Ma Kay-OnlineStore

Ma Kay-OnlineStore စာဖတ်ပါ အနာဂတ်ကိုပုံဖော်ပါ။

🙏မင်္ဂလာရှိသော နံနက်ခင်းလေးပါရှင် 😊💙
20/06/2024

🙏မင်္ဂလာရှိသော နံနက်ခင်းလေးပါရှင် 😊💙

"မိန်းမတွေရဲ့  မြင့်မြတ်မှုကို ဆရာက ဘာနဲ့တိုင်းသလဲ"မမေးမိဖို့ ထိန်းချုပ်ရင်းက ဘယ်လိုမှ မရတော့ပဲ မေးမိသည်။"ကျွန်တော်က ယော...
12/06/2024

"မိန်းမတွေရဲ့ မြင့်မြတ်မှုကို ဆရာက ဘာနဲ့တိုင်းသလဲ"
မမေးမိဖို့ ထိန်းချုပ်ရင်းက ဘယ်လိုမှ မရတော့ပဲ မေးမိသည်။

"ကျွန်တော်က ယောက်ျားတွေကိုရော
မိန်းမတွေကိုရော
စံနှုန်းတစ်ခုတည်းနဲ့ တိုင်းတယ် မမေဇော်။

ကျွန်တော့်မှာ ယောက်ျားအတွက် စံနှုန်းက တစ်မျိုး...၊
မိန်းမအတွက်စံနှုန်းက တစ်မျိုးရယ်လို့မရှိဘူး။
လူသားကျင့်ဝတ် စံနှုန်းပဲပေါ့။
ဖြောင့်မှန်ရမယ်။
ထူးချွန်ရမယ်။
ကိုယ့်ဘေးပတ်ဝန်းကျင်ကို ကောင်းကျိုးပြုရမယ်။
ကိုယ့်ရဲဘော်ရဲဘက်ကို သစ္စာမဖောက်ရဘူး။
ကိုယ့်အလုပ်ကို သစ္စာမဖောက်ရဘူး။
လူတစ်ယောက်နောက်ကျောကို ဓါးနဲ့ထိုးတဲ့
ကောက်ကျစ်တဲ့ အနိုင်ယူမှုမျိုး ကင်းရမယ်။
အိမ်ထောင်ရေးသစ္စာမြဲရမယ် . . .

တန်ဖိုး -၁၆၀ ဘတ်
စာမျက်နှာ-၂၄၈
😊စာအုပ်လေးတွေ မှာယူမယ်ဆို ဆက်သွယ်လာပေးနော် 🙏

#ချစ်သူလားစကားတစ်ပွင့်ပွင့်ခဲ့တယ်
#ဂျူး
Kay-OnlineStore 0944492578

ကိုယ့်ရဲ့ပျော်ရွှင်ခြင်း၊ဝမ်းနည်းခြင်းဆိုတဲ့ စိတ်အတက်အကျတွေဟာ ကိုယ်တိုင်ဖန်တီးယူလို့ရတဲ့ အရာတွေပဲဖြစ်ပါတယ်။သိမ်ငယ်နေရတယ်...
12/06/2024

ကိုယ့်ရဲ့ပျော်ရွှင်ခြင်း၊ဝမ်းနည်းခြင်းဆိုတဲ့ စိတ်အတက်အကျတွေဟာ ကိုယ်တိုင်ဖန်တီးယူလို့ရတဲ့ အရာတွေပဲဖြစ်ပါတယ်။သိမ်ငယ်နေရတယ်၊မွန်းကြပ်နေရတယ်ဆိုရင် ချက်ချင်းပဲရုန်းထွက်ခဲ့ပါ။ ကိုယ့်စိတ်ကို ကိုယ်ပိုင်ပါတယ်၊ ကိုယ့်ကိုယ်ကိုယ် ပျော်အောင်နေလို့ရပါတယ်။ ကိုယ်တန်ဖိုးထားခံချင်တဲ့ လူတစ်ယောက်ဆီမှာ ငါတို့ဟာ ထင်သလောက် အရေးမပါတဲ့အခါ Depression ဝင်နေစရာမလိုပါဘူး။
ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားလိုက်အချိန်ပေးလိုက်ပါ။ပညာတွေသင်ယူပါ။စာအုပ်တွေဖတ်ပါ။အလုပ်ကြိုးစား၊ပိုက်ဆံရှာ။ကျန်းမာရေးလိုက်စားပြီး လှအောင်နေပါ။ကိုယ်သဘောကျတဲ့အရာတွေပဲလုပ်၊ ကိုယ့်ကို သဘောကျတဲ့လူတွေရောက်လာပါလိမ့်မယ်။

ကိုယ့်ကိုယ်ကိုယ်သာ အချိန်ပေးပါ။ကိုယ့်ကို အချိန်ပေးချင်သူတွေရောက်လာပါလိမ့်မယ်။
ကိုယ့်ကိုယ်ကိုယ်ပျော်အောင်နေ၊ ကိုယ်နဲ့အတူ ပျော်ချင်တဲ့လူတွေ ရောက်လာလိမ့်မယ်။
ကိုယ်တိုင် အလင်းရောင်ဖြာနိုင်တဲ့အခါ ကိုယ့်ဘေးနားမှာနေချင်သူတွေ အများကြီးပါပဲ။ တစ်ဖက်လူကြောင့် ပူလောင်နေရတဲ့အချိန်တွေ အိပ်မပျော်တဲ့ညတွေဟာ နှမြောစရာကောင်းလွန်းပါတယ်။

ကိုယ့်ပျော်ရွှင်ခြင်းကို တစ်ပါးသူဆီသွားမရှာနဲ့။
နာကျင်မှုတွေအတွက်လည်း ဘယ်သူ့ကိုမှ အပြစ်မတင်နဲ့။ကိုယ့်ခွင့်ပြုချက်မပါဘဲ ဘယ်သူကမှ နာကျင်အောင် လုပ်လို့မရပါဘူး။
တစ်စုံတစ်ယောက်ကြောင့် ကိုယ့်ကိုယ်ကိုယ် Lost မဖြစ်ပါစေနဲ့။ကိုယ်လိုချင်တဲ့ ဘဝတစ်ခုကို ကိုယ်တိုင်သာ ဖန်တီးတည်ဆောက်ပါ။

💵ဈေးနှုန်း-၁၅၀ ဘတ်
📖စာမျက်နှာ-၁၄၃
😊စာအုပ်လေးတွေမှာယူမယ်ဆိုဆက်သွယ်လာပေးနော်ရှင့်🙏
#သားထွေး
#ဘဝ၏ပျော်ရွင်ခြင်းအချစ်၏လှပခြင်း
Kay-OnlineStore 0944492578

❝ အမှားနည်းချင်ရင် စကားနည်းနည်းပဲပြော ❞လူ့ပတ်ဝန်းကျင်မှာ လူတိုင်းရှောင်လွှဲလို့မရတဲ့အရာတစ်ခုကတော့  ပြောဆိုဆက်ဆံခြင်းပါပဲ...
12/06/2024

❝ အမှားနည်းချင်ရင် စကားနည်းနည်းပဲပြော ❞
လူ့ပတ်ဝန်းကျင်မှာ လူတိုင်းရှောင်လွှဲလို့မရတဲ့အရာတစ်ခုကတော့ ပြောဆိုဆက်ဆံခြင်းပါပဲ။ လူမှုပေါင်းသင်းဆက်ဆံရေးမှာ ကိုယ့်နှုတ်ကထွက်ကျလာတဲ့ စကားလုံးတိုင်းက တန်ဖိုးရှိဖို့နဲ့ သူများကို မထိခိုက်စေဖို့က အရေးအကြီးဆုံးပါ။

လူတော်တော်များများက အနိုင်ရလိုဇောနဲ့ စကားတွေကို မထိန်းဘဲ ငါ့စကားနွားရ ပြောတတ်ကြတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်ကြား ဆက်ဆံရေးတွေ ပြတ်တောက်သွားစေတဲ့ အဓိက တရားခံကလဲ စကားလုံးတွေကြောင့်ပဲဖြစ်နေတတ်ပါတယ်။

အဲဒီတော့ ကျွန်တော်တို့က စကားတစ်ခွန်းပြောတေ့ာမယ်ဆိုရင် ပြောသင့်လား၊ မပြောသင့်လား ပြန်စဉ်းစားဖို့ လိုပါတယ်။ ကိုယ်ပြောမဲ့ စကားရဲ့ အတိမ် အနက်ကို ကိုယ်တိုင်သိဖို့လဲ လိုပါတယ်။ စကားလုံးတွေက လူတစ်ယောက်ရဲ့ စိတ်နေသဘောထားနဲ့ အဆင့်အတန်းကို ဖော်ပြနိုင်တဲ့အတွက် ကောင်းတဲ့စကားတွေပဲ ကိုယ့်နှုတ်က ထွက်နိုင်ဖို့ စာတွေဖတ်ရမယ်။ စာမဖတ်ရင် အကန်းနဲ့တူတယ် မဟုတ်လား။ စာတွေဖတ်မှပဲ အကောင်း၊ အဆိုး၊ အကြောင်း၊ အကျိုး၊ အမှား၊ အမှန်တွေကို ဝေဖန်ပိုင်းခြားဆင်ခြင်နိုင်စွမ်းရှိပြီး အကျိုးရှိတဲ့ စကားလား။ အကျိုးမရှိတဲ့ စကားလားဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်နိုင်မှာပေါ့။

ဒီတော့…စကားများများပြောရင် အမှားများများပါတတ်လို့ ပြောမဲ့စကားတိုင်းကို ပြောသင့်၊ မသင့် အရင်စဉ်းစားပါ။ စကားကောင်းတွေပြောနိုင်ဖို့ ဗဟုသုတရရှိတဲ့ စာအုပ်တွေကို နေ့စဉ်ဖတ်ပါ။

ဒီစာအုပ်လေးက အမေရိကန်စာရေးဆရာ Cal Newport ရဲ့ နာမည်ကျော် So Good They can't Ignore You ကို ဘာသာပြန်ထားတဲ့စာအုပ်လေးပဲ ဖြစ်ပါတယ်ရှင့် 🍁

✅တန်ဖိုး ၁၇၀ဘတ်
🖊မောရိသျှ
📚စာအုပ်လေးတွေ မှာယူမယ်ဆို ဆက်သွယ်လာပေးနော် 😊
Kay-OnlineStore 0944492578
#ထိုင်းနိုင်ငံအနှံ့ အိမ်ရောက်ငွေချေ ပို့ပေးပါသည်...

စာကြီးပေကြီးတွေ ကြိုက်တတ်အောင်လည်း အလေ့အကျင့်လုပ်ပါ။အကျိုးယုတ်နိုင်တာတွေကို ရှောင်ကြဉ်ဖို့ ပြောသလို အကျိုးရှိတာတွေ ဖတ်တတ...
12/06/2024

စာကြီးပေကြီးတွေ ကြိုက်တတ်အောင်လည်း အလေ့အကျင့်လုပ်ပါ။

အကျိုးယုတ်နိုင်တာတွေကို ရှောင်ကြဉ်ဖို့ ပြောသလို အကျိုးရှိတာတွေ ဖတ်တတ် ကြိုက်တတ်အောင်လည်း လေ့ကျင့်ပါဟု သူ ဆိုသည်။ ဂန္ထဝင်လို့ဆိုကြသည့် စာကြီးပေကြီးတွေ ဖတ်ဖို့ တိုက်တွန်းခြင်းပဲ ဖြစ် ပါသည်။ သူကိုယ်တိုင်လည်း ဂန္ထဝင်တွေ အမြောက်အမြား ဖတ်ခဲ့သည်။ သူကဂန္ထဝင်ဆိုတာတွေသည် တကယ်တတ်ကျွမ်းနားလည်သူတွေက အစဉ်အဆက် ရွေးချယ်ခဲ့၊ လက်ဆင့်ကမ်းခဲ့တာတွေဖြစ်၍ တန်ဖိုးရှိတာ သေချာသည်။ စာဖတ်အတွေ့အကြုံ နည်းသေးလျှင် အဲဒါတွေကို လတ် တလော ကောက်ဖတ်ရုံနှင့် ချက်ချင်း ကြိုက်နိုင်မည်မဟုတ်။ မကြိုက်၍ မဖတ်လျှင် တန်ဖိုးရှိတာတွေနှင့် ထာဝရလွဲချော်လိမ့်မည်။ စာဖတ်သက် ရင့်လာ စာဝါးဝလာမှ ဘယ်ဟာတွေကတော့ တကယ်တန်ဖိုးရှိတာပဲဆိုတာ သိလာမည်။ သိရုံမက တကယ်အရသာလည်း တွေ့လာမည်။ ဒါမျိုးက စိတ်ခွန်အားစိုက်ထုတ်ပြီး လေ့ကျင့်မှ ရတာမျိုး ဖြစ်သည်။ ကိုယ်လည်းကြိုက် တန်ဖိုးလည်းရှိသည့်စာအုပ်မျိုးကိုသိသွားပြီဆိုလျှင်စာကောင်းပေကောင်းကို ကိုယ်တိုင် စိတ်ချလက်ချ ရွေးချယ်လို့ရပြီ။

သည့်အတွက် စာများများ ဖတ်ပြီး လေ့ကျင့်ပျိုးထောင်ဖို့ သူတိုက်တွန်းတာ ဖြစ်သည်။

ဒါမှမဟုတ်ပင်လယ်ကူးသင်္ဘောကြီးနှင့်ရက်အတန်ကြာစီနင်းလိုက်ပါရသည့် အခါမျိုးမှာ အချိန်တွေ အများကြီးရတုန်း ဖတ်ရန်အတွက် အိမ်မှာနေလျှင် တော်တော်နှင့် မဖတ်ဖြစ်မည့် စာအုပ်ကြီးမျိုးတွေ ယူဆောင်သွားပြီး ဖတ်ဖြစ် အောင် ဖတ်ကြည့်စမ်းပါဟု သူ တိုက်တွန်းသည်။

#ဖေမြင့်
✅ ၁၈၀ ဘတ်
📚စာအုပ်လေးတွေ မှာယူမယ်ဆို ဆက်သွယ်လာပေးနော်...
Kay-OnlineStore
#ထိုင်းနိုင်ငံအနှံ့ အိမ်ရောက်ငွေချေ ပို့ပေးပါသည်..

🙏ထိုင်းရောက်ရွှေမြန်မာ စာပေချစ်သူများအားလုံးပဲ မင်္ဂလာပါရှင့်...🇹🇭ထိုင်းရောက်ရွှေမြန်မာစာပေချစ်သူများအားလုံးအတွက် ဗဟုသုတ...
12/06/2024

🙏ထိုင်းရောက်ရွှေမြန်မာ စာပေချစ်သူများအားလုံးပဲ မင်္ဂလာပါရှင့်...
🇹🇭ထိုင်းရောက်ရွှေမြန်မာစာပေချစ်သူများအားလုံးအတွက် ဗဟုသုတအသိပညာ တိုးပွားစေမဲ့ သုတ ရသစာအုပ်များစွာကို #ကျွန်မတို့ Ma Kay-OnlineStore မှစတင်ရောင်းချပို့ဆောင်ပေးလျက်ရှိပါပီနော် 🙏
✅အိမ်ရောက်ငွေချေဝန်ဆောင်မှု
✅၁ရက်၂ရက်အတွင်းအိမ်အရောက်ဝန်ဆောင်မှု
✅ စျေးနှုန်းထားသက်သာစွာဖြင့် ပို့ပေးနေပါပီနော် 😊📚📚📚
🙏ထိုင်းရောက်ရွှေမြန်မာများအားလုံးကာယုခ စိတ္တသုခနဲ့ ပြည့်စုံကြပါစေရှင်🙏🙏🙏

Kay-OnlineStore
#0944492578

ที่อยู่

Buakhun Road
Tak
63110

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Ma Kay-OnlineStoreผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์