23/06/2024
4 Years Anniversary ❤
ချစ်ခဲ့ကြတာ ၄နှစ်တောင်ပြည့်ခဲ့ပြီနော်
ရန်ဖြစ်တိုင်း ပြက်မယ်လို့ မပြောခဲ့ကြဖူးဘူး🙂
အချစ်တွေနဲ့ နေ့ရက်တိုင်း မျှဝေပျော်ရွှင်ခဲ့ရတယ်
တစ်ယောက်ကိုယ်တစ်ယောက် စိတ်မပျက်ပဲတစ်နေ့ထက်တစ်အချစ်တွေတိုးပေးခဲ့ကကြတယ် နှစ်တွေသာကြာလာတယ် ဘယ်တော့မှရိုးမသွားပါဘူးအချစ်ရယ်
ခလေးလေး ရဲ့ အချစ်တွေ\အနမ်းတွေ\အပြုံတွေကအစ ချစ်တက်တဲ့နှလုံးသားလေးကအဆုံး ကိုကိုမြတ်နိုးမိပါတယ် ❤
ကိုကို့တစ်ယောက်ထဲကိုပဲ သစ္စာရှိရှိ ချစ်ပေးတာကိုလဲ ကျေးဇူးအများကြီးတင်ပါတယ်ကွာ
အခက်ခဲတွေ .စိတ်ညစ်စရာတွေရှိတိုင်း ခလေးလေးအမြဲနှစ်သိမ့်ပေးခဲ့တယ်
စိတ်အလိုမကျတိုင်းလဲ ခလေးလေးကို အော်မိခဲ့တယ် ကိုကို့ကို ဒီနေ့ဒီအချိန်ထိ စိတ်မပျက်ပဲ လက်တွဲမဖြုတ်ပေးခဲ့တဲ့ အတွက် အရမ်းချစ်ပါတယ်နော် ခလေးလေး🙆♂️
ခလေးလေး တစ်ယောက်ထဲကိုပဲ သစ္စာရှိပြီး လေးလေးနက်နက်နဲ့ တန်ဖိုးထားပြီး ချစ်သွားပါမယ်ဗျာ ကိုကို့အပေါ် နာကျင်စရာတွေမပေးပဲ အမြဲပျော်အောင်ထားပေးတဲ့ ခလေးလေးကို ကိုကိုကြောင့် အမြဲစိတ်ချမ်းသာအောင် ချစ်ပေးသွားပါမယ်နော်
ခလေးလေးဆိုးသမျှကိုလဲ သည်းခံပြီး မငြိုငြင်ပဲ ခွင့်လွတ်နားလည်ပေးပါမယ်
အားတဲ့အချိန်လေးတွေ ဖဲ့ပြီး အချိန်ပေးသွားကြမယ်နော်❤
အရာရာနားလည်ပေးနိုင်တဲ့ ခလေးလေးကို ဒီထပ်မက ပိုချစ်သွားပါမယ်
ချစ်လာခဲ့တာ ၄နှစ်ဆိုပေမဲ့ အချစ်တွေက အရင်လိုပဲ ရင်ခုန်စရာကောင်းနေတုန်းပဲ❤
ဘာမဆိုပွင့်ပွင့်လင်းလင်းနဲ့ လျှို့ဝှက်ထားတာတွေမရှိခဲ့ ကြတဲ့အတွက် ခလေးလေးကို စိတ်ချလက်ချနဲ့ ချစ်ရပါတယ်😍
ဘယ်နေရာရောက်ရောက် အချစ်တွေကနီးနီးလေးပါနော် ဝေးနေလဲ ပိုပိုချစ်ရပါတယ်
ရုပ်ရည်ကိုမကြည်ပဲ ကိုကို့ရဲ့ နှလုံးသားကို ကြည်ကြည်ဖြူဖြူလက်ခံပြီး ချစ်ပေးခဲ့အတွက် ကျေးဇူးအများကြီးတင်သလို ခလေးလေးထက်ပိုချစ်ပေးပါမယ်ဗျာ❤
ကိုကို့ပေါ်လဲ ဒီထပ်မက အများကြီးဆိုးနိုင်ပါစေ စိတ်ကောက်နေလဲ မငြိုငြင်ပဲလျှော့ပေးပါမယ် စိတ်မကြည်တဲ့အခါတိုင်းလဲ မအော်မိအောင် နေပါ့မယ်နော်
နောက်ထပ်နှစ်တွေအများကြီး ချစ်သွားကြမယ်နော်❤
Happy Anniversaryပါခလေးလေး အရမ်းချစ်တယ်❤❤