Funny and Joke a Moment

Funny and Joke a Moment အခိုက်တန့်လေး ရယ်မိပြုံးမိကြပါစေ

03/11/2025

Celebrating my 1st year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

04/09/2025

😁😁😁😁

04/09/2025
04/09/2025

Hello Gunner တို့

22/02/2025

အမေ - အရက်ကို နေ့စဉ်ရက်ဆက် အလွန်အကျွံ မသောက်ပါနဲ့ ငါ့သားလေးရယ်။ ငရဲကျတတ်တယ် သားလေးရဲ့။
သား - ဟုတ်လား အမေ? ဒါဆို အရက်ရောင်းတဲ့သူကော အမေ?
အမေ - သူလည်း ငရဲကျမှာပဲ။
သား - ဟုတ်၊ ဒါဆိုရင် အရက်ဆိုင်အပြင်ဖက် က အမြည်းရောင်းတဲ့ ဝက်သားထုတ်ထိုးဆိုင်ကသူကော အမေ ?
အမေ - သူလည်း ငရဲကျမှာပဲ။
သားဖြစ်သူသည် သူ့အမေ ပြောစကားကို ခဏစဉ်းစားပြီး
သား - ဒါဆို ငရဲကျရင်လည်း ပြဿနာမရှိပါဘူး အမေရာ။

Ref; upjoke
Crd

အညာဒေသမှာက ရွာတိုင်းလိုလို နတ်စင်ရှိတယ်။  ကလေးတုန်းကတော့ ဘာမှ မသိဘူး အမေနဲ့အတူ ရွာထဲကလူတွေ နတ်ပွဲ ပေးရင် လိုက်သွားတာပဲ။ ...
29/01/2025

အညာဒေသမှာက ရွာတိုင်းလိုလို နတ်စင်ရှိတယ်။ ကလေးတုန်းကတော့ ဘာမှ မသိဘူး အမေနဲ့အတူ ရွာထဲကလူတွေ နတ်ပွဲ ပေးရင် လိုက်သွားတာပဲ။

ရွာက အဖွားတစ်ယောက်ယောက်က နတ်ဝင်ပူးတယ်။ ကျန်တဲ့ ရွာသူ ရွာသားတွေကတော့ မေးစရာရှိတာ မေးပေါ့။ကလေးဆိုတော့ ဘာတွေ မေးကြလဲ အတိအကျ မမှတ်မိတော့ဘူ။ မှတ်မိနေတာကတော့ နတ်ပွဲပေးပြီး နတ်တင်ထားတဲ့ မုန့်လုံးရေပေါ်တော့၊ ကြက်ကြော်တို့ စသည် အားလုံး ဝိုင်းလုစားကြတာပဲ မှတ်မိနေတယ်။

နတ်ပွဲလုပ်လေ့ လုပ်ထရှိတဲ့အခါတွေကတော့ မိုးခေါင်ရင်သော်လည်း၊ ရွာသားယောက် ယောက်ကို တောချောက်ရင်သော်လည်ကောင်းလုပ်လေ့လုပ်ထရှိတာပေါ့။

တနေ့တော့ ရွာက အရက်သမားတစ်ယောက် အရက်သောက်စရာ ငွေပြတ်နေတာနဲ့ ကိုကြီးကျော် နတ်စင်က အရက်ပုလင်းကို ဓာတ်ကျနေတယ်။ ဒီတော့ အရက်သမား အကြံထုတ်တယ်။

နတ်စင်က အရက်ပုလင်း ငါဒီအတိုင် ခိုးသောက်လို့တော့မဖြစ်ဘူး။ ကိုကြီးကျော်က ကြက်တိုက်ဝါသနာပါတယ်လို့ ကြားဖူးတယ်။ သူနဲ့ကြက်သွားတိုက်မယ်ဆိုပြီး အကြံဖြစ်တယ်။ ဒီအရက်သမားက အကြံကောင်း ကိုကြီးကျော်ကြက်ကိုတော့ မခွပ်တတ်တဲ့ ကြက်ကောင်သေးသေးလေထားပြီး၊ သူကတော့ တကယ့် တိုက်ကြက်နဲ့ ကိုကျော်ကြီးကျော် နတ်စင်အောက်မှာ ကြက်သွားတိုက်တယ်။

ကြက်မတိုက်ခင် ကိုကျော်ဲကြီးကျော်နဲ့ အလောင်းအစားလုပ်သတဲ့။ ကိုင်း .. ကိုကြီးကျော် ခင်ဗျာနဲ့ ကျနော် အပျော်ကြက်တိုက်ကြမယ်။ ဒါက ခင်ဗျာကြက် ၊ ဒါကတော့ ကျနော့်ကြက် ကျနော်နိုင်ရင် အရက်ဆက်သမယ်။ ခင်ဗျားရှုံးရင်လည်း နတ်စင်က အရက်ပုလင်း ကျနော့်ပေး လို့ လောင်ရေးစားရေး ကြက်တိုက်သတဲ့။

အရက်သမားက အကြံသမားလေ။ ကိုယ်ကြီးကျော်ကြက်က ခွပ်မခွပ်တတ်တာ ၊ ရှုံးတော့တာပေါ့။ သူတို့ ကြက်ပွဲကထိအတိုင်း နတ်စင်က အရက်ပုလင်းတွေ ၊ အကုန်ယူသွားပါရော့တဲ့။ ရွာသူ ရွာသားတွေက စိတ်တွေဆိုးပြီး အဲဒီအရက်သမားကို ဆဲလား ဆိုလားပေါ့။ နောက်ဆုံးတော့ ကိုကြီးကျော်က နတ်ကတော်ဝင်ပူးပြီး ပြောပါသတဲ့။ ဟေ့ သူ့ကို ရန်မရှာကြနဲ့ ငါကြက်ရှုံးလို့ ပေးလိုက်တာတဲ့( ကြားဖူးတဲ့ ပုံပြင်လေးပါ)

ကိုရင်တို့ဇာတ်လမ်းက ခုမှစတာ

ကျွန်တော်တို့ ရွာနားမှာ သန်းကြီးကုန်းရွာဆိုတာရှိတယ်။ ဆရာတော်က တော်တော်လေး ဘုန်းကြီးတယ်။ အဲဒီးတုန်းကတည်းက ဂျစ်ကားတွေ ဘာတွေနဲ့။နှစ်တိုင်းနှစ် အဲဒီကျောင်းမှ နတ်ကနားပွဲ ရှိတယ်။ ဘုရားပွဲနဲ့ တွဲလုပ်တာထင်ပါတယ်။

အဲဒီနတ်ကနားပွဲမှာ ရန်ကုန်က သူဌေးပေါင်းစုံလာတာ ၊ ရွှေသူဌေး ၊စိန်သူဌေး စိန်၊ ကျောက်ပွဲစား သူဌေးပေါင်းစုံပါပဲ။ အဲဒီပွဲက အနည်းဆုံး (၅) ရက်ကျင်းပတာ။ နတ်ပွဲပြီးနောက်နေ့ ဆွမ်းကြီးလောင်းပွဲပေါ့။ ရွာဆရာတော်က မအားတာနဲ့ အဲဒီပွဲကို ကိုရင်နဲ့ကျောင်းသားကြီး တစ်ယောက် ကိုယ်စားထည့်လိုက်တာ

ညကတည်းက ဆွမ်းကြီးလောင်းပွဲ ညအိပ်ညနေသွားတာ။ ဖြစ်ချင်တော့ ည နတ်ကနားပွဲနဲ့ တွေ့တော့တာပဲ။ လူငယ်တွေဆိုတော့ နတ်ကရာ ကျည်းမော့ ဆိုသလို သွားကြည့်တာပေါ့။ နတ်ဆိုင်းတွေက သိပ်မြူတာ

ကိုကြီးကျော်... ကိုကြီးကျော်
ဒို့ကိုကြီးကျော်
ထူးတယ် မူးလည်း မူးလည်း
ဒို့ကိုကြီးကျော်
အရက်သမားမှန်ရင်လေ
ယှဉ်ပြိုင်ကာ သောက်လိုက်ချင်တယ်။
ကြက်ကြော် အရက်အဖော်
အမြည်းတွေက စုံပါသနော်။
ကျော် ကျော်.. ကျော်
ပုလင်းကိုင်ဆွဲ မူးတဲ့ ကိုကြီးကျော် အဲဒီသီချင်းဖွင့်ရင်း နတ်ကတော်တွေက ကနေကြတာ လက်မှာလဲ ဝိစကီးပုလင်းတွေ ကိုင်ပြီးသောက်လိုက် ကလိုက်ပေါ့။ တင်ထားတဲ့ ကြက်ကြော်တွေကလည်း အကောင်လိုက်၊ ကြက်ကောင်းလုံးကြော် ဘုန်းကြီးတွေတောင် မကပ်ဘူး နတ်တွေတင်ထားတာတွေ့ စိတ်ဝင်စားသွားတယ်။

နောက်ကပါတဲ့ ကျောင်းသားနဲ့တိုင်ပင်တယ်။ ဟောဟို စင်ပေါ်မှာတွေ့လား ရန်ကုန်က သူဌေးတွေတင်ထားတဲ့ ဝိစကီးပုလင်းတွေကော ကြက်ကြော် တွေကော ခု ကိုကြီးကျော်ဝင်နေပြီး၊ အဲဒီလိုဝင်တဲ့အချိန် ကိုကြီးကျော်ဆီက ကြက်ကြော်တွေ အရက်တွေ တောင်းသောက်ရတယ်။ ငါတို့ သွားယူကြရအောင်ဆိုတော့။ နောက်က ပါလာတဲ့ ကျောင်းသား စိုးမြင်းကလည်း မငြင်းဘူး။ လာသွားယူကြမယ်တဲ့။ ကိုယ်ကြီးကျော် ဝင်နေတဲ့ အချိန် ပွဲကြည့်ပရိတ်ထဲ အတင်းထိုးပြီး နတ်ကတော် တွေထင်ထားတဲ့ ကြက်ကြော်နဲ့ ဝိစကီတွေ သွားယူကြတာ။ ကနေတဲ့ နတ်ကတော် တွေကလည်း ဘာမှ မပြောဘူး ရယ်နေကြတယ်။ ကိုရင်ကျောင်းသားကလည်း အရက်ပုလင်းကိုင်ပြီး နတ်ဝင်ကဟန်ဆောင်ပြီး၊ဝီစကီပုလင်း ဆွဲပြီး ပွဲကြည့် ပရိတ်ထဲက ထွက်လာလိုက်တယ်။ 😄😃

သိပ်မကြာလိုက်ပါဘူး။
ဆရာတော်က သနပ္ပင်ရွာက ကျောင်းသားနဲ့ ကိုရင်လာခဲ့ပါဦးလို့ ခေါ်ပါလေရော့..။ အဲဒီနယ်တစ်ဝိုက်မှာ အဲဒီဆရာတော်ကို လူတိုင်းက ကြောက်ရတယ်။ မကြောက်တာက ကိုရင်နဲ့ကျောင်းသားဖြစ်နေတာကို။ ဆရာတော်က မေးတယ်။ ကြက်ကြော်နဲ့ဝိစကီပုလင်း ဘာလို့ ယူတာလဲတဲ့ ? ကိုယ်ကြီးကျော်စိတ်ဝင်လာလို့ပါဘုရား ပြောတော့။ ပြုံးနေတယ်။ ဆရာတော်က ဒီတင်မရပ်သေးဘူး၊ အဲဒါဆိုလည်း ခုနောက်တခေါက် ကိုကြီးကျော် စိတ်ဝင်ကြည့်ပါဦး ပြောတော။ ကိုရင်တို့လည်း ငြိမ်နေလိုက်တယ်။ 😁😁

အဲဒီကြက်ကြော်နဲ့ အရက်ပုလင်းတွေက ဘယ်မှာလဲတဲ့။ တော်သေးတယ် ကျောင်းသား စိုမင်းက အရက်တွေ မသောက်ရသေးလို့ ပုလင်းအတိုင်ရှိနေသေးတယ်။ ဆရာတော်စစ်ဆေးပြီးတာနဲ့ အရက်ပုလင်းနဲ့ ကြက်ကျော် ဆရာတော်ကို ပြန်ကပ်လိုက်တယ်။

လူငယ်ဘဝ အမှတ်ရ စရာလေးတွေပါ

28/01/2025

မင်္ဂလာပါ အားလုံး
ခက်ခဲနေတဲ့ အခြေအနေမှာ
အနည်းဆုံး တခဏတော့ ပြုံးပျော်ရယ်ရွင်နိုင်ပါစေ

ที่อยู่

Mae Sot
63110

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Funny and Joke a Momentผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์