Mr.Than Sein people convenience

အင်္ဂလိပ်စာကို အခြေခံကနေ လေ့လာ သင်ယူချင်တဲ့သူတွေအတွက် ဒီ Personal Pronoun ( ပါဆင်နဲလ် ပရိုနောင် ) ကို တိတိကျကျ ရှင်းရှင်...
11/05/2026

အင်္ဂလိပ်စာကို အခြေခံကနေ လေ့လာ သင်ယူချင်တဲ့သူတွေအတွက် ဒီ Personal Pronoun ( ပါဆင်နဲလ် ပရိုနောင် ) ကို တိတိကျကျ ရှင်းရှင်းလင်းသိအောင် ကျက်မှတ်ထားရပါမယ်။

THE PRONOUN: KINDS OF PRONOUNS
Pronoun များမှာ အောက်ပါအတိုင်း အမျိုးမျိုးရှိသည်။

Personal Pronouns ( လူကို ကိုယ်စားပြုသော နာမ်စားများ )
လူကို ကိုယ်စားပြုသော Pronoun များကို Personal Pronouns ဟုခေါ်သည်။ ယင်း Pronoun များမှာ Personal သုံးမျိုးရှိသည်။

( ၁ ) I နဲ့ we ကို First Person ဟု ခေါ်သည်။
( ၂ ) you ကို Second Person ဟု ခေါ်သည်။
( ၃ ) he, she it နဲ့ they ကို Third Person ဟု ခေါ်သည်။

ပါချုပ်ဆရာတော်ကြီး၏ မေတ္တာပို့ပါ… ဆန္ဒရှိသူများ ရွက်ဖတ်ပူဇော်နိုင်ပါကြောင်း…
29/10/2025

ပါချုပ်ဆရာတော်ကြီး၏ မေတ္တာပို့ပါ… ဆန္ဒရှိသူများ ရွက်ဖတ်ပူဇော်နိုင်ပါကြောင်း…

26/10/2025
26/10/2025
26/10/2025
ပဌာန်းပါဠိတော်( ၂၄ ပစ္စည်း အကျယ် ) အတိုကောက် ကျက်နည်း ရွက်ဖတ်ပူဇော်ကြပါရန်
26/05/2024

ပဌာန်းပါဠိတော်( ၂၄ ပစ္စည်း အကျယ် ) အတိုကောက် ကျက်နည်း ရွက်ဖတ်ပူဇော်ကြပါရန်

24/02/2024

စိတ်ဓါတ်ကျပြီး မဖြစ်နိုင်ဘူး ထင်ရင် KFC ပိုင်ရှင်ကို သတိရလိုက်ပါ။

အသက် ၅ နှစ်မှာ သူ့ဖခင်ဆုံးတယ်။
အသက် ၁၆ နှစ်မှာ သူကျောင်းထွက်တယ်။
အသက် ၁၇ နှစ်မှာ အလုပ် ၄ ခုမှာပြူတ်နေပြီ
အသက် ၁၈ နှစ်မှာ သူအိမ်ထောင်ကျတယ်။
အသက် ၁၈ - ၂၂ ကြားမှာ ရထားလမ်းပြ အလုပ်ကိုလုပ်ပြီး သူအလုပ်ပြုတ်ပြန်တယ်။
သူ ဥပဒေကျောင်းဝင်ခွင့်လျောက်တယ် မရဘူး။
သူအာမခံကုမ္ပဏီမှာလုပ်တယ် အလုပ်ပြုတ်ပြန်တယ်။
အသက် ၁၉ နှစ်မှာ သူဟာ ဖခင်တဦးဖြစ်လာတယ်။
အသက် ၂၀ မှာ သူ့မိန်းမက သူကို ထားခဲ့ပြီး သမီလေးနဲ့အတူအိမ်ပေါ်ကဆင်းသွားတယ်။
အသေးစား ကဖေးဆိုင်မှာ စားဖိုမှုးနဲ့ပန်းကန်ဆေးတဲ့အလုပ်တစ်ခုသူရပြန်တယ်။
မိန်းမနဲ့ကွဲနေချိန်မှာ သူ့သမီးကိုပြန်ပေးဆွဲဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ဘူး။ ဒီလိုနဲ့သူမိန်းမကို ကတိတွေပေးပြီး ချောမော့ပြီးအိမ်ကိုပြန်ခေါ်နိုင်ခဲ့တယ်။

သူ စစ်တပ်ထဲဝင်တယ် သူဘ၀ အတော်ပင်ပန်းနွမ်းနယ်ခဲ့တယ်။

အသက် ၆၅ နှစ်မှာ သူပင်စင်ယူတယ်
သူပင်စင်ယူတဲ့ ပထမဦးဆုံးနေ့မှာ အစိုးရထံမှ $105 ဒေါ်လာသူလက်ခံရရှိတယ်။
သူအဲဒီငွေကိုကြည့်ပြီးအတော်ခံစားခဲ့ရတယ်။ ဒီလူက သူကိုယ်ကိုတောင်သူမကူညီနိုင်သူ ဟုဆိုပြီးအစိုးရက သူ့ကို အဲဒီလိုမြင်တယ်လို့သူခံစားရတယ်။
သူအမြဲတမ်းကျရှူံးတယ် သူအသက်ရှင်ဖို့မတန်ဘူးဆိုပြီး သူ့ကိုယ်သူ အဆုံးစီရင်ဖို့ကြိုးစားခဲ့တယ်။
သူသစ်ပင်အောက်ထိုင်ပြီး သူသေတမ်းစာ ရေးဖို့ပြင်ပါတော့တယ်။ ဒါပေမယ့်သူ့ဘ၀မှာသူဘာတွေ အောင်မြင်ခဲ့သလည်းဆိုတာကို ပြန်ပြီးသုံးသပ်ကြည့်ပါတယ်။ အားလုံးဟာ ဆုံးရှူံးမှုတွေပဲသူတွေ့ခဲ့ရတယ်။ ဒါပေမယ့်ရှားရှားပါးပါးသူ့ရဲ့အားသာချက်လေးတစ်ခုသူတွေ့မိတယ်။ အဲ့တာက ဘာလည်းဆိုရင် ဟင်းကို ဘယ်လို ချက်ရမလည်း ဆိုတာပါပဲ။
ဒီလိုနဲ့ $87 ဒေါ်လာငွေကို ချေးယူပြီး ကြက်သားနဲ့လို အပ်တဲ့တန်ဆာပလာတွေကိုဝယ်ကာ သူ့ရဲ့ ကြက်ကြော်ကို တအိမ်ဝင် တအိမ်ထွက် Kentucky မှာရှိတဲ့ အိမ်နီးနားချင်းတွေကို လိုက်ရောင်းပါတော့တယ်။

ဒီနေရာမှာ စာဖတ်သူကို ပြန်ပြီးတခုသိတရစေချင်တာက သူအသက် ၆၅ နှစ်မှာ သူ့ကိုယ်သူ့အဆုံးစီရင်ဖို့ကြိုးစားခဲ့ဘူးတယ်ဆိုတဲ့အချက်

သို့သော်.. Kentucky Fried Chicken (KFC) ကမ္ဘာကျော် ကြက်ကြော် KFC ကိုတည်ထောင်သူ အငြိမ်းစားဗိုလ်မှူး Sanders ဟာ အသက် ၈၈ နှစ်မှာ ဘီလီယံနာ ကမ္ဘာ့သန်းကြွယ် သူဌေးကြီးဖြစ်လာခဲ့ပါတယ်။

စိတ်ဓါတ်ရေးရာအရ သင်ခန်းစာယူစရာများကတော့
1/ အလုပ်တစ်ခုကို စတင်ဖို့အတွက် သိပ်နောက်ကျသွားတယ်ဆိုတာ ဘယ်တော့မှမရှိဘူး။
2/ နောက်အရေးကြီးတာက သင့်ရဲ့ ပင်ကိုယ်ရပ်တည်ချက်သဘောထား Attitude ဖြစ်တယ်။ ဘယ်လောက်ပဲအခက်ခဲတွေ တွေ့ပါစေ ဘယ်တော့မှအရူံးမပေးတဲ့စိတ်ဓါတ် ဇွဲ လုံလ ဝိရိယတွေရှိဖို့လိုတယ်။
အောင်မြင်မှုအတွက်သင့်မှာ တစ်ခုခုတော့ အနည်းဆုံးရှိတယ်။ သူများနဲ့မတူတဲ့ဆန်းသစ်မှုကို သတ္တိရှိရှိ ရဲရဲလုပ်ပါ။

နောက်ကျတယ်ဆိုတာ ဘယ်တော့မှမရှိဘူး ဆက်ကြိုးစားပါ

မူရင်းCredit

24/02/2024

စက်ရေတွင်းတူးတဲ့အခါ ရေရှိ/ မရှိ၊ ရေ-နည်း/ရေများတဲ့ ပြဿနာလေးတွေ ခန့်မှန်းသိရှိနိုင်ပုံလေးကို ဗဟုသုတ အနေနဲ့ ဝေမျှပေးပါရစေရှင်။

ရေ-ရှိ/မရှိ

၁။ အရွက်အမြဲတမ်း ရှိနေတတ်သော အုန်းနှဲပင်၊ မယ်ဇလီပင်၊ မြက် စတဲ့အပင်တွေ စိုစိုပြေပြနဲ့ လန်းလန်းဆန်းဆန်းရှိနေတယ်ဆိုရင် အဲ့နေရာမှာ ရေရှိတယ်လို့ မှတ်ယူနိုင်ပါတယ်။

ရေချို/ရေငန်

၂။ အနီးအနားတွင်ရှိတဲ့ သစ်ပင်တွေက အပင်အမျိုးအစားခြင်းတူပါလျက် တခြားနေရာမှာရှိတဲ့ သစ်ပင်က အရွက်တွေထက် အနာအဆာများပြီး အစိုဓါတ်ခမ်းခြောက်နေရင် ရေငန်လို့ ခန့်မှန်းနိုင်ပြီး၊ သစ်ပင်က အရွက်တွေက စိမ်းလန်းစိုပြည်နေပါက ရေချိုလို့ သတ်မှတ်နိုင်ပါတယ်။

ရေတိမ်/ရေနက်

၃။ အနီးအနားက သစ်ပင်တွေက အဆစ်တိုနေရင် ရေတိမ်- ရေနီးတဲ့ နေရာလို့ ခန့်မှန်းနိုင်ပြီး အဆစ်ရှည်နေပါက ရေနက်- ရေဝေးတဲ့နေရာလို့ ခန့်မှန်းနိုင်ပါတယ်။

ကျောက်ဆောင်- ရှိ/ မရှိ

၄။ အနီးအနားတဝိုက်က သစ်ပင်ကြီး၊ သစ်ပင်ငယ်တွေဟာ ကြုံလှီ,ပုကျစ်၍ တွန့်လိမ်, ကွေ့ကောက် နေတယ်ဆိုရင် မြေအောက်မှာ ကျောက်ဆောင်ရှိတတ်ပါတယ်။ အဲလိုမဟုတ်ဘဲ သစ်ပင်တွေက ဖြောင့်တန်းတယ်ဆိုရင်တော့ ကျောက်ဆောင် မရှိတတ်ပါဘူး။

ရေချို/ရေငန် (တဝက်စီ)

၅။ ရေတွင်းတူးမယ့်နားက သစ်ပင်တွေက တစ်ခြမ်းက အနာဆာကင်းပြီး တစ်ခြမ်းက ချောမွေ့နေရင် ရေငန်-ရေချို တစ်ခြမ်းစီ ရောစပ်နေတဲ့ နေရာလို့ ခန့်မှန်းသိရှိနိုင်ပါတယ်။

နောက်ထပ် ထမင်းအိုးနဲ့ စမ်းသပ်နည်းလေးကိုလည်း ဝေမျှပေးချင်ပါတယ်။

ချိုး(ဂျိုး)ကပ်နေတဲ့ ထမင်းအိုးကို စလောင်းဖုံးဖွင့်၊ မြေကြီးကို တွင်းတူးပြီး၊ မြေတွင်းထဲမှာ အိုးကို တစ်ညသိပ်ပါ။

နောက်တစ်နေ့ အိုးကို ဖော်ကြည့်တဲ့အခါမှာ ထမင်းအိုးဖင်က ထမင်းချိုး(ဂျိုး)က ရေနူးပြီး ကွာကျနေရင် ရေတိမ်-ရေနီးတယ်လို့ ခန့်မှန်းနိုင်ပါတယ်။ နည်းနည်းလောက်ပဲ စိုပြီး ထမင်းချိုး ကွာမကျရင်တော့ ရေနက်တယ်လို့ ဖြစ်ပါတယ်။

ထမင်းချိုး(ဂျိုး)ကို စားကြည့်တဲ့အခါမှာ ငန်နေရင် ရေငန်လို့ သတ်မှတ်နိုင်ပြီးတော့ ချိုနေရင်တော့(ပုံမှန်အရသာပဲ ဖြစ်နေရင်တော့) ရေချိုလို့ သတ်မှတ်
နိုင်ပါတယ်ရှင်။

အခုဖော်ပြပေးခဲ့တာလေးတွေကတော့ ပညာရှင်ကြီးတွေရေးသားဖော်ပြထားတာလေးတွေထဲကနေ ပြန်လည် ထုတ်နှုတ် ရေးသားထားတာဖြစ်တဲ့အတွက် မူရင်း ပြုစုသူအား လေးစားစွာ ဂုဏ်ပြုအပ်ပါတယ်

ที่อยู่

126/1 Moo 7, Haad Khom Road, Chaloklum Village, Koh Phangan
Ko Phangan
84280

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Mr.Than Seinผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์