Mya Mya Win

Mya Mya Win ငါ ရှင်သန်နေမှ ဖြစ်မယ် ~~

05/31/2026

အပင်ကို ရန်ကုန်မှာ နေစဉ်က တခါမှ မစိုက်ခဲ့ဖူးဘူး ဒီရောက်မှ စားချင်တဲ့ အပင်လေးတွေ ဟိုမေး ဒီမေး ဂျမနိုင်းကို မေး ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ လုပ် အခုတော့ ဒီနှစ်စာအတွက် စိုက်တဲ့ အပင် စုံပြီ ထင်ပါတယ် ဘာတွေ ရှင်လာမလဲ ဆိုနာ စောင့်ကြည့်ရမယ် 😂

သမီးက မားမားကလဲ ဝယ်စားရင် ရနေတာကိုတဲ့ ဝယ်လို့ရဘို့က အနဲဆုံး ၂နာရီမောင်းမှ အစုံ ဝယ်လို့ရမယ်လေ ဒါကြောင့် စိုက်မယ်ဆိုပြီး လုပ်တော့ ပင်ပန်းလိုက်တာ ပြောမနေနဲ့ အိမ်မှာ ၃ယောက်ရှိတာ ဘယ်သူမှ မနေရ အခုတော့ ပြီးပါပြီ ရှင့် အဲဒါ လာပြောပြတာပါ 😂😂

#အရင်လိုအေးချမ်းပျော်ရွှင်နိုင်ပါစေ #

05/31/2026

ဝတုတ်နေရော

05/30/2026

သူတို့ မိသားစုလေးကို ကြည့်ရတာ စိတ်ချမ်းသာ

05/30/2026

ငါးသလောက်ဥ နဲ့ ပုဇွန်ထုပ် စားကြပါအုံး သမီး ရှိတဲ့နေ့ အူစိုတဲ့နေ့ 😂😂





#အရင်လိုအေးချမ်းပျော်ရွှင်နိုင်ပါစေ

05/30/2026

သနားပါတယ် ရှေ့ဆက်ပြီးကြိုးစားပါ သားလေးရယ်

ထပ် တင်ပါရစေ ကျွန်မအလုပ်မနားရဲဘူးဘာဖြစ်လို့လဲဆိုတော့ ကျွန်မမှာစုထားတဲ့ငွေမရှိလို့ပဲကျွန်မပင်ပန်းတယ်လို့ မပြောရဲဘူးဘာဖြစ်...
05/30/2026

ထပ် တင်ပါရစေ

ကျွန်မအလုပ်မနားရဲဘူး
ဘာဖြစ်လို့လဲဆိုတော့ ကျွန်မမှာစုထားတဲ့ငွေမရှိလို့ပဲ

ကျွန်မပင်ပန်းတယ်လို့ မပြောရဲဘူး
ဘာဖြစ်လို့လဲဆိုတော့ ကျွန်မလုပ်လက်စ အလုပ်တွေမပြီးသေးလို့ပဲ

ကျွန်မအပျင်းမကြီးရဲဘူး
ဘာဖြစ်လို့လဲဆိုတော့ ကျွန်မထက်သာတဲ့သူတွေတောင် ကြိုးစားနေကြဆဲမို့ပါ

ကျွန်မမှာ ရွေးစရာလမ်းတွေ အများကြီး
ဒါပေမဲ့ ရွေးပြီးသား လမ်းကိုတော့ ဘယ်တော့မှ မပစ်ဘူး

ဘယ်သူဘယ်လောက်ပဲ ကျွန်မကို မကောင်းဘူးပြောပြော
အချိန်တန်တော့သူ့ပါသာသူ နားလည်သွားပါလိမ့်မယ်
စိတ်ထဲမှာ ထည့်ထား နေစရာမလို ပါဘူး
ကိုယ်ဘယ်သူ့အပေါ်မှာမှ အကြွေးမတင်ရင်တော်ပါ ပြီ

စိတ်အေးအေး ထားတက်အောင်ကြိုးစားမယ်
လူ့ဘဝဆိုတာ အတက်ရှိသလို အဆင်းလဲရှိ တတ်ပါတယ်

သူများတွေကို လိုက်ပြီး ကဲ့ရဲ့နေစရာလဲ မလိုပါဘူး
ဘဝကပေးတဲ့သင်္ခန်းစာတွေ ကြေညက်လေလေ
ကိုယ်က ကံကောင်းလေလေပါပဲ

လူ့လောကကြီးမှာ ဘယ်အလုပ်မှ မပင်ပန်းဘူးဆိုတာ မရှိပါဘူး
မရှုပ်ထွေးတဲ့ မိသားစု အသိုင်းဝိုင်း ဆိုတာလဲ မရှိပါဘူး
ကျွန်မရွေးချယ်တဲ့လမ်းကတော့ လုံးလ ဝိရိယ ဇွဲ ဆိုတဲ့ လမ်းကိုပါပဲ

ကျွန်မဘယ်သူကိုမှ မနာလိုမဖြစ်ပါဘူး ဒီအခြေအနေလေးထိရောက်ဖို့တောင်
ဘယ်လောက်ထိ နေ့မနားညမနားလုပ်ခဲ့ရလဲ ဆိုတာပဲ မေးကြည့် လိုက်ပါ

လူတိုင်း လူတိုင်း လွတ်လပ် မှုကိုလိုချင်ကြမှာပါ
အလုပ်မလုပ်ပဲ အိမ်မှာထိုင်စားနေတဲ့သူကို တောင်မေးကြည့် လိုက်ပါ
သူတို့လည်း သူတို့ အပူနဲ သူတို့ပါ

ပစ္စည်းဥစ္စာ ကိုယ်ပိုင် လုပ်ငန်းနဲ့ ကိုယ်ရဲ့ ခန္ဓာကိုယ် ဘယ်အရာမဆို တန်ဖိုးရှိအောင်သုံးမယ်
ဒါကြောင့်ဘယ်သူ့ကိုမှ မနာလိုစရာအကြောင်းမရှိပါဘူး

လူဘဝက တိုတိုလေးပါ ဘာမှပြိုင်စရာမရှိပါဘူး
ကိုယ်ဘယ်လောက် ကုသိုလ်တွေလုပ်ပြီးပြီလဲ
ဆိုတာပြန်ဆန်းစစ်ကြည့် လိုက်ပါ

လူတိုင်းဟာ သူလို ကိုယ့်လိုပဲ
ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက်
သဘောထားကြီးကြီးထားပါ
မောင်နှမလိုဆက်ဆံပါ
အားပေးအပြုံးလေးတွေပေးပါ

ဒီလို ဆိုရင်တော့ လောကကြီးက ပျော်စရာကြီးပါ



゚viral






05/30/2026

ကြက်သားဒန်ပေါက်ကို ထမင်းပေါင်းအိုးနဲ့ အလွယ်ချက်နည်း ချက်တာ လွယ်တယ် စားပြီးရင် သွေးတက်ပါတယ် ဘာလ်ု့ဆိုတော့ ထမင်းချက်တဲ့အခါ ဖာလာတို့ ဘာတို့ ထဲ့ချက်ရတယ်လေ ထမင်းပေါင်းအိုးနဲ့ဆိုတော့ ထမင်းရည် မသွန်ရတော့ အဆီအနှစ် အသိ့အဆံရဲ့ အရသာတွေ အကုန်ဝင် ဒါကြောင့် သွေးတက်ပါတယ် သွေးတိုးရှိရင် ဒီလို မချက်ပါနဲ့

ကြက်သားဒန်ပေါက် အစိမ်းချက်ရင် ထမင်းရည် သွန်ပစ်ရတော့ အစိ့အဆံ ဘာညာသာရကာတွေ အကုန်ပါသွားတော့ အနံလေးပဲ ကျန်ခဲ့တော့ စားလို့ကောင်ဒသလောကိ သွေးမတက်ပါဘူး လို့ #အရင်လိုအေးချမ်းပျော်ရွှင်နိုင်ပါစေ

Address

Du Bois, PA
15801

Website

Alerts

Be the first to know and let us send you an email when Mya Mya Win posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share