LYNN MWD Without Car Sales Agent

LYNN MWD Without Car Sales Agent ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก LYNN MWD Without Car Sales Agent, ร้านขายของชำ, NO-3 Ward , Myawaddy Township, Kayin Region, Mae Tao Tak.

660 CC ကားတစ်စီးကို 30--35 သိန်းဖြစ်နေချိန်မှာဆရာတော်ဘုန်းဘုန်းတို့ကျောင်းအတွက်သုံးမလားအလုပ်အတွက်အကြမ်းသုံးမလား၊ဆိုင်ကယ်...
01/02/2024

660 CC ကားတစ်စီးကို 30--35 သိန်းဖြစ်နေချိန်မှာ

ဆရာတော်ဘုန်းဘုန်းတို့ကျောင်းအတွက်သုံးမလား

အလုပ်အတွက်အကြမ်းသုံးမလား၊ဆိုင်ကယ်တစ်စီးဈေးနှုန်း

ဈေးသက်သာဆယ်ဆိုတာထက်မထင်ထားတဲ့ဈေးလေးနဲ့

Toyota Mark 2 Blit ကားလေးအရောင်းတင်ပါရစေခင်ဗျာ။🚘

🚗TOYOTA Mark2 Blit🚗

✅✅Model -2002

✅✅ENGINE POWER 2000 Cc

✅✅COLOUR Gray

✅✅GRADE IR Grade

✅✅ Ac Digital

✅✅Key Remote

✅✅ မှန်ချိုးမှန်ခေါက်/မှန်ချိန်မီးချိန်

✅✅ Original Tv

✅✅Exhaust Fan

✅✅နောက်ဝှိက်ပါ

✅✅တာယာ၄လုံးအသစ်နီးပါးကျန်

✅✅lock ချလျှင်ဘက်မှန် Auto ခေါက်ပါသည်။

✅✅ အင်ဂျင် ၊ ဂီယာဘောက် ၊ ကျောက်ဇကာ

✅✅ မှန်ချိုးမှန်ခေါက်/မှန်ချိန်မီးချိန်

✅✅Exhaust Fan

✅✅နောက်ဖုံးဆွဲကပ်

✅✅စျေးနူန်း 2 # # # သိန်း( Nego)

🚨🚨မှတ်ချက် - ‌ခိုင်းထားတဲ့ကားမဟုတ်၊မစီးဖြစ်လို့
ပြန်ရောင်းတဲ့ကားလေးပါ။

☎️☎️ဆက်သွယ်ရန်09-965069773/09-660048826

Facebook messenger,Page messenger Cb

💯 ဂျင်းကား လုံးဝ(လုံးဝ)မရောင်းပါ။💯

ဘရိတ်ဆာဗို လဲသင့်နေပြီလားမော်တော်ကားဘရိတ်စနစ်မှာ အသုံးပြုထားတဲ့ ဘရိတ်ဆာဗို ( ခေါ်) ဘရိတ်ဘုစတာ (Brake Booster) ဆိုတာ အင်ဂ...
29/01/2024

ဘရိတ်ဆာဗို လဲသင့်နေပြီလား

မော်တော်ကားဘရိတ်စနစ်မှာ အသုံးပြုထားတဲ့ ဘရိတ်ဆာဗို ( ခေါ်) ဘရိတ်ဘုစတာ (Brake Booster) ဆိုတာ အင်ဂျင်မှ လေဟာနယ် (Vacuum) သို့မဟုတ် Vacuum Pump မှ လေဟာနယ် (အနုတ်ဖိအား - စုပ်ယူအား) ကို ယူပြီး ဘရိတ်ခြေနင်းအားကို ဆပွားပေးကာ ဘရိတ်နင်းရ သက်သာအောင် ပြုလုပ်ပေးတဲ့ ပစ္စည်းဖြစ်ပါတယ်။ ဘရိတ်ဆာဗို ကောင်းစွာအလုပ်လုပ်တဲ့အခါ ဘရိတ်နင်းရတာ သက်တောင့်သက်သာရှိပြီး ဘရိတ်ဆာဗို မကောင်းတဲ့အခါ ဘရိတ်နင်းရတာ မာမာကြီးဖြစ်နေတတ်ပါတယ်။ ဘရိတ်ဆာဗိုက ကားစက်နှိုးမှသာစတင်အလုပ်တာ ဖြစ်ပါတယ်။ ဒါကြောင့် ကားစက်မနှိုးဘဲ ဘရိတ်နင်းရင်လည်း ဘရိတ်မာနေမှာ ဖြစ်ပါတယ်။

ဘရိတ်ဆာဗိုအတွင်းမှာ ဒိုင်ယာဖရမ် (Diagram)၊ စပရိန်း (Spring)၊ ပလိတ်ပြား (Fulcrum Plate) စသည်တို့ဖြင့်ဖွဲ့စည်းထားပြီး အင်ဂျင်မှ လေဟာနယ် (Vacuum) ကိုယူကာ ဘရိတ်ခြေနင်းအားကို ဆပွားတိုးစေတာဖြစ်ပါတယ်။ ဒီဇယ်အင်ဂျင်အတွက် လေဟာနယ်ကို Vacuum Pump (ဘေကန်ပန့်) မှရယူပြီး ဓါတ်ဆီအင်ဂျင်အတွက် လေဟာနယ်ကို အင်ဂျင်အင်းလပ်မဂနီဖိုးမှ ရယူပါတယ်။ ဒါကြောင့် ဘရိတ်ဆာဗိုမှာ အင်းလပ်မဂနီဖိုး (သို့) ဘေကန်ပန့်နှင့်ဆက်သွယ်ထားတဲ့ လေပိုက်ပါရှိတာဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာ ဘရိတ်ဆာဗိုမကောင်းဘူးဆိုတာ သိနိူင်တဲ့ အချက်တွေနဲ့ပါတ်သက်ပြီး ဗဟုသုတအဖြစ် မျှဝေချင်ပါတယ်။

၁) ဘရိတ်ခြေနင်းမာခြင်း – စက်နှိုးထားချိန် ဘရိတ်ခြေနင်းကို နင်းရတာ ပေါ့ပါးနေတာက ဘရိတ်ဆာဗိုကြောင့်ဖြစ်ပါတယ်။ ဘရိတ်ဆာဗိုမကောင်းတဲ့အခါ ဘရိတ်ခြေနင်း နင်းရတာ မာနေမှာဖြစ်ပါတယ်။ ဘရိတ်ခြေနင်းမာနေတာက တခြားအကြောင်းအရာတွေကြောင့်ဖြစ်နိူင်သလို ဘရိတ်ဆာဗိုမကောင်းတာကတော့ အများဆုံးဖြစ်တတ်တဲ့ ပြစ်ချက်တခုဘဲ ဖြစ်ပါတယ်။ ဒါကြောင့် ဘရိတ်ဆာဗာလေပိုက်ပြုတ်နေတာလား (သို့) ဘရိတ်ဆာဗို မကောင်းတာလားဆိုတာကို သေချာစစ်ဆေးပေးသင့်ပါတယ်။

၂) ဘရိတ်ခြေနင်း မြင့်တက်နေခြင်း – ဘရိတ်ခြေနင်း နင်းရတာ မာနေတဲ့အပြင် ခြေနင်းအရမ်းမြင့်တက်နေတယ်ဆိုရင်လည်း ဘရိတ်ဆာဗိုမှာ ပြစ်ချက်ရှိနေတာ ဖြစ်နိူင်ပါတယ်။ ဘရိတ်ခြေနင်းမာပြီး ခြေနင်းမြင့်တက်နေပြီဆိုရင် ဘရိတ်စနစ်ကို ချက်ချင်းစစ်ဆေးပြုပြင်သင့်တာဖြစ်ပါတယ်။

၃) ဘရိတ်မိနောက်ကျခြင်း – အတားအဆီးတခုခုကြောင့် ဘရိတ်ခြေနင်းကို နင်းလိုက်တဲ့အခါ နင်းတဲ့အားပေါ်မူတည်ပြီး ဘရိတ်မိစေတာဖြစ်ပေမယ့် ဘရိတ်ဖမ်းမိတဲ့အချိန်က လိုတာထက်ပိုကြာနေပြီဆိုရင် (ဘရိတ်မိ နောက်ကျခြင်း) လည်းဘရိတ်ဆာဗိုမှာ ပြစ်ချက်ရှိနေတာ ဖြစ်နိူင်ပါတယ်။ ဘရိတ်မိနောက်ကျခြင်းက ကားအက်ဆီးဒင့်ဖြစ်စေနိူ်င်တာကြောင့် ဘရိတ်စနစ်ကို ချက်ချင်းစစ်ဆေးသင့်ပါတယ်။

၄) အင်ဂျင်စလိုးမငြိမ်ခြင်း (System Too Lean) – ဓါတ်ဆီအင်ဂျင်တွေအတွက် ဘရိတ်ဆာဗိုကြောင့် အင်ဂျင်စလိုးမငြိမ်ဘူးလို့ဆိုရင် ထူးဆန်းနေပါလိမ့်မယ်။ ဒါပေမယ့် ဒါက တကယ့်လက်တွေ့မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြစ်ချက်တခုဖြစ်ပါတယ်။ အင်ဂျင်ရဲ့ အင်းလပ်မဂနီးဖိုးနဲ့ ဘရိတ်ဆာဗိုကိုလေပိုက်တခုနှင့်ချိတ်ဆက်ထားတာကြောင့် ဘရိတ်ဆာဗိုထဲက ဒိုင်ယာဖရမ်ဆီးလ် ပေါက်သွားတဲ့အခါ အဲ့ဒီနေရာမှ လေများအင်ဂျင်ထဲကိုဝင်ရောက်နိူင်တာကြောင့် ဆီလေအချိုးမညီမျှမှုဖြစ်ကာ System Too Lean ဆိုတဲ့ပြစ်ချက်ကုဒ်နှင့်အတူ အင်ဂျင်ချက်မီးလင်းခြင်း၊ စလိုးမငြိမ်ခြင်းတို့ကို ဖြစ်စေနိူင်ပါတယ်။

အထက်ပါဖော်ပြခဲ့တဲ့ အကြောင်းအရာတွေကတော့ ဘရိတ်ဆာဗိုမှာ ပြစ်ချက်ရှိနေရင် အဖြစ်အများဆုံးပြစ်ချက်တွေဘဲဖြစ်ပါတယ်။ ဘရိတ်စနစ်ဆိုတာ ကားတစ်စီးအတွက် အရေးကြီးဆုံးစနစ်တခုဖြစ်တာကြောင့် ဘရိတ်စနစ်မှာပါဝင်တဲ့ ဘရိတ်ဆာဗိုပြစ်ချက်ရှိနေတယ်ဆိုရင် ချက်ချင်းစစ်ဆေးပြုပြင်သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

Crd # # #မူရင်းရေးသားသူအား Crd ပေးပါသည်//
ဗဟုသုတ ရစေရန်ပြန်လည်မျှဝေခြင်းဖြစ်ပါသည် //
အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျား//

ငါ '' မှား '' ရင် ငါ့ကို ''မနိမ် '' ပါနဲ့ငါ့ကို ပြင်ပေးပါ....ပြန်လှည့်ပြီး '' နိဒါန်းကို '' ပြောင်းလို့ မရတော့ပေမယ့်ရောက...
29/01/2024

ငါ '' မှား '' ရင်
ငါ့ကို ''မနိမ် '' ပါနဲ့
ငါ့ကို ပြင်ပေးပါ....

ပြန်လှည့်ပြီး '' နိဒါန်းကို ''
ပြောင်းလို့ မရတော့ပေမယ့်
ရောက်ရာ နေရာက ပြန်စပြီး
'' နိဂုံး '' ကိုတော့ ပြောင်းလို့ရပါတယ် ...

မိဘ က သင့် ဘဝ ကို
မူရင်း မွေးပေးလိုက်တာနော်
မိတ္တူ ဘဝဖြင့် အဆုံးမခံပါနဲ့ ...

ဘဝ ကောင်းကို ရခဲ့တာ မဟုတ်သလို
ဘဝ ဆိုးကိုလည်း ရခဲ့တာ မဟုတ်ဘူး
ဘဝ ပဲ ရခဲ့တာပါ
အဲ့ ဘဝ ကို အကောင်း အဆိုးဖြစ်အောင်
တို့တတွေက ဖန်တီး လိုက်ကြတာပါ ...

ကျရှုံး မှာ မကြောက်ပါနဲ့
မကြိုးစား ကြည့်မိမှာကိုသာ
ကြောက်ပါ ...

သဘော အကောင်းဆုံး သူတွေဟာ
အနှိပ်စက် အခံရဆုံး သူတွေ
ဖြစ်နေ တတ်ပါတယ် ...

သူများ ဘဝ အလင်းဆောင်ဖို့ လူတိုင်း
နေမင်း ဖြစ်ချင်ကြတယ်
အမှောင်ဆုံးအချိန်မှာ အလင်းဆောင်ဖို့
ဘာလို့ လမင်း မဖြစ်ချင်ကြတာလဲ ...

မရဖူးတာ ရချင်ရင်
မလုပ်ဖူးတာ လုပ်ရမယ် ...

စတောင်းပန်ရဲတဲ့ သူက
သတ္တိ အရှိ ဆုံးသူပါ
စခွင့်လွတ်နိုင်တဲ့သူက
စိတ်ဓာတ် အကြံ့ခိုင်ဆုံးသူပါ
စ မေ့နိုင်သူက
စိတ်အချမ်းသာဆုံးသူပါ

အရက်မပါဘဲ ပျော်တတ်အောင်
ဖုန်းမပါဘဲ စကားပြောတတ်အောင်
ခြွင်းချက် မထားပဲ ချစ်တတ်အောင်
Selfie မဆွဲလဲ ပြုံးတတ်အောင် သင်ယူပါ ..
crd📖📖📖

ที่อยู่

NO-3 Ward , Myawaddy Township, Kayin Region
Mae Tao Tak

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ LYNN MWD Without Car Sales Agentผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์