Bokan Fish Paste ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Bokan Fish Paste, ร้านขายของชำ, Saraphi, Chiang Mai.

မြန်မာငပိ၊ငံပြာရည်၊ငပိရည်ကျိုထုတ်ကုန်တွေကို စိမ်းစားရော၊အသင့်စားပါ အစုံအလင်ရရှိနိုင်မယ့် အွန်လိုင်းငပိဆိုင်ဖြစ်ပါတယ်။ မြန်မာပြည်ငပိစက်ရုံတိုက်ရိုက်ဖြစ်လို့ စျေးနှုန်းသက်သာပြီး စားသုံးသူစိတ်ကြိုက်အရည်အသွေးမျိုးစုံရွေးချယ်ဝယ်ယူနိုင်ပါတယ်။

12/09/2025

🎉Bokan ငပိ၊ငံပြာရည်၊ငပိရည်ကျို Ready Made Food နဲ့ ဟင်းချက်စားဖို့ စိမ်းစား ၂မျိုးလုံးကို ထိုင်းနိုင်ငံတနိုင်ငံလုံး အော်ဒါပို့ပေးနေပါပြီနော် ..
🎉ကိုယ်ပိုင်စက်ရုံတိုက်ရိုက်ဖြစ်လို့ .. စျေးနှုန်း၊ကွာလတီမျိုးစုံရရှိနိုင်ပါတယ်နော်..
🎉လက်လီ၊လက္ကားစျေးများလဲရှိပြီး မိမိစိတ်ကြိုက်ကွာလတီကိုလဲ အော်ဒါမှာလို့ရပါတယ်ခင်မျ ...

♥️"ရသာမှန် ဘိုကံပါ" ♥️
⛳ပင်ရင်း ။ ။ မန္တလေးတိုင်း၊မြင်းခြံမြို့
⛳Thailand Branch : Chiangmai
⛳To Contact : Page Messenger or Line (0922471274)

🙏ဆာဝါဒီရောက် အမျိုးတို့ရေ ........ထိုင်းနိုင်ငံမှာလဲ ဝင်းသန်းငပိထုပ်တွေနဲ့ ဘိုကံအသင့်စားထုပ်တွေရှိနေပြီနော် !!နိုင်ငံရပ်...
11/08/2025

🙏ဆာဝါဒီရောက် အမျိုးတို့ရေ ........
ထိုင်းနိုင်ငံမှာလဲ ဝင်းသန်းငပိထုပ်တွေနဲ့ ဘိုကံအသင့်စားထုပ်တွေရှိနေပြီနော် !!
နိုင်ငံရပ်ခြားမှာ ကိုယ့်မြန်မာအစားအသောက်လေးများစားလိုက်ရရင်ဖြင့်အရသာရှယ်ရှိ၊ကျေနပ်ပီတိဂွမ်းဆီထိ ဆိုတာ ..နိုင်ငံခြားရောက်နေတဲ့သူများ အသိဆုံးပါပဲနော် ........

♦♦ မြန်မာပြည်မှာတော့ ငါးပိ၊ငံပြာရည်နဲ့ကင်းတဲ့ မီးဖိုချောင်ရယ်လို့သိပ်ရှိမယ်မထင်ဘူး ..
♦ လေယူလေသိမ်းတောင် မြန်မာငပိသံလို့ ပြောစမှတ်ပြုရတဲ့အထိ ငါးပိ စားကြတာရယ် ..
🍯💖 ငပိ၊ငံပြာရည်၊ငပိရည်ကျို၊ငပိထောင်းကောင်းကောင်းလေးနဲ့ လွေးပြီး မြန်မာပြည်ကို အလွမ်းဖြေချင်တယ်ဆိုရင်တော့ ..
👉 ဝင်းသန်းတံဆိပ်/ဘိုကံတံဆိပ်တွေကို မြည်းကြည့်ဖို့ ညွှန်းပေးချင်ပါတယ်မိတ်ဆွေ
💯 ဝင်းသန်းဆိုတာ ငါးပိ၊ငံပြာရည်၊ငါးပိရည်ကျိုနဲ့ ငါးပိထောင်းထုတ်ကုန်တွေချည်းသီးသန့်ထုတ်လုပ်တဲ့ လုပ်ငန်းတခုဖြစ်ပြီး မန္တလေးတိုင်း၊မြင်းခြံမြို့ကဖြစ်ပါတယ်
💯 ဝင်းသန်းဆိုတာ နှစ်ပေါင်း၄၀ကျော်သက်တမ်းရှိတဲ့ ငါးပိ၊ငံပြာရည်ရောင်းဝယ်ရေးလုပ်ငန်းတခုလဲဖြစ်ပါတယ်
💯 ဝင်းသန်းငပိထုတ်ကုန်တွေဟာ ကျန်းမာရေးထောက်ခံချက် FDA လက်မှတ်လဲရရှိထားပြီးဖြစ်သလို မြန်မာပြည်အလယ်ပိုင်း၊အထက်ပိုင်းနဲ့ရှမ်းပြည်တောင်ပိုင်း/မြောက်ပိုင်းတွေမှာ ရောင်းအားကောင်းပြီး မြန်မာပြည်အထက်ပိုင်း ငပိစျေးကွက်မှာ လူသိများတဲ့ Brand Name တခုလဲဖြစ်ပါတယ်
💯 ဘိုကံဆိုတာကတော့ ဝင်းသန်းငပိလုပ်ငန်းက ထုတ်လုပ်ထားတဲ့ အသင့်စားတံဆိပ်တခုဖြစ်ပြီး အခုဆိုရင်တော့ ချင်းမိုင်မြို့မှာ စားသုံးသူကြိုက်နှစ်သက်တဲ့ တံဆိပ်တခုဖြစ်နေပါပြီနော်
💯 ဘိုကံအသင့်စားထုတ်ကုန်တွေက ငပိရည်ကျိုအနှစ်၊ငံပြာရည်ကြော်၊ငပိထောင်း၊ဘာလချောင်၊မန်ကျီးသီးစိမ်းငပိကြော် ဆိုပြီး မျိုးစုံရှိပြီး ဘိုကံတံဆိပ်အားလုံးက အသင့်စားတွေချည်းဖြစ်လို့ ကျို၊ချက်၊ကြော်၊လှော်ရတဲ့ ဒုက္ခတွေလဲမရှိပါဘူးနော်၊ ထမင်းစားတဲ့အချိန်မှပဲ အသင့်ဖောက်စားလိုက်ရုံပါပဲ
💯 ကြိုက်တဲ့ဘိုကံကိုစား လျှာလည်ရုံတင်မဟုတ်ပဲ လျှာနတ်ပြည်တက်သွားဖို့ပါ အာမခံပါတယ်နော် 🙂 🙂

🌻 အရည်အသွေးလဲမှီ၊ လူကြိုက်လဲများသော ဝင်းသန်းနဲ့ဘိုကံထုတ်ကုန်များကို လက်လီ၊ လက္ကား၊ ကိုယ်စားလှယ် စနစ်များဖြင့် မိတ်ဆွေတို့ရဲ့ အိမ်ဆိုင်၊ စျေးဆိုင်များသို့ အရောက်ပို့ ဝန်ဆောင်မှုဖြင့် ပို့ဆောင်ပေးလျက်ရှိကြောင်း သတင်းကောင်းပါးအပ်ပါတယ် ...
🌻 မြန်မာပြည်စက်ရုံတိုက်ရိုက်ဖြစ်လို့ ပစ္စည်းအမျိုးအစားစုံလင်စွာရနိုင်ပြီး စျေးနှုန်းလဲ အထူးသက်သာပါမယ်နော် ...
🌻 အိမ်စားအတွက်ဖြစ်စေ၊ဆိုင်ရောင်းဖို့အတွက်ဖြစ်စေ ဝယ်ယူလိုလျှင် Bokan Fish Paste ရဲ့ page messenger ကိုနှိပ်ပြီး အွန်လိုင်းကနေ ဝယ်ယူနိုင်ပါတယ်နော်
0922471274 (Line) ကနေလဲမှာယူလို့ရတယ်ခင်မျ

"စားသုံးသူအပေါင်း အဟာရသုခနဲ့ပြည့်စုံနိုင်ကြပါစေ"

07/04/2025

☀️ပူပြင်းတဲ့နွေရာသီမှာ အိပ်ချင်ပြေအောင် ဘိုကံငပိရည်ကျိုလေးနဲ့ သီးစုံသုပ်လေးလုပ်စားကြည့်လို့ရပါတယ်နော် အမျိုးတို့ ...
🍏🍋🍊အသီးအနှံတွေရဲ့ လတ်ဆတ်တဲ့ သဘာဝနဲ့ ဘိုကံရဲ့ ချိုချဥ်ငံစပ်အရသာ ပေါင်းစပ်လိုက်တော့ .. ခံတွင်းတပေါက် လျှမ်းလျှမ်းတောက်ပါပဲနော် .. ❤️❤️
♦️ဘိုကံငပိရည်ကျိုတစ်ဗူးကို 65ဘတ်ရောင်းပါတယ်ခင်မျ ..
♦️ဘိုကံငပိ၊ငံပြာရည်နဲ့ငပိရည်ကျို အသင့်စားထုတ်ကုန်တွေကို Bokan Thailand Page ရဲ့ messenger ကနေ မှာယူနိုင်ပါတယ်နော် ..

🙏စားသုံးသူအပေါင်း အဟာရသုခနဲ့ပြည့်စုံနိုင်ကြပါစေခင်မျာ🙏

19/03/2025

ငပိ၊ငံပြာရည်၊ငပိရည်ကျိုနဲ့ ပတ်သတ်လာရင် ဘိုကံက စျေးရော၊အရသာရော "ချို" ပြီးသားပါနော် .. "ရသာမှန် ဘိုကံ" ပါခင်မျ

တကယ့်ကို အရသာကောင်းလွန်းတဲ့ ဆင်ချောင်းပုန်းရည်ကြီးပါဗျာ၊ တကယ်ပါ လုံးဝ အစိမ့်အရသာပဲ၊အချဥ်ဓာတ်တစက်မှ မပါဘူးနော်၊ အိမ်မှာသု...
02/03/2025

တကယ့်ကို အရသာကောင်းလွန်းတဲ့ ဆင်ချောင်းပုန်းရည်ကြီးပါဗျာ၊ တကယ်ပါ လုံးဝ အစိမ့်အရသာပဲ၊အချဥ်ဓာတ်တစက်မှ မပါဘူးနော်၊ အိမ်မှာသုပ်စားကြည့်ထားတာ .. စားကြည့်ပြီးမှ ကြိုက်လွန်းလို့ မိတ်ဆွေများကို ညွှန်းပေးတာပါခင်မျ
၅ကျပ်သားအထုပ်သေး ၁ထုပ် ၂၅ဘတ်
၅ထုပ်ပါကင်ထုပ် ၁ပါကင် ၁၀၀ဘတ်
ဆိုင်သုံး 500g အထုပ်ကြီး ၁ထုပ် ၇၀ဘတ်
(အများစျေးတွေလဲရှိတယ်နော်)

ဘိုကံတွေတထောကြီးလာပါပြီဗျာ 🧉🧉🍯🍯----------------------------------------------------------👶သောကတွေခနလောက်အသာထား၊ ကောင်းကေ...
01/02/2025

ဘိုကံတွေတထောကြီးလာပါပြီဗျာ 🧉🧉🍯🍯
----------------------------------------------------------
👶သောကတွေခနလောက်အသာထား၊ ကောင်းကောင်းစားပြီး လျှာနတ်ပြည်တက်ဖို့အတွက် ...
👶ဘိုကံတံဆိပ်တွေက
အသင့်စားငပိရည်ကျိုအနှစ်ဗူး/ပါကင်
ငံပြာရည်ကြော်ဗူး/ပါကင်
ငပိထောင်းဗူး/ပါကင်
ဘာလချောင်ကြော်ဗူး/ပါကင် ဆိုပြီးရွေးချယ်စရာအစုံရှိတယ်နော် ...
ဆိုတော့ ...

ဘယ်ဘိုကံကို စားပြီး လျှာနတ်ပြည်တက်မလဲသာစဥ်းစားထားပါနော် ??? 🎇🎇

👶ထုပ်ပိုးမှုပုံစံနဲ့ ပါဝင်တဲ့ပမာဏပဲပြောင်းပြီး အရည်အသွေးကတော့အတူတူတွေဖြစ်လို့ .. မိမိတို့နဲ့ ကိုက်ညီမယ့် ထုပ်ပိုးမှုပုံစံကိုရွေးချယ်ဝယ်ယူလို့ရပါတယ်
👶ကြိုက်တဲ့ဘိုကံကိုစား လျှာလည်ရုံတင်မဟုတ်ပဲ လျှာနတ်ပြည်ပါတက်သွားဖို့ကတော့ အာမခံပါတယ်ဗျ :-) :-)
👶ဘိုကံတံဆိပ်အားလုံးက အသင့်စားတွေချည်းဖြစ်လို့ ကျို၊ချက်၊ကြော်၊လှော်ရတဲ့ ဒုက္ခတွေလဲမရှိပါဘူးနော်၊ ထမင်းစားတဲ့အချိန်မှပဲ အသင့်ဖောက်စားလိုက်ရုံပါပဲ

ဘိုကံ Ready-made ပါကင်စုံတွေကို ချင်းမိုင်မြို့ကကုန်စုံဆိုင်တွေမှာ ဝယ်လို့ရသလို Page Messenger မှာလဲ ဝယ်လို့ရတယ်နော်

m.me/bokanthailand

🙏 စားသုံးသူအပေါင်း အာဟာရသုခနဲ့ပြည့်စုံနိုင်ကြပါစေ 🙏

01/02/2025

❤️အချစ် နဲ့ ငပိ🍯

ကဲ ... အဲ့ဒီ ၂ခုနဲ့ ဘယ်သူများကင်းနိုင်လို့တုန်း ??

📣 မကင်းနိုင်ရင် ဝင်းသန်းငပိ၊ငံပြာရည်တွေ၊ဘိုကံအသင့်စားငပိတွေ ဝယ်စားကြည့်နော်!!

🌟 ဖောက်သည်တွေကို Bokan Thailand က အချစ်❤️တွေ အများကြီးပေးမှာ ... 😁😁

m.me/bokanthailand

🙏 စားသုံးသူအပေါင်း အာဟာရသုခနဲ့ပြည့်စုံနိုင်ကြပါစေ 🙏

01/02/2025

💧🧉 ဖယောင်းသားလေးလို နူးညံ့အိစက်နေမယ့် ငပိအရသာကို ခံစားကြည့်လိုက်ပါ 💨💨

✅ ငပိပေါ်ကို ဖယောင်းသားလောင်းထားတာကြောင့် ငပိသားမဲခြင်း၊အနံ့ဆိုးထွက်ခြင်းမှ ကာကွယ်ပေးခြင်း
✅ အလွတ်ထားတဲ့ ငပိတွေနဲ့မတူပဲ ဖယောင်းနံ့သင်းပြီး စားရတဲ့အရသာမှာ လျှာပေါ်စွဲခြင်း
✅ ငပိထည့်စရာ တကူးတကရှာရန်မလိုပဲ သူ့ဗူးလေးနဲ့သူ ပြန်ထည့်ထားနိုင်ခြင်း တို့ကြောင့် ...

❤❤ ဝင်းသန်း ဖယောင်းငပိဗူးလေးတွေဟာ လူကြိုက်များရခြင်းပဲဖြစ်ပါတယ်ခင်မျ ..

ဝင်းသန်းဖယောင်းငပိဗူးလေးတွကို ချင်းမိုင်မြို့ကကုန်စုံဆိုင်တွေမှာ ဝယ်လို့ရသလို Page Messenger မှာလဲ ဝယ်လို့ရတယ်နော်

m.me/bokanthailand

🙏 စားသုံးသူအပေါင်း အာဟာရသုခနဲ့ပြည့်စုံနိုင်ကြပါစေ 🙏

Send a message to learn more

01/02/2025

👉🍚အိမ်မှာအလွယ်တကူကြော်စားလို့ရတဲ့ ငံပြာရည်ထမင်းကြော်လေးပါခင်မျ...
♦️ပုံမှန်ထမင်းကြော်သလိုပဲကြော်ပြီး ဒယ်အိုးမချခင် ထမင်းကြော်ပေါ်ကို ငံပြာရည်နဲနဲလောက်ဆမ်းပြီး အဖုံးပြန်အုပ်၊နှပ်ထားပြီး စားလို့ရပါပြီ ..
ထမင်းကြော်ပူပူလေးကိုမှ ငံပြာရည်နံ့မွှေးမွှေးလေးနဲ့ ဂျိုးကြွပ်ကြွပ်ကလေးနဲ့ အရမ်းစားလို့ကောင်းပါတယ်၊ အိမ်မှာလုပ်စားကြည့်ကြနော် .. ♦️

✅ငံပြာရည်ကိုတော့ ရွေးသုံးရင်ပိုကောင်းပါတယ်၊ ကျွန်တော်ကတော့ ချိုငါးငံပြာရည်ကိုသုံးထားပါတယ်။ ချိုငါးငံပြာရည်က ငါးနံ့လေးမွှေးပြီး အငံလဲပေါ့တဲ့အတွက် ငံပြာရည်ထမင်းကြော်မှာသုံးရင် အလွန်အရသာရှိပါတယ်..

🙏 စားသုံးသူအပေါင်း အာဟာရသုခနဲ့ပြည့်စုံနိုင်ကြပါစေ 🙏

ที่อยู่

Saraphi
Chiang Mai
50140

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Bokan Fish Pasteผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์