အိမ် လက်ရာ- Home’s LattYar

အိမ် လက်ရာ- Home’s LattYar နွေးထွေးစွာစားခဲ့ဖူးတဲ့ အိမ်ကထမင်းတစ်နပ်��

20/02/2026

မနက်ခင်းတိုင်းကိုအနိုင်ယူပါ ☀️
နိုးလာတာနဲ့ ဘာကိုတွေးမိသလဲ။
အဆင်ပြေမှုလား၊အဆင်မပြေမှုလား။
start with gratitude တွေဘာတွေကျွန်တော်လျှောက်မပြောဘူး။
တကယ်အလုပ်ဖြစ်မယ့်နည်းပဲပြောပြမယ်။
အဲ့တာ "လက်ခံပြီး၊လေရှူ"တဲ့
လွယ်လွယ်လေးပဲနော်။
ကိုယ်တွေးလိုက်တဲ့ခေါင်းထဲကိုဘာအတွေးပဲရောက်လာလာလက်ခံလိုက်။ကောင်းတဲ့အတွေးဆိုရင် ဟုတ်ပြီ လွယ်တာပေါ့နော်လက်ခံလိုက်ဖို့။
ဒါပေမယ့် အဆင်မပြေတဲ့အတွေးဆိုရင်တော့ပြောင်းပြန်လှန်လိုက်။အခြေနေတွေကမနေ့ကအတိုင်းပဲဖြစ်မှာမဟုတ်ဘူး။ဒီနေ့ပိုကောင်းမှာ၊ငါပိုကောင်းအောင်လုပ်မှာဆိုပြီးခေါင်းထဲအတွေးတွေထည့်ပြီးလေရှူထုတ်လိုက်။(သက်ပြင်းချခိုင်းတာမဟုတ်ဘူးနော်😚)
ဒါပဲ။လိုက်လုပ်ကြည့်…ပြီးမှ Like ပေး။👍

#အိမ်လက်ရာ_Home’s Lattyar

ဒီနေ့ မင်မင်တို့ အိမ်မှာ မုန့်တီ လေးချက်သောက်ဖြစ်ပါတယ် ။♨️😋အမြဲတမ်း အိမ်ထမင်း/ဟင်း ပဲစားနေရတော့ အပြောင်းလဲလေးဖြစ်အောင်အိ...
17/02/2026

ဒီနေ့ မင်မင်တို့ အိမ်မှာ မုန့်တီ လေးချက်သောက်ဖြစ်ပါတယ် ။♨️😋
အမြဲတမ်း အိမ်ထမင်း/ဟင်း ပဲစားနေရတော့ အပြောင်းလဲလေးဖြစ်အောင်အိမ်မှာ အိမ်လက်ရာ မုန့်တီလေး ချက်သောက်ဖြစ်ပါတယ်။
အိမ်လက်ရာ မုန့်တီလေး မှာစားမယ်ဆိုရင်
Lotus ကြီးအနီးတစ်ဝိုက် Deli Free ပါ📢😍
စျေးနှုန်းလေးက တစ်ပွဲ 20 ပါရှင့် 😍
မုန့်ဖက်သုပ် လဲမှာစားချင်ရတယ်နော်
ရခိုင် သုပ် တစ်ပွဲ 20 ပါရှင့် 😍😍

#အိမ်လက်ရာ-Home’s LattYar

🛑အိမ်လက်ရာကိုအားပေးကြသောညီကိုမောင်နှမများ ခင်ဗျာ 📢အိမ်လက်ရာဝန်ဆောင်မှုပေးနေတဲ့နေ့ရက်လေးတွေပြောပြပေးချင်ပါတယ်။📢🛑အိမ်လက်ရာ...
16/02/2026

🛑အိမ်လက်ရာကိုအားပေးကြသောညီကိုမောင်နှမများ ခင်ဗျာ 📢
အိမ်လက်ရာဝန်ဆောင်မှုပေးနေတဲ့နေ့ရက်လေးတွေပြောပြပေးချင်ပါတယ်။📢🛑
အိမ်လက်ရာကတနေ့တာလုံးမှာ တရက်လုံးကအမောတွေကို အကုစားနိုင်ဆုံးဖြစ်တဲ့ သန့်ရှင်းလတ်ဆတ်ပြီးကျန်းမာရေးနဲ့ညီညွတ်တဲ့ညစာဟင်းပွဲတွေကို ဘာဖြစ်လို့အဓိကထားပြီးချက်ပေးရလည်းဆိုတော့…ဒီအချိန်ဟာလူတိုင်းမောပြီးအိမ်ပြန်လာတဲ့အချိန်ဟင်းမချက်နိုင်တာ အချိန်မရှိတာတွေကိုအဆင်ပြေစေရန်အတွက်ဖြစ်ပါတယ်။နောက်ပြီး လတ်လတ်ဆတ်ဆတ်ဟင်းလျာတွေနဲ့ဝေးနေတဲ့အိမ်ကအမေ့ဟင်းပွဲတွေနဲ့ဝေးနေတဲ့သူတွေအတွက်ပါ။အိမ်လက်ရာက တနင်္လာညစာ၊ဗုဒ္ဓဟူးညစာ၊သောကြာညစာ (သုံးနပ်စာ/တစ်ပတ်)ကိုချက်ပြုတ်ပြင်ဆင်ပေးနေတာပါ။ပြင်ဆင်တဲ့အခါမှာလည်းဖောက်သည်သဘောတွေ့ဖြစ်မဲ့ အမေ့ရဲ့ဟင်းချက်နည်းတွေ၊ပါဝင်ပစ္စည်းတွေနဲ့သေသေချာချာဝယ်ခြမ်းပြီးလတ်လတ်ဆတ်ဆတ်ချက်ပေးတာကြောင့်လိုချင်တဲ့ညစာမတိုင်ခင်တရက်အလိုမှာအော်ဒါတင်ပေးကြဖို့မေတ္တာရပ်ခံချင်ပါတယ်။ဒါကြောင့်တနင်္လာနေ့ညစာအတွက်တနင်္ဂနွေညနောက်ဆုံးဗုဒ္ဓဟူးနေ့ညစာအတွက်အင်္ဂါညနောက်ဆုံးသောကြာနေ့ညစာအတွက်ကြာသပတေးညနောက်ဆုံးထားပြီးမှာယူပေးကြပါနော်….။❤️✨

15/02/2026

အိမ်နဲ့ဝေးနေတဲ့လူငယ်တွေအတွက် ❤️

အခက်အခဲလေးတွေကိုယ်စီကိုယ်စီရှိနေတဲ့သူတွေအတွက်တချို့အရာ လေးတွေက ပေါ့ပေါ့ပါးပါးနဲ့ပြီးသွားပေမဲ့ တချို့အရာတွေကတမြေ့မြေ့နဲ့ကျန်နေတတ်တယ်
တခါတလေအရမ်းပင်ပန်းမယ်
တခါတလေအရမ်းတက်ကြွမယ်
ဒါပေမဲ့အမြဲရှေ့ဆက်နေဆဲပဲဟုတ်တယ်နော်
သူများနိုင်ငံမှာနေရတဲ့ လူငယ်တွေကိုများဘာမှတ်နေလို့လဲ၊အာဂလူငယ်တွေလို့တောင်ပြောလို့ရတယ်၊
စိတ်ညစ်ပါ ရပါတယ်။တအားကြီးတော့မညစ်နဲ့…နော်!
ကျန်းမာရေးဂရုစိုက်။
အစားပုံမှန်စား။

#အိမ်လက်ရာ_Home’sLattyar

ကိုယ့်အတွက်အရေးပါတဲ့အရာတခုခုလုပ်ပြီးလို့ရလိုက်တဲ့ပီတိမျိုး ❤️ရဖူးကြတယ်မလား။မိဘတွေအတွက်ကိုယ်စုထားတဲ့ပိုက်ဆံလေးနဲ့တစ်ခုခုဝ...
13/02/2026

ကိုယ့်အတွက်အရေးပါတဲ့အရာတခုခုလုပ်ပြီးလို့ရလိုက်တဲ့ပီတိမျိုး ❤️

ရဖူးကြတယ်မလား။
မိဘတွေအတွက်ကိုယ်စုထားတဲ့ပိုက်ဆံလေးနဲ့တစ်ခုခုဝယ်ပေးလိုက်တာတို့…..
အကူညီလိုနေတဲ့သူတစ်ယောက်ကိုကူညီပေးလိုက်တာတို့လမ်းဘေးခွေးလေးတွေ၊ကြောင်လေးတွေ၊တိရစ္ဆာန်လေးတွေကိုအစာကျွေးလိုက်တာတို့….
ကိုယ့်ရဲ့ဟင်းချက်လက်ရာလေးနဲ့အိမ်လာလည်တဲ့သူငယ်ချင်းတွေကို ဧည့်ခံလိုက်တာတို့ ကိုယ့်ဘက်ကအားစိုက်ထုတ်လိုက်ပေမယ့် ပင်ပန်းသလိုမခံစားရဘူး(ဘယ်လောက်ပဲသေးတဲ့ကိစ္စဖြစ်ပါစေအားစိုက်ထုတ်မှုကလိုပါတယ်)
ဘာလို့မပင်ပန်းလည်းဆိုတော့ပီတိခွန်အားတွေပြန်ရလိုက်လို့လေ။
အခုကျွန်တော်တို့အိမ်လက်ရာကလည်းဒီလိုပီတိတွေစားနေတာဗျို့….
မနက်ဆိုစောစောစျေးထသွားပြီး ဖောက်သည်တို့စားချင်တာလေးတွေကိုလိုက်ပြီးရှာ ပြန်လာရင်ချက်ပြုတ်ဖို့ပြင်ဆင်ထားပြီး ညစာစားချိန်အမှီပူပူနွေးနွေးလေးစားရအောင် ညနေရောက်မှချက် ပြီးရင်ဖောက်သည်တို့ဆီ အရောက်လာပို့…..ဟင်းပွဲတစ်ပွဲမှာအမြတ်ဆိုလို့ ပီတိပဲစားအရင်းရရုံလေးချက်ပေးနေတာဗျာ….
"စေတနာမှန်ရင်ကံကောင်းမည်"တဲ့။
တနေ့တော့ကျွန်တော်တို့ အိမ် လက်ရာ- Home’s LattYar လည်း customer တွေကြောင့်အကြီးကြီးဖြစ်လာမယ်လို့ ယုံကြည်တယ်ဗျာ….❤️

#အိမ်လက်ရာ_Home’s LattYar

Never wait to be ready ✨ကိုယ်က တစ်ခုခုကိုစပြီးလုပ်ဖို့ကို ဘယ်တော့မှ "ငါအဆင်သင့်မဖြစ်သေးလို့ မလုပ်သေးဘူး"ဆိုပြီး မလုပ်ပဲမ...
11/02/2026

Never wait to be ready ✨
ကိုယ်က တစ်ခုခုကိုစပြီးလုပ်ဖို့ကို ဘယ်တော့မှ "ငါအဆင်သင့်မဖြစ်သေးလို့ မလုပ်သေးဘူး"ဆိုပြီး မလုပ်ပဲမထားပါနဲ့။
ငါလေ့ကျင့်ခန်းစလုပ်မယ်ဆို….ဒီနေ့စလိုက်ပါ နောက်နေ့တွေမင်းနဲ့မဆိုင်ဘူး။
ငါဒီ project ကိုပြီးအောင်လုပ်မယ်ဆို….အခုစလိုက်ပစ္စုပ္ပန်ကသာမင်းရဲ့လက်ထဲမှာရှိတာ။
ငါကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေပဲစားမယ်၊ကျန်းမာရေးနဲ့ညီညွတ်အောင်ချက်စားမယ်ဆိုရင်တော့အိမ်လက်ရာကိုလာခဲ့လိုက်။
ကိုယ်က Diet Plan ချထားလို့ပဲဖြစ်ဖြစ် ကျန်းမာရေးကအရေးကြီးတာကြောင့် အခုပဲကျန်းမာရေးနဲ့ညီညွတ်အောင်စားတော့မယ်ဆိုတဲ့အတွေးလေးပဲဖြစ်ဖြစ်ဝင်လာခဲ့ရင််ချက်ချင်းလုပ်ဆောင်လိုက်ပါ။
အိမ်လက်ရာမှာသင့်စိတ်ကြိုက်ဟင်းတွေကိုကြိုက်နှစ်သက်ရာပါဝင်ပစ္စည်းတွေနဲ့ချက်ပြုတ်ပေးဖို့ order တင်နိုင်ပါပြီ။
အိမ်လက်ရာမှာ order လက်ခံပေးသောရက်များ-
"တနင်္လာနေ့ ညစာ"အတွက် တနင်္ဂနွေနေ့ညနောက်ဆုံးထားပြီး order တင်ပေးပါရန်။
"ဗုဒ္ဓဟူးနေ့ညစာ"အတွက် အင်္ဂါနေ့ညနောက်ဆုံးထာရပြီး order တင်ပေးပါရန်။
"သောကြာနေ့ညစာ"အတွက်ကြာသပတေးနေ့ညနောက်ဆုံးထားပြီး order တင်ပေးပါရန် မေတ္တာ ရပ်ခံလိုက်ပါတယ်ဗျ။

#အိမ်လက်ရာ-Home’s LattYar

အသက် (၂၀) နောက်ပိုင်းမှာတောင်မှ ဒါတွေမလုပ်ဖြစ်သေးရင် အသက် (၄၀) နောက်ပိုင်းမှာနောင်တရလိမ့်မယ် 💁‍♂️💁‍♂️(၁)ကျန်းမာရေးနဲ့ညီည...
10/02/2026

အသက် (၂၀) နောက်ပိုင်းမှာတောင်မှ ဒါတွေမလုပ်ဖြစ်သေးရင် အသက် (၄၀) နောက်ပိုင်းမှာနောင်တရလိမ့်မယ် 💁‍♂️💁‍♂️
(၁)ကျန်းမာရေးနဲ့ညီညွတ်အောင်မစားမသောက်ခြင်း
အပြင်စာ၊အလွယ်စား junk food တွေချည်းပဲစားတာမျိုး။
(၂)လေ့ကျင့်ခန်းပုံမှန်မလုပ်ခြင်း။
လေ့ကျင့်ခန်းလုပ်တာကခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းရုံသာမကပဲစိတ်ဓာတ်ကိုတက်ကြွလန်းဆန်းစေပြီးဦးနှောက်
လုပ်ဆောင်ရည်ကိုလဲမြှင့်တင်ပေးပါတယ်။
(၃)ကောင်းစွာအိပ်စက်အနားမယူခြင်း။
အိပ်ရေးပျက်ရင်တော့ဘယ်လောက် healthy ဖြစ်အောင်စားစား၊လေ့ကျင့်ခန်းဘယ်လောက်လုပ်လုပ်ခါးမှာကျောက်ဆူးကြိုးတပ်ပြီးရေပေါ်ကူးတက်သလိုဖြစ်နေမှာပါ။ညပိုင်း (၁၂)နာရီထက်နောက်မကျပဲ အိပ်စက်ခြင်းကခန္ဓာကိုယ်ကို ကျန်းမာတက်ကြွနေစေမှာပါ။
(၄)စိတ်ကျန်းမာရေးအခြေအနေကိုဂရုမစိုက်ခြင်း။
ကိုယ်ကျန်းမာဖို့အရေးကြီးသလို စိတ်ချမ်းသာဖို့ကလဲအရေးပါပါတယ်။စိတ်တွေမွန်းကြပ်လာရင်ခနလောက်အနားယူ၊အသက်ဝဝရှူတာ၊ပြေးတာ၊တရားထိုင်တာမျိုးတွေလုပ်လို့ရပါတယ်။ဒီထက်ပိုပြီးအတွေးတွေကိုရှင်းလင်းပြတ်သားချင်တယ်ဆိုရင်တော့စာရေးပါ၊စာဖတ်ပါလို့ပြောကြားပေးလိုက်ရပါတယ်။
အိမ်က မိခင်ရဲ့လက်ရာအတိုင်း ကျန်းမာရေးကောင်းပြီးအဟာရပြည့်ဝအောင်ချက်ပြုတ်ပေးနေတဲ့ အိမ်လက်ရာရှိနေပါပြီ။ဟင်းကိုစိတ်ကြိုက်ရွေးချယ်ပြီး customer သဘောအတိုင်း တွေ့စေမှာမို့ အရင်လို ကိုယ်မကြိုက်တဲ့အပြင်စာတွေရှောင်လို့ရပါပြီ။
နေ့တနေ့အတွက်အရေးအကြီးဆုံးနဲ့အထောက်အကူအဖြစ်ဆုံးညစာအတွက် အိမ်လက်ရာကိုသာလာခဲ့လိုက်နော်…
ကြိုတင်ပြီးအော်ဒါတင်ရင် တနင်္လာနေ့ညစာအတွက်
တနင်္ဂနွေနေ့ည နောက်ဆုံးထားပြီး အော်ဒါတင်ရန်၊ဗုဒ္ဓဟူးနေ့ညစာအတွက်အင်္ဂါနေ့ညနောက်ဆုံးထားပြီးအော်ဒါတင်ရန်၊သောကြာနေ့ညစာအတွက် ကြာသပတေးညနောက်ဆုံးထားပြီးအော်ဒါတင်ပေးပါရန်အသိပေးလိုက်ရပါတယ်ဗျ❤️

#အိမ်လက်ရာ_home’s LattYar

ကဲ…တနင်္လာနေ့လည်းရောက်တော့မယ်နေ့လည်စာနဲ့မနက်စာကတော့ဟုတ်ပါပြီဒီနေ့ကတည်းကချက်ထားတာမလို့ပေါ့။ဒါနဲ့ညစာကရော??ဘာချက်ထားပြီးပြီ...
08/02/2026

ကဲ…တနင်္လာနေ့လည်းရောက်တော့မယ်
နေ့လည်စာနဲ့မနက်စာကတော့ဟုတ်ပါပြီဒီနေ့ကတည်းကချက်ထားတာမလို့ပေါ့။
ဒါနဲ့ညစာကရော??
ဘာချက်ထားပြီးပြီလဲ?ဆိုင်က ဟင်းအေးအေးချည်းတွေပဲလား?
အချိုမှုန့်တွေအများကြီးနဲ့လေ?ပြန်နွေးထားတာလားမသိ….အဆင်ပြေရင်တော့ချက်စားစေချင်တယ်ဗျာ။ကိုယ့်အိမ်မှာချက်စားတော့ ကိုယ့်အကြိုက်ပုံစံနဲ့စားလို့ရတယ်။ဒါပေမယ့် အိမ်လက်ရာ(ကိုယ့်လက်ရာ)လိုမျိုးလည်းစားချင်တယ်၊အချိန်လဲမအားဘူး၊ပင်လည်းပင်ပန်းနေမယ်ဆိုရင်တော့ အိမ် လက်ရာ- Home’s LattYar ကနေမှာစားလို့ရပါတယ်ဗျာ။
ကျွန်တော်တို့အိမ်လက်ရာက customer တွေ တစ်ဦးချင်းစီအလိုက်စိတ်ကြိုက်ပုံလေးတွေချက်ပြုတ်ပေးနေတာမို့မကြိုက် ၊မကောင်း ၊အရသာမတွေ့မှာကိုတော့မစိုးရိမ်နဲ့တော့နော်….
ကဲ….order လေးကိုတော့ ထုံးစံ အတိုင်းယခု တနင်္ဂနွေည 8:00 pm လောက်နောက်ဆုံးထားပြီးမှာယူပေးပါနော်။✨
#အိမ်လက်ရာ_home’s LattYar

မင်မင်တို့ ကို တစ်ရက်ကြိုမှာပေးပါနော်။ customer တွေစားချင်တာကို စျေးသွားဝယ်ပေး ပြီးလတ်လတ်ဆတ်ဆတ်ချက်ပေးမှာ မို့ပါရှင့်။အိ...
08/02/2026

မင်မင်တို့ ကို တစ်ရက်ကြိုမှာပေးပါနော်။
customer တွေစားချင်တာကို စျေးသွားဝယ်ပေး ပြီး
လတ်လတ်ဆတ်ဆတ်ချက်ပေးမှာ မို့ပါရှင့်။
အိမ် လက်ရာ- Home’s LattYarသဘောက အိမ်မှာချက်သလိုပဲစျေးကြိုသွား ချက်ပြီး အိမ်ရဲ့အရသာကိုခံစားစေချင်လို့ပါ ရှင့်။မင်မင်တို့က မြန်မာထမင်းဟင်းကိုပဲ အဓိကထားရောင်းတာပါရှင်။မနေ့က customer တစ်ယောက် မာလာဟင်း စားချင်တယ်ဆိုလို့ မင်မင်တို့ ညဘက်ကြီးစျေးအပြေးဝယ်ပြီးချက်ပေးလိုက်ပါတယ်
ရှင်။ကိုယ့်ဆီရောက်လာတဲ့ customer ကိုတော့ မင်မင်တို့ဘက်က စိတ်ကျေနပ်မှုရှိအောင်အတတ်နိုင်ဆုံးဝန်ဆောင်မှုပေးပေးမှာပါရှင်။🥰🥰

#အိမ်လက်ရာ_home’s LattYar

မနေ့က ညနက်အောင်နေပြီးခေါင်းမကြည်ဘူးလား?👀ထ…ထ….ကိုယ်လက်လှုပ်ရှားနဲနဲလောက်လုပ်ပြီးလန်းဆန်းသွားအောင်ရေချိုးလိုက်။ပြီးရင်ခြံထ...
08/02/2026

မနေ့က ညနက်အောင်နေပြီးခေါင်းမကြည်ဘူးလား?👀

ထ…ထ….ကိုယ်လက်လှုပ်ရှားနဲနဲလောက်လုပ်ပြီးလန်းဆန်းသွားအောင်ရေချိုးလိုက်။
ပြီးရင်ခြံထဲဆင်း၊အိမ်ရှေ့ထွက်ပြီး ပတ်ဝန်းကျင်က ခွေးလေးတွေ၊ကလေးလေးတွေကိုကြည့်။လေကိုတဝ…..ကြီးရှူ။
မလန်းသေးတဲ့ဦးနှောက်က oxygen လိုအပ်နေသေးတယ်
ခန္ဓာကိုယ်ညောင်းညာနေသေးရင်ကိုယ်လက်လှုပ်ရှားအနဲငယ်လောက်ထပ်လုပ်။လမ်းလေးနည်းနည်းလောက်
ထပ်လျှောက်။
ဒါမှ set for whatever ဖြစ်မှာ။မှတ်ထားပါ…..လူကျန်းမာမှစိတ်ချမ်းသာမှာ။လုပ်ချင်တာတွေလုပ်လို့ရမှာ၊သွားချင်တဲ့နေရာသွားလို့ရမှာ၊စားချင်တာတွေစားလို့ရမှာ။
ဒါကြောင့် အိပ်ရေးပျက်နေရင်ကျွန်တော်ပြောတဲ့အတိုင်းလေးလုပ်ကြည့်။ပြီးရင်နည်းနည်းလောက်မှေးလိုက်
တစ်မှေးလောက်ပဲဖြစ်ဖြစ်ပေါ့။ဂရုစိုက်ကြပါနော်။

#အိမ်လက်ရာ_home’sLattyar

ဒီရက်ပိုင်းအပြင်မှာတော့နေပူတယ်၊ဒါပေမယ့်နေရတာချမ်းစိမ့်စိမ့်နဲ့မို့ဘာဟင်းလေးတွေစားရင်ကောင်းမလဲဆိုတာ recommend ပေးပေးမယ်နေ...
05/02/2026

ဒီရက်ပိုင်းအပြင်မှာတော့နေပူတယ်၊ဒါပေမယ့်နေရတာချမ်းစိမ့်စိမ့်နဲ့မို့ဘာဟင်းလေးတွေစားရင်ကောင်းမလဲဆိုတာ recommend ပေးပေးမယ်နော်….ရိုးရိုးရှင်းရှင်းလေးတွေ
ရာသီဥတုပူနေချိန်မှာလည်းစားကြပေမယ့် ခုလိုအေးနေတဲ့အချိန်မှာဆိုရှယ်ပွင့်သွားစေမဲ့ ဟင်းလျာ
(၁)ဗူးသီးဟင်းခါး+ငါးခြောက်သုပ်(ချဉ်ချဉ်စပ်စပ်)
(၂)ကိုင်းခရမ်းချဉ်သီး ငပိချက်စပ်စပ်+ထမင်းပူပူ(ငါးကြော်လေးနဲ့)
(၃)ပုဇွန်ခြောက်ငါးပိချက်+ကြက်ဥပြုတ်(ရှယ်ပဲ)😋
(၄)မျှစ်ချဉ်ရခိုင်ချက်(ငါးခေါင်းလေးနဲ့)
(၅)ချဉ်ပေါင်ရွက်နဲ့ငါးနဲ့ အချဉ်ဟင်း+ငရုပ်သီးဆားထောင်း

အို…သွားရည်ပါကျလာပြီ။ဒါတွေအပြင်တခြားစားချင်တာတွေရှိရင်လာမှာလို့ပြီနော်။
သောကြာနေ့ညစာအတွက်။
အိမ် လက်ရာ- Home’s LattYarရှိပါတယ်ဗျ❤️

#အိမ်လက်ရာ_Home’s LattYar

ဘာလို့ တနင်္လာ၊ဗုဒ္ဓဟူး၊သောကြာသုံးရက်ပဲလဲ✅ကျွန်တော်တို့အိမ်လက်ရာကဒီသုံးရက်ပဲ ဘာကြောင့်ဝန်ဆောင်မှုပေးလဲဆိုတော့ရက်သတ္တပါတ်...
03/02/2026

ဘာလို့ တနင်္လာ၊ဗုဒ္ဓဟူး၊သောကြာသုံးရက်ပဲလဲ✅

ကျွန်တော်တို့အိမ်လက်ရာကဒီသုံးရက်ပဲ ဘာကြောင့်ဝန်ဆောင်မှုပေးလဲဆိုတော့ရက်သတ္တပါတ်ရဲ့အလယ်အကျဆုံးရက်တွေ၊လူအများစုအပင်ပန်းဆုံးဖြစ်တဲ့အချိန်ဒီလိုအချိန်တွေမှာ အိမ်လက်ရာရဲ့ဖောက်သည်စားသုံးသူတွေနေ့တနေ့မှာကိုယ့်ကို Heal လုပ်ပေးနိုင်မဲ့ညစာတနပ်ကိုကြုံသလိုဖြစ်သလိုစားနေကြမှာကိုစိုးရိမ်လို့ပါပဲ။အနီးမှာဂရုစိုက်ပေးမဲ့မိသားစုနဲ့ဝေးနေတုန်းအိမ်လက်ရာကဂရုစိုက်ပေးချင်တာမလို့အသင့်တော်ဆုံးလို့ထင်တဲ့ရက်တွေကိုရွေးချယ်ပေးထားတာပါဗျ။ (နွေးထွေးစွာစားခဲ့ဖူးတဲ့အိမ်ကထမင်းတနပ်♨️)

#အိမ်လက်ရာ-Home’s LattYar

ที่อยู่

107/12 Song Kwae Road, Townhouse, Mae Pa, Mae Sok
Mae Sot
63110

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ အိမ် လက်ရာ- Home’s LattYarผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์