Our Life in Simplicity

Our Life in Simplicity 💚 In the warmth of our nest, simplicity becomes love's flavor 💚

 #ပန်းတွေနဲ့
02/05/2026

#ပန်းတွေနဲ့

လမ်းလျှောက်တဲ့ ဆရာတော်တွေနဲ့ အတူတူပါတဲ့ အလောက( Aloka ) လေးကို လာကြိုတဲ့ တိ‌တွေ‌ထဲက တစ်ကောင်ထဲသော ‌ဘေဘီ ပူစီလေး 🥰🥰🥰၊၊    ...
11/02/2026

လမ်းလျှောက်တဲ့ ဆရာတော်တွေနဲ့ အတူတူပါတဲ့ အလောက( Aloka ) လေးကို လာကြိုတဲ့ တိ‌တွေ‌ထဲက တစ်ကောင်ထဲသော ‌ဘေဘီ ပူစီလေး 🥰🥰🥰၊၊

နှင်းတွေကျ ထင်သလောက်တော့မဆိုးခဲ့ပေမယ့် လမ်းလျှောက်မကောင်းအလုပ်ပိတ်တော့ လုပ်ဖြစ်ခဲ့တဲ့ကိတ်လေး အထူးသဖြင့် အမြဲလုပ်စား ဖြစ်...
27/01/2026

နှင်းတွေကျ ထင်သလောက်တော့မဆိုးခဲ့ပေမယ့် လမ်းလျှောက်မကောင်းအလုပ်ပိတ်တော့ လုပ်ဖြစ်ခဲ့တဲ့ကိတ်လေး အထူးသဖြင့် အမြဲလုပ်စား ဖြစ် တဲ့အပြင် စားလို့သိပ်ကောင်းတဲ့ Cheese pudding & Basque cheese cake လေးလို 2in 1 အရသာ ၂ မျိုးရစေတဲ့ ကိတ် လုပ်နည်းလေး မျှဝေပေးလိုက်လို့ copycat မလုပ်စေချင်ပဲ share ပေး ခြင်းဖြင့် စိတ်ရှိပါက ကူညီနိုင်ပါတယ်၊၊ ☺️☺️

သူ့ရဲ့ ပါဝင်ပစ္စည်းတွေကတော့

1- Cream cheese 300 g
2-Potato Starch 17 g
3-Whipped Cream 220 g
4- Egg 3
5-Egg yolk 1
6-Sugar - 85 g

ဒါတွေကို အကုန်ရောပြီး Blender ထဲထည့်မွှေပြီး ကြက်နှစ်သက်ရာ Mold ခွက်ထဲမှာ ဆီဆုံစက္ကူ ကို ချေမွပြီးထည့် စောနက cheese အနှစ်တွေကိုထည့်လိုက်ရုံပါပဲ၊၊ အော်ဒါနဲ့ ဝါသနာအရ မုန့်ဖုတ်တာပဲဆိုပြီး ဘယ်တော့မှ oven တွေကိုသတ်မှတ်အပူချိန်ရအောင် preheat လုပ်ဖို့ဘယ်တော့မှ မ‌နှမျောပါနဲ့ နော်၊၊ နှမျောရင်တော့ ဘယ်တော့မှ quality texture လေးထွက်လာမှာမဟုတ်ပါဘူးနော်☺️

ဆိုတော့ အခုဖုတ်ရမယ့် မုန့်ရဲ့အပူချိန်က 480 F or 230-240 C နဲ့ 7 -9 မိနစ် ဖုတ်ရုံပါပဲ။ ရရင် အအေးခံပြီး အပြင်မှာပဲထားပြီးစားရင် တကယ့်ပူတင်းလေးလို အရာအာလုံး မေ့သွားအောင်စားကောင်းပါတယ်၊၊ တကယ်လို့ cheese မှ cheese ပဲဆို အချိန်ကြာကြာ ပိုဖုတ်ပြီး Burnt ဖြစ်အောင်ဖုတ် အအေးခံ ရေခဲသေတ္တာထဲ 6 နာရီလောက်ထား ဒါဆိုရပါပြီရှင်၊၊ လောင်ကျွမ်းလွန်တဲ့ အစားအစာတွေအမြဲ‌စားတာ တော့အားမပေးလို့ ကောင်းလိုက်တာဆိုပြီး ခဏခဏလုပ်မစားကြနဲ့တော့ 🙌 ၊၊

ဆိုတော့ Have fun baking & Enjoy your time in the kitchen နော် 💞💞💞🩷

စားကောင်းကြပါစေ၊၊ နောက်လဲ စိတ်ရှိသလိုလုပ်နည်းလေးတွေ တင်ပေးပါအုန်းမယ်၊၊
ချစ်တဲ့ /
ဒုံဒုံ

Pickled Radish ( မုန်လာဥမြန်မာချဉ်ဖတ်) လေး ပထမဆုံးလုပ်စားကြည့်မလို့ရင်တွေခုန် သူများတွေနှင်းမုန်တိုင်းကြား panic ဖြစ် ကိ...
23/01/2026

Pickled Radish ( မုန်လာဥမြန်မာချဉ်ဖတ်) လေး ပထမဆုံးလုပ်စားကြည့်မလို့ရင်တွေခုန် သူများတွေနှင်းမုန်တိုင်းကြား panic ဖြစ် ကိုယ်က ရှမ်းဟင်းထုတ် လုပ်စားမလို့ ပစ္စည်းလိုက်ရှာ နှင်းမုန်တိုင်းသာတကယ်ကြီး ဘာမှစားစရာမရှိဘူး😂😂

19/01/2026

Just shared my lifestyle 😉

15/01/2026

အသွေးအသား ဗီဇကို ပုံဖော်ခဲ့တာ ဆယ်စုနှစ် ကျော်လေးမှာ မြန်မာနိုင်ငံတစ်ဝန်းလုံးက အမြဲအားပေးခဲ့တဲ့ တစ်ဦးတစ်ယောက်ချင်းဆီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်🙏❤️ ချစ်တယ်နော်

ဒီစကားပြောဖို့အကြိမ်ပေါင်းများစွာဖျက်လိုက်တင်လိုက်ရတယ်၊၊ နောက်က ချောကလက်အလှစင် ဖို့ လုပ်နေကြလို့😅

Financier ( Original country from French dessert) ကိုယ်က မြန်မာပြည်မှာလဲ အာရှအရသာဦးစားပေးပြီးလုပ်ခဲ့တာ ဆယ်စုနှစ် နီးပါး၊...
13/01/2026

Financier ( Original country from French dessert)

ကိုယ်က မြန်မာပြည်မှာလဲ အာရှအရသာဦးစားပေးပြီးလုပ်ခဲ့တာ ဆယ်စုနှစ် နီးပါး၊၊ ဒီရောက်တော့ ကံကောင်းစွာနဲ့ Pennsylvania state က မြို့လေးတစ်မြို့ရဲ့ Asian Bakery chef တစ်ယောက်အနေနဲ့ တစ်နှစ်အလုပ်ခွင် အတွေ့အကြုံရှိခဲ့ရင်း ခုတော့ Washington DC နားလေးက Bethesda ဆိုတဲ့ မြို့နယ်တစ်ခုက ပြင်သစ် bakery တစ်ခုမှာ Pastry Assistant & Bakery Chef တစ်ယောက်အဖြစ်အလုပ်လုပ်နေတာ ၄ လအတွင်းရှိလာခဲ့ပါပြီ၊၊ နောက်ရက်တော့ အလုပ်အတွေ့အကြုံတွေ လုပ်ငန်းခွင်အတွင်းက အမည်မခံတဲ့ ခွဲခြားဆက်ဆံမှုတွေကိုလဲ ပြောပြချင် ပါသေးတယ်၊၊ ဒီမုန့်လေး က အင်မတန်လွယ်တယ်၊၊ ဒါပေမယ့် သိပ်ချိုလို့ အာရှတွေရဲ့ အချို ကြောက်တက်တဲ့လူတွေအတွက် စမ်းသပ်ရင်းနဲ့ သိပ်ကောင်းတဲ့ Gluten free and Hazelnut Financier လေးရလာတာကို လုပ်နည်းလေးနဲ့ တစ်ကွပြောပြချင်သေးလို့

Stay tuned & grab a like on my page for future posts နော် 🥺❤️

In Myanmar, I worked for almost ten years, mainly focusing on Asian flavors.
After coming here, I was lucky to work for one year as an Asian bakery chef in a small town in Pennsylvania.
Now, for about four months, I have been working as a Pastry Assistant and Bakery Chef at a French bakery in Bethesda, near Washington DC.
Another day, I also want to share my work experiences and the unfair discrimination I faced at work.
This dessert is very simple to make.
However, it is usually very sweet.
So, while experimenting for people who do not like very sweet desserts (many Asians), I created a good gluten-free hazelnut financier.
I would like to share both the recipe and the story behind it.

Au Myanmar, j’ai travaillé pendant presque dix ans en me concentrant surtout sur les saveurs asiatiques.
Après être arrivée ici, j’ai eu la chance de travailler pendant un an comme cheffe en boulangerie asiatique dans une petite ville de Pennsylvanie.
Maintenant, depuis environ quatre mois, je travaille comme assistante pâtissière et cheffe boulangère dans une boulangerie française à Bethesda, près de Washington DC.
Un autre jour, j’aimerais aussi partager mes expériences professionnelles et les discriminations injustes que j’ai vécues au travail.
Ce dessert est très simple à prÊparer.
Cependant, il est gÊnÊralement très sucrÊ.
Ainsi, en faisant des essais pour des personnes qui n’aiment pas les desserts trop sucrés (beaucoup d’Asiatiques), j’ai créé un très bon financier à la noisette, sans gluten.
J’aimerais partager à la fois la recette et l’histoire derrière ce dessert.

11/01/2026

သရက်သီးငါးပိကြော်သံ လေးနဲ့ ထည့်စရာအသံမရှိ စကားမပြောချင်တာနဲ့😅

အစားအသောက်အတိုင်းဟာ  ရိုးရာယဉ်ကျေးမှု ၊ ချစ်ခြင်းမေတ္တာပေါင်းစီးမှု၊ မှတ်ညဏ်တွေရဲ့ဖွံ့ဖြိုးမှု ၊ ဝေမျှခြင်းတရားတွေ ဆီကနေ...
09/01/2026

အစားအသောက်အတိုင်းဟာ ရိုးရာယဉ်ကျေးမှု ၊ ချစ်ခြင်းမေတ္တာပေါင်းစီးမှု၊ မှတ်ညဏ်တွေရဲ့ဖွံ့ဖြိုးမှု ၊ ဝေမျှခြင်းတရားတွေ ဆီကနေ စီးဆင်းလာတယ်လို့ ကိုယ်ကတော့တကယ်လက်ကိုင်ထားသူပါ၊၊ ဘာလို့ဆို အခုချက်ပြသွားတဲ့ ဟင်းနှစ်မျိုးက ကိုယ့်ဆီက ဖြစ်ထွန်းလာတာမဟုတ်ဘဲ နဲ့ အပေါ်က ဆိုခဲ့သလိုပဲ ဒေသရိုးရာစားသောက်ဖွယ်ရာတွေဆီကနေ ကိုယ့်ဆီကို ဝေမျှခြင်း ခံစားခဲ့ရတာတွေကို ချစ်ခြင်းမေတ္တာ ကို အောက်မေ့ရင်း မှတ်ညဏ်တွေထဲက စမ်းသပ်ချက်ပြုတ်ထားတာလေးပါ၊၊

ဟင်းလေးက အမဲသား အညာချက်လေး နဲ့ မုန်ညှင်းစိမ်းချဉ် သုတ်လေးပါပဲ၊၊ ဘာမှ ဖွယ်ဖွယ်ရာရာ ရယ်လို့ မပါပါဘူး၊၊
ဒါပေမယ့် အဲ့ဟင်းလေးတွေရဲ့ အမှတ်တရ နဲ့အတူ ကိုယ့်ရဲ့ မှတ်ညဏ်သဟာရ တွေကို လက်တွေ့လုပ်ရင်း ချစ်ခြင်းမေတ္တာမျှဝေပါရစေ၊၊

ပုဂံလုံးလေးထဲက ဟင်းတစ်ခွက်

- အမဲသား ခရမ်းချဉ်သီးချက်
ရိုးရှင်းပါတယ် သိပြီးသူတွေအတွက် ဒါမှမဟုတ်ကိုယ်တွေလို ဟင်းချက်တာ ကြိုက်နှစ်သက်သူတွေအတွက်ကတော့ ကတော့ ခဏတာစကားစပ်မိရုံ စားမိရုံနဲ့ လုပ်တက်သူမျိုးတွေအတွက်ပေါ့
- အမဲသားကို အတုံးကြီးကြီးတုံးပြီး နနွှင်း ၊ ဆား နဲ့ ငံပြာရည်လေးထဲပြီး ရေ အသားရဲ့ တစ်ဝက်ကျော်ကျော်ကို ထည့်ပြီး ထမင်းပေါင်းအိုးနဲ့ ပြုတ်ချလိုက်တာပါပဲ၊၊ ဒီမှာပြောရရင် ကိုယ့်ရဲ့ထမင်းပေါင်းအိုးက စုံစီနဖာ ဟင်းတွေအပြင် ထမင်းပါချက်သေးတာကိုး၊၊

-ရေမခမ်းတခမ်းလေးမှာ မီးပိတ် ရေစစ်ပြီး ရေခဲသေတ္တာရိုးရိုးအအေးခန်းထဲတစ်ည သိပ်ထားလိုက်တာပါပဲ၊၊

-မနက်ကျတော့ မီးသွေးဖိုတည်သူ ဂတ်စ်သုံးသူကတော့ ခဏလေးဆိုမှ ခဏလေး အပေါ်ယံလေး ခြောက်ပြီးရဲယုံ ကင်လိုက်မယ်၊၊ ကိုယ်ကတော့ crepe maker ပေါ် တင်ပြီးကင်လိုက်တာပါပဲ၊၊

- အဲ့ဒါလေးတွေကိုပုံပါထဲကအတိုင်း အသားမြှောင်းရဲ့ ဆန့်ကျင်ဘက် ကန့်လန့်ဖြတ်ပါးပါးလှီးမယ်၊ ဂျင်း၊ကြက်သွန်နီ နဲ့ ကြက်သွန်ဖြူကို ကြိတ်ပြီး နနွှင်းများများနဲ့ဆီသတ်၊ ဆီသတ်တာလေး မွှေးလာရင် အရောင်တင်မှုန့်လေးထည့်၊ ခရမ်းချဉ်သီးလေးကို လိပ်အောင်ချက်၊ ရလာရင် အသားပါးပါးလှီးထားတာတဲ့ တစ်နေခမ်းရုံ ရေအများကြီးမဟုတ်ဘဲ ထည့် ငြုပ်ပွတောင့်အရှည် စပ်တာလေးကို ခွဲပြီးခြမ်းထည့် ‌ဆီကျန်ရေကျန်ဖြစ်ရင် နံနံပင်လေးအုပ် အပေါ့အငံ သင့်ရုံထည့် ဒါဆိုရပြီလေနော်၊၊ ဘာလို့အညာချက်လို့ပြောရလဲဆို အညာသူအညာသားတွေဟာ ဘာလေးချက်ချက် ခရမ်းချဉ်သီးလေးနဲ့မှစားဝင်ကြသူတွေပေါ့လို့ ပြောချိန် အဖေ့ရွာကိုလဲ လွမ်းမိပါရဲ၊၊ အော် ဒီဟင်းက Lancaster အလည်သွားတော့အသိအန်တီတွေ ချက်ကျွေးတာ သဘောကျလို့ မေးမြန်း ခဲ့တာကို ချက်တဲ့ အမှတ်တရဟင်းတစ်ခွက်ပေါ့၊၊

သစ်သားပြားပေါ်က အသုတ်ကတော့ မုန်ညှင်းချဉ်ပေါ့၊၊ အဲ့မုန်ညှင်းချဉ်ကလဲ ရာသီဥတု အေးတဲ့အချိန်မှလုပ်မိတာ ၂ပတ်နီးပါးကြာသွားတယ်ရှင့်၊၊ အမေက လုပ်နည်းပြောပြတယ်၊၊ မုန်ညှင်းရွက်ကို နွမ်းအောင်လေသလပ်ခံ ရေဆေး ပါးပါးလှီးပြီး ဆားနဲ့ ပွတ်နယ်၊၊ ဆန်မှုန့်ကို ရေနည်းနည်းနဲ့ ပျစ်လာအောင်ကျို၊ အေးသွားရင် မုန်ညှင်းရွက်နဲ့ ဆန်နှစ်တွေကိုဖိပြီးနယ်ပေး၊ ဂျင်း၊ ကြက်သွန်နီ နဲ့ ငြုပ်သီးစိမ်းပါ နည်းနည်းထည့်နယ်၊၊ ပြီးရင် အရက်လေးနည်းနည်းပါထည့်ပြီး လေလုံဖန်ပုလင်း အသန့်ထဲ အလင်းရောင်ရှိတဲ့နေရာနားလေး ပြစ်ထားလိုက်တာပါပဲ၊၊

-ရလာတော့ မုန်ညှင်းချဉ်ကို ကိုယ်ကတော့ ရေတစ်ထပ်စစ်ရုံဆေးတယ်၊၊ ပြီးရင် ပဲကျက်မှုန့် ၊နှမ်းလှော်မှုန့်၊ မြေပဲမှုန့် များများ နဲ့ ဆီချက်ချွဲချွဲ ပုစွန်ခြောက်ပါရုံ စီးစီးပိုင်ပိုင်သုပ်လိုက်တာပဲ၊၊

- မုန့်ညှင်းချဉ် နဲ့ သူ့ကိုသုပ်စားရတာလဲ ကိုယ့်ရဲ့ဖန်တီးမှုမဟုတ်ပြန်ဘူး၊၊ အမေရဲ့ သူ့သားသမီးတွေစားစေချင်လို့ အဝေးကနေ လုပ်နည်းပို့ပေးတဲ့ ချစ်ခြင်းမေတ္တာ နဲ့အတူ ဒီမုန်ညှင်းချဉ်ကို ခုလိုသုပ်စားလို့ ရတယ်လို့ ညီမလေးတစ်ယောက်က သူ့ဒေသရဲ့ နည်းလမ်း အစားအသောက်ယဉ်ကျေးမှုကို ဝေမျှတာတွေကို ကိုယ့်ရဲ့ မှတ်ညဏ်ထဲ မှာသာ မမှတ်ထားပဲ သိသူတွေအတွက်တော့ ပြုံးစရာဖြစ်ချင်ဖြစ်မယ် မသိသူတွေအတွက်တော့ ဒီလိုပဲ ဟင်းချက်ခြင်းကနေ ရလာတဲ့ ‌ချစ်ခြင်းတရား ပေါင်းစီးမှုကို လူတွေရဲ့ မှတ်ညဏ်ထဲ ထည့်ပေးပါရစေလို့ ကြီးကြီးကျယ်ကျယ်ရေးပါစေ 🩷💚❤️💞

09/01/2026



ကိုယ်တို့အိမ်က ကလေးလေးက မ်ုးလင်းလာရင် ခွင်မီ++++ တွေအကုန်ကြိတ်

We can’t live without positive thoughts; that’s called being auspicious
08/01/2026

We can’t live without positive thoughts; that’s called being auspicious

Address

Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+959259822228

Website

Alerts

Be the first to know and let us send you an email when Our Life in Simplicity posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Our Life in Simplicity:

Share

Category