မဲ့ဆောက်လင်း VCD အေးချမ်းမြတ်ဘုန်းစာပေ

မဲ့ဆောက်လင်း  VCD အေးချမ်းမြတ်ဘုန်းစာပေ စာအုပ်အမျိုးမျိုး .ဘုရားပစ္စည်းအမျိုးမျိုးနှင့်လူသုံးကုန်ပစ္စည်းအမျိုမျိုး

📚ကျောင်းဖွင့်ချိန်နီးပီမို့ ကျောင်းသုံးဖတ်စာအုပ်     အတန်းစုံ ဘာသာစုံ လက်လီ လက်ကား...     မှာယူရရှိနိုငိပါပြီ 🥰🥰🥰  #ကျော...
19/05/2026

📚ကျောင်းဖွင့်ချိန်နီးပီမို့ ကျောင်းသုံးဖတ်စာအုပ်

အတန်းစုံ ဘာသာစုံ လက်လီ လက်ကား...

မှာယူရရှိနိုငိပါပြီ 🥰🥰🥰



#ကျောင်းသုံး ဖတ်စာအုပ်

#မဲ့ဆောက်လင်းvcd အေးချမ်းမြတ်ဖုန်းစာပေ

📚 သားသား မီးမီး , ညီငယ် ညီမငယ်လေးတို့        ပညာသင်နှစ် စတင်ဖို့ နီးလာပီမို့....        ကျောင်းသုံးပုံနှိပ်စာအုပ် ဖလင်သာ...
26/04/2026

📚 သားသား မီးမီး , ညီငယ် ညီမငယ်လေးတို့

ပညာသင်နှစ် စတင်ဖို့ နီးလာပီမို့....

ကျောင်းသုံးပုံနှိပ်စာအုပ် ဖလင်သားနဲ့

အဖုံးချုပ်ပီးသား အတန်းစုံ ,

အင်္ဂလိပ်မီးနင်း အတန်းစုံ

Learner' Choice အထူးထုတ်

အတန်းစုံ ဘာသာစုံ.....

မဲ့ဆောက်လင်း VCDအေးချမ်းမြတ်ဖုန်းစာပေ

မှာ လက်လီလက်ကား မှာယူရရှိနိုင်ပါပြီ

# instok

#ကျောင်းသုံးပုံနှိပ်စာအုပ်

#မဲ့ဆောက်လင်းVCDအေးချမ်းမြတ်ဖုန်းစာပေ

"မိန်းမလိင်အင်္ဂါရဲ့ အရသာခံဖုကို ကပ်ကြေးနဲ့ညှပ်ထုတ်ပစ်ကြပြီး မိန်းမကောင်းဆိုတာ ကာမဂုဏ်မခံစားရဘူးဆိုပြီးငယ်စဥ်ထဲက ခေါင်းထ...
23/03/2026

"မိန်းမလိင်အင်္ဂါရဲ့ အရသာခံဖုကို
ကပ်ကြေးနဲ့ညှပ်ထုတ်ပစ်ကြပြီး
မိန်းမကောင်းဆိုတာ
ကာမဂုဏ်မခံစားရဘူးဆိုပြီးငယ်စဥ်ထဲက
ခေါင်းထဲရိုက်သွင်းထားတဲ့ ပညတ်တွေ
အပျိုစင်ဘဝကိုထိန်းသိမ်းတတ်ဖို့ဆိုကာ
အမျိုးသမီးအင်္ဂါအပေါက်ဝကို
အပ်နဲ့ချုပ်ပြီး ပိတ်ပစ်တာမျိုးတွေ . . . "

စာအုပ်အကြောင်းပြောရမယ်ဆိုရင်
" ဆိုမာလီယာ " နိုင်ငံက
အစ္စလာမ်မိသားစု မှာ မွေးဖွားကြီးပြင်းခဲ့တဲ့
အစ္စလာမ် အမျိုးသမီးတစ်ယောက်ရဲ့
ဘဝဇာတ်ကြောင်း တစ်ခုပါပဲ ။

တင်းကျပ်တဲ့ဘာသာရေးစည်းတွေ၊
အမျိုးဇာတ်နိမ့်ဇာတ်မြင့်တွေ
ဖိုဝါဒကြီးစိုးမှုနဲ့ တန်းတူမညီမျှမှုတွေ
မိန်းမဆိုသည် ဖြစ်တည်မွေးဖွားမှုကြောင့်
ငယ်စဥ်ထဲက မိသားစုအတွင်းမှာ
ကျမ်းစာသင်ကျောင်းတွေမှာ
အနိုင်ကျင့် ဖိနှိပ် ခံခဲ့ရခြင်းတွေ

မိရိုးဖလာရှေးရိုးစွဲအယူအဆတွေ
(မိန်းမလိင်အင်္ဂါရဲ့ အရသာခံဖုကို
ကပ်ကြေးနဲ့ညှပ်ထုတ်ပစ်ခံရပြီး
ငယ်ရွယ်စဥ်ထဲကမိန်းမကောင်းဆိုတာ
ကာမဂုဏ်မခံစားရဘူးဆိုပြီး
ခေါင်းထဲရိုက်သွင်းထားတဲ့ ပညတ်တွေ
အပျိုစင်ဘဝကိုထိန်းသိမ်းတတ်ဖို့ဆိုကာ
အမျိုးသမီးအင်္ဂါအပေါက်ဝကို
အပ်နဲ့ချုပ်ပြီး ပိတ်ပစ်တာမျိုးတွေ)
အဲဒီလုပ်ရပ်တွေကြောင့် အပျိုစင်ဘဝ
မရောက်ခင်မှာတင် ပိုးဝင်ပြီးသေခဲ့ရတဲ့
အမျိုးသမီးတွေတွေရှိသလို မသေခဲ့ရင်လည်း
နာတာရှည်ရောဂါကြီးတစ်ခုအဖြစ်
ဆီးသွားတိုင်းမှာ နာကျင်နေရသူတွေ ၊
အိမ်ထောင်ကျလို့ လင်ယောက်ျားနဲ့
ဆက်ဆံတဲ့အခါ အဝကိုပိတ်နှောင်ထားတဲ့
ချုပ်ရိုးကြောင့် ငရဲတမျှ နှာကျင်နေခဲ့ရခြင်းတွေ

ဘာသာရေးဆွေးနွေးပွဲတွေနဲ့
ဆန့်ကျင်နေတဲ့ ဘဝထဲကဒုက္ခတွေ
အာဏာသိမ်းဖြစ်စဥ်နဲ့ပြည်တွင်းစစ်တွေ
တော်လှန်ရေးသမားဖခင်ကြောင့်
ဒုက္ခသည်ဘဝနဲ့ ပြည်ပနိုင်ငံတွေကို
ပြောင်းရွှေ့ခဲ့ရခြင်းတွေနဲ့ ဝတ္ထုတွေကြောင့်
လွတ်လပ်မှုနဲ့တန်းတူညီမျှတဲ့
အမျိုးသမီးဘဝတွေကို တွေ့လာ /
မြင်လာခဲ့ရခြင်းတွေ
အဖိနှိပ်ခံ အနှိမ်ခံရဖို့သာ လောကကြီးထဲ
မွေးဖွားလာရတဲ့ ဘဝတူအမျိုးသမီးတွေကို
ခံစားမြင်တွေ့လာခဲ့ရပြီး
ဆုတောင်းခြင်းကိုပစ််ပယ်၊
ဘာသာရေးရဲ့ တင်းကျပ်တဲ့စည်းမျဥ်းတွေကို
ပုန်ကန်ပြေးထွက်လာခဲ့တဲ့
ဆိုမာလီအစ္စလာမ်
အမျိုးသမီးငယ်တစ်ယောက်ရဲ့
သန်မာလှတဲ့ ဘဝဇာတ်အကြောင်းတစ်ခု . . .

မင်မင်တို့Pageလေးတွင် ဆက်သွယ်မှာယူနိုင်ပါပြီရှင့် 💕

#အကျွန်ုပ်မိစ္ဆာဒိဌိ
#ညီနောင်(Humber)
#မဲဆောက်လင်းVCDအေးချမ်းမြတ်ဖုန်းစာပေ

📌မှာယူလိုပါက - မဲဆောက်ဈေးကြီး ၊နတ်စင်လမ်းကြား မဲဆောက်လင်းVCDအေးချမ်းမြတ်ဘုန်းစာပေဆိုင် (သို့မဟုတ် ) Page chat box သို့ လာရောက်မှာယူအားပေးနိုင်ပါပြီရှင့် 😘🥰

📌အများမမြင်တာကိုထိုးထွင်းသိမြင်ရေးနည်းလမ်းများကောင်းသာ(မြန်မာပြန်) ✍️📌လုပ်ဆောင်ချက်များအမှားများကြောင့်ဖြစ်ပေါ်လာသောကျရှ...
22/03/2026

📌အများမမြင်တာကိုထိုးထွင်းသိမြင်ရေးနည်းလမ်းများ
ကောင်းသာ(မြန်မာပြန်) ✍️

📌လုပ်ဆောင်ချက်များအမှားများကြောင့်ဖြစ်ပေါ်လာသောကျရှုံးမူ့များကိုဂရုစိုက်ထိမ်းသိမ်းခြင်းဖြင့် လုပ်ငန်းအခြေနေပိုမိုဆိုးရွားမလာအောင် လျှော့ချနိုင်သောလဲ လုပ်ငန်းအောင်မြင်တိုးတက်ရေးအတွက် လုပ်ဆောင်ရာတွင် အများအမြင်နှင့်မတူသောထိုးထွင်း သိမြင်နိုင်မူ့ရှိမှသာ ထိပ်တန်းသို့ရောက်ရှိနိုင်မည်ဖြစ်သည်။ ထို့ကြောင့် စစ်ရေး ၊စီးပွားရေးနှင့် သုတေသန နယ်ပယ်များတွင် ထိုးထွင်းသိမြင်မူ့ကြောင့် အောင်မြင်မူ့ ရရှိခဲ့သော ဖြစ်ရပ်သာဓက( ၁၂၀) ကို ထုပ်နုတ်ပြသထားကာ ထိုးထွင်းသိမြင်ရေး တံခါးများကို ဖွင့်လှစ်နိုင်မည့် နည်းလမ်းများကိုပါ ပြသပေးထားပါသည် ။

#အများမမြင်တာကိုထိုးထွင်းသိမြင်ရေးနည်းလမ်းများ
#ကောင်းသာ(မြန်မာပြန်)
#မဲဆောက်လင်းvcdအေးချမ်းမြတ်ဖုန်းစာပေ

📌မှာယူလိုပါက - မဲဆောက်ဈေးကြီး ၊နတ်စင်လမ်းကြား မဲဆောက်လင်းVCDအေးချမ်းမြတ်ဘုန်းစာပေဆိုင် (သို့မဟုတ် ) Page chat box သို့ လာရောက်မှာယူအားပေးနိုင်ပါပြီရှင့် 😘🥰

💥အချိန်ဆွဲတတ်တဲ့သူတွေအတွက် အချိန်ကို တန်ဖိုးရှိရှိအသုံးချနိုင်ဖို့ ဖတ်သင့်တဲ့ စာအုပ်လေး တစ်အုပ်💥အခုစာအုပ်မှာ ဖော်ပြထားတဲ...
22/03/2026

💥အချိန်ဆွဲတတ်တဲ့သူတွေအတွက် အချိန်ကို တန်ဖိုးရှိရှိအသုံးချနိုင်ဖို့ ဖတ်သင့်တဲ့ စာအုပ်လေး တစ်အုပ်

💥အခုစာအုပ်မှာ ဖော်ပြထားတဲ့ အကြံဉာဏ်တွေ ၊ နည်းလမ်းတွေကို အသုံးချကြည့်လိုက်ရင် မိတ်ဆွေ တစ်နေ့ကို နှစ်နာရီလောက် ပိုပြီး အလုပ်တွင်ကျယ်လာနိုင်ပါတယ် ။ ဒါမှမဟုတ်လည်း အလုပ်တွေ နှစ်ဆလောက် ပြီးမြောက်လာနိုင်ပါတယ် ။

💥ဒီစာအုပ်မှာ ဖော်ပြထားတဲ့ နည်းလမ်းတွေက အောင်မြင်မှု ရရှိစေကြောင်းကို နယ်ပယ်ပေါင်းစုံက ထောင်ပေါင်းများစွာသော အမှုဆောင်အရာရှိတွေက သက်သေပြခဲ့ပြီးပါပြီ ။

💥တစ်ခါတလေကျရင် အင်မတန် ဆက်သွယ်ရခက်တဲ့ လူတစ်ယောက်နဲ့ ရှားရှားပါးပါး ဖုန်းပြောခွင့် ရနေတုန်းမှာ ကိုယ်ပြောမယ့် အကြောင်းအရာတွေကို စာနဲ့ ချရေးမထားမိတော့ အရေးကြီးတဲ့ အချက်တွေ မပြောမိဘဲ ကျန်ရစ်ခဲ့တာမျိုးလည်း ဖြစ်တတ်ပါတယ် ။ ဒါကြောင့်မို့ မိမိ ပြောချင်တဲ့ အချက်တွေကို ကြိုတင်ပြီး ရေးမှတ်ထားသင့်ပါတယ် ။

💥အချိန်ကို စီမံခန့်ခွဲတဲ့နေရာမှာ စွမ်အား ဖြစ်နိုင်တာကတော့ ကိုယ်နေ့စဉ် အလုပ်တွေကို ချရေးထားတဲ့ စာရင်း ဇယားပဲ ဖြစ်ပါတယ် ။ အချိန်ကို အောင်အောင်မြင်မြင် စီမံခန့်ခွဲနိုင်တဲ့ မန်နေဂျာတွေအားလုံးဟာ နေ့စဉ် အလုပ်စာရင်းတွေကို စာရွက်ပေါ်မှာ ချရေးပြီးမှ အလုပ်လုပ်ကြပါတယ် ။

💥လေယာဉ်မှူးတွေက လေယာဉ် မပျံသန်းခင် လုပ်ရမယ့် အလုပ်စာရင်း တစ်ခုကို အသုံးချသလိုမျိုး အလုပ်ကို ထိထိမိမိ စီမံခန့်ခွဲတတ်တဲ့ အမှုဆောင် အရာရှိတွေကလည်း မိနစ်အနည်းငယ် အချိန်ယူပြီး အလုပ်စာရင်းကို ရေးဆွဲကြပါတယ် ။

💥အလုပ်စာရင်း ရေးဆွဲဖို့ အကောင်းဆုံးအချိန်ကတော့ ညမအိပ်ခင်ပါပဲ ။ မိတ်ဆွေ အိပ်ပျော်နေတဲ့အချိန်မှာ မသိစိတ်က အဲဒီစာရင်းထဲကအတိုင်း အလုပ်တွေ လုပ်နေပါလိမ့်မယ် ။ မနက်အိပ်ရာထရင် များသောအားဖြင့် ကိုယ့်စာရင်းထဲက အရေးကြီးဆုံး အလုပ်တချို့အတွက် စိတ်ကူးစိတ်သန်းတွေ ၊ လုပ်နည်းကိုင်နည်းတွေ သူ့အလိုလို ရနေသလို ဖြစ်ပါလိမ့်မယ် ။ တစ်နေ့တာ ကုန်ဆုံးသွားတော့မယ်ဆိုရင် မိတ်ဆွေ နောက်ဆုံး လုပ်သင့်တဲ့အလုပ်ကတော့ နောက်တစ်နေ့အတွက် အလုပ်စီမံချက်တွေချတာပါပဲ ။

💥ထူးချွန် ထက်မြက်တဲ့ ကုမ္ပဏီအရာရှိ အယောက် ၅၀ ကို လေ့လာ ဆန်းစစ်မှုတစ်ခုမှာ ၅၀ ထဲက ၄၉ ယောက်ဟာ သူတို့တွေ့ရှိသမျှထဲက အချန်ကိုစီမံခန့်ခွဲတဲ့ အကောင်းဆုံးစနစ်ကတော့ အလုပ်မစခင်မှာ သူတို့လုပ်ရမယ့်အလုပ်တွေ အားလုံးကို စာရွက် တစ်ရွက်ပေါ် ချရေးလိုက်ခြင်းပဲလို့ ပြောကြပါတယ်။

#အချိန်စီမံခန့်ခွဲမှုပညာ
#ကြည်ရွှန်း
#မဲဆောက်လင်းvcdအေးချမ်းမြတ်ဖုန်းစာပေ

📌မှာယူလိုပါက - မဲဆောက်ဈေးကြီး ၊နတ်စင်လမ်းကြား မဲဆောက်လင်းVCDအေးချမ်းမြတ်ဘုန်းစာပေဆိုင် (သို့မဟုတ် ) Page chat box သို့ လာရောက်မှာယူအားပေးနိုင်ပါပြီရှင့် 🥰

🍀 ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို အောင်မြင်စွာ       တည်ဆောက်လိုသူများ....        အထူးသဖြင့် ငွေရေးကြေးရေး အမှီခို      ...
21/03/2026

🍀 ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို အောင်မြင်စွာ

တည်ဆောက်လိုသူများ....

အထူးသဖြင့် ငွေရေးကြေးရေး အမှီခို

ကင်းသောဘဝ တည်ထောင်လိုသည့် ဝန်ထမ်း

များ ကြိုတင်ပြင်ဆင်သင့်သည့် ရုပ်ပိုင်း

စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များ

ဆောင်ရန် ရှောင်ရန်များကို လမ်းညွှန်ထားသော

စာပေကောင်း ၂အုပ်........❤️❤️❤️



#မြတ်ငြိမ်း

#မဲ့ဆောက်လင်းvcd အေးချမ်းမြတ်ဖုန်းစာပေ

💥ဒီစာအုပ်မှာ ကမ္ဘာကြီးကို အတွေးအခေါ်အရ ပြောင်း လဲသွားစေတဲ့ နာဇရက်သား ယေရှုခရစ်တော်နဲ့ တမန်တော် မိုဟာမက်ကစလို့  သောမတ်ဂျက...
19/03/2026

💥ဒီစာအုပ်မှာ ကမ္ဘာကြီးကို အတွေးအခေါ်အရ ပြောင်း လဲသွားစေတဲ့ နာဇရက်သား ယေရှုခရစ်တော်နဲ့ တမန်တော် မိုဟာမက်ကစလို့ သောမတ်ဂျက်ဖာဆန်၊ နပိုလီယန် ဘိုနာဘတ်၊ ဂျိုးဇက်စတာလင်၊ ဝင်စတန်ချာချီ၊ ခရူးရှက်၊ ကနေဒီ၊ မာတင်လူသာကင်း၊ မန်ဒဲလား၊ မီခေးလ် ဂေါ်ဘာချော့၊ ဗားကလပ်ဟာဗယ်၊ ဂျော့ ဒဗလျူ ဘုရှ် အပါအဝင် ဘာရတ်အိုဘာမား .....အဆုံး
လူပုဂ္ဂိုလ် (၄၈) ယောက်ရဲ့ ကမ္ဘာကြီးကို ပြောင်းလဲသွားစေတဲ့ မိန့်ခွန်းတွေနဲ့ မိန့်ခွန်းရဲ့အဖြစ်အပျက်နောက်ခံတွေအပြင် မိန့်ခွန်းပြောသူတွေရဲ့ အတ္ထုပ္ပတ္တိနဲ့ သူတို့ရဲ့ မိန့်ခွန်းတွေကို တစ်စုတစ်စည်းထဲ ဖတ်ရှုရမဲ့စာအုပ်ဖြစ်သလို နောင်အခါ အကိုးအကားအားပြု ရမဲ့ စာအုပ်တစ်အုပ်ဖြစ်မှာ သေချာပါတယ်။

#နီဇော်(မြန်မာပြန်)
#ကမ္ဘာကြီးကိုပြောင်းလဲစေသောမိန့်ခွန်းများ
#မဲဆောက်လင်းVCDအေးချမ်းမြတ်ဘုန်းစာပေ

💥စိတ်ဝင်စား၍ဖတ်ရှု့ရန်မှာယူလိုပါက - မဲဆောက်ဈေးကြီး ၊နတ်စင်လမ်းကြား မဲဆောက်လင်းVCDအေးချမ်းမြတ်ဘုန်းစာပေဆိုင် (သို့မဟုတ် ) Page chat box သို့ လာရောက်မှာယူအားပေးနိုင်ပါပြီရှင့် 💖

ဂရုမစိုက်နဲ့ *************သင့်ကို ဂရုမစိုက်တဲ့သူတွေကို သင် ဂရုစိုက်စရာ မလိုပါဘူး ။ တချို့လူတွေက သူတို့ကို ဂရုစိုက်လေလေ ၊...
18/03/2026

ဂရုမစိုက်နဲ့
*************

သင့်ကို ဂရုမစိုက်တဲ့သူတွေကို သင် ဂရုစိုက်စရာ မလိုပါဘူး ။ တချို့လူတွေက သူတို့ကို ဂရုစိုက်လေလေ ၊
သင့်ကို တန်ဖိုးမထားလေလေပါပဲ ။ ဒီတော့ သူတို့ကို လိုက်ဂရုစိုက်နေမှာထက် ကိုယ့်ကိုယ်ကိုယ် ပိုဂရုစိုက်လိုက်ပါ ။

လူ့ခွစာတွေကို ဝေးဝေးက ရှောင်ပါ
***********************************
တချို့လူတွေက အခြားသူ ဘာလုပ်လုပ် အမြဲအပြစ်ပြောတတ်ကြတယ် ။ ဘု-ကလန့် တိုက်တတ်တယ် ။ ဂျစ်ကန်ကန်နဲ့ စိတ်ထဲရှိရင် ရှိသလို မဆင်မခြင် စကားတွေ ပြောတတ်ကြတယ် ။ ဒီလို အဆိုးမြင်ဝါဒီရှိသူတွေကို ရှောင်ရှားပါ ။ အဆိုးမြင်စိတ်ဓာတ်က သင့်ကိုပါ ကူးစက်လာစေနိုင်လို့ပါ ။

တစ်ခုခုကို အမြဲသင်ယူလေ့လာနေပါ
************************************
ပညာလို အိုသည်မရှိ ဆိုသလိုပဲ ဘယ်အတတ်ပညာမဆို သင်ယူဖို့ ဝန်မလေးပါနဲ့ ။ ငါ့ အသက်အရွယ်ကြီးနဲ့
မသင့်တော်ပါဘူးလေ ၊ ငါ ငယ်သေးလို့ မလိုသေးပါဘူး ဆိုပြီး မတွေးပါနဲ့ ။

အရမ်းမတွေးပါနဲ
********************
အတိတ်က အဖြစ်အပျက်တွေ အတိတ်က အကြောင်းအရာတွေကို အရမ်းမတွေးပါနဲ့ ။ အတိတ်မှာ အမှတ်ရစရာ အများကြီး ရှိကောင်းရှိခဲ့မှာပါ။ ဒါပေမဲ့ အတိတ်ဆိုတာ အချိန်တစ်ခုမှာ ပြီးသွားခဲ့ပြီးသား အဖြစ်အပျက်တွေပါ ။ နောက်ထပ်ဖြစ်လာမယ့် အနာဂတ်တွေကို လှပနေစေဖို့သာ ကြိုးစားပါ ။

ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားပါ
*******************************
ကိုယ်ကျင့်တရားကောင်းတဲ့သူက လောကမှာ တန်ဖိုးအရှိဆုံးပါ ။ ကိုယ့်ကိုယ်ကို အမြဲတမ်းတိုးတက်အောင် ကြိုးစားပါ ။ ကိုယ်စိတ်နှလုံး ဖြူစင်လာအောင် အမြဲကြိုးစားပါ ။ စိတ်ကောင်းကောင်းထားပါ ။

ထင်ချင်သလို ထင်ကြပါစေ
****************************
လူအမျိုးမျိုး ၊ စိတ်အထွေထွေရှိတယ်ဆိုသလိုပဲ လူတစ်ယောက်နဲ့တစ်ယောက် တန်ဖိုးထားတာတွေ ၊ ခံယူချက်တွေနဲ့ အမြင်တွေ မတူညီကြပါဘူး ။ ကိုယ့်အကြောင်းနဲ့ကိုယ် ရှိကြတာမို့ ကိုယ် မှန်တယ်လို့ ယုံကြည်တဲ့အရာကို ရဲရဲသာလုပ်ပါ ။ အခြားလူတွေ ဘယ်လိုထင်သလဲဆိုတာ အရေးစိုက်မနေပါနဲ့ ။

#ဂရုမစိုက်ခြင်းအနုပညာ
#ချမ်းမြေ့ဝင်း
#မဲဆောက်လင်းVCDအေးချမ်းမြတ်ဘုန်းစာပေ

📌မှာယူလိုပါက - မဲဆောက်ဈေးကြီး ၊နတ်စင်လမ်းကြား မဲဆောက်လင်းVCDအေးချမ်းမြတ်ဘုန်းစာပေဆိုင် (သို့မဟုတ် ) Page chat box သို့ လာရောက်မှာယူအားပေးနိုင်ပါပြီရှင့် 😘🥰

“ လိမ္မာတယ်ဆိုတာ အင်မတန် ပျင်းစရာကောင်းတဲ့ အလုပ်ပဲ မောင် ။လိမ္မာတယ်ဆိုတဲ့လူတွေကို ကြည့်ပြီး ခိုင် သနားမိတယ် ။ သူတို့ဟာ လ...
18/03/2026

“ လိမ္မာတယ်ဆိုတာ
အင်မတန် ပျင်းစရာကောင်းတဲ့ အလုပ်ပဲ မောင် ။

လိမ္မာတယ်ဆိုတဲ့လူတွေကို ကြည့်ပြီး ခိုင် သနားမိတယ် ။ သူတို့ဟာ လောကကြီးကို လိမ်နေကြတယ် ။
လူလူချင်းလည်း လိမ်နေကြတယ် ။

အဆိုးဆုံးကတော့ ကိုယ့်အသည်းနှလုံးကို ကိုယ် ပြန်လိမ်နေကြတာပဲ ။ အဲဒီလိုလိမ်ရင်းက သူတို့ အသည်းနှလုံးဟာ မာလာကြတယ် ။ လိမ္မာတယ်ဆိုတဲ့ အဓိပ္ပါယ်ဟာ ဒါပဲ ထင်ပါရဲ့..."

“ ချစ်ပါတယ် ခိုင်ရယ်
ခိုင့်ကို မောင် သိပ်ချစ်ပါတယ် ။
ဒါပေမဲ့ ငိုရတဲ့အချစ်မျိုးနဲ့ ချစ်ပါတယ်လို့
မောင် မပြောပါရစေနဲ့တော့
မငိုရတဲ့ သူငယ်ချင်းအချစ်နဲ့ပဲ ချစ်ပါရစေ
သံသရာအဆက်ဆက် ပြန်ဆုံတွေ့တဲ့ရက်အထိ
ခိုင့်ကို မောင့်သူငယ်ချင်းအဖြစ်နဲ့ပဲ
ဆက်ချစ်ပါရစေ ခိုင် ”

#တက္ကသိုလ်ဘုန်းနိုင်
#သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်
#မဲဆောက်လင်းvcdအေးချမ်းမြတ်ဖုန်းစာပေ

📌မှာယူလိုပါက - မဲဆောက်ဈေးကြီး ၊နတ်စင်လမ်းကြား မဲဆောက်လင်းVCDအေးချမ်းမြတ်ဘုန်းစာပေဆိုင် (သို့မဟုတ် ) Page chat box သို့ လာရောက်မှာယူအားပေးနိုင်ပါပြီရှင့် 😘🥰

◾ရင်းနှီးမြုပ်နှံမှုဆိုတာ သာမန်အချိန်မှာတော့ လူအများစုက ကိုယ်နဲ့မဆိုင်ဘူးလို့ ယူဆလေ့ရှိကြပါတယ်။ ဒါပေမဲ့ လက်ရှိကာလ မရေရာမ...
18/03/2026

◾ရင်းနှီးမြုပ်နှံမှုဆိုတာ သာမန်အချိန်မှာတော့ လူအများစုက ကိုယ်နဲ့မဆိုင်ဘူးလို့ ယူဆလေ့ရှိကြပါတယ်။ ဒါပေမဲ့ လက်ရှိကာလ မရေရာမသေချာမှုတွေနဲ့အတူ ဘဏ်နဲ့ စီးပွားရေးကဏ္ဍရိုက်ခတ်မှု ပြင်းထန်လာချိန်မှာ လူတိုင်းနီးပါးဟာ လက်ထဲကငွေကို ပိုစိတ်ချရမယ့်အရာတွေ ပြောင်းလဲဝယ်ယူရင်း ရင်းနှီးမြုပ်နှံမှုဆိုတာကြီးကို မပြင်ဆင်ဘဲ ရုတ်တရက်ဆိုသလို လုပ်ဖြစ်သွားကြပါတယ်။

◾ “ရင်းနှီးမြုပ်နှံမှု စလုပ်တဲ့အခါ ရင်းနှီးမြုပ်နှံမှုကောင်းကောင်းတွေကို လက်လွတ်သွားစေတတ်တဲ့ အဓိက သုံးချက် ရှိပါတယ်။ ဒါတွေက တွေဝေခြင်း၊ အချိန်ဆွဲခြင်း နဲ့ လောဘကြီးခြင်း တို့ဖြစ်ပါတယ်။” စသဖြင့် ရင်းနှီးမြှုပ်နှံမှုမှာ သတိပြုသင့်တဲ့အခြေခံအချက်တွေကို ရှုထောင့်စုံကနေ စာရေးသူက ဝေမျှထားပါတယ်။


#ရင်းနီီးမြုပ်နှံမူ့ဖြင့်ချမ်းသာကြွယ်ဝမူ့ဖန်တီးခြင်း
#မဲဆောက်လင်းVCDအေးချမ်းမြတ်ဘုန်းစာပေ

🟥ကြိုက်နှစ်သက်လို့ လေ့လာဖတ်ရှု့လိုပါက..... Page. chat.box (or) မဲဆောက်စျေးကြီးနတ်စင်လမ်းကြား-မဲဆောက်လင်း VCD အေးချမ်းမြတ်ဘုန်းစာပေမှာလာရောက်ဝယ်ယူအားပေးလို့ရပါပြီရှင့် 🥰😘💖

ที่อยู่

မဲ့ဆောက်ဈေးကြီး နတ်စင်လမ်းကြား
Mae Sot

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ မဲ့ဆောက်လင်း VCD အေးချမ်းမြတ်ဘုန်းစာပေผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์