Ko Myo Zone ထိုင်းနိုင်ငံရှိ မြန်မာများအတွက်
ဟာသ 😂 ဗဟုသုတ 📚
Thailand life & knowledge
နေ့တိုင်းတင်ဆက်ပေးမည်
Follow လုပ်ထားပါဗျ 🙏

30/04/2026အမိနိုင်ငံမပြန်ခင်သိထားပါအမျိုးတို့ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိမြန်မာသံရုံးကြီးမှကြေညာချက်အမျိုးတို့အမိမြန်မာ...
30/04/2026

30/04/2026
အမိနိုင်ငံမပြန်ခင်သိထားပါအမျိုးတို့
ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိမြန်မာသံရုံးကြီးမှကြေညာချက်
အမျိုးတို့အမိမြန်မာနိုင်ငံကိုမပြန်ခင်လေးမှာတော့ဒီစာတွေကို
အသေချာဖတ်ပြီးမှပြန်ကြဖို့အသိပေးလိုပါတယ်။


#ထိုင်းရောက်မြန်မာများ
#သိစေရန်
#စေတနာဖြင့်

29/04/2026

#လူငယ်များစီသို့
#စာဖက်ပါ

29/04/2026

ကဆုန်လပြည့်နေ့အကြောင်း သိကောင်းစရာ
*********************************
ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ္ခံ ကဆုန်လပြည့်နေ့

ကဆုန်လပြည့် (၅)နေ့။
(၁) ဗျာဒိတ်ခံယူသည့်နေ့ =
လေး အသင်္ချေကမ္ဘာတစ်သိန်း အစ
ကဆုန်လပြည့်နေ့။

(၂) ဘုရားမွေးသည့်နေ့ =
မဟာသက္ကရာဇ် (၆၈)ခု၊
ကဆုန်လပြည့် (သောကြာနေ့)။(ဘီစီ ၆၂၃)

(၃) ဘုရားဖြစ်သည့်နေ့ =
မဟာသက္ကရာဇ် (၁၀၃)ခု၊
ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)

(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ =
မဟာသက္ကရာဇ် (၁၀၄)ခု၊
ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)

(၅) ပရိနိဗ္ဗာန်စံသည့်နေ့ =
မဟာသက္ကရာဇ် (၁၄၈)ခု၊
ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)

****

#ကဆုန်လပြည့်
#ဗုဒ္ဓနေ့အကြောင်းသိကောင်းစရာများ

၁။ ကဆုန်လပြည့်နေ့သည်
ဗုဒ္ဓဘာသာဝင်တို့၏
နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။
ကဆုန်လပြည့်နေ့၏ ထူးခြားချက်မှာ
(ဗျာဒိတ်, ဖွားမြင်, ဗောဓိပင်,
စံဝင် နိဗ္ဗာန်နန်း) ဆိုသည်နှင့်အညီ
သုံးလောကထွတ်ထား
သဗ္ဗညုမြတ်စွာဘုရားနှင့်စပ်၍....

#ဗျာဒိတ်ခံယူသောနေ့
#ဖွားမြင်တော်မူသောနေ့
#ဘုရားဖြစ်တော်မူသောနေ့
#ပရိနိဗ္ဗာန်စံတော်မူသောနေ့
ဤထူးခြားချက်လေးမျိုးတို့နှင့်
တိုက်ဆိုက်နေပါသည်။
ဤကဲ့သို့ ထူးခြားချက်လေးမျိုးနှင့်
ပြည့်စုံသောကြောင့် ဤနေ့ကို
` #ကဆုန်လပြည့်ဗုဒ္ဓနေ့ ဟု
အမွှန်းတင် ခေါ်ဆိုကြပါသည်။

၂။ ဤကဆုန်လပြည့်နေ့ တွင်
မာရ်နတ်ရန်ကို အောင်မြင်တော်မူသောကြောင့်
ဤနေ့ဤရက်ကို
`ကဆုန်လပြည့် မာရ်အောင်နေ့အဖြစ်
ဗုဒ္ဓဘာသာဝင်တို့၏ စိတ်အစဉ်တွင်
စွဲမြဲ၍နေကြပါသည်။

၃။ ဝိသာခါနက္ခတ်နှင့်ယှဉ်၍
ဖွားမြင်တော်မူခြင်း၊
ပရိနိဗ္ဗာန်စံတော်မူခြင်းများကို အကြောင်းပြု၍
ကဆုန်လပြည့်နေ့ကို
`ဝိဆခ်ဒေးဟု ခေါ်ဆိုကြပါသည်။
ဝိသာခါဒေးဟု ဆိုလိုပါသည်။

၄။ ဗုဒ္ဓဘာသာဝင်တို့သည်
ဘုရားဖြစ်သော နေ့ထူးနေ့မြတ်ကို
အာရုံပြု၍ ကဆုန်လပြည့်နေ့၌
ပရိဘောဂစေတီထိုက်သော
ဗောဓိပင်ကို ရေသွန်းလောင်းလေ့ ရှိကြပါသည်။

၅။ ဗောဓိပင်သည်
သဗ္ဗုညုတဉာဏ်တော်ကိုရ၍
ဘုရားဖြစ်တော်မူရာဌာနဖြစ်ခြင်း၊
ဖွားဖက်တော် ၇ ပါးတွင်
စာရင်းဝင်ဖြစ်ခြင်းတို့ကြောင့်
ထူးခြားသော သစ်ပင်တစ်မျိုး ဖြစ်ပါသည်။
ဤကဲ့သို့ မြတ်စွာဘုရားနှင့်
တိုက်ရိုက်ဆက်စပ်၍
ဗောဓိပင်၌ ရေသွန်းလောင်းခြင်းအစဉ်အလာကို
ခေတ်အဆက်ဆက် ပြုလုပ်လာခဲ့ကြပါသည်။

၆။ မြန်မာ့ရိုးရာ ၁၂ ရာသီပွဲတော်များအနက်
ကဆုန္လ၌ ညောင်ရေသွန်းပွဲတော်ကို
ရိုးရာပွဲတော်အဖြစ် အစဉ်အလာ
သတ်မှတ်ခဲ့ကြပါသည်။

၇။ အသနဗောဓိယမထေရ်၏
အလောင်းသည် တိဿဘုရားရှင်၏
ဗောဓိပင်ကို စိုက်ပျိုးပူဇော်ရသော
ကုသိုလ်ကြောင့် နတ်ပြည်၌ဖြစ်ရခြင်း၊
စကြာမင်းဖြစ်ရခြင်း၊
အပါယ်ဘေးမှလွတ်ကင်းရခြင်းအကျိုးများကို
ခံစားရကြောင်း (ထေရာပဒါန်)
ကျမ်းဂန်၌ ဟောကြားထားပါသည်။

၈။ ဂန္ဓောဒကတိဿမထေရ်၏
အလောင်းသည် ပဒုမုတ္တရဘုရားရှင်၏
ဗောဓိပင်ကို နံ့သာရေဖြင့်
သွန်းလောင်းသောကုသိုလ်ကြောင့်
နတ်ပြည်၌ဖြစ်ရခြင်း၊ အနာရောဂါမရှိခြင်း၊
သောကကင်းဝေးခြင်း
စသောအကျိုးများကို ခံစားရပါသည်။

၉။ အထက်ပါအကြောင်းအရာများကို နှလုံးသွင်း၍
ဗုဒ္ဓဘာသာဝင်သူတော်စင်များအနေဖြင့်
နှစ်စဉ်နှစ်စဉ် ကဆုန်လပြည့်နေ့ရောက်တိုင်း
ဗုဒ္ဓရုပ်ပွား ဥဒ္ဒိဿစေတီတော်များကို
အနေကဇာတင် ဗုဒ္ဓအဘိသေက
မင်္ဂလာသဘင် ဆင်ယင်ကျင်းပ၍
ကုသိုလ်အထူးကို ဆည်းပူးလေ့ရှိကြပါသည်။
ကျောင်းကန်ဘုရားသို့သွား၍
ဒါန သီလ ဘာဝနာအမွုကို ပြုလုပ်၍
ကဆုန်လပြည့် ဗုဒ္ဓနေ့ကို အမှတ်တရ ဆင်နွှဲကြပါသည်။

#မာဂဓီ (သာစည်)၏
[အခါတော်နေ့များ စာအုပ်မှ] ပြန်လည်
ထုတ်နှုတ်မျှဝေ ပူဇော်ပါသည်။

#ကဆုန်လပြည့်နေ့
#ဗုဒ္ဓ
#ဘုရားရှင်
#တရားတော်

ကိုယ်ကောင်းအောင်ပဲ နေလိုက်ပါဒီဘက်ခေတ်မှာ လူကောင်းတွေနဲ့ဆုံတွေ့ခွင့် ရင်းနှီးခွင့်ရဖို့ သိပ်ကို ခဲယဉ်းသွားပါပြီ။လောကမှာ က...
29/04/2026

ကိုယ်ကောင်းအောင်ပဲ နေလိုက်ပါ

ဒီဘက်ခေတ်မှာ လူကောင်းတွေနဲ့
ဆုံတွေ့ခွင့် ရင်းနှီးခွင့်ရဖို့
သိပ်ကို ခဲယဉ်းသွားပါပြီ။

လောကမှာ ကောင်းတဲ့လူကို ရဖို့ မလွယ်ပါဘူး။
မိသားစုဝင်ကောင်း လက်တွဲဖော်ကောင်း
အလုပ်သမားကောင်း သူငယ်ချင်းကောင်း
မိတ်ဆွေကောင်း အစရှိသရွေ့ပေါ့။

လူကောင်းတွေကို လွယ်လွယ်နဲ့ရနေရင်
လူကောင်းတွေသာ များနေရင်
လောကကြီးမှာ အခုလောက်
အခက်အခဲ အကြပ်အတည်းတွေရှိမှာ မဟုတ်ပါဘူး။

လူကောင်းတွေဆိုတာ ကံကောင်းမှ ရတတ်သလို
တခါတလေ ​ေ,သချာရှာမှ တွေ့တတ်တာပါ။

တခါတလေ စိတ်ရှည်ရှည်နဲ့ စောင့်ရသလို
တခါတလေ သည်းခံရတာတွေ ရှိပါတယ်။
တခါတလေ
ပေးဆပ်မှု ရင်းနှီးမှုတွေနဲ့မှ ရတတ်ပါတယ်။

လူကောင်းတွေကို ဘယ်တော့မှ
နှစ်ခါ ပြန်ရဖို့ မလွယ်ပါဘူး။
မိသားစုဝင်ထဲက လူကောင်း
အလုပ်ထဲက လူကောင်း
မိတ်ဆွေထဲက လူကောင်းတွေကို တန်ဖိုးထားပါ။

ငွေကြေးနဲ့ မတိုင်းတာပါနဲ့ ပညာနဲ့ မတိုင်းတာပါနဲ့။ ရုပ်ရည် ၊ ခန္ဓာကိုယ်
အရည်အချင်းတွေနဲ့ မတိုင်းတာပါနဲ့။
အပေါ်အယံတွေက
တကယ့်အစစ်အမှန်မှ မဟုတ်တာ။

စေတနာနဲ့ တိုင်းတာပါ။
အနစ်နာခံနိုင်မှုနဲ့ တိုင်းတာပါ
ရိုးသားမှုနဲ့ တိုင်းတာပါ။

ကောင်းတဲ့လူကိုရဖို့ ခဲယဉ်းပါတယ်။
သင့် အဝန်းအဝိုင်းထဲမှာ လူကောင်း ရှိရင်
တန်ဖိုးထားဖို့ မမေ့ပါနဲ့။
လူကောင်းတွေက သင့်ကို
စိတ်ပျက်သွားစေမယ့်သူမျိုးတော့ အဖြစ်မခံပါနဲ့။

ဒီဘက်ခေတ်မှာ လူကောင်းတွေနဲ့
ဆုံတွေ့ခွင့် ရင်းနှီးခွင့်ရဖို့ သိပ်ကို ခဲယဉ်းသွားပါပြီ။
လူတော်တွေတော့ များပါတယ်။
ဒါပေမယ့် လူကောင်းကတော့ ရှားသွားပါပြီ။

နောက်ဆုံးတော့လည်း
ဘယ်သူကောင်းကောင်း မကောင်းကောင်း
ကိုယ်ကောင်းနေဖို့ပဲ လိုပါတယ်လေ။




တစ်ခါတစ်ရံ ဘဝထဲမှာ လူတွေက ကိုယ့်ကို တန်ဖိုးမ ထားဘူးလို့ င်္ခစားရတဲ့ အချိန်တွေ ရှိနိုင်ပါတယ်။ ကိုယ် ပေးတဲ့ စေတနာတွေ၊ နားလ...
27/04/2026

တစ်ခါတစ်ရံ ဘဝထဲမှာ လူတွေက ကိုယ့်ကို တန်ဖိုးမ ထားဘူးလို့ င်္ခစားရတဲ့ အချိန်တွေ ရှိနိုင်ပါတယ်။ ကိုယ် ပေးတဲ့ စေတနာတွေ၊ နားလည်မှုတွေ၊ အချိန်တွေဟာ တစ်ဖက်လူအတွက် သာမန်အရာတစ်ခုလိုပဲ ဖြစ်သွား ပြီး ကိုယ်ပင်ပန်းခဲ့တာတွေကိုတောင် မမြင်မိကြတဲ့ အခါ ရင်ထဲမှာ အားနည်းသလို၊ စိတ်ပျက်သလို ခံစား ရတတ်ပါတယ်။

ဒါပေမဲ့ အဲဒီလိုအချိန်တွေကပဲ ကိုယ့်ကိုယ်ကိုယ် ပြန် ကြည့်ဖို့ အခွင့်အရေးတစ်ခု ဖြစ်ပါတယ်။ ကိုယ်ပေးခဲ့ တဲ့ အရာတွေဟာ တန်ဖိုးမရှိတာ မဟုတ်ပါဘူး တန်ဖိုး ကို မမြင်တတ်တဲ့ လူတွေထံကို ရောက်သွားတာပဲ ဖြစ် ပါတယ်။

ဘဝမှာ လူတိုင်းကို ကျေနပ်အောင် လုပ်ပေးနိုင်ဖို့ မလို ပါဘူး။ ကိုယ့်စိတ်ချမ်းသာမှုကို အဓိကထားပြီး ကိုယ့် ကို တန်ဖိုးထားသူတွေနဲ့သာ နီးကပ်နေဖို့ လိုပါတယ်။ တစ်ချို့ဆက်ဆံရေးတွေဟာ ထိန်းသိမ်းရမယ့်အရာ မဟုတ်ဘဲ လွှတ်ပစ်သင့်တဲ့အရာတွေ ဖြစ်တတ်ပါ တယ်။

ကိုယ့်ကို နာကျင်စေတဲ့ နေရာမှာ ဆက်နေခြင်းဟာ သတ္တိမဟုတ်ပါဘူး အဲဒါက ကိုယ့်ကိုယ်ကိုယ် မကာ ကွယ်နိုင်တာပဲ ဖြစ်ပါတယ်။ တခါတလေ နောက် တစ်ဆင့် တက်နိုင်ဖို့ဆိုရင် တချို့လူတွေကို နောက်မှာ ထားခဲ့ရပါမယ်။

ကိုယ့်တန်ဖိုးကို သိပါ။ ကိုယ့်ကိုယ်ကိုယ် ချစ်ပါ။ ကိုယ့် ဘဝကို ကိုယ်တိုင် ကာကွယ်ပါ။ ကိုယ်နဲ့ထိုက်တန် တဲ့ ပျော်ရွှင်မှုတွေဟာ အမြဲတမ်း ရှိနေပြီး၊ မှန်ကန်တဲ့ အချိန်မှာ မှန်ကန်တဲ့ လူတွေနဲ့ တွေ့ဆုံစေမှာပါ။
ခက်ခဲမှုတွေဟာ အမြဲတမ်း မတည်မြဲပါဘူး ဒါတွေ က ကိုယ့်ကို ပိုမိုခိုင်မာလာအောင် သင်ကြားပေးတဲ့ သင်ခန်းစာတွေပါပဲ။
#သို့📖 #စာ‌တို #စာပေ

Jack Ma ပြောတဲ့ ရေရှည်တည်တံ့မယ့် စီးပွားရေးအမြင်များ၁။ ပြဿနာရှိတဲ့နေရာမှာ အခွင့်အလမ်းရှိတယ်စီးပွားရေးဆိုတာ လူတွေရဲ့ အခက်...
22/04/2026

Jack Ma ပြောတဲ့ ရေရှည်တည်တံ့မယ့် စီးပွားရေးအမြင်များ

၁။ ပြဿနာရှိတဲ့နေရာမှာ အခွင့်အလမ်းရှိတယ်

စီးပွားရေးဆိုတာ လူတွေရဲ့ အခက်အခဲကို ဖြေရှင်းပေးတာပါ။ လူတွေ ဘာကို ညည်းညူနေကြသလဲ၊ ဘာတွေ အဆင်မပြေဖြစ်နေကြသလဲဆိုတာကို ရှာပါ။ အဲဒီပြဿနာကို သင်က အကောင်းဆုံး ဖြေရှင်းပေးနိုင်ရင် အဲဒါဟာ သင့်အတွက် အကြီးမားဆုံး စီးပွားရေးအခွင့်အလမ်းပါပဲ။

၂။ "ဘယ်သူ့ကို" အရင်ကူညီမလဲဆိုတာ ရွေးချယ်ပါ

Jack Ma ရဲ့ အောင်မြင်မှု လျှို့ဝှက်ချက်က "အသေးစား လုပ်ငန်းရှင်လေးတွေကို ကူညီတာ" ပါပဲ။ စီးပွားရေးလုပ်တဲ့အခါ အင်အားကြီးသူတွေကိုပဲ ကြည့်မနေဘဲ အနာဂတ်မှာ ကြီးထွားလာမယ့်သူတွေ၊ အကူအညီ လိုအပ်နေသူတွေကို အာရုံစိုက်ပါ။ သူတို့အောင်မြင်ရင် သင်လည်း လိုက်ပြီး အောင်မြင်မှာပါ။

၃။ ငွေနောက်မလိုက်ဘဲ တန်ဖိုး (Value) နောက်ကိုလိုက်ပါ

ငွေဆိုတာ သင်ဖန်တီးလိုက်တဲ့ "တန်ဖိုး" ရဲ့ နောက်ဆက်တွဲ ရလဒ်သာ ဖြစ်ပါတယ်။ သင့်ရဲ့ ဝန်ဆောင်မှု ဒါမှမဟုတ် ကုန်ပစ္စည်းက လူတွေရဲ့ ဘဝကို တကယ်တိုးတက်စေတယ်ဆိုရင် ငွေဆိုတာ သူ့အလိုလို လိုက်လာပါလိမ့်မယ်။

၄။ အဖွဲ့အစည်း စိတ်ဓာတ် (Teamwork)

"ကျွန်တော်က နည်းပညာအကြောင်း ဘာမှမသိဘူး၊ ဒါပေမဲ့ နည်းပညာ နားလည်တဲ့သူတွေနဲ့ ဘယ်လို အတူတူ အလုပ်လုပ်ရမလဲဆိုတာ သိတယ်" လို့ သူက ပြောဖူးပါတယ်။ စီးပွားရေးဆိုတာ တစ်ယောက်တည်း လုပ်တာမဟုတ်ဘဲ ကိုယ့်ထက် တော်တဲ့သူတွေကို စုစည်းပြီး ဘုံရည်မှန်းချက်တစ်ခုဆီ ခေါ်ဆောင်သွားနိုင်တာကို ဆိုလိုတာပါ။

၅။ မနက်ဖြန်အတွက် ဒီနေ့ ပြင်ဆင်ပါ

စီးပွားရေးကောင်းနေချိန်မှာ အနာဂတ်မှာ ကြုံလာနိုင်တဲ့ အကျပ်အတည်းအတွက် ကြိုတင်ပြင်ဆင်ထားပါ။ မိုးရွာမှ ထီးလိုက်ရှာတာထက် နေသာနေတုန်းမှာ အမိုးပြင်ထားတဲ့သူကသာ ရေရှည်မှာ ရပ်တည်နိုင်မှာပါ။

Life Guide with respect.

#လူငယ်များစီသို့
#စာဖက်ပါလူငယ်

၁။ တာဝန်ကျေပွန်ခြင်း (Responsibility)​ယောကျာ်းကောင်းတစ်ယောက်ဟာ မိသားစုနဲ့ ပတ်ဝန်းကျင်အပေါ်မှာ တာဝန်ကျေရပါမယ်။ သိင်္ဂါလော...
21/04/2026

၁။ တာဝန်ကျေပွန်ခြင်း (Responsibility)

​ယောကျာ်းကောင်းတစ်ယောက်ဟာ မိသားစုနဲ့ ပတ်ဝန်းကျင်အပေါ်မှာ တာဝန်ကျေရပါမယ်။ သိင်္ဂါလောဝါဒသုတ်အရ လင်ယောက်ျားတစ်ယောက်ဟာ ဇနီးအပေါ်မှာ အချက် (၅) ချက်နဲ့ ပြည့်စုံရမယ်လို့ ဟောကြားထားပါတယ်။
​မထီမဲ့မြင်မပြုခြင်း (ဇနီးကို အလေးထားခြင်း)
​အလေးအမြတ်ပြုခြင်း (တန်ဖိုးထား ဆက်ဆံခြင်း)
​ဖောက်ပြန်မှုကင်းခြင်း (သစ္စာရှိခြင်း)
​အိမ်တွင်းစီမံခန့်ခွဲမှုကို လွှဲအပ်ခြင်း (ယုံကြည်မှုပေးခြင်း)
​အဝတ်အစား အဆင်တန်ဆာ ဆင်ယင်ပေးခြင်း (ထောက်ပံ့ပေးကမ်းခြင်း)

​၂။ စိတ်ဓာတ်ကြံ့ခိုင်ခြင်း (Mental Strength)
​လောကဓံတရားတွေနဲ့ ကြုံလာရတဲ့အခါ တုန်လှုပ်မှုမရှိဘဲ တည်ငြိမ်စွာ ရင်ဆိုင်နိုင်စွမ်းရှိရပါမယ်။ "ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္ပတိ" ဆိုတဲ့အတိုင်း ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ စိတ်ကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်သူဟာ ယောကျာ်းကောင်းဖြစ်ပါတယ်။

​၃။ ကိုယ်ကျင့်တရား ကောင်းမွန်ခြင်း (Sila)
​ငါးပါးသီလကို အခြေခံပြီး အကျင့်စာရိတ္တ မဏ္ဍိုင်ခိုင်မာရပါမယ်။
​သူတပါးအသက်၊ အိုးအိမ်၊ စည်းစိမ်ကို ဖျက်ဆီးခြင်းမှ ရှောင်ကြဉ်ခြင်း။
​သစ္စာရှိခြင်း (စကားပြောရင် အမှန်အတိုင်းပြောခြင်း၊ ကတိတည်ခြင်း)။
​မူးယစ်သောက်စားမှုကြောင့် အသိဉာဏ်မကင်းလွတ်စေခြင်း။

​၄။ ပညာရှိခြင်းနှင့် အတတ်ပညာစုံခြင်း (Skill & Wisdom)
​မင်္ဂလသုတ်တော်အရ "ဗာဟုသစ္စဉ္စ သိပ္ပဉ္စ" - အကြားအမြင်ဗဟုသုတ များရမယ်၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အတတ်ပညာတစ်ခုခုကို ကျွမ်းကျင်ရမယ်လို့ ဆိုပါတယ်။ မိသားစုကို ကောင်းမွန်စွာ ကျွေးမွေးနိုင်ဖို့ ကြိုးစားအားထုတ်မှု (ဝီရိယ) ရှိရပါမယ်။

​၅။ စိတ်ရှည်သည်းခံခြင်း (Patience/Khanti)
​ဒေါသကို ထိန်းချုပ်နိုင်ပြီး သည်းခံခြင်း (ခန္တီ) တရားရှိခြင်းဟာ ယောကျာ်းကောင်းတို့ရဲ့ အဆင်တန်ဆာဖြစ်ပါတယ်။ အခက်အခဲတွေကြားမှာ စိတ်မပျက်ဘဲ ဇွဲရှိရှိ ဆောင်ရွက်တတ်ရပါမယ်။

​၆။ မိဘကို လုပ်ကျွေးပြုစုခြင်း (Filial Piety)
​မိဘကို ပြုစုလုပ်ကျွေးခြင်းဟာ မင်္ဂလာတစ်ပါးဖြစ်သလို ယောကျာ်းကောင်းတစ်ယောက်ရဲ့ မရှိမဖြစ် အရည်အချင်းဖြစ်ပါတယ်။ မိမိကို မွေးကျွေးခဲ့တဲ့ ကျေးဇူးတရားကို သိတတ်ရပါမယ်။

​ဗုဒ္ဓအလိုကျ ယောကျာ်းကောင်းတစ်ယောက်ဆိုတာ "ကိုယ်ကျင့်တရား ကောင်းမွန်ပြီး၊ တာဝန်သိစိတ်ရှိကာ၊ ပညာဉာဏ်နဲ့ ဝီရိယကို အသုံးချပြီး မိသားစုနဲ့ ပတ်ဝန်းကျင်ကို အကျိုးပြုသူ" ကို ဆိုလိုတာဖြစ်ပါတယ်။


#တန်ဖိုးရှိသောစာပေများ #စာတို #စာပေ

🌳🌴🌳🌳🌳🌲🌳အရိပ်ပဲ ပေးချင်ပါတယ်မေတ္တာက အေးချမ်းပါတယ်ဘယ်လောက်ပဲ နွေးထွေးပါတယ်လို့ပြောနေပါစေငွေနဲ့ ဝယ်လာတဲ့ ပျော်စရာ မက်မောစရာ...
21/04/2026

🌳🌴🌳🌳🌳🌲🌳
အရိပ်ပဲ ပေးချင်ပါတယ်

မေတ္တာက အေးချမ်းပါတယ်
ဘယ်လောက်ပဲ နွေးထွေးပါတယ်လို့
ပြောနေပါစေ

ငွေနဲ့ ဝယ်လာတဲ့ ပျော်စရာ
မက်မောစရာတွေနဲ့ ယှဉ်ရင်
မေတ္တာဟာ သိမ်ငယ် ရစမြဲပဲ မဟုတ်လား။

တစ်စုံတစ်ရာကို အရိပ်လို့ မြင်လာရင်
တစ်စုံတစ်ယောက်ကို
အဆိ,ပ်လို့ ထင်လာကြတယ်။

တချို့သူတွေ
ပိုက်ဆံကို အရိပ်လို့ ထင်လာကြတော့
မေတ္တာကို အေးချမ်းတယ်လို့
မမြင်ကြတော့ဘူး။

သင့်မှာ ပေးစရာ မေတ္တာပဲရှိတယ်ဆိုရင်
​ေ.သချာပါတယ် သင်က
နေရာ အတော်များများမှာ
အလိုလို ဘေးရောက်သွားပါလိမ့်မယ်။

ချစ်သူခင်သူတွေ
ဘေးနားမှာ ရှိစေချင်တယ်ဆိုရင်
မေတ္တာသက်သက်ရှိရုံနဲ့ မလုံလောက်ပါဘူး။
ပိုက်ဆံက ရှိကို ရှိရပါလိမ့်မယ်။

ဒါကြောင့် ပိုက်ဆံကို
ကြိုးစားပမ်းစား ရှာရပါမယ်။

အသက်ရှင်သန်ဖို့အတွက် လေကို
မက်မက်မောမော ရှုနေရသလို
ငွေကိုလည်း မက်မက်မောမော ရှာဖွေရပါမယ်။
သမ္မာအာဇီဝကျကျ ရှာဖို့တော့ လိုပါမယ်။

သန့်ရှင်းတဲ့ ရှာဖွေမှုဟာ
ဘဝကို အေးချမ်းစေပါတယ်။

မေတ္တာက အမှန်တကယ်တော့
အေးချမ်းခြင်းကို ဖြစ်စေပါတယ်။
ဒါပေမယ့် ကျွန်တော် ချစ်သူခင်သူတွေကို
အေးချမ်းခြင်းတွေ ပေးနိုင်ဖို့
ပိုက်ဆံ ရှာလိုက်ပါဦးမယ်.....။




#စာပေဗဟုသုတများ
#မူရင်းရေးသားသူအားလေးစားစွာဖြင့်

ပပင်ပန်းပါစေ ငွေရှာဖို့ မပျင်းပါနဲ့...💵💴💴💷💶💸💰💳ဘယ်လောက်ပဲ ခင်မင်တဲ့ သူငယ်ချင်းကောင်းတွေ ဖြစ်နေပါစေ ငွေနဲ့ ပတ်သက်ရင် မိတ်ပ...
20/04/2026

ပပင်ပန်းပါစေ ငွေရှာဖို့ မပျင်းပါနဲ့...
💵💴💴💷💶💸💰💳

ဘယ်လောက်ပဲ ခင်မင်တဲ့ သူငယ်ချင်းကောင်းတွေ
ဖြစ်နေပါစေ ငွေနဲ့ ပတ်သက်ရင် မိတ်ပျက်သွားတတ်တယ်။

ငွေကြောင့် မိတ်ဆွေကောင်းတွေ မဆုံးရှုံးပါစေနဲ့ ။

ဘယ်လောက်ပဲ ချစ်တတ်နေပါစေ ငွေမရှိလို့ လိုအပ်ချက်တွေ မဖြည့်ဆည်းပေးနိုင်ခဲ့ရင် အချစ်တွေဆိုတာ အလကား ဖြစ်သွားတတ်တယ်။

ဘယ်လောက်ပဲ သာယာတဲ့ မိသားစုဖြစ်နေပါစေ ငွေနဲ့ ပတ်သတ်ပြီး စိတ် ပူပင်ရတာတွေ များလာရင် သာယာတဲ့ မိသားစုလည်း မပျော်ရွှင်နိုင်တော့ဘူး။

ဘယ်လောက်ပဲ နားလည်မူရှိတဲ့ မောင်နှမတွေ ဖြစ်နေပါစေ ငွေကြောင့် ဖြစ်ပျက်လာတဲ့ ပြဿနာတွေများလာရင် နားလည်မူတွေ ပျောက်ကွယ်သွားနိုင်တယ်။

ဘယ်လောက်ပဲ နီးကပ်တဲ့ ဆွေမျိုးရင်းတွေ ဖြစ်နေပါစေ
ငွေနဲ့ ပတ်သက်ရင် သူစိမ်းတွေလိုပါပဲ။

သာယာတဲ့ဘဝ မိသားစုတွေကို ငွေနဲ့ဝယ်ယူလို့
မရနိုင်ပေမယ့် ငွေမရှိပြန်တော့လည်း သာယာတဲ့ဘဝ သာယာတဲ့ မိသားစုကို မရနိုင်ပြန်ပါဘူး။

ရှိတော့ရှိတယ် ရှားတယ် ဆိုတာမျိုးပေါ့။

ဒါကြောင့် ငွေရှာဖို့ မပျင်းပါနဲ့။

အချိန်ရှိတုန်း အလုပ် လုပ်နိုင်တုန်းအရွယ်မှာ ငွေကို ရနိုင်သလောက် ရှာနိုင်သလောက် ကြိုးစားရှာဖွေ ထားမှသာလျှင် ဘဝအတွက် အဆင်ပြေနိုင်မှာပါ။

လောကမှာ ငွေနဲ့ ဝယ်လို့ မရတာတွေရှိပါတယ်။

ဒါကိုလက်ခံပါတယ်။

ဒါပေမယ့်

ငွေရှိမှ အဆင်ပြေမယ့်အရာတွေက ပိုများနေပါတယ်။

လက်မခံချင်လည်း ဒါက အမှန်တရားပဲလေ။

ဘဝမှာ အရာတော်များများ ပြေလည်ဖို့ ငွေရှိမှ ဖြစ်မှာမို့
မဖြစ်မနေ ငွေရှာရပါမယ်။

သမ္မာအာဇီဝကျကျ ရှာနိုင်ရင်တော့ ယခုဘဝအတွက်ရော နောင်သံသရာအတွက်ပါ ကောင်းမွန်ပါလိမ့်မယ်..။

#ငွေ

#လူငယ်များ
#ဘ၀အတွက်စာဖတ်ပါ

ที่อยู่

Room 12, Patong Beach
Phuket
8300

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Ko Myo Zoneผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์