မွေးမြူရေးဆက်စပ်ပစ္စည်းများနှင့်အသားငါးအရောင်းအ၀ယ် Online Market

မွေးမြူရေးဆက်စပ်ပစ္စည်းများနှင့်အသားငါးအရောင်းအ၀ယ် Online Market မွေးမြူရေးဖွံဖြိုးတိုးတက်စေရန်ခေတ်မှီနည်းစနစ်သစ်မွေးမြူရေးနည်းစနစ် များ အစာဆေးဝါ စက်ပစ္စည်းများ

လယ်သမားတစ်ဦးသည် အရက်ဆိုင် တဆိုင်တွင် အရက်မူးနေလေ၏။ထိုအရက်ဆိုင်ထဲသို့ လူစိမ်းတစ်ယောက်ဝင်လာကာ လယ်သမားအားမေးလေ၏။ #လူစိမ်း ။...
12/01/2026

လယ်သမားတစ်ဦးသည် အရက်ဆိုင် တဆိုင်တွင် အရက်မူးနေလေ၏။
ထိုအရက်ဆိုင်ထဲသို့ လူစိမ်းတစ်ယောက်ဝင်လာကာ လယ်သမားအားမေးလေ၏။

#လူစိမ်း ။ ဟေ့လူ .. ဒီလောက်ကောင်းတဲ့နေ့မှာဘာဖြစ်လို့ ဒီမှာ လာထိုင်ပြီးမူးနေရတာလဲ။

လယ်သမားက ခေါင်းကိုတွင်တွင်ခါရမ်းလျှက် ပြန်ဖြေလိုက်သည်။

#လယ်သူမား ။ ဖြေရှင်းလို့မရတဲ့ အဖြစ်တစ်ခုကြောင့် ပေါ့ကွာ ။

လူစိမ်းလည်း စိတ်ဝင်စားသွားကာ လယ်သမားအနီးတွင် ဝင်ထိုင်ပြီး ထပ်မေးလိုက်သည်။

#လူစိမ်း ။ ပြောစမ်းပါဦး.. ဘာတွေများ ဆိုးဆိုး ဝါးဝါး ဖြစ်ခဲ့လို့လဲ....

အဖြစ်ကတော့ ... ၊ လယ်သမားက သူ၏ ဇာတ်လမ်းအား စတင်လိုက်လေသည်။

#လယ်သမား ။ ဒီနေ့မနက်ကပေါ့ ငါက ထုံးစံအတိုင်းငါ့နွားမကိုနို့ညှစ်နေခဲ့တာ ... နို့ပုံးပြည့်ခါနီးလောက်လဲ ရောက်ရော သေနာမက သူ့ဘယ်ခြေကိုမြှောက်ပြီး နို့ပုံးကို ပိတ်ကန်လိုက်တယ်လေ....

#လူစိမ်း ။ အင်း... အဖြစ်က ဒီလောက်လဲ မဆိုးသေးပါဘူး...

#လယ်သမား ။ တစ်ခါတစ်လေကျတော့ ဖြေရှင်းလို့မရဘူးကွ...

#လူစိမ်း ။ ထားပါတော့ ၊ ပြီးတော့ ဘာဆက်ဖြစ်သတုံး ...

#လယ်သမား ။ ဒါနဲ့ ငါလဲ သူ့ဘယ်ခြေထောက်ကို ဆွဲ.... ကြိုးနဲ့ ဘယ်ဘက်က တိုင်မှာ ချည်ထားလိုက်တယ်လေ ....

#လူစိမ်း ။ ပြီးတော့ကော ..။

#လယ်သမား ။ ဒါနဲ့ ငါလဲ နို့ဆက်ညှစ်တာပေါ့ ... ။ နို့ပုံးပြည့်ခါနီးလဲရောက်ရော ဂန်းနာမက
သူ့ညာခြေကိုမြှောက်ပြီး နို့ပုံးကို ပိတ်ကန်ပြန်ရော။

#လူစိမ်း ။ နောက်တစ်ခါတောင်မှလား ... ။

#လယ်သမား ။ တစ်ခါတစ်လေကျတော့လဲ ဖြေရှင်းလို့မရဘူးကွ။

#လူစိမ်း ။ အဲ့ဒီတော့ ခင်ဗျားက ဘာလုပ်လိုက်လဲ ။

#လယ်သမား ။ ဒီတစ်ခါကျတော့ ငါလဲ သူ့ညာခြေထောက်ကို ဘေးကိုဆွဲ ၊ ကြိုးနဲ့ညာဘက်က တိုင်မှာ
ချည်ထားလိုက်တာပေါ့ ။

#လူစိမ်း ။ ပြီးတော့ကော ...

#လယ်သမား ။ ငါလဲ ပြန်ထိုင်ပြီး နို့ပြန်ညှစ်တာပေါ့ ။
ပုံးပြည့်ခါနီးလောက်လဲရောက်ပြန်ရော မသာမက သူ့အမြီးနဲ့ပုံးကို ခတ်ပြီးမှောက်ပစ်လိုက်ပြန်တယ်လေ။

လူစိမ်းလဲအံ့သြစွာဖြင့် ခေါင်းငြိမ့်ငြိမ့်ဖြင့်နားထောင် နေလေ၏ ။

လယ်သမားက စိတ်ပျက်စွာဖြင့် သူ့ဇာတ်လမ်းအား ဆက်လေသည်။

#လယ်သမား ။ တစ်ခါတစ်လေကျတော့ဖြေရှင်းရခက်တယ်ကွ။

#လူစိမ်း ။ အဲ့ဒီတော့ ခင်ဗျားဘာဆက်လုပ်လိုက်လဲ ။

#လယ်သမား ။ ငါ့မှာလဲ ချည်စရာကြိုးကကုန်ရော ။
ဒါနဲ့ င့ါဘောင်းဘီက ခါးပတ်ကိုဖြုတ်၊ နွားမရဲ့ အမြီးနဲ့တွဲပြီး ခေါင်မိုးမှာ ချည်ထားလိုက်တာပေါ့ ။ အဲဒီအချိန်မှာပဲ ငါ့ဘောင်းဘီက အောက်ကို ကျွတ်ကျ၊ ငါက နွားမနောက်မှာ မတ်တတ်ရပ်နေတုန်း ဗြုံးဆို
ငါ့မိန်းမကဝင်လာ......ငါဘာမှ ဖြေရှင်းလို့ မရတော့ဘူးကွာ

😭😭😭😭😭😭😭

ကြက်ဖမ်းဈေး
26/10/2025

ကြက်ဖမ်းဈေး

21/10/2025
😔💔 ဝမ်းနည်းစရာ သတင်း 💔😔ဆိုမာလီးယား 🇸🇴 Mogadishu မြို့ Maulid al-Nabi 🕌 ပွဲတော်အခမ်းအနားအတွက် 🐐 ကုလားအုတ် ၁,၂၀၀ ခန့်ကို သ...
01/10/2025

😔💔 ဝမ်းနည်းစရာ သတင်း 💔😔

ဆိုမာလီးယား 🇸🇴 Mogadishu မြို့ Maulid al-Nabi 🕌 ပွဲတော်အခမ်းအနားအတွက် 🐐 ကုလားအုတ် ၁,၂၀၀ ခန့်ကို သတ်လှူဖို့ စုဆောင်းခေါ်ယူထားကြောင်း သတင်းတွေထွက်လာပါတယ်။

🕊 ပွဲတော်အထိမ်းအမှတ်အဖြစ် သတ္တဝါများကို သတ်လှူဖို့ စီစဉ်မှုက လူအချို့အတွက် စိတ်မကောင်းစရာ ဖြစ်စေခဲ့ပြီး 🌍 ကမ္ဘာတစ်ဝှမ်းမှာလည်း ညှဉ်းဆဲချက်တွေ ထွက်ပေါ်နေပါတယ်။
Credit
📷 Photo: Reuters


📅 ၂၀၂၅ စက်တင်ဘာလ (၈ – ၁၃) ရက်🇹🇭 ထိုင်းနိုင်ငံအတွင်း 🐓 မွေးမြူရေးထုတ်ကုန်များ & 🌾 ကုန်ကြမ်းအစာများ ဈေးနှုန်းများ📊 အသေးစိတ...
08/09/2025

📅 ၂၀၂၅ စက်တင်ဘာလ (၈ – ၁၃) ရက်
🇹🇭 ထိုင်းနိုင်ငံအတွင်း 🐓 မွေးမြူရေးထုတ်ကုန်များ & 🌾 ကုန်ကြမ်းအစာများ ဈေးနှုန်းများ

📊 အသေးစိတ်စျေးနှုန်းစာရင်း 👇

🔹 မွေးမြူရေးထုတ်ကုန်များ 🐔🥚🥩
🔹 ကုန်ကြမ်းအစာများ 🌾🌽🥬

🌾 ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း(ဘုရင့်နောင်ကုန်စည်ဒိုင်)🗓 Local Price Update ...
03/09/2025

🌾 ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း
(ဘုရင့်နောင်ကုန်စည်ဒိုင်)

🗓 Local Price Update – 3.9.2025

📌 ပဲဈေးနှုန်းများ (တစ်မတ်ထရစ်တန်ချိန် (MT))

မတ်ပဲ (FAQ/RC) (2025 Crop) ➡️ 2,903,000/- MMK

မတ်ပဲ (SQ/RC) (2025 Crop) ➡️ 3,203,000/- MMK

ပဲစဉ်းငုံ (Red/RC) (2025 Crop) ➡️ 2,505,000/- MMK

📢 ဈေးနှုန်းများသည် အချိန်နှင့်တပြေးညီ ပြောင်းလဲနေပါသည်။

#ပဲဈေးကွက် #ကုန်စည်ဈေးနှုန်း

📍 ရန်ကုန်နဲ့ ငလျှင် အန္တရာယ်ဆိုင်ရာ သုံးသပ်ချက် 🌏📌 စစ်ကိုင်း ပြတ်ရွေ့ကြောင်းကြီး မှာ 👉သပိတ်ကျင်း 🏞 တစ်ကြိမ်စစ်ကိုင်း 🏯 တ...
01/09/2025

📍 ရန်ကုန်နဲ့ ငလျှင် အန္တရာယ်ဆိုင်ရာ သုံးသပ်ချက် 🌏

📌 စစ်ကိုင်း ပြတ်ရွေ့ကြောင်းကြီး မှာ 👉

သပိတ်ကျင်း 🏞 တစ်ကြိမ်

စစ်ကိုင်း 🏯 တစ်ကြိမ်
ပြီးသားလှုပ်ခဲ့ပြီး ဖြစ်ပါတယ်။
ဒါကြောင့် အလယ်ပိုင်းက အတော်ချောင်သွားပြီ ✨

🌀 အပေါ်ဘက် (သူံးပေလေးပေလောက်) ထိ ရွေ့ပြီးသားကြောင့် ➡️ ပြန်လှုပ်မယ့်အပိုင်းက ဖြူး ➡️ မုတ္တမပင်လယ် 🌊 အထိ ဖြစ်နိုင်ချေများပါတယ်။

📊 ယခုစစ်ကိုင်းငလျှင်မှာ

အရှေ့ဘက် 🏚 ပိုအပျက်များ

အနောက်ဘက် 🏘 အပျက်နည်း
✅ နှစ်ထပ် ~ ၁၁ ထပ် အဆောက်အဥိးများ ပြိုကျ
✅ အထပ် ၂၀ အဆောက်အဥိးတွေ မပြိုကျ
➡️ မက္ကဆီကိုငလျှင် 🌍 နဲ့ ဆင်တူ သဘောပေါက်

🏢 ရန်ကုန်က အဆောက်အဥိးတွေကို မန္တလေးလို ထပ်ပြီးပြိုကျသွားမယ်လို့ မယူဆနိုင်ပါ။

🏠 နေပြည်တော်မှာပါ 👉 ၄ ထပ်တိုက်တူတူ 🏘 ဆောက်ထားတာတွေထဲက ခေါက်ချိုးမညီတဲ့ တိုက်တွေသာ ပြိုကျခဲ့ပါတယ်။

📍 အနီးပတ်ဝန်းကျင် ၁၀ km အတွင်း 👉 ပျက်ဆီးမှုများ
📍 ဝေးတဲ့ဒေသတွေ 👉 ပိုမို အနည်းပါး

⚠️ ဒါကြောင့် စစ်ကိုင်းပြတ်ရွေ့ကြောင်း တောင်ပိုင်း လှုပ်ပါက ➡️

အရှေ့ဒဂုံ

မြောက်ဒဂုံ

တောင်ဒဂုံ

ဒဂုံဆိပ်ကမ်း

သံလျှင်
စတဲ့မြို့နယ်တွေက ပိုဆိုးနိုင်ပါတယ် 🚨

---

✅ ရန်ကုန်မှာ နေချင်သူတွေအတွက် အကြံပြုချက် 👇
1️⃣ ပြတ်ရွေ့ကြောင်းအရှေ့ဘက် နီးရာမြို့တွေကို ❌ ရှောင်ပါ
2️⃣ အထပ်အရမ်းမြင့် 🏙 အဆောက်အဥိးတွေကို ✅ ရွေးပါ
3️⃣ ခေါက်ချိုးမညီတဲ့ အဆောက်အဥိးတွေကို ❌ ရှောင်ပါ
4️⃣ ကန်ထရိုက် (Contract) တူတူဆိုရင်ပါ ➡️ L Shape 🏢 အဆောက်အဥိးတွေကို ❌ ရှောင်ပါ

➡️ ဒီလိုနေရင် 🛡 အတော်လုံခြုံစွာ ငလျှင်ဘေးကနေ ကင်းနိုင်မယ်လို့ ယူဆရပါတယ် 🌟

📍 ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း🏢 ဘုရင့်နောင်ကုန်စည်ဒိုင်📅 ၃၀-၈-၂၀၂၅ ---🌱 ဈေးန...
31/08/2025

📍 ရန်ကုန်တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း
🏢 ဘုရင့်နောင်ကုန်စည်ဒိုင်
📅 ၃၀-၈-၂၀၂၅


---

🌱 ဈေးနှုန်းစာရင်း

🌿 မတ်ပဲ (FAQ/RC) (2024 Crop) — 2,900,000 Ks / MT

🌿 မတ်ပဲ (SQ/RC) (2024 Crop) — 3,200,000 Ks / MT

🌿 ပဲစဉ်းငုံ (Red/RC) (2025 Crop) — 2,537,000 Ks / MT

---

ℹ️ မှတ်ချက် – ဈေးနှုန်းများသည် အချိန်နှင့်အမျှ ပြောင်းလဲနိုင်ပါသည်။

---

📌 #ဗဟုသုတ #စိုက်ပျိုးရေးဈေးကွက်

31/08/2025

🥦🌾 ဈေးကွက်သတင်း (၃၁-၈-၂၀၂၅ / ဥပုသ်ထွက်)

🛍️ ဆီဆန် အလပ်စအဝယ်သွက်

🍚 S1 လုံး — 7,500 / 7,600 Ks

🍚 နီလုံး — 7,200 / 7,400 Ks

🍚 ရမသ/တက — 6,700 / 6,950 Ks

🍚 နထိုး — 7,500 / 7,600 Ks

🍚 တပေါက်ကျ — 7,200 / 7,400 Ks

🌰 နှမ်းဈေးနှုန်း

🌰 နှမ်းညို — 25,800 / 26,000 Ks

🌰 ထောင်နှမ်း — 280,000 Ks

✨ ဈေးနှုန်းများ သာမာန်အတိုင်း စျေးကွက်အလပ်စ အဆင့်တွင် ဖြစ်ပါသည်။

13.8.2025🇲🇲{YGN}8:20AMBMP & RAW294500⬆
13/08/2025

13.8.2025🇲🇲{YGN}
8:20AM
BMP & RAW
294500⬆

ဒေသကြက်အတွက် ကြက်အစာစပ်နည်းဒေသကြက် ကြက်အစာစပ်ရာတွင် -၁။ သဘာဝအစာများ၂။ အစာစိမ်း၃။ ကြက်ကလေး ကျွေးနိုင်သောစပ်စာ ၄။ ကြက်ကြီး...
08/08/2025

ဒေသကြက်အတွက် ကြက်အစာစပ်နည်း

ဒေသကြက် ကြက်အစာစပ်ရာတွင် -

၁။ သဘာဝအစာများ

၂။ အစာစိမ်း

၃။ ကြက်ကလေး ကျွေးနိုင်သောစပ်စာ

၄။ ကြက်ကြီး ကျွေးနိုင်သောစပ်စာ

၅။ ကြက်ကလေး နှင့် ကြက်ကြီး အထိ ကျွေးနိုင်သောစပ်စာ ဟူ၍ ရှိကြပါသည်။

သဘာဝအစာများ (အချို့)

ဒေသကြက် အတွက် သဘာဝအစာများ မှာ

ဆန်ကွဲ၊ ပြောင်း၊ ဖွဲနု၊ ပွိုင့်၊ ပဲဖတ်၊ နှမ်းဖတ်၊ ငါးခြောက်မှုန့်၊ ပုစွန်ဖွဲ၊ ခရုခွံ နှင့် ဗီတာမင် ဖြည့်စွက်စာများအား သင့်တော်သလို အချိုးကျ ကျွေးမွေးသင့်ပါသည်။

အစာစိမ်း(အချို့)

အစာစိမ်းအတွက် ရေမှော်၊ ကန်စွန်းရွက်၊ ဗေဒါ၊ ငှက်ပျောပင်၊ ပင်စိမ်း၊ ဘောစကိုင်းရွက် တို့ကိုပါ ကျွေးမွေးသင့်ပါသည်။

ကြက်ကလေး ကျွေးနိုင်သောစပ်စာ

ဆန်ကွဲ- ၃၅%

ပြောင်း -၂၀%

ပဲဖတ် နှင့်

နှမ်းဖတ် -၂၀%

ဖွဲနု နှင့်

ဂျုံ ဖွဲ - ၁၅%

နေကြာ/ အုန်း - ၅%

ငါးမှုန့် - ၅%

ကြက်ကြီး ကျွေးနိုင်သောစပ်စာ

ဆန်ကွဲ- ၂၀ %

ပြောင်း -၃၅ %

ပဲဖတ် နှင့်

နှမ်းဖတ် -၂၀%

ဖွဲနု နှင့်

ဂျုံ မှုန့် -၁၅ %

နေကြာ/ အုန်း- ၅ %

ငါးမှုန့် သို့

ပုစွန်ဖွဲ-၅ %

ကြက်ကလေးမှ ကြက်ကြီး အထိ ကျွေးနိုင်သောစပ်စာ

ဆန်ကွဲ-၃၀%

ပွိုင့် -၂၀%

ပြောင်း -၂၀%

ပဲဖတ်၊ နှမ်းဖတ် -၂၀%

ငါးခြောက်မှုန့် သို့ ပုစွန်ဖွဲ- ၁၀%

ဒေသကြက် အစာနှုန်း

၁ ရက်-၇ ရက် =၃ ဂရမ်

၈ ရက်-၁၄ရက် =၉ ဂရမ်

၁၅ရက်-၂၁ရက် =၁၅ ဂရမ်

၂၂ရက်-၂၈ရက် =၂၀ ဂရမ်

၂၉ရက်-၃၅ရက် =၂၇ ဂရမ်

၃၆ရက်-၄၂ရက် =၃၄ ဂရမ်

၄၃ရက်-၄၉ရက် =၄၂ ဂရမ်

၅၀ရက်-၅၆ရက် =၅၀ ဂရမ်

၅၇ရက်-၆၃ရက် =၅၈ ဂရမ်

၆၄ရက်-၇၀ရက် =၆၆ ဂရမ်

၇၁ရက်-၇၇ရက် =၇၄ ဂရမ်

၇၈ရက်- ၈၄ရက် =၈၃ ဂရမ်

၈၅ရက်-၉၁ရက် =၉၀ ဂရမ် တို့ဖြစ်ကြသည်။

၁၀၀၀ ဂရမ် = ၁ကီလို

၁ ကီလို = ၆၂ ကျပ်သား

ကိုးကား- အေဘယ် ဒေသကြက် မွေးမြူရေး ခြံ
Credit all

ဆားဖြင့်ပြုလုပ်ထားသောမြက်ချဉ်ဖတ်လုပ်နည်း copy crd==================၁။   ဆိတ်စာအတွက်ရည်ရွယ်ထုတ်လုပ်ပါသည်  #လိုအပ်သောပစ္စည...
01/08/2025

ဆားဖြင့်ပြုလုပ်ထားသော
မြက်ချဉ်ဖတ်လုပ်နည်း copy crd
==================
၁။ ဆိတ်စာအတွက်ရည်ရွယ်ထုတ်လုပ်ပါ
သည် #လိုအပ်သောပစ္စည်းများမှာ -
(က) ဆိတ်အမြဲစားနေကြ အစာစိမ်း
များဖြစ်သော ဘော့စကိုင်း
ပြောင်းပင်အမျိုးမျိုး ကြံရွက်
မြက်အမျိုးမျိုး အစရှိသည့်
(100)kg။
(ခ) ဆား(1)kg။
(ဂ) လီတာ (၂၀၀) ဆန့်ပလပ်စတစ်
စည်ပ်ိုင်း(၁)လုံး။
၂။ #ပြုလုပ်နည်း -
(က) အစာစိမ်းများကိုနူတ်နူတ်စဉ်းပါ။
(ခ) ဆား (၁)kg ကို၄ပုံပုံပေးပါ။
(ဂ) လီတာ (၂၀၀) ဆန့်တိုင်ကီထဲသ်ို့
ပုံထားသောဆား (၁)ပုံယူပြီးတိုင်
ကီအတွင်းအောက်ခြေကိုအနှံဖြူး
ပါ။
(ဃ) တိုင်ကီထဲသိုစဉ်းထားသော အစာ
စိမ်းများထည့်ပြီး လူမှအထဲဝင်၍
ခြေထောက်ဖြင့် နင်းသိပ်ပေးပါ
အစာစိမ်းများ တိုင်ကီထက်ဝက်
ခန့်အိကျသွားသည်အထိ နင်းသိပ်
ပေးရမည်။
(င) ဒုတိယအကြိမ် ပုံထားသော ဆား
တပုံကိုယူ၍ နင်းထားသောအစာ
စိမ်းအပေါ်မှ နှံစပ်အောင်ဖြူးပေး
ပါ။
(စ) ကျန်ရှိသောအစာစိမ်းများ အကုန်
ထည့်ပြီး လူဖြင့်ထပ်မံနင်းသိပ်ပါ
တိုင်ကီမပြည့်ပဲ အစာစိမ်းကုန်သွား
ပါက အစာစိမ်းထပ်မံရှာထည့်ပြီး
ပြည့်သည်အထိထည့်၍ နင်းသိပ်
ပေးရမည်။
(ဆ) တိုင်ကီပြည့်ပြီဆိုပါက ကျန်သော
ဆား(၂)ပုံကိုအပေါ်မှဖြူးထည့်ပြီး
တိုင်ကီကိုလုံအောင် ဖိသိပ်ပိတ်
ထားပေးရမည်။
၃။ (၂၁) ရက်ကြာလျှင် ချဉ်ဖတ်အဖြစ်
စတင်ကျွေးမွေးနိုင်ပါသည် ရိုးရိုးဆားမပါပဲ
ပြုလုပ်ပါက(၆)လသာခံ၍ ယခုကဲ့သို့ဆား
ဖြင့်ပြုလုပ်ထားပါကအချိန်ကာလ(၁)နှစ်အ
ထိထားသိုကျွေးမွေးနိုင်ပါသည်။
၄။ #အသုံးပြုပုံ။ ၄င်းချဉ်ဖတ်ကို ဆိတ်
များအား မနက်/ညတနေ့(၂)ကြိမ်ကျွေးမွေး
နိုင်သည် ဆိတ်သည် သူ့ခန္ဓာကိုယ်အလေး
ချိန်၏(၃ - ၆ %)နှင့်ညီမျှသောအစာကို စား
သုံးလေ့ရှိပါသည်။
၅။ ဆားဖြင့်ပြုလုပ်ထားသော အဆိုပါချဉ်
ဖတ်သည်ပြုလုပ်ရလွယ်ကူပြီးအချိန်တနှစ်
အထိထားသိုကျွေးမွေးနိုင်သည် အစာရှား
ပါးချိန် အလွယ်တကူကျွေးမွေးန်ိုင်သဖြင့်
မွေးမြူရေး အစာစရိတ်က်ိုလည်းလျှော့ချ
နိုင်ပါသည်။
၆။ အရေးကြီးသောအချက်မှာ ဆားဖြင့်
ပြုလုပ်ထားသောချဉ်ဖတ်သည် ဖြည့်စွက်
စာနှင်ညီမျှသော ပရိုတင်းဓာတ်ပါဝင်သည်
ဟု ထိုင်းနိုင်ငံ ဆလပူရီပြည်နယ်မှ တနိုင်ငံ
လုံးမွေးမြူရေး ပထမဆုရရှိထားသော
#ချောင်ဝရတ်အမ်ဖို ကတွေ့ရှိထားပြီး ၄င်း
ကိုယ်တိုင် လက်တွေ့အသုံးချမွေးမြူလျှက်
ရှိကြောင်းသိရှိရပါသည်။
၇။ ဆိတ်အစာအတွက်ဟုဖေါ်ပြထားသော်
လည်းကျွဲ နွား သိုး ဝက်များကိုလည်းကျွေး
မွေးနိုင်ပါသဖြင့် စိုက်မွေးတောင်သူများ
ဗဟုသုတရစေဖို့တင်ပြပေးလိုက်ပါသည်။
မြက်မျိုးမှာယူလိုသူများအနေဖြင့် ဆက်သွယ်ရန်ကတော့

09662336335
09771250335

ที่อยู่

Tha Muang

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ မွေးမြူရေးဆက်စပ်ပစ္စည်းများနှင့်အသားငါးအရောင်းအ၀ယ် Online Marketผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์