29/05/2024
မြတ်စွာဘုရားသည် ကုလားလူမျိုး ဟုတ်ပါသလား။
မြတ်စွာဘုရားသည် ကုလားလူမျိုး မဟုတ်ပါ။
ရှေးလွန်ခဲ့သော နှစ်ပေါင်း 2500ကျော် အချိန်ကာလတုန်းက ကုလားဟူသည် ဗမာဟူသည် မရှိပါ မိမိတို့ နေထိုင်ရာဒေသကိုစွဲ၍ သု၀ဏ္ဏဘူမိတိုင်းသား မဇ္ဈိမ တိုင်းသားအစသဖြင့် ခေါ်ဝေါ်သုံးစွဲ ကြပါတယ်။ကုလား ဟူသည် တရုတ် ဟူသည်မရှိပါ။မဇ္ဈိမဒေသတွင် လူမျိုးနွယ်ကို လေးမျိုး စစ်စစ်ခွဲ ခြားထားပါတယ်။
1.ဗြမ္မဏ ပုဏ္ဏားမျိုး
2.ခတ္တိယ မင်းမျိုး
3.ကုလ ကုန်သည်မျိုး
4.၀တ္တသ ကျွန်မျိုး တို့ဖြစ်ပါတယ်။
မြတ်စွာဘုရားသည်စစ်စစ် ခတ္တိမင်းမျိုးဖြစ်၍ မင်းမျိုးတွင်တောင် အမြင့်ဆုံးသော မဟာသမ္မတ မင်း၏ အနွယ်ဖြစ်သော သာကီ၀င် အမျိုး ဖြစ်ပါသည်။ စစ်စစ် ကုလားလူမျိုး မဟုတ်ပါ။စုန္ဒ ၏ ၀က်ပျိုသားဆွမ်းကိုဘုန်းပေးခြင်းကိုကြည့်ခြင်းဖြင့် လည်းအလွယ်တကူသိနိုင်ပါသည်။