရွယ်ချက်ကတော့ သေးသေးလေးနဲ့ နည်းနည်းလေးမို့ Self Introduction ကတော့ ဒီလောက်ပါပဲရှင်